Swallow: 제비
အဲ့ဒီနှစ် နွေဦးကတော့ မနက်တိုင်းက ပူပြင်းခဲ့တယ်
ငါ့ခြေထောက်က ချွေးတွေက ခြောက်သွားတဲ့နေ့မရှိခဲ့ဘူး

ဒဿနဗေဒမေဂျာက ဂင်ဂျီဆော့က အိမ်မှာခေါက်ဆွဲစားနေရင်းကနေ ဆွဲခေါ်သွားခံလိုက်ရတယ်
ခြေအိတ်တောင် မဝတ်နိုင်ခဲ့ဘူး
သမိုင်းမေဂျာက ဆောဆောင်းအူကတော့
ကျောင်းစာသင်ခန်းထဲမှာ အဖမ်းခံလိုက်ရတယ်
စင်္ကြန်မှာ သွေးရာကိုချန်ထားခဲ့တယ်

ဂွမ်ဂျူပြည်သူတွေကို မညှာမတာသတ်ပစ်ပြီး အာဏာသိမ်းထားတဲ့ ဂျောင်ဒူဟွမ်စစ်အုပ်ချုပ်ရေးအစိုးရကတော့ တက္ကသိုလ်မှာ ရဲတွေကိုအယောင်ဆောင်ထည့်ထားပြီးတော့တောင် ကျောင်းသားတွေပါးစပ်ကို ပိတ်ပစ်ဖို့လုပ်ခဲ့တယ်
သူတို့က ဆန္ဒပြကျောင်းသားတွေကို အားလုံးကို အတင်းအကျပ်ဖမ်းဆီးခဲ့ကြတယ်
ကျောင်းက တစ်ဖက်သတ်ကျောင်းနားခိုင်းလိုက်ရင် ချက်ချင်း စစ်တပ်ကအတင်းအကျပ်ဖမ်းတာခံခဲ့ရပြီး နှိပ်စက်မှုနဲ့ စစ်ဆေးမှုကို ခံခဲ့ရတယ်

စစ်တပ်ကိုဆွဲခေါ်ခံသွားရတဲ့သူငယ်ချင်းတွေ သံသယဖြစ်ဖွယ်သေခြင်းကို ကြုံတွေ့ခဲ့ရတယ်
အဲ့ဒီနောက်နေ့မှာ ရဲတွေ အလောင်းကိုလာလုသွားပြီး သေဆုံးမှုအကြောင်းအရင်းကို လိမ်လည်ပြီး
နှလုံးရပ်သွားတာလို့ အဆုံးသတ်လိုက်ကြတယ်
ဒါပေမယ့် လုံးဝငါတို့ကို မရပ်တန့်နိုင်ခဲ့ဘူး
“တိတ်ဆိတ်မှုကမှ
အမှောင်မိုက်ဆုံးသေခြင်းဖြစ်ခဲ့တယ်”

ငါ အိပ်မက်မက်တာကို တော်လှန်ရေးလို့တွေးတယ်
အဲ့ဒါက ဘယ်လောက်ပဲသေးငယ်တဲ့အရာပဲဖြစ်ဖြစ်ပေါ့

ရင်ထဲမှာ ပြည့်နေတဲ့ရန်ငြိုးက
ဒီတိုင်းသေသွားတဲ့အတိတ်မဟုတ်ဘူး
နီရဲအောင် အသက်ရှင်နေတဲ့ မီးပဲ

တိတ်ဆိတ်မှုကမှ အမှောင်မိုက်ဆုံးသေခြင်းဖြစ်ခဲ့တယ်

'Films' 카테고리의 다른 글
P A S T L I V E S (0) | 2023.09.07 |
---|---|
Cinema Street: 영화의 거리 (0) | 2023.07.19 |
Rebound: 리바운드 (0) | 2023.07.15 |
Soulmate: 소울메이트 (0) | 2023.07.12 |
My Heart Puppy (0) | 2023.03.22 |