일 | 월 | 화 | 수 | 목 | 금 | 토 |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | |||
5 | 6 | 7 | 8 | 9 | 10 | 11 |
12 | 13 | 14 | 15 | 16 | 17 | 18 |
19 | 20 | 21 | 22 | 23 | 24 | 25 |
26 | 27 | 28 | 29 | 30 | 31 |
- 18Again
- KimSeonHo
- MrSunshine
- NowWeAreBreakingUp
- DrRomantic
- TheKingsAffection
- TheDevilJudge
- RacketBoys
- TwentyFiveTwentyOne
- CrashLandingOnYou
- DaliandCockyPrince
- TheRedSleeve
- Remarriageanddesires
- startup
- LeeJunho
- LeeJeHoon
- HighClass
- OurBelovedSummer
- OurBlues
- YouthOfMay
- ChicagoTypewriter
- ForecastingLoveandWeather
- BeMelodramatic
- Taxidriver
- YumiCells
- HometownChaChaCha
- YumiCells2
- WhyHer?
- WiseMountainvillageLife
- HymnOfDeath
- Today
- Total
드라마 다이얼로그
My long story 본문
အယ်ရှင်း - သိချင်မိတယ်
ရှင့်ရဲ့ဇာတ်လမ်းအရှည်ကြီးကို
ယူဂျင်း - ငါ့ရဲ့ဇာတ်လမ်းအရှည်ကြီးကို
ပြောပြီးသွားရင်
ငါတို့တွေ ဝေးသွားလိမ့်မယ်
အယ်ရှင်း - ဘာလို့အဲဒီလိုပြောရတာလဲ?
ယူဂျင်း - ဂျိုဆွန်းကနေ ထွက်သွားခဲ့တာ ၉နှအရွယ်ကပဲ
ဒီအတိုင်းပြေးခဲ့တယ် ဂျိုဆွန်းရဲ့အပြင်ဘက်ကို ဂျိုဆွန်းရဲ့အဝေးဆုံးနေရာကို
အဲဒီလိုနဲ့ မျက်စိရှေ့မှာ အပြာရောင်မျက်လုံးနဲ့ ရွှေရောင်ဆံပင်ရှိတဲ့ သာသနာပြုတစ်ယောက်က ကယ်တင်ရှင်လိုမျိုး ပေါ်လာခဲ့တယ်
သူ့ရဲ့အကူအညီနဲ့ အမေရိကန်စစ်သင်္ဘောမှာ ပုန်းခိုခဲ့ပြီး ဆယ်ရက်လောက်သွားရင် ရောက်ပြီလို့ ထင်ခဲ့ပေမဲ့ တစ်လတောင် သွားခဲ့ရတယ်
အယ်ရှင်း - ဒါနဲ့ အသက် ၉နှစ်အရွယ်မှာ ဘာလို့ထွက်သွားတာလဲ?
ယူဂျင်း - “သတ်လိုက် ပိုင်ဆိုင်မှုကို ဖြုန်းတီရာရောက်လို့ နှမြောပေမဲ့လည်း
တခြားအစေခံတွေအတွက်တော့ သင်ခန်းစာဖြစ်လို့ ဆုံးရှုံးမှုတော့ မဟုတ်ဘူး"
အဲဒါက ကျုပ်မှတ်မိနေတဲ့ နောက်ဆုံး ဂျိုဆွန်းပဲ
အယ်ရှင်း - ဘယ်သူက အဲ့လို စကားမျိုးပြောခဲ့တာလဲ?
ယူဂျင်း - အထက်တန်းလွှာက လူကြီးမင်းပဲ
ဘာကို လန့်သွားတာလဲ အထက်တန်းလွှာက လူကြီးမင်း ပြောတဲ့စကားလား
မဟုတ်ရင် ငါ့ရဲ့မူလဇာစ်မြစ်ကိုလား
ဟုတ်တယ် ဂျိုဆွန်းမှာနေတုန်းက ငါ အစေခံတစ်ယောက်ဖြစ်ခဲ့တယ်
ဂျိုဆွန်းက ငါ့မိဘတွေကို သတ်ခဲ့တဲ့နိုင်ငံဖြစ်ပြီးတော့ ငါထွက်ပြေးလာခဲ့ရတဲ့ နိုင်ငံဖြစ်ခဲ့တယ်
အဲ့ဒါကြောင့် ဂျိုဆွန်းကို နင်းချေပြီးတော့ ဂျိုဆွန်းကနေ ထွက်ခွာသွားချင်ခဲ့တာ
ငါ့ရဲ့ မွေးရပ်မြေ အမေရိကကို ပြန်သွားဖို့ စိတ်ကူးထားခဲ့တာ
ဒါပေမယ့် မိန်းကလေးတစ်ယောက်နဲ့ ဆုံခဲ့ရပြီး မကြာခဏ စိတ်ယိုင်သွားစေခဲ့တယ်
ငါ့ရဲ့ ဇာတ်လမ်းအရှည်ကြီး အဆုံးမှာ အဲ့လိုမျက်နှာအမူအရာမျိုး ဖြစ်လာလောက်မယ်ဆိုတာ သိနေပေမယ့်လည်း
သိလည်းပဲ နှလုံးသားကတော့ နာကျင်ရတာပဲ
မင်းကာကွယ်ဖို့ကြိုးစားနေတဲ့ ဂျိုဆွန်းက ဘယ်သူ့အတွက်များလဲ?
သားသတ်သမားတွေရော နေလို့ရသလား?
အစေခံတွေအတွက်ရော နေစရာရှိပါရဲ့လား?
