돌아가는 길: အပြန်လမ်း


ဆော့ချိုကို အကြာကြီးနေမှ ပြန်ရောက်တာပဲ
တစ်ခေါက်ရောက်လာတိုင်းမှာ နည်းနည်းစီ
ပြောင်းလဲနေတယ်

ပင်လယ်ကတော့ အရင်အတိုင်းပဲ
ဆော့ချိုကငါမှတ်မိနေတဲ့ ပထမဆုံးခရီးပဲ

အဲ့ဒီမတိုင်ခင် တစ်နေရာရာကို ခရီးထွက်ခဲ့ဖူးပေမဲ့
ဒါကခရီးပါလားလို့ အမှတ်ရနေတဲ့ ပထမဆုံးခရီး

အဖေကအမြဲတမ်းအလုပ်များနေခဲ့တယ်
တစ်ခါမှ နွေရာသီခရီးကို ကောင်းကောင်းမသွားဖူးဘူးဆိုပြီး ဘယ်လိုပဲဖြစ်ဖြစ် အချိန်ဖယ်ထုတ်ပြီး
သွားခဲ့တဲ့ခရီးလည်း ဖြစ်တယ်

ပျော်ရွှင်တက်ကြွနေတဲ့ ခွေးကလေးလိုမျိုး
အာရုံမရနိုင်အောင်ပဲ အားကုန်တဲ့အထိ ပျော်ခဲ့ရလို့ အိမ်ကိုဘယ်လိုပြန်လာခဲ့မှန်းတောင် သတိမရတော့ဘူး

ငါတို့တွေ ခရီးခဏခဏသွားဖို့ ကတိပေးခဲ့တယ်
ဒါပေမဲ့ အဖေက အလုပ်တွေ ပိုများလာပြီး အဲ့ဒီအချိန်ကငါတို့ရဲ့ နောက်ဆုံးသွားခဲ့တဲ့ မိသားစုခရီးလောဖြစ်ခဲ့တယ်

အဖေက အချိန်အကြာကြီး အလုပ်လုပ်ခဲ့တဲ့
ကုမ္ပဏီကနေ အလုပ်ထုတ်ခံလိုက်ရတယ်
ရုတ်တရက် ကျောင်းပြောင်းသွားတဲ့ သူငယ်ချင်းတွေရှိလာပြီး ငါလည်းသိပ်မကြာခင် အိမ်ပြောင်းလိုက်ရတယ်

အဲ့ဒီနောက်ပိုင်းကိုတော့ သေချာ မမှတ်မိတော့ဘူး
အဲ့ဒီတုန်းက ငါဟာ ဆယ်ကျော်သက်ဖြစ်နေတဲ့အတွက် တစ်နေ့တာကို ဖြတ်သန်းနေရတာနဲ့တင် ရှုပ်ထွေးနေခဲ့မှာပဲ

ကလေးတွေမသိတာက အမေ အဖေ တွေကတော့
အဲ့ဒီပင်ပန်းတဲ့ အချိန်ကာလကို ဖြတ်ကျော်ခဲ့ရမှာပဲ
လူအများကြီး ရင်ဆိုင်နေခဲ့ရသလိုမျိုး

နောက်ပိုင်းတဖြည်းဖြည်းနဲ့ အဲဒီအချိန်ကာလကို ဖြတ်ကျော်ရမယ့် အသက်အရွယ်ကို ရောက်လာခဲ့တယ်

ငါကတော့ အရင်လိုပဲ ငါ့ရဲ့ တစ်နေ့တာကို
ဖြတ်သန်းနေရတာနဲ့တင် ရှုပ်ထွေးနေတယ်
ဒီလိုပုံစံမျိုးနဲ့ အသက်အရွယ်ရလာတာ
အဆင်ပြေပါ့မလား
'One Day Off' 카테고리의 다른 글
One Day Off: 박하경 여행기 (0) | 2023.07.04 |
---|---|
3부 - 메타멜로 (0) | 2023.05.29 |
1부 - 마음 내다버리기 (0) | 2023.05.26 |