드라마 다이얼로그

We get married like this 본문

Mr. Sunshine/Eugene & Ae Shin Lovestory

We get married like this

드라마 Dialogue 2022. 12. 11. 14:16

ယူျင်း - အရမ်းမုန်းမိတာပဲ အရမ်းလွမ်းမိပြီး
တွေ့ချင်မိတဲ့အခါတိုင်း မုန်းတာပဲ

အယ်ရှင်း - အဲ့လိုလုပ်လို့ မေ့နိုင်မယ်ဆိုရင် အဲ့ဒါကလည်း အဆင်ပြေပါတယ်
အဲ့စကားကိုပြောဖို့လာခဲ့တာ အကယ်၍ ငါ့စာကိုစောင့်နေမှာစိုးလို့
အခုထပ်ပြီး မစောင့်နေနဲ့တော့လို့
ဂျိုဆွန်းက ပိုပြီးအန္တာရယ်များလာပြီး ငါ့ရဲ့မိသားစုလည်း တစစီ အဖျက်ဆီးခံလိုက်ရတယ်

ငါ့ကမ္ဘာကြီးမှာ ဒီထက်ပိုပြီး အချည်းနှီးမျှော်လင့်ချက်ရော ကြည်နူးစရာတွေရော မရှိတော့ဘူး

ငါအခု ဒီထက်ပိုပြီးတော့ ရှင်နဲ့အတူတူ လမ်းမလျှောက်နိုင်တော့ဘူး အဲ့ဒါကြောင့် အခုတော့ ကိုယ်စီလမ်းကြောင်းအတိုင်း ဝေးကြတာပေါ့

ယူျင်း - အခု အဲ့ဒါက စောင့်နေခဲ့တဲ့လူကို.. ပြောတဲ့စကားလား
ငါ ဖမ်းဆုပ်ထားရင်ရော ဘယ်လိုလုပ်မှာလဲ ငါရော ငါ့ရဲ့စောင့်ဆိုင်းမှုကရော အဓိပ္ပါယ်မရှိဘူးလား
ငါ ရှိနေရမယ့်နေရာမဟုတ်ဘူးလား
ငါ မစောင့်ခဲ့သင့်ဘူး
ဘယ်နေရာဖြစ်ဖြစ် အဆင်ပြေတယ်
သွားပါ မင်းသွားတဲ့လမ်းအတိုင်း ငါလိုက်လာခဲ့မယ်

အယ်ရှင်း - ငါက ရှင်အသက်ရှင်ဖို့မျှော်လင့်တာ..

ယူျင်း - ငါလည်း ငါအသက်ရှင်ရဖို့ ဒီလိုလုပ်တာပါ မမြင်ရရင် သေတော့မယ်လို့ခံစားရလို့

အယ်ရှင်း - အိမ်ပြန်တော့မယ်လို့ ကြားထားတယ်

ယူျင်း - နှုတ်ဆက်စကားပြောဖို့ ရောက်လာတာလား

အယ်ရှင်း - အတူလိုက်ခဲ့မယ် ခေါ်သွားပေးပါ ကျွန်မကို အမေရိကားကို

ယူျင်း - ငါ့ဘက်က ငြင်းလိုက်ရင် ဘယ်လိုလုပ်မလဲ

အယ်ရှင်း - ငြင်းဆန်မှာမဟုတ်ဘူးဆိုတာ သိထားတယ်

ယူျင်း - ယောက်ျားတစ်ယောက်ကို အသုံးချဖို့လုပ်နေတဲ့ မိန်းကလေးက

အနည်းဆုံးတောင် ကြိုးစားမနေဘူးပဲ စိတ်တိုအောင်လို့

ဒါက တောင်းဆိုရမှာမဟုတ်ပဲ ဖွင့်ပြောရမှာပဲ
ချစ်တယ်လို့ ချစ်နေတယ်လို့ အဲ့ဒါကြောင့် အတူသွားကြရအောင်ဆိုပြီးတော့

ဒါဆိုရင် ငါအဲ့ဒီ ချိုမြိန်လွန်းတဲ့ အလိမ်အညာအတွက် ငါ့ရဲ့ အရာအားလုံးကို ပေးဆပ်သွားမှာဖြစ်ပြီးတော့

