드라마 다이얼로그

1부 - 마음 내다버리기 본문

One Day Off

1부 - 마음 내다버리기

드라마 Dialogue 2023. 5. 26. 19:06

마음 내다버리기: စိတ်ကို လွှတ်ချလိုက်ဖို့

၁၉ ရာစုနှစ် ပြင်သစ်မှာ ထွက်သွားကြတဲ့ လူတွေက ရုတ်တရက်ကြီး ပြန်ပေါ်လာခဲ့တယ်
သူတို့က သူတို့ရဲ့ အလုပ်တွေရော အိမ်တွေကိုပါ စွန့်ပစ်ပြီး ကိုယ့်ကိုယ်တိုင်ကိုတောင် မေ့နေခဲ့ပြီး
ခရီးထဲ နစ်ဝင်စီးမြောနေခဲ့ကြတယ်လို့ ပြောခဲ့တယ်

ခရီးမသွားရမနေနိုင်တာ၊ အကြောင်းမဲ့ခရီးထွက်တာ၊
ခရီးအလွန်အကျူးစွဲလမ်းမှုလို့ခေါ်တဲ့
ဒီအခြေအနေဟာကူးစက်ရောဂါလိုပဲ
ဥရောပတစ်ခွင်မှာ ပြန့်နှံ့သွားခဲ့တယ်

အသိစိတ်မဲ့စွာ လမ်းပေါ်ထွက်လာကြတဲ့သူတွေကို
“ခရီးသွားအရူးများ”လို့ ခေါ်ကြတယ်
သူတို့တွေက
တကယ်ပဲ ရူးလို့ ခရီးတွေ ထွက်ကြတာလား
ဒီတိုင်း နေနေရင်းနဲ့ ရူးသွားတော့မယ်ထင်ရလို့ ထွက်သွားကြတာ မဟုတ်ဘူးလား..?

ပျောက်ကွယ်သွားချင်မိတဲ့ အချိန်မှာ
ထွက်တဲ့ တစ်ရက်တာခရီး

လမ်းလျှောက် စားသောက်ပြီး
မှင်တက်ငေးငိုင်နိုင်မယ်ဆိုရင်…

- နေ့ချင်းပြန် ခရီးသွား
ခရီးသွားရခြင်းရဲ့ ရည်ရွယ်ချက်က ဘာများလဲ
စိတ်ပူပန်မှုများလား စိတ်ဖိစီးမှုများလား
ကိုယ့်အတွင်းစိတ်ထဲမှာ မေးခွန်းတစ်ခုခု ရှိနေမှာမို့
ဟိုးအဝေးကြီးက ဒီနေရာအထိကို လာခဲ့တာပေါ့

ဘာကြောင့် လာခဲ့လဲဆိုတာကို
နားလည်နိုင်ဖို့ ခက်ခဲတယ်
သေချာတာကတော့ ငါက ဘာလို့
ဒီကို ရောက်လာရတာလဲဆိုတာကို သိချင်နေမိတယ်

ခရီးသွားအရူးတွေက ၂ဝ ရာစုနှစ်ကို ရောက်တာနဲ့ ရုတ်တရက် ပျောက်ကွယ်သွားကြတယ်တဲ့
ရုတ်တရက်ကြီး အားလုံး ရောဂါကနေ
ပျောက်ကင်းသွားကြတာလား
အစကတည်းက အဲဒီရောဂါက ရှိရော ရှိခဲ့ရဲ့လား

လူတွေရှိတဲ့ နေရာမှာ လူလေလူလွင့်တွေလည်း ဘယ်နေရာမှာ ဘယ်အချိန်မဆို ရှိနေမှာပါပဲလေ
ပြဿနာက အမြဲတမ်း တခြား တစ်နေရာရာကို
သွားချင်နေပြီးတော့
တခြား ဘယ်နေရာကိုပဲသွားသွား
နောက်ထပ် တခြားနေရာကို ထပ်သွားချင်နေမိတာပဲ

ဒီလို အချိန်မျိုးမှာဆိုရင်
ဆက်တိုက် လမ်းပျောက်နေရုံပဲပေါ့


အပိုင်း ၂ ဆက်ရန်

'One Day Off' 카테고리의 다른 글

One Day Off: 박하경 여행기  (0) 2023.07.04
4부 - 돌아가는 길  (0) 2023.05.29
3부 - 메타멜로  (0) 2023.05.29