일 | 월 | 화 | 수 | 목 | 금 | 토 |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | |||
5 | 6 | 7 | 8 | 9 | 10 | 11 |
12 | 13 | 14 | 15 | 16 | 17 | 18 |
19 | 20 | 21 | 22 | 23 | 24 | 25 |
26 | 27 | 28 | 29 | 30 | 31 |
- TheRedSleeve
- DrRomantic
- TheDevilJudge
- KimSeonHo
- OurBelovedSummer
- Remarriageanddesires
- WiseMountainvillageLife
- startup
- ForecastingLoveandWeather
- YumiCells2
- OurBlues
- DaliandCockyPrince
- LeeJunho
- RacketBoys
- BeMelodramatic
- LeeJeHoon
- TheKingsAffection
- HometownChaChaCha
- Taxidriver
- WhyHer?
- HymnOfDeath
- YumiCells
- MrSunshine
- HighClass
- TwentyFiveTwentyOne
- CrashLandingOnYou
- YouthOfMay
- 18Again
- NowWeAreBreakingUp
- ChicagoTypewriter
- Today
- Total
드라마 다이얼로그
Call it love: 사랑이라 말해요 본문
ကဗျာဆရာတစ်ယောက်က ဒီလိုပြောခဲ့ဖူးတယ်
တစ်ယောက်ယောက်ကို နားလည်ချင်ရင် ခွင့်လွှတ်ပေးချင်ရင်
ပြီးတော့ ချစ်ပေးချင်ရင်
သူတို့ရဲ့နောက်ကျောပုံစံကို အချိန်အကြာကြီး လေ့လာသင့်တယ်တဲ့
အဲဒီလိုလုပ်ရုံနဲ့ မလိုအပ်ဘဲ သူတို့ကိုနားလည်စရာ ခွင့်လွှတ်စရာ ချစ်စရာမလိုဘဲ သူတို့ရဲ့အထီးကျန်စရာကောင်းတဲ့အရိပ်က မသိလိုက်ခင်မှာပဲ သင်တို့ကို ငိုအောင်လုပ်လိမ့်မယ်တဲ့
- မှန်ပါတယ်
တစ်ယောက်ယောက်ရဲ့အထီးကျန်မှုကို နားလည်ဖို့က ကျွန်မအတွက်အချစ်ရဲ့စတင်မှုလို့ထင်ပါတယ်
မိုးရွာနိုင်ခြေ ၁ဝ ရာခိုင်နှုန်းပဲရှိတာကို သိသိရဲ့နဲ့ လောင်းထားပြီး
မိုးရွာလာရင် ဒါ မိုးကောင်းကင်ကြီးက ရူးနေလို့ပဲပေါ့
ဒါဆို ငါ့ရဲ့ရူးကြောင်ကြောင်နိုင်မှုကြီးကိုပဲ သတိပြုမိသွားတာလားဆိုပြီး
တစ်ကယ်ပြဿနာတွေရှာပစ်ချင်လို့..
၂နှစ်ပဲရှိသေးတာပါ
လူတစ်ယောက်က ကိုယ့်အပေါ်သစ္စာဖောက်မဖောက်
သိနိုင်ဖို့အတွက် ၂နှစ်ဆိုတာ မပြောပလောက်ပါဘူး
အခိုက်အတန့်ခဏလေးပါပဲ
တကယ်အထီးကျန်တဲ့သူက
အထီးကျန်တယ်ဆိုပြီးမပြောတဲ့သူတွေပဲ
သူတို့ကောင်းဖို့ သူများကိုတက်နင်းကြတဲ့သူတွေက
ထွက်ပေါက်ရှာတွေ့ပြီး ချက်ချင်းပြန်ကောင်းကြတယ်
ပြဿနာက ဘာမှမပြောနိုင်ဘဲ နာကျင်တာ သည်းခံနေရတဲ့
ငါတို့လို အရှုံးသမားတွေလေ
သူတို့ကောင်းဖို့ သူများကိုတက်နင်းကြတဲ့သူတွေက
ထွက်ပေါက်ရှာတွေ့ပြီး ချက်ချင်းပြန်ကောင်းကြတယ်
