드라마 다이얼로그

Let's not say 'Goodbye', 'See You' would be better 본문

Mr. Sunshine/Eugene & Ae Shin Lovestory

Let's not say 'Goodbye', 'See You' would be better

드라마 Dialogue 2022. 12. 11. 13:52

အယ်ရှင်း - ဒီလို အခိုက်အတန့်ကိုလည်း တွေးမြင်ကြည့်ခဲ့တယ်

ယူဂျင်း - ပင်လယ် ကမ်းစပ်ကိုလား

အယ်ရှင်း - မဟုတ်ဘူး ဒီလိုမျိုး အဲ့ဒီဘက်နဲ့ ယှဉ်တွဲပြီး လမ်းလျှောက်နေတာကို ပြောတာပါ လွတ်လွတ်လပ်လပ်နဲ့
တစ်ရက်ရက်တော့ နေ့တိုင်းသွားနေတဲ့ ရင်းနှီးပြီးသားလမ်းကို လျှောက်သွားမယ်
အဲ့ဒီဘက် လာခဲ့တဲ့ နယူးယောက် လမ်းတွေအထိ သွားလိုက်တာကို

အယ်ရှင်း - အဲ့ဒီနေရာမှာ အမျိုးသား အမျိုးသမီးက ယှဉ်တွဲ လျှောက်နေရင်တောင်
ဘယ်သူမှ လိုက်မကြည့်နေကြဘူး

ယူဂျင်း - အားလုံးကငေးကြည့်နေမှာပါ
မင်းနဲ့ ငါက၊အရမ်းကို လိုက်ဖက်လွန်းလို့

အယ်ရှင်း - ကျွန်မက အဲဒီနေရာမှာ စာလည်း လေ့လာမယ်

ယူဂျင်း - ဘာကို လေ့လာမလဲ

အယ်ရှင်း - လောကကြီးက ဘယ်လောက်လောက် ကြီးမားလဲ
ကမ္ဘာကြီးက တကယ်ပဲ လုံးဝန်းနေတာ ဟုတ်ရဲ့လား
ကြယ်တွေက ဘယ်တွေကို ကြွေကျပြီးတော့ ဘယ်လိုမျိုး လင်းလက်နေတာလဲဆိုတာကို

အယ်ရှင်း - စာလေ့လာလို့ပြီးရင် ကျွန်မက ရှင်ရှိတဲ့ ဘက်ကို ဦးတည်ပြီး လျှောက်လာမယ်

ယူဂျင်း - ငါကရော ဘာလုပ်နေလဲ

အယ်ရှင်း - ကျွန်မကို ကြည့်နေတာပေါ့ ယူဂျင်း - ရေ၀န်းဘေးမှာ ထိုင်နေပြီးတော့ပေါ့

အယ်ရှင်း - ပြုံးရင်းနဲ့ ကျွန်မကို လက် ယမ်းပြနေတယ်
ကျွန်မက ခဏလေး ရှက်မိသွားပြီးတော့ အချိန်အကြာကြီး ပျော်ရွှင်တယ်

အယ်ရှင်း - တစ်နေ့မှာတော့ music box ဆိုင်ကိုလည်း အတူတူ သွားတယ်
ကျွန်မတို့ သဘောကျတဲ့ ဂီတက ပွင့်လာလိုက်တယ် ကျွန်မတို့က အချိန်အကြာကြီး အဲ့ဒီအရှေ့မှာ ရပ်နေတယ်

ယူဂျင်း - ပြီးတော့ရော ဘာလုပ်သေးလဲ

အယ်ရှင်း - နေဝင်သွားပြီးတော့ ကျွန်မတို့ လမ်းခွဲသွားတယ်
ဒီက ချစ်သူတွေက လမ်းခွဲတဲ့အခါ ဒီလိုမျိုး နှုတ်ဆက်တယ်လို့ ပြောတယ် Goodbye (နှုတ်ဆက်ပါတယ် )

ယူဂျင်း - Goodbye
မဟုတ်ဘဲ "See you" လို့ ပြောကြတာပေါ့

အယ်ရှင်း - See you
See you again

'Mr. Sunshine > Eugene & Ae Shin Lovestory' 카테고리의 다른 글

My History, My Lovestory  (0) 2022.12.11
We get married like this  (0) 2022.12.11
I went to a beach today  (0) 2022.12.11
Mr. Sunshine  (0) 2022.12.11
My long story  (0) 2022.12.11