Meta:Romance: 메타멜로

တစ်ခါတစ်လေ ကလေးတွေကို
စာမျက်နှာတစ်မျက်နှာနဲ့ ပုံပြင်ရေးကြည့်ခိုင်းခဲ့ဖူးတယ်

အရင်တုန်းကတော့ သူတို့အားလုံးက အချစ်အကြောင်းတွေချည်းပဲ
ရေးလာကြလို့ တခြားအကြောင်းအရာလေးတွေရော ရေးကြည့်ပါဦးလို့
ပြောလိုက်ရသေးတယ်

အခုခေတ်မှာတော့ ဘယ်သူမှ အချစ်အကြောင်းတွေကို မရေးကြတော့ဘူး

ဒီတိုင်း သမီးရည်းစားအကြောင်းတွေကိုရော ငယ်ငယ်တုန်းက အချစ်ဦးအကြောင်းတွေရော မရှိတော့ဘူး

ဒီကြားထဲမှာ ဘာတွေများ ပြောင်းလဲသွားတာလဲ


"ချစ်စရာကောင်းသားပဲ"
ဟင် ကျွန်တော်ကလား
ဒါဆို ကောင်းတာများလား
ဒါပေါ့ ကောင်းတာပေါ့
ဒါပေမဲ့လည်း ချစ်စရာကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ကလေ အရင်ကနဲ့ မတူသလို ခံစားမိနေလို့

အခုခေတ်မှာ ပိုအသုံးများလာကြလို့ပေါ့
ဒါကလည်း စိတ်ဝင်စားစရာကောင်းသလိုပဲ
ချစ်စရာကောင်းတယ်ဆိုတဲ့ အကြောင်းကလား
အင်း လူတွေက ချစ်စရာကောင်းတယ်ဆိုတာကို ဘယ်လိုအဓိပ္ပာယ်မျိုး တွေးကြတာလဲ
လူတစ်ယောက်နဲ့တစ်ယောက်က ချစ်စရာကောင်းတာနဲ့ ပတ်သက်ပြီးတော့ ခံစားချက်တွေ ကွာလောက်မယ်မလား

ဒါဆို ချစ်စရာကောင်းတာရဲ့ ဆန့်ကျင်ဘက်စကားက ဘာဖြစ်လောက်မလဲ
အဲဒါကို ဘယ်လို ထင်လဲဟင်
ချစ်စရာမကောင်းတာ
သာမန်ပါပဲ
အင်း သာမန်ပါပဲကလည်း အဆင်ပြေသားပဲ
ဒါပေမဲ့ သာမန်ပါပဲရဲ့ ဆန့်ကျင်ဘက်က ချစ်စရာကောင်းတာတော့ မဟုတ်ဘူးမလား

ခက်လိုက်တာ
ဘာပဲဖြစ်ဖြစ် ချစ်စရာကောင်းတယ်ဆိုတာက သဘောကျတယ်ဆိုတဲ့ အကြောင်းကို
ပေါ့ပေါ့ပါးပါး ဖော်ပြချင်တဲ့အခါမှာ သုံးတဲ့ အသုံးအနှုန်းပါပဲ
ဘာလို့လဲဆိုတော့ ဘာကို ကြိုက်တယ်လို့ ပြောချင်တဲ့အချိန်မှာ ဒီတိုင်း ကြိုက်တယ်လို့ မပြောဘဲနဲ့
ငါ အခုတလော ဒါမျိုးကို တော်တော်ကြွေမိနေတယ် ဘာညာ အဲဒီလိုတွေ ပြောကြတယ်မလား

ပြီးတော့ ချစ်စရာကောင်းတယ်လို့ ပြောလိုက်တာက
အခိုက်အတန့်လေးတစ်ခုမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်လေးပဲ မဟုတ်ဘူးလား
အာမေဋိတ်လိုပေါ့

အင်း ဟုတ်တယ်
"ကြိုက်တယ်" အဲဒီလိုပြောလိုက်ရင် အရမ်း ဝန်လေးသလို ဖြစ်သွားမိတယ်လေ
ဆက်တိုက် ကြိုက်နေရတော့မှာပဲဆိုတဲ့ တာဝန်ကြီး ရှိလာသလို ခံစားမိတယ်မလား

အရင်တုန်းကတော့ ချစ်တယ်လို့ ပြောရမှာကို ဝန်လေးလို့
ကြိုက်တယ်လို့ ပြောခဲ့ကြတယ်ထင်တာပဲ
အခုခေတ်မှာတော့ ကြိုက်တယ်လို့ ပြောဖို့ကိုတောင် ဝန်လေးနေကြတယ်
အဲဒါကြောင့် အခုခေတ်မှာ အချစ်ပုံပြင်တွေ မရှိတော့တာပဲ

အဲဒီလိုလည်း ဖြစ်နိုင်တာပဲ
အခုခေတ်လူတွေကလေ ဟို
ငြင်းခံရမှာကို အရမ်း ကြောက်ကြတာလေ

ရည်းစားထားရင်းနဲ့လည်း အချစ်တွေ ပြောင်းလဲသွားပြီးတော့
ငါက ပစ်ခံရတော့မလားဆိုပြီး ပူပန်ပြီးတော့ ဆက်တိုက် ကိုယ့်ကိုယ်ကို သံသယဝင်နေကြတာ

ဒါပေမဲ့ တွေးကြည့်လိုက်ရင် ဘဝဆိုတာ ရှုပ်ထွေးပြီးသားပါပဲ..
'One Day Off' 카테고리의 다른 글
One Day Off: 박하경 여행기 (0) | 2023.07.04 |
---|---|
4부 - 돌아가는 길 (0) | 2023.05.29 |
1부 - 마음 내다버리기 (0) | 2023.05.26 |