드라마 다이얼로그

Eugene Lovestory 본문

Mr. Sunshine/Eugene & Ae Shin Lovestory

Eugene Lovestory

드라마 Dialogue 2022. 12. 11. 17:38

ဘယ်ကိုသွားရင်ကောင်းမလဲ
အဆင်တန်ဆာတွေနောက်ကို လိုက်ပြီးတော့
ရန်သူဆီကို သွားရမလား

ကြွေထည်တွေနောက်ကို လိုက်ပြီးတော့ ကျေးဇူးကြွေးတင်နေတဲ့သူဆီကိုပဲ သွားရမလား


ဒီလိုမျိုး ရာသီဥတု ကောင်းနေတော့
ဒီတိုင်း ပျော်ပွဲစားပဲ ထွက်လိုက်ရင် ကောင်းမလား


ငါက တစ်နေရာကို
တောက်လျှောက် ဝေးဝေးကို သွားနေတာ
ဘယ်နေရာက အဝေးဆုံးလဲဆိုတာကို မသိတော့ဘူး

မဟုတ်ရင်လည်း ရောက်နှင့်နေပြီးတာပဲလား

Dear Joseph,
စာကို သေချာလက်ခံရပါတယ်
ဟမ်ဂယောင်းပြည်နယ်မှာက ဆောင်းရာသီဖြစ်နေပါပြီ အအေးမိလွယ်လို့ စိတ်ပူမိပါတယ်
အဆင်ပြေနေပါရဲ့လား ကျွန်တော်ကတော့ ဂျိုဆွန်းမှာရှိနေရတဲ့နေ့ရက်တိုင်းက ငြိမ်းချမ်းသက်သာပါတယ်
ဒါပေမဲ့ သူမနဲ့တွေ့ပြီး မငြိမ်းချမ်းတော့ပါဘူး

“ရှင်နဲ့ ဘေးချင်းကပ်ပြီး လမ်းလျှောက်ရတာက အရမ်းကောင်းတယ် ငါ့အတွက် ပြန်မရနိုင်လောက်တော့တဲ့ အခိုက်အတန့်တွေပဲ အခုက”

တားမိတော့မလိုပါပဲ မသွားပါနဲ့လို့ ထပ်လျှောက်ကြရအောင်လို့ ဟိုးအဝေးဆုံးအထိပဲ ဘေးချင်းကပ်ပြီး..
ဂျိုဆွန်းမှာ ကျွန်တော်..တိတိကျကျ လမ်းတွေလည်း မသိဘဲနဲ့ အဝေးဆုံးကို ခဏခဏ ဆက်သွားနေမိပါတယ်

ဟန်ဆောင်းကို ဘယ်တော့လာမှာပါလဲ?
သတိရပါတယ်
ကြည့်လိုက်တော့မှပဲ ဒီစာက ဖွင့်ဟဝန်ခံစာနဲ့
ပိုတူနေလို့ မပို့နိုင်လောက်တော့ဘူး ထင်ပါတယ်

ယူျင်း - မင်းသာဆိုရင်
ပန်းပွင့်လေးတစ်ပွင့်လို နေလို့ရသွားမှာကို
ငါ့ရဲ့ မှတ်ဉာဏ်ထဲက ဂျိုဆွန်းရဲ့ မျိုးရိုးမြင့် အမျိုးသမီးတွေက အကုန်လုံး အဲ့လို နေခဲ့ကြတာပဲလေ

အယ်ရှင်း - ကျွန်မလည်း အဲ့လိုပဲ ကျွန်မလည်း ပန်းတစ်ပွင့်လို နေနေတာပဲ
ဒါပေမယ့် တစ်ခုမတူတာက ကျွန်မက မီးတောက်လေးပဲ
အဲ့လိုမျိုး တောက်တောက်ပပ လောင်ကျွမ်းပြီးမှ ငြိမ်းသွားချင်တယ် မီးတောက်လိုမျိုး

ယူျင်း - မှားသွားခဲ့တယ်
ကျွန်တော်ကတော့ အဲ့ဒီမိန်းကလေးရဲ့ တောက်လောင်နေတဲ့ စိတ်အားထက်သန်မှုတွေကြားရဲ့
ဘယ်နားလောက်မှာ ရှိနေပါ့မလဲ အရောက်လှမ်းနိုင်ခဲ့ပြီလို့ ထင်ထားခဲ့ပေမယ့် ထပ်ပြီး သွားရဦးမလား
မသိနိုင်တော့ပါဘူး အဲ့ဒီမီးတောက်ထဲကို တစ်လှမ်းထပ်ပြီးတော့...
ဂျိုးဆက် ကျွန်တော်ကတော့ တကယ့်ကိုပဲ ပြဿနာတက်ပြီထင်ပါတယ်