ငါ့တစ်ဘဝလုံးအတွက်ဖြစ်လာမယ့်အရာအားလုံးကို ငါကျေကျေနပ်နပ်ကြီးခံယူလိုက်မယ်


ယူျင်း - အဆုံးသတ်ဦးတည်ရာက ဘယ်ကိုလဲ ငါ့ကို အသုံးချပြီး ဘယ်နေရာထိ သွားမလို့လဲလို့

အယ်ရှင်း - ဂျပန်ကို

ယူျင်း - တကယ့်ကို မုန်းစရာပဲ ဒီမိန်းကလေးက

ယူျင်း - ဒါက ငါ့ရဲ့ အဖြေပါ
အတူတူ သွားကြတာပေါ့
ငါ ခေါ်သွားပေးမယ် ဂျပန်ကို

ယူျင်း - ဒီ လက်စွပ်ရဲ့ အဓိပ္ပါယ်က ဒီ အမျိုးသမီးက ချစ်ရတဲ့ ငါ့ရဲ့ ဇနီး ဆိုတဲ့ အမှတ်အသားပါ
အနောက်တိုင်းမှာဆိုရင် ပုံမှန်ဆို ယောက်ျားလေးက ဒူးတစ်ဖက်ကို ထောက်ပြီးတော့

လက်စွပ်ကို ကမ်းပေးလိုက်ရင်း အလေးတစားနဲ့ ခွင့်တောင်းတယ်
ငါ့နဲ့ လက်ထပ်ပေးပါလို့

ယူျင်း - မင်းက ငါ့ဆန္ဒကို ဆန့်ကျင်ပြီးတော့
ငါ့ကို ကျော်လွန်ပြီးတော့ ကိုယ့်တိုင်းပြည် ဂျိုဆွန်းကို ကယ်တင်ဖို့ လုပ်မယ်ဆိုရင်

ငါက အခေါက် တစ်ထောင်ပဲဖြစ်ဖြစ် အခါ တစ်သောင်းပဲဖြစ်ဖြစ် မင်းလက်ထဲမှာပဲ ငြိမ်နေလိမ့်မယ်ဆိုတာကို သိလိုက်တယ်
ဒီလို အဆိပ်ပြင်းတဲ့ မိန်းကလေးဖြစ်နေမယ်ဆိုတာကိုတော့ ပထမဆုံး မြင်ခဲ့တဲ့ အခိုက်အတန့်ကတည်းက သိခဲ့တယ်

သိရက်နဲ့လည်း သဘောကျနေခဲ့တယ်

ဒူးထောက်ခဲ့တယ်လို့ပဲ သဘောထားလိုက်တာပေါ့
အားမနာပါနဲ့ ဒါက ငါ့ရဲ့ ရွေးချယ်မှုပဲ မို့လို့

ယူျင်း - ငါက ပြန်ပြီးတော့ ဂျိုဆွန်းကနေ ထွက်ခွာနေတယ်

အခု ဒီ အခိုက်အတန့်က ငါမှတ်မိတဲ့ ဂျိုဆွန်းရဲ့ နောက်ဆုံး ပုံရိပ် ပဲ

ငါ့ရဲ့ နောက်ဆုံး ဂျုံဆွန်း ပုံရိပ်က ဒီလောက် လှပနေရင် မေ့ပစ်ဖို့ နည်းလမ်း မရှိဘူး

အယ်ရှင်း - ဒီ လက်စွပ်က ဘယ်လိုလုပ် တစ်ယောက်ယောက်ရဲ့ ဇနီးသည်ဆိုတဲ့

သင်္ကေတ ဖြစ်တာလဲဆိုတာကို တွေးကြည့်ခဲ့တယ်
ခင်ပွန်းသည်ကလည်း တစ်ပုံစံတည်းတူတဲ့ လက်စွပ်ကို ဝတ်ထားမှာပဲ

