드라마 다이얼로그

One Day Off: 박하경 여행기 본문

One Day Off

One Day Off: 박하경 여행기

드라마 Dialogue 2023. 7. 4. 17:13

ပျောက်ကွယ်သွားချင်မိတဲ့ အချိန်မှာထွက်တဲ့ တစ်ရက်တာခရီး လမ်းလျှောက် စားသောက်ပြီး မှင်တက်ငေးငိုင်နိုင်မယ်ဆိုရင်…

၁၉ ရာစုနှစ် ပြင်သစ်မှာ ထွက်သွားကြတဲ့ လူတွေက ရုတ်တရက်ကြီး ပြန်ပေါ်လာခဲ့တယ်
သူတို့က သူတို့ရဲ့ အလုပ်တွေရော အိမ်တွေကိုပါ စွန့်ပစ်ပြီး ကိုယ့်ကိုယ်တိုင်ကိုတောင် မေ့နေခဲ့ပြီး
ခရီးထဲ နစ်ဝင်စီးမြောနေခဲ့ကြတယ်လို့ ပြောခဲ့တယ်
ခရီးမသွားရမနေနိုင်တာ၊ အကြောင်းမဲ့ခရီးထွက်တာ၊
ခရီးအလွန်အကျူးစွဲလမ်းမှုလို့ခေါ်တဲ့
ဒီအခြေအနေဟာကူးစက်ရောဂါလိုပဲ
ဥရောပတစ်ခွင်မှာ ပြန့်နှံ့သွားခဲ့တယ်
အသိစိတ်မဲ့စွာ လမ်းပေါ်ထွက်လာကြတဲ့သူတွေကို
“ခရီးသွားအရူးများ”လို့ ခေါ်ကြတယ်
သူတို့တွေက
တကယ်ပဲ ရူးလို့ ခရီးတွေ ထွက်ကြတာလား
ဒီတိုင်း နေနေရင်းနဲ့ ရူးသွားတော့မယ်ထင်ရလို့ ထွက်သွားကြတာ မဟုတ်ဘူးလား..?

ငါက ဘာမှ မဖြစ်နိုင်ပေမဲ့ ဘာပဲဖြစ်ဖြစ် ဖြစ်လာနိုင်ပါတယ်

အခုခေတ်မှာတော့ ဘယ်သူမှ အချစ်အကြောင်းတွေကို မရေးကြတော့ဘူး ဒီတိုင်း သမီးရည်းစားအကြောင်းတွေကိုရော ငယ်ငယ်တုန်းက အချစ်ဦးအကြောင်းတွေရော မရှိတော့ဘူး ဒီကြားထဲမှာ ဘာတွေများ ပြောင်းလဲသွားတာလဲ?

အဲ့ဒီတုန်းက ငါဟာ ဆယ်ကျော်သက်ဖြစ်နေတဲ့အတွက် တစ်နေ့တာကို ဖြတ်သန်းနေရတာနဲ့တင် ရှုပ်ထွေးနေခဲ့မှာပဲ နောက်ပိုင်းတဖြည်းဖြည်းနဲ့ အဲဒီအချိန်ကာလကို ဖြတ်ကျော်ရမယ့် အသက်အရွယ်ကိုရောက်လာခဲ့တယ် ငါကတော့ အရင်လိုပဲ ငါ့ရဲ့ တစ်နေ့တာကို ဖြတ်သန်းနေရတာနဲ့တင် ရှုပ်ထွေးနေတယ် ဒီလိုပုံစံမျိုးနဲ့ အသက်အရွယ်ရလာတာ အဆင်ပြေပါ့မလား?

လူငယ်တွေမှာလဲ လူငယ်တွေရဲ့ ပြဿနာ ရှိပါတယ် ဘယ်ခေတ်မှာမဆို အမြဲ ပင်ပန်းရုန်းကန်ရတာရှိတယ် အဲ့ဒါက နှိုင်းယှဉ်လို့ရတဲ့အရာတော့ မဟုတ်ဘူးပေါ့

ဒီမိုကရေစီဆိုတာ နဂိုတည်းကဆူညံတဲ့အရာပဲလေ လူတွေအကုန်စုပြီး လုပ်ကြတဲ့အရာပဲ သေချာပေါက်ဆူညံနေမှာပေါ့ ဒီလောက်လူတွေများတာ ဘယ်လိုလုပ်တိတ်ဆိတ်နေနိုင်မှာလဲ အဲ့ဒါက ပိုပြီးမပြေလည်နိုင်တာ မဟုတ်ဘူးလား

