드라마 다이얼로그

Divorce Attorney SHIN: 신성한, 이혼 본문

2023 Kdrama

Divorce Attorney SHIN: 신성한, 이혼

드라마 Dialogue 2023. 4. 13. 20:35

လူဆိုတာက ရှေ့ကိုပဲမျှော်ကြည့်ပြီးနေရတာ အတိတ်မှာ ဝါးမျိုခံပြီးမနေရဘူး

မိုက်ရိုင်းတဲ့စရိုက်ကို ပိုက်ဆံနဲ့ဖုံးလို့မရဘူးပဲ

မကောင်းပြောတဲ့လူတွေဆီမှာ အရှုံးမပေးပါနဲ့

လူဆိုတာ ပါးစပ်ထဲထမင်းခွံ့ပေးတယ်ဆိုရုံလောက်နဲ့ ကောင်းကောင်းရှင်သန်နေတာဖြစ်ပါ့မလား

ကျွန်တော်ကလေ... အမေချက်ကျွေးခဲ့တဲ့ထမင်းကို တကယ်တော့ သေချာမမှတ်မိပါဘူး
ဒီတိုင်း အရသာရှိတယ် ဒီလောက်ပဲမှတ်မိတာပါ
ဒါပေမယ့် အမေကကျွန်တော့ကိုထွေးပွေ့ပေးပြီး.. အားပေးပြီး နှစ်သိမ့်ပေးပြီး တစ်ခါတလေ ဆူလည်းဆူပြီး အဲဒီလိုအရာတွေကိုပဲ အများကြီးမှတ်မိပါတယ်

လူတွေက ပျော်ရွှင်မှုကိုခံစားတဲ့အခိုက်အတန့်တွေက တစ်ဦးချင်းစီကွဲပြားကြပေမယ့် တစ်ခါတလေ အရမ်းကိုသေးငယ်တဲ့အရာလေးတွေမှာလည်း ပျော်ရွှင်မှုကိုရှာတွေ့နိုင်တဲ့အချိန်လေးတွေရှိပါတယ်

Trot: 트로트 Music က ဘာလဲဆိုတာ
ရှေ့နေရှင်းဆောင်းဟန်နဲ့မှ သိလာရတာမျိုးပေါ့
အခန်းထဲမှာ ဘောက်စ်နဲ့အကျယ်ကြီးဖွင့်ပြီး
သီချင်းလိုက်ဆိုတဲ့ ရှင်းဆောင်းဟန်ရဲ့ စိတ်ဖိစီးမှုကို
ဖြေဖျောက်တဲ့နည်းလမ်း
အဲ့ဒါထက်ပိုကောင်းတဲ့နည်းလမ်းကတော့
အတူတူဆိုပေးနိုင်တဲ့ ပေါတောတောလူတွေပါပဲ

Brother Tes( 테스형) ဆိုတဲ့ သီချင်းကိုတော့ အကြိုက်ဆုံးပဲ

Camping: စခန်းချခရီးထွက်တာက
စိတ်ကို အပန်းဖြေစေတဲ့ အကောင်းဆုံး နည်းလမ်းတစ်ခုပါ

Family Activities: လူဆိုတာ ပါးစပ်ထဲထမင်းခွံ့ပေးတယ်ဆိုရုံလောက်နဲ့ ကောင်းကောင်းရှင်သန်နေတာဖြစ်ပါ့မလား

ကျွေးမွေးထားတယ်ဆိုရုံလောက်နဲ့ လုံလောက်နေတာ
မဟုတ်ပါဘူး အဲ့ဒီထဲ ချစ်ခြင်းမေတ္တာတွေလည်း ထည့်ဦးမှပေါ့
တစ်ခါတစ်လေလည်း အချိန်အတူကုန်ဆုံးပေးမှ တစ်ကယ့်မိသားစုမဟုတ်လား

ရုပ်မြင်-သံကြားတဲ့ YouTube တွေလို ဖျော်ဖြေရေး Application တွေကလည်း ကောင်းပေမယ့် Radio/ Podcast လိုမျိုးကိုလည်း
တစ်ခါတစ်လေ နားထောင်ကြည့်ကြည့်ပါ

Trio-Frienship
Thirty-Nine
Be Melodramatic
Work Later Drink Now
Reply 1988 က အမေသုံးယောက်
တစ်ခြား ဘာကားတွေရှိသေးလဲ

ကင်မ်ချီ / ဂဏန်းရေစိမ်
ဘာခွဲခွဲ ပေနဲ့တံနဲ့ခွဲတဲ့ အသက်၄၀အရွယ်
ကလေးကြီးနှစ်ယောက် 😅

Divorce Attorney SHIN မှာ ဒီ Piano တီးတဲ့ scene ကို ဘယ်နှစ်ခေါက်မှန်းမသိ ကြည့်မိတဲ့အထိကို ကြိုက်တယ်

'2023 Kdrama' 카테고리의 다른 글

Agency  (0) 2023.04.18
Call it love: 사랑이라 말해요  (0) 2023.04.14
Can We Be Strangers?  (0) 2023.03.13
Crash Course in Romance  (0) 2023.03.12
Taxi Driver: 모범택시 2  (0) 2023.02.17