ပြဿနာက ဘာမှမပြောနိုင်ဘဲ နာကျင်တာ သည်းခံနေရတဲ့
ငါတို့လို အရှုံးသမားတွေလေ
နောက်ကျော
လောကကြီးမှာအတော်လေးအထီးကျန်ပြီးတော့
လောကကြီးကိုပျင်းစရာကောင်းတယ်လို့မြင်နေတဲ့
အဲ့ဒီနောက်ကျောက အဆိုးဝါးဆုံးပဲ
ကြည့်ကောင်းတော့ရော ဘာလုပ်မှာလဲ
သူ့နောက်ကျောကအဲဒီလိုမျိုး မနှစ်မြို့စရာခံစားချက်ကြီး
ထမ်းထားရတာကို အဲဒီလိုမျိုးမြင်ရတာကို မုန်းတယ်
ဖောက်ပြန်တဲ့အကြောင်းအရင်းက ဘာရှိရဦးမှာလဲ
ဒါကြောင့်လည်း ဖောက်ပြန်တယ်လို့ခေါ်တာပေါ့
အရက်က နဂိုကတည်းက ခါးပေမဲ့
တစ်ယောက်တည်းသောက်ရင် ပိုခါးတယ်
ပျင်းရင် အင်တာနက်ဖိုရမ်တွေ ဝင်ကြည့်
အဲထဲမှာ ရှင့်ထက် ပိုဆိုးအောင် ခံရတဲ့သူတွေမှ အများကြီးပဲ
ဘာလို့ ငါ့ကိုပဲ ဒီလိုကိစ္စတွေဖြစ်တာလဲဆိုပြီး
ခံပြင်းလို့ သေတော့မယ့်အချိန်မှာ ရှာကြည့်လိုက်တော့
ကျွန်မထက် ပို မတရားခံရတဲ့ဘဝတွေ အများကြီးရှိတယ်လေ
ထူးထူးဆန်းဆန်း စိတ်သက်သာသွားပြီး ဆက်နေနိုင်ခဲ့တယ်
လူကအရမ်းခံစားရပြီး ပင်ပန်းလာတဲ့အခါ
သူများအပေါ်လည်း အပြစ်တင်တတ်လာတယ်
ဒေါသလည်းပုံချတတ်လာတာပေါ့
ပိုက်ဆံရယ် အချိန်ရယ်နဲ့ ဖြေရှင်းလို့ရတဲ့ပြဿနာတွေကို
ပြဿနာလို့တောင်မခေါ်ဘူး
ကျွန်မကအဲဒါကို နည်းနည်းမှမရှက်ဘူး
ရည်းစားထားရင်း မှားတာတွေရှိနိုင်တာပဲလေ
အဲလိုဆိုတိုင်း ရှက်ပြီး ရပ်တန့်နေရင်
ဘယ်လိုလုပ် အချစ်ဖြစ်မှာလဲ
မြန်မြန်ရှင်းထုတ်ပြီး မေ့ပစ်ပြီး ပြန်စတာပေါ့
နင် ပြောပြစမ်းပါ
ငါ့ခံစားချက်က ဘာဖြစ်နေလို့လဲ
ငါက ဒီအတိုင်း
စာလုပ်တာရပ်ပြီးထွက်ပြေးသွားတဲ့ ဂျီဂူထက်
ငါ့ကြောင့် ဒီလိုအရူးလိုဖြစ်နေတဲ့ နင့်ထက်
အသက်ဘယ်လောက်ပိုငယ်မှန်းမသိတဲ့
ကောင်လေးနဲ့တွဲနေတဲ့ ရှင်းဟယ်ဆွန်းထက်
နေမကောင်းတဲ့အမေ့ထက်
ဒီတိုင်း အဲဒီလူကို နည်းနည်းပိုစိတ်ပူမိရုံပဲ
ဒီတိုင်း အဲဒီလူ နည်းနည်းပဲဖြစ်ဖြစ်
အထီးမကျန်တော့ရင်ကောင်းမယ်လို့တွေးရုံပဲ
ဒါက ဘာလဲ
ဒါကဘာမို့လို့ ငါက ဒီလောက် ဖြစ်ပျက်နေတာလဲ
ဒီလောက်ပဲ နာကျင်ရအောင်
ထပ်အစွန့်ပစ်မခံဘဲနေရအောင်
ကျွန်တော်ဘယ်လိုဆက်ဆံရေးမဆို အဆုံးသတ်မယ်မှန်းသိတယ်
ကျွန်တော်ကိုယ်ကျွန်တော် ကာကွယ်နေတာ မယိမ်းယိုင်သွားအောင်လို့
တော်တော်ကြာကြာ ကျွန်းလိုမျိုးစွန့်ပစ်ထားခဲ့တဲ့
ရွက်ဖျင်တဲကိုသိမ်းထားလိုက်ပါပြီ
စိတ်ပေါ့သွားတာပဲ အကယ်လို့ ရှင်းဝူဂျူနဲ့သာမဆုံခဲ့ရင်
ကျွန်တော် အရင်တိုင်းပဲအဲ့ကျွန်းမှာ ပိတ်မိနေဦးမှာ
ကျေးဇူးတင်ပါတယ် လွတ်မြောက်စေလို့