Dear Joseph,
ဂျိုဆွန်းကို ပြန်လျှောက်လှမ်းရင်း ကျွန်တော့်မှာ မျှော်လင့်ချက်တွေ ရှိခဲ့သလားတောင် မသိခဲ့ပါဘူး
ကျွန်တော် ပြောင်းလဲအောင်လုပ်နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက် ဂျိုဆွန်းက ပြောင်းလဲလာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်
ဒါကြောင့် ဒီမြေပေါ်မှာ တွေ့ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘေးမှာရပ်ပြီး သူမနဲ့ ဘေးချင်းကပ်လျှောက်လှမ်းဖို့မျှော်လင့်ခဲ့ပါတယ်

ပထမဆုံးစတွေ့ခဲ့တဲ့အချိန်ကတည်းကပါ
ဒါပေမဲ့ ကျွန်တော်က အခုထိ အဲဒီသေတ္တာအသေးလေးထဲက လွတ်မြောက်အောင် မလုပ်နိုင်သေးပါဘူး
ကျွန်တော့်ဇာတ်လမ်းရှည်ကြီးရဲ့ အဆုံးမှာ အဲ့ဒီအမျိုးသမီးရဲ့မျက်နှာအမူအရာက အဲဒီလိုဖြစ်မယ်ဆိုတာ သိခဲ့ပေမဲ့လည်း
အဲဒီရိုးသားတဲ့ စိတ်ရင်းကြောင့် ကျွန်တော် ထပ်ပြီး ဂျိုဆွန်းကနေ ထွက်ပြေးဖို့လုပ်ခဲ့ပါတယ် ဂျိုဆွန်းအပြင်ဘက်ကိုပါ
ဂျိုးဆက် မတွေ့လိုက်ရဘဲ ထွက်သွားရတော့မယ်ထင်တယ် အမြဲတမ်း ကျန်းကျန်းမာမာနေပါ

အယ်ရှင်း - ဂျိုးဆက်ဆီပြန်စာကို ဘယ်လိုရေးမှာလဲ အဆင်ပြေနေရဲ့လားလို့ မမေးလိုက်ဘူးလား ကျွန်မနဲ့

ယူျင်း - "ပင်လယ်ကိုသွားပြီး ပြန်လာခဲ့တယ်လို့ ပင်လယ်ကိုတော့ မမြင်ခဲ့ရပေမယ့် မိန်းကလေးတစ်ယောက်ကိုပဲ မြင်ခဲ့မိတယ်လို့
အဲ့မိန်းကလေးကတော့ ပင်လယ်ကိုလည်း ကြည့်ပြီးတော့ သံဗူးအစားအစာကိုလည်း စားနေခဲ့တယ်
ဒါကတော့ အဲ့လိုမလုပ်နိုင်ခဲ့လို့ ခံပြင်းခဲ့မိတယ်လို့

အဖဘုရားသခင်၊ ဂျိုးဆက်ရဲ့ဖခင် ကောင်းကင်တမန်တော်
ဆုတောင်းလေ့မရှိတဲ့ လူရဲ့ ဆုတောင်းသံကိုရော ကြားနိုင်ပါသလား

ကျွန်တော့်ရဲ့ ကျန်နေတဲ့ ဘဝသက်တမ်းအကုန်လုံးကို အကုန်သုံးပါ့မယ်
အဲ့ဒီခြေလှမ်းတိုင်းမှာ အချည်းနှီးမျှော်လင့်ချက်ကို ဆုပ်ကိုင်ထားတာမို့ အသက်ရှင်နေရအောင်ပဲ လုပ်ပေးပါ
အဲ့ဒီအကြောင်းအရင်း တစ်ခုလေးနဲ့တင် ကျွန်တော် လေနှင်ရာအတိုင်း သွားပါ့မယ်