သေနတ်သမားဂျန် - မမလေး
ကျွန်တော်မျိုးက မမလေးနဲ့ ဒီလို ရင်းနှီးတာကို လောကကြီးက သိသွားကြရင်
ကျွန်တော်မျိုးက ကိုယ့်ကျင့်တရား ဥပဒေကို ချိုးဖောက်တဲ့ အပြစ်သား ဖြစ်မှာပါ
လူမှုအဆင့်အတန်း ဖောက်ဖျက်မှုနဲ့ ကျွန်တော်မျိုးက သေခြင်းတရားကို ရှောင်နိုင်မှာ မဟုတ်ပါဘူး
မမလေးရဲ့ ခံစားချက်နဲ့ မသက်ဆိုင်ပါဘူး
ဥပဒေကိုက အဲ့လိုပါပဲ လောကကြီးက အဲ့လိုပါပဲ
အဲ့ဒါကြောင့် မဖြစ်နိုင်တဲ့ကိစ္စပါ
သူနဲ့ ရေစက်ကိုလည်း ဒီလောက်နဲ့ပဲ လက်လွှတ်လိုက်ရပါမယ်
အယ်ရှင်း - အဲ့နေ့ကအတွက် တောင်းပန်ပါတယ်
ရှင့်ရဲ့ ရှည်လျားတဲ့ ဇာတ်လမ်းအဆုံးမှာ ငါ့ရဲ့ မျက်နှာအမူအရာဘယ်လိုဖြစ်သွားလဲ မခန့်မှန်းနိုင်ခဲ့ဘူး
ရှင့်အတွက် စိတ်ဒဏ်ရာဖြစ်သွားစေခဲ့မှာကို တောင်းပန်တယ်
ကျွန်မကတော့ တိုက်ခိုက်သူအဖြစ် နေထိုင်သွားဖို့ ဆုံးဖြတ်ခဲ့တယ်
အဘိုးကို လိမ်ပြီးတော့ ဒေါ်လေးကို စိတ်ပူအောင် လုပ်မိပြီးတော့
ကျွန်မအပေါ် သစ္စာစောင့်သိတဲ့ သူတွေအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်စေခဲ့ပေမယ့်လည်း
မှန်ကန်တဲ့ အရာကို လုပ်နေတာဖြစ်တဲ့အတွက် အဆင်ပြေတယ်လို့ ကိုယ့်ကိုယ်ကို နှစ်သိမ့်ပေးနေခဲ့တာ
ဒါပေမယ့် ရှင့်ရဲ့ ဇာတ်လမ်းရှည်အဆုံးမှာ ကျွန်မရဲ့ လောကကြီးတစ်ခုလုံး ပြိုလဲသွားခဲ့ရတယ်
ရှင့်နဲ့ တွေ့ဆုံခဲ့ရပြီး ကျွန်မကတော့ တစ်ခါလေးတောင် ရှင့်ရဲ့ မျိုးရိုးကို ထည့်မစဉ်းစားခဲ့ဘူး
ပြန်တွေးကြည့်လိုက်တော့မှပဲ ရှင်လည်း မျိုးရိုးမြင့်လူကြီးမင်းတစ်ဦးပဲလို့ တွေးထားခဲ့မိတာပဲ
ကျွန်မကတော့ ကိုယ့်ကိုယ်ကို တစ်ခြားမျိုးရိုးမြင့်တဲ့သူတွေနဲ့ နည်းနည်းတော့ ကွာခြားမှာပဲလို့ ထင်ထားခဲ့မိတယ်
ဒါပေမဲ့ မဟုတ်ခဲ့ဘူးပဲ ကျွန်မ တိုက်ခိုက်ခဲ့တဲ့ အရာက အမှားအယွင်းတစ်ခုဖြစ်ခဲ့ပြီး
ကျွန်မကတော့ အရင်အတိုင်း ဝေါယာဉ်ပေါ်ကနေ ခြေတစ်လှမ်းတောင် မထွက်နိုင်သေးတဲ့
အလိုလိုက်ခံထားရတဲ့ မျိုးရိုးမြင့်အိမ်တော်က
မမလေး တစ်ယောက်ပဲ
အဲ့ဒါကြောင့်
တောင်းဆိုစရာ ရှိပါတယ် စိတ်ဒဏ်ရာတော့ မရပါစေနဲ့
ယူဂျင်း - မင်းက အစတည်းက ထွက်ခွာလာနေပြီးပါပဲ ထွက်လာနေတဲ့ အချိန်မှာ တစ်လှမ်းလောက်ပဲ မှားသွားခဲ့ရုံပါပဲ
မင်း ဆက်တိုက်ကို ထွက်ခွာလာခဲ့ပါ ငါကတော့ ခြေတစ်လှမ်းနောက်ဆုတ်သွားမယ်
မင်းက အမြင့်တစ်နေရာမှာ ရှိနေတာကြောင့် မဟုတ်ပဲ တိတ်ဆိတ်နေဖို့ ရွေးချယ်ခဲ့လို့လည်း ရမှာကို
လျစ်လျှူရှုနေဖို့ ဆုံးဖြတ်နိုင်ခဲ့တာကို ဒီလိုမျိုး ငိုနေတာကြောင့် ထွက်ခွာလာနိုင်ဖို့ ကြိုးစားနေတယ်ပြောတာပါ
ဒီလောကကြီးမှာ သေချာပေါက်ကို ကွဲပြားကွာခြားမှုဆိုတာမျိုး ရှိနေပြီးတော့ အင်အားကွာခြားခြင်း အမြင်ကွာခြားခြင်း မျိုးရိုးကွာခြားခြင်း
အဲ့ဒါတွေက မင်းရဲ့ အမှားမဟုတ်ပါဘူး ပြီးတော့ ငါ့ရဲ့ အမှားလည်း မဟုတ်နေပါဘူး ဒီလိုလောