일 | 월 | 화 | 수 | 목 | 금 | 토 |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | |||
5 | 6 | 7 | 8 | 9 | 10 | 11 |
12 | 13 | 14 | 15 | 16 | 17 | 18 |
19 | 20 | 21 | 22 | 23 | 24 | 25 |
26 | 27 | 28 | 29 | 30 | 31 |
- WhyHer?
- startup
- 18Again
- HighClass
- OurBelovedSummer
- ChicagoTypewriter
- KimSeonHo
- YouthOfMay
- WiseMountainvillageLife
- ForecastingLoveandWeather
- RacketBoys
- TheKingsAffection
- TheRedSleeve
- BeMelodramatic
- LeeJeHoon
- LeeJunho
- HometownChaChaCha
- HymnOfDeath
- DaliandCockyPrince
- Taxidriver
- Remarriageanddesires
- YumiCells2
- OurBlues
- YumiCells
- NowWeAreBreakingUp
- DrRomantic
- TwentyFiveTwentyOne
- TheDevilJudge
- CrashLandingOnYou
- MrSunshine
- Today
- Total
드라마 다이얼로그
Agency 본문
လူဆိုတာ... ဘယ်အချိန်မှာ အကျိုးနွံဆုံးလဲ သိလား
“ရှုံးနိမ့်တဲ့အချိန်”
လူတိုင်း အဲ့ဒီလို ရှင်သန်နေကြတာပဲ
ထွက်ပြေးတာက ရှက်ဖို့ကောင်းပေမဲ့
ရှင်သန်ဖို့က ဦးစားပေးလေ
လောကကြီးမှာ ရှုံးနိမ့်ပြီးမှ
ပိုပြီးရက်စက်လာတဲ့လူတွေရှိတယ်
အဲဒီလိုလူတွေကပဲ သမိုင်းကိုရေးထိုးနိုင်တာ
기쁨은 나누면 질투가 되고
슬픔은 나누면 약점이 된다.
ပျော်ရွှင်မှုတွေကို မျှဝေကြရင်းနဲ့
မနာလိုမှုတွေ ဖြစ်လာတယ်
သောကတွေကို ဝေမျှရင်းနဲ့
အားနည်းချက်တွေ ဖြစ်လာတယ်
အဖေကိုကြောက်ရင်
မောင်နှမတွေက ရန်မဖြစ်ကြဘူး
သန်မာတဲ့ အပြင်ပြိုင်ဘက်ရှိနေရင်
အတွင်းပိုင်းမှာ ပိုပြီး စည်းလုံးလာတယ်
ကျရှုံးရင်တော့ လူလိမ်ပေါ့
အောင်မြင်ရင်တော့ စိတ်ကူးကောင်းတာပေါ့
ဘဝမှာ အားလုံးက ရလဒ်နဲ့ပဲ တိုင်းတာကြတာ
မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ ကိစ္စတွေကိုလည်း
ဖြစ်နိုင်အောင် လုပ်မှ အခွင့်အရေးတွေ လာမှာပါ
အစေခံဆိုတိုင်း အားလုံးကို တူညီတဲ့ အစေခံလို့ပဲ
မြင်လို့ မဖြစ်ဘူး
သခင်ထက် ပိုပြီး အလုပ်လုပ်တာတော်တဲ့
အစေခံတွေလည်းရှိတယ်
အဲဒီလိုအချိန်မှာဆို မမုန်းတီးဘဲနဲ့ သေချာပေါက်
မင်းရဲ့ လူဖြစ်အောင် လုပ်ရမယ်
ကောင်းတဲ့ကိစ္စရှိရင် ပျော်ပြီးတော့
မကောင်းတဲ့ကိစ္စရှိရင် ဝမ်းနည်းမယ်
လူတွေ ရှင်သန်နေတယ်ဆိုတာ အားလုံး ဒီလိုပါပဲ
အရှုံးသမားတွေနဲ့ အလုပ်လုပ်လို့ ချမ်းသာနိုင်ပါ့မလား
ငါတို့က ဘယ်အချိန်ဖြစ်ဖြစ် အတူတူပဲ
နိုင်တဲ့ဘက်က ငါတို့ဘက်ကပဲ
လူတစ်ယောက်ရဲ့ အောင်မြင်မှုက
လူတစ်ယောက်ရဲ့ ကျရှုံးမှုလေ
ဆံပင်ကို ခွဲဖြီးဖို့သေချာပေါက်
ဘီးသုံးစရာမလိုပါဘူး ဓားနဲ့လည်း ရပါတယ်
တကယ်လို့ ငါက မင်းကို
ဥက္ကဌရာထူးပေးမယ်လို့ပြောရင် ဘယ်လိုလုပ်မလဲ
အလုပ်ကို သေသေချာချာ အာရုံစိုက်လုပ်နိုင်ပါ့မလား
လူတွေဆိုတာ အဲ့လိုမဟုတ်ဘူး
တစ်ခုခုကို ပေးမယ်လို့ပြောလိုက်ရင် စိတ်လှုပ်ရှားပြီးတော့ ကောင်းကောင်း မလုပ်နိုင်ကြတော့ဘူး
အားကစားလုပ်ရင် နည်းပြတွေက ပြောတယ်
လူသစ်တွေက တိုက်ခိုက်ရင် တိုက်ခိုက်ဖို့ပဲတွေးပြီး
ခုခံရင်လည်း ခုခံတာကိုပဲ တွေးပေမဲ့
အကောင်းဆုံး ကစားသမားတွေက
တိုက်ခိုက်တဲ့အခါ ခုခံဖို့စဉ်းစားပြီး
ခုခံတဲ့အခါ တိုက်ခိုက်ဖို့ စဉ်းစားတယ်တဲ့
ရည်မှန်းချက်ကြီးတာနဲ့ လောဘကြီးတာက
ကွာခြားတယ်
ဘာမှလည်း မသိဘဲနဲ့ အရည်အချင်းလည်း မရှိတဲ့သူက ရည်မှန်းချက်ကြီးရင်တော့
လောဘကြီးတယ်လို့ ခေါ်တယ်လေ
အမှားသေးသေးလေးတစ်ခုကြောင့်နဲ့တောင်
ထုတ်ခံရနိုင်ပြီးတော့ ပိုင်ရှင်ရဲ့ စိတ်အခြေအနေကို
အရိပ်အကဲကြည့်ပြီး နေနေရတဲ့ ကုမ္ပဏီမျိုးမှာ ဘယ်လို ဝန်ထမ်းတွေ ကျန်နေခဲ့မလဲဆိုတာကို သိလား
အရည်အချင်းမရှိတဲ့သူတွေ
ခယပြီးတော့ ရာထူးတိုးဖို့အတွက် အချင်းချင်း ချောက်ချတတ်ကြတဲ့
သူတွေပဲ ကျန်ခဲ့မှာ
အဲဒီလိုဆိုရင်
တကယ် အလုပ် ကောင်းကောင်းလုပ်ကြတဲ့ ဝန်ထမ်းတွေက ကုမ္ပဏီမှာ ကျန်တော့မှာ မဟုတ်ဘူး
အနာဂတ် မရှိတော့ဘူးလို့ တွေးမိပြီး ထွက်သွားတာပဲဖြစ်ဖြစ် ရုံးတွင်း ချောက်ချခံရလို့ ထုတ်ခံရတာပဲဖြစ်ဖြစ်
ပျော်ရွှင်ဖို့ ခက်ခဲရင်တောင်မှ
ဒီတိုင်း ပုံမှန်အတိုင်းလေးပဲ
သူများတွေလိုပံနေပါ
ကျောင်းမှာဘာလို့ အလုပ်တိုင်းက ကွာခြားချက် မရှိဘူးလို့ သင်ပေးလဲဆိုတာကို သိလား
အမှန်တော့ လက်တွေ့မှာ ကွာခြားချက်တွေ ရှိကြလို့ပဲ
ဒါကြောင့် ကွာခြားချက်မရှိဘူးလို့ သင်ပေးတာပဲ
အလုပ်ရော လူတွေရော အဆင့်အတန်းရော ကွာခြားချက်တွေ ရှိကြပါတယ်
အဲဒါတွေကို တူတူပဲလို့ ဘယ်လောက်ပဲမြင်ကြမြင်ကြ
လူဆိုတာ သဘောကျတဲ့အလုပ်ကိုမလုပ်ဘဲ
ကျွမ်းကျင်တဲ့အလုပ်ကို လုပ်ရတာပါ
လောကကြီးနဲ့ တိုက်ခိုက်ဖို့ မကြိုးစားပါနဲ့ ကြီးမားတာ တစ်ခုခုကို ရချင်ရင် သေးငယ်တာကို လက်လွှတ်ပေးရမှာပေါ့
အားနည်းချက်ဆိုတာနဲ့ သေချာပေါက် ဖျောက်ဖျက်ပစ်ရမယ်ဆိုတာတော့ မဟုတ်ပါဘူး
အားသာချက်ဆိုတာ တခြားသူတွေ ကိုယ့်ကို အထင်ကြီးစေတဲ့အချက်ပဲ
အားနည်းချက်ကတော့ တခြားသူတွေဆီကနေ အချစ်ခံရစေနိုင်တဲ့ အရာမို့လို့
ဖုံးကွယ်မထားဘဲနဲ့ ကောင်းကောင်း ဖော်ထုတ်ပြရင် လူတွေရဲ့ အားပေးမှုကို ခံရနိုင်တာပေါ့
ဆိုရှယ်မီဒီယာဆိုတာက ဘဝအချိန်ကို ဖြုန်းတီးတာတဲ့
ပန်းတိုင်နဲ့အကျိုးအမြတ်အတွက်
ဆိုရှယ်မီဒီယာသုံးရတာမျိုးလည်းရှိတာပေါ့
လူတွေကို ရာနှုန်းပြည့်ယုံကြည်လို့မဖြစ်ဘူး
နောက်ကျရင် နာကျင်ရနိုင်ချေရှိလို့
ယုံကြည်ခြင်းဆိုတာ လှည့်စားခြင်းရဲ့ အစပဲ
နေထိုင်လာရင်းနဲ့ ကိုယ်အတော်ဆုံးအရာဖြစ်နေလို့
မလုပ်လိုက်ရတာလည်းရှိတယ်
'2023 Kdrama' 카테고리의 다른 글
All That We Loved: 우리가 사랑했던 모든 것 (0) | 2023.06.28 |
---|---|
The Good Bad Mother: 나쁜엄마 (0) | 2023.06.26 |
Call it love: 사랑이라 말해요 (0) | 2023.04.14 |
Divorce Attorney SHIN: 신성한, 이혼 (0) | 2023.04.13 |
Can We Be Strangers? (0) | 2023.03.13 |