ဂျိုးဆက်
ဂျိုဆွန်းလူမျိုးတွေကတော့ လုံးဝကို ပြောင်းလဲမသွားပါဘူး
ရန်သူတွေက ဆက်တိုက်ကို အားပြင်းပြင်း တိုက်ခိုက်နေကြတယ် ကျရှုံးနိုင်မယ်ဆိုတာကို သိသိကြီးနဲ့တောင်မှပေါ့
ကျရှုံးရတော့မယ်ဆိုတာကို သိနေကြပေမယ့်လည်း ထွက်ပြေးသွားတဲ့သူဆိုလို့ တစ်ယောက်မှ ရှိမနေခဲ့ပါဘူး
အရမ်းကို များပြားတဲ့ စစ်အင်အားနဲ့ ဝန်းရံခံထားရတာတောင်မှပဲ ရန်သူတွေကို ဆက်တိုက်ကို တော်လှန်ပုန်ကန်နေခဲ့တယ်
အချိန်တွေ ကုန်ဆုံးသွားတာတောင်မှပေါ့ သူတို့ရဲ့ အလံလွှင့်ထူထားတဲ့ အောက်မှာ..
အဲ့မိန်းကလေးက အဲ့လောက်တောင် အသက်စွန့်ပြီး ကယ်တင်ဖို့ လုပ်ခဲ့တဲ့ ဂျိုဆွန်းက
ဒီတစ်ခါမှာတော့ အဲ့မိန်းကလေးကိုပြန်ပြီး ကယ်တင်နေပါတယ်

မင်းရဲ့ဂျိုဆွန်းကို ကာကွယ်ပါ
ငါက မင်းကို ကာကွယ်ပေးမှာမို့လို့
ဒါက ငါ့ရဲ့သမိုင်းဖြစ်ပြီး ငါ အဲဒီလိုလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်

မငိုပါနဲ့
ဒါက ငါ့ရဲ့သမိုင်းဖြစ်သလို ငါ့ရဲ့ အချစ်ဇာတ်လမ်းပါ အဲဒါကြောင့် သွားရလိမ့်မယ် မင်းရဲ့အောင်ပွဲအတွက် ဆုတောင်းပေးရင်း
မင်းက မင်းကရှေ့တစ်လှမ်းလျှောက်လှမ်းသွားပါ ငါ နောက်တစ်လှမ်းဆုတ်လိုက်မယ်

မင်း ဒီစာကို ဖတ်ရတဲ့အချိန်ဆို ဖြစ်နိုင်တာက ငါ ဂျိုဆွန်းမှာမရှိလောက်တော့ဘူး
မနက်ဖြန်ငါတို့မတူတူ ဂျပန်သွားဖို့လုပ်ထားတယ်
ထင်တာတော့ အဲ့ဒါက ငါတို့ရဲ့ခွဲခွါခြင်းပဲဖြစ်လိမ့်မယ်
မင်းက ဘယ်နေရာကိုသွားသွား ငါကတော့ မင်းရှေ့မှာ ရပ်နေချင်တယ်
မင်းနဲ့ ခွဲခွါခြင်းက ငါ့ရှေ့မှာ ရှိနေတယ်ဆိုတာမသိဘဲနဲ့

မင်းနဲ့အတူတူ လျှောက်လှမ်းခဲ့တဲ့ ခြေလှမ်းတိုင်းက ငါ့အတွက်အရာရာဖြစ်ခဲ့တယ်
မင်းနဲ့အတူတူရှိခဲ့တဲ့ အချိန်တိုင်းက ငါ့အတွက် ပျော်ပွဲစားထွက်ရသလိုပဲ
အာ.. ပျော်ပွဲစားက "picnic"ပါ “P” နဲ့စတယ်

မင်းရော အရင်အတိုင်း ဂျိုဆွန်းကို ကာကွယ်ဖို့ ကြိုစားနေတုန်းပဲလား
ကျိန်းသေပေါက် အဲဒီလိုဖြစ်ဖို့မျှော်လင့်ပါတယ်။ ဂိုအယ်ရှင်းက…
အရမ်းကို စိတ်အားထက်သန်ခဲ့တယ်
အဲဒီလိုဂိုအယ်ရှင်းကို. ငါ လေးလေးနက်နက် ချစ်ခဲ့ရတယ်
ဒါဆို Goodbye..

'Mr. Sunshine > Eugene & Ae Shin Lovestory' 카테고리의 다른 글

Their Love Language  (0) 2022.12.11
Eugene and Ae Shin Lovestory  (0) 2022.12.11
My History, My Lovestory  (0) 2022.12.11
We get married like this  (0) 2022.12.11
Let's not say 'Goodbye', 'See You' would be better  (0) 2022.12.11