ကျွန်မသာ တစ်ကယ်ကြင်နာတဲ့သူဆိုရင်
ဒီမှာရှိနေမှာမဟုတ်ဘူး
ခေါင်းထဲမှာ “နင်ဒီမှာရှိမနေသင့်ဘူး
အိမ်ကိုပြန်တော့လို့” ပြောနေတယ်
ဘီယာဝယ်ဖို့ ထွက်သွားတဲ့ချိန်မှာ
“ဒါက နင့်အတွက်အခွင့်အရေးပဲ အိမ်ပြန်တော့”
ခေါင်းထဲမှာ အဲဒီလိုအတွေးတွေရှိပေမဲ့
ခန္ဓာကိုယ်ကြီးက မလှုပ်ဘူးဖြစ်နေတယ်
အတူတူရှိနေရတာကို သဘောကျလွန်းလို့
ကျွန်မ ဟန်ဒုံဂျင်ကို အများကြီးသဘောကျတယ်
လောကကြီးကလူတွေ အကုန်လုံးပျောက်ကွယ်သွားပြီးတော့ ကျွန်မတို့နှစ်ယောက်တည်းပဲ ရှိနေရရင်
ကောင်းမယ်လို့ တွေးမိတယ်
အချိန်ပေးပါတဲ့.. အဲဒါမှမင်း သိပ်မခံစားရမှာတဲ့
ဒါပေမဲ့ ဒဏ်ရာပေးတဲ့လူက ဘာသိမှာလဲ ဒဏ်ရာချင်းအတူတူပဲ
သိပ်မခံစားရဘူးဆိုတာ ဘယ်မှာရှိလို့လဲ
သနားဖို့ကောင်းတယ်
သနားလွန်းလို့ သေတော့မလိုပဲ
ဒီလောက်ပဲခံစားစေချင်တော့တယ်
အဲ့လူက ဒီလောက်ပဲပင်ပန်းတော့မယ်ဆိုရင်ကောင်းမယ်
ပျော်ရွှင်နေရင်ကောင်းမယ်
ကျွန်မတို့ကအဲ့အိမ်မရှိလည်း ပျော်နိုင်တာပဲမလား
ခုနကထိတော့ သေချာပေါက်ငရဲလိုပေမယ့်
ဒီလောက်ပဲ ပင်ပန်းတော့ရင်ကောင်းမယ် ပျော်ရွှင်နေရင်ကောင်းမယ်
အဲ့စကားမှာ ပြန်အသက်ရှင်သွားသလိုပဲ
ရှင်းဝူဂျူက နာကျင်မှုထက်
ရှင်းဝူဂျူဆီကနေရခဲ့တဲ့အချစ်က ပိုများနေလို့ မမုန်းတီးနိုင်ခဲ့ဘူး
အားပေးတယ်
နှစ်သိမ့်ပေးတယ်
အချစ်
ကျွန်တော့်ကိုအကုန်ပေးခဲ့တယ်လေ
တစ်ခါတလေ လူတိုင်းက ရှေ့ကိုလျှောက်လှမ်းနေတဲ့အချိန်
ကျွန်မတစ်ယောက်တည်းပဲဘာဖြစ်လို့ အနောက်ဘက်ကိုသွားနေတာလဲလို့
တွေးခဲ့မိတယ် ကျွန်မကိုယ်ကျွန်မ အတော်လေးမုန်းတီးမိတဲ့စိတ်ကြောင့်
ဖြစ်နေတယ်ဆိုတာကို အဲဒါကိုလွှတ်ချလိုက်မှ နောက်ဆုံးနားလည်သွားခဲ့တယ်
ဟန်ဒုံဂျင်နဲ့မတွေ့ခဲ့ဘူးဆိုရင်
ကျွန်မ တစ်သက်လုံး ကျွန်မဘဝကို နောက်ပြန်လျှောက်နေမှာပါ
ချိုသာတဲ့အပြုံးနဲ့ လူတွေကိုယ့်နားကပ်လာတာတွေ ကြည့်ရင်
"အဲလိုမျက်နှာမျိုးနဲ့ ငါ့ကိုဒဏ်ရာပေးရင် ဘယ်လိုလုပ်မလဲ” ဆိုပြီး
အရင်ကြောက်တတ်တဲ့သူမျိုး
မင်းက တည်တည်တံ့တံ့မျက်နှာနဲ့ နီးကပ်လာပြီး စိတ်မပူနဲ့ မကြောက်နဲ့
အဲလိုပြောပေးခဲ့လို့ သဘောကျခဲ့တာ
'2023 Kdrama' 카테고리의 다른 글
The Good Bad Mother: 나쁜엄마 (0) | 2023.06.26 |
---|---|
Agency (0) | 2023.04.18 |
Divorce Attorney SHIN: 신성한, 이혼 (0) | 2023.04.13 |
Can We Be Strangers? (0) | 2023.03.13 |
Crash Course in Romance (0) | 2023.03.12 |