ကြင်နာမှုရှိတဲ့ လုပ်ရပ်တွေက ခရီးသွားစရာမလိုပဲ အဝေးကြီးအထိ ရောက်နိုင်တယ်လို့ပြောကြတယ်

ခရီးသွားနေရင်တောင်မှ ဆက်ကနေပါတဲ့ ကလိုက်စမ်းပါ မင်းဆက်တိုက် ကနေရင် ကောင်းမှာပဲ

မသွားဖူးတဲ့လမ်းကို သွားကြည့်တာပေါ့ နေလာရင်းနဲ့လည်း အပြင်မှာ စွန့်စားစရာတွေအများကြီးကြုံနိုင်တာပဲ

လူတွေက ဘာလို့များ ခရီးသွားကြတာပါလိမ့် ဆက်တိုက် အလုပ်တွေပဲ လုပ်နေရရင် ခံပြင်းလာလို့လား အမြဲတမ်း ဒီတိုင်းချည်းပဲ သွားနေရတာပဲကို တစ်ခုခုကို စီးရင်စီး လမ်းလျှောက်ရင်လျှောက်နဲ့ တစ်ခုခု စီးပြီးတော့ ရောက်တာနဲ့ တန်းပြီး ထပ်သွားပြန်တာပဲမလား

ရုတ်တရက်ကြီး အသက်၂ဝ ရောက်လာကြပြီ အခုတလောအချိန်တွေ တကယ် အမြန်ကြီး ကုန်နေသလိုပဲ အသက်ကြီးလာရင် ပိုပြီး မြန်လာတော့မယ်ထင်တယ် ဟုတ်ပါရဲ့ တကယ်ပဲ အဲဒီလိုမြန်တာလား မြန်တယ်လို့ ခံစားမိနေတာလား ငါတို့တွေ အမြဲတမ်း တစ်နေရာရာကို သွားရင် အကြာကြီး ကြာသလိုလိုနဲ့ အိမ်ပြန်ရင်ကျ တန်းကို ရောက်တာမလား အဲဒါဒီတိုင်း ဦးနှောက်က ထင်ယောင်ထင်မှား ဖြစ်တာများလား လက်တွေ့ အချိန်နဲ့ အကွာအဝေးကများ ပြောင်းလဲသွားလို့လား

ငယ်ငယ်တုန်းကတော့ သူငယ်ချင်းတွေဆိုတာ တကူးတကရှာပေါင်းစရာမှ မလိုခဲ့တာ ဟုတ်ပါရဲ့ ကျောင်းသွားလိုက်ရင် အားလုံး ရှိနေတာမို့ ဪ သူငယ်ချင်းတွေပဲလို့ တွေးမိခဲ့တာပေါ့ အခုမှ သူငယ်ချင်းသစ်တွေ ပေါင်းဖို့က တကယ်ကို ပင်ပန်းလိုက်တာလို့ သိခဲ့ရတယ် ဒီတိုင်း အရေမရအဖတ်မရတွေပဲ လျှောက်ပြောနေပြီးတော့ လိုက်ရယ်ပေးမယ့် လူမရှိဘူး အသက်ကြီးလာရင် ကြီးလာသလောက် သူငယ်ချင်းထားရတာက ခက်ခဲလာတယ်

ပျောက်ကွယ်သွားချင်မိတဲ့ အချိန်ကျရင် ဘယ်ကိုပဲဖြစ်ဖြစ် သွားကြည့်လိုက်ပါ တစ်ယောက်တည်းဖြစ်နေလို့ နေရာစိမ်းဖြစ်နေလို့ သတ္တိမရှိဘူးဆိုရင် တစ်ရက်တာပဲသွားရင်တောင်မှ အဆင်ပြေပါတယ် လမ်းလျှောက်ရင်း စားသောက်ရင်း စိတ်တိုင်းကျ လမ်းသလားနိုင်မယ်ဆိုရင် ဘယ်ကိုပဲသွားသွား ကောင်းတာမို့..

'One Day Off' 카테고리의 다른 글

4부 - 돌아가는 길  (0) 2023.05.29
3부 - 메타멜로  (0) 2023.05.29
1부 - 마음 내다버리기  (0) 2023.05.26