အယ်ရှင်း - ချစ်တယ်
 ချစ်နေခဲ့တာ  

ယူျင်း - တစ်ကယ်ပဲငါနဲ့အတူတူ အမေရိကကို သွားဖို့စိတ်ကူးမရှိတာလား

အယ်ရှင်း - အဲ့လိုမျိုး ငါတစ်ယောက်တည်း ငါတစ်ယောက်တည်း အသက်ရှင်ကျန်နေခဲ့ရရင် ကောင်းမှာလား

ယူျင်း - ငါတော့ အဲ့လိုသာဆိုရင် ကောင်းမှာပဲ တစ်ခြားလူတွေက ဘာဆိုင်လို့လဲ
သွားရအောင် ငါနဲ့အတူတူ အမေရိကကို ငါတစ်ကယ် အခုလိုမျိုး မလွှတ်လိုက်နိုင်ဘူး

ငါတို့မှာ နည်းလမ်းအများကြီးရှိမှာပါ ငါသေချာပေါက် လိုက်ရှာပါ့မယ်

အယ်ရှင်း - အဲ့ဒီအတွေးကို ငါရော မတွေးခဲ့ဖူးဘူးလို့ထင်လို့လား
ရောက်တောင်မရောက်ဖူးတဲ့ အမေရိကရဲ့လမ်းကို နေ့တိုင်းလျှောက်နေခဲ့တယ်

ရှင်နဲ့အတူတူ ခေါင်းထဲမှာ အဲ့ဒီနေရာမှာ စာလည်းလုပ်ပြီး မြင်းကျားတွေကိုလည်း တွေ့ခဲ့တယ်
ရှင်နဲ့အတူတူ ညအိပ်ပြီး မကြာခဏရယ်ခဲ့ကြတယ်

အဲ့လိုမျိုး အကြိမ်ရာချီပြီး ထွက်သွားနေခဲ့ပေမယ့် အဲ့ဒီအကြိမ်ရာချီမှာ ငါပြန်ပြန်ရောက်လာတယ်
ငါတို့ရေစက်က ဒီအထိပဲ

အယ်ရှင်း - ငါက အမိမြေကနေ ထွက်သွားနေတဲ့အချိန်ဆိုပေမယ့် ရှင်ကတော့ ပြန်သွားနေတဲ့အချိန်ပဲ

အမိမြေကို အမေရိကကို ကျေးဇူးပြုပြီး
ကောင်းကောင်းသွားပါ

ယူျင်း - ငါတို့နှစ်ယောက် ဝေးကွာကြတော့မယ်ဆိုပေမဲ့လည်း

အနည်းဆုံး တစ်ခါလောက် လာပေးလို့ရမလား
မိုးကုတ်စက်ဝိုင်းအကျော်က ပင်လယ်ကို ကျော်ဖြတ်ပြီးတော့ ငါ့ကိုတွေ့ဖို့

အယ်ရှင်း - ဂျိုဆွန်း အေးချမ်းသွားတဲ့ တစ်နေ့
ကျိန်းသေပေါက် လာခဲ့ပါမယ်  

အယ်ရှင်း - ဘာလို့ အခုထိ ဒီမှာရှိနေတာလဲ
သင်္ဘောရော

ယူျင်း - ထွက်သွားပြီ

အယ်ရှင်း - သင်္ဘောပေါ်မတက်ခဲ့တာလား

ယူျင်း - ဂျပန်ဓားသမားတွေကို မြင်လိုက်ပြီး
သတိပြန်ကပ်တဲ့အချိန် ခန္ဓာကိုယ်က ပြေးနေပြီးသားဖြစ်နေတယ်
မီးလျှံထဲကို အဲ့ဒီကျေးဇူးကြောင့် မီးပန်းတွေတွေ့လိုက်ရတယ်

'Mr. Sunshine > Eugene & Ae Shin Lovestory' 카테고리의 다른 글

Eugene and Ae Shin Lovestory  (0) 2022.12.11
My History, My Lovestory  (0) 2022.12.11
Let's not say 'Goodbye', 'See You' would be better  (0) 2022.12.11
I went to a beach today  (0) 2022.12.11
Mr. Sunshine  (0) 2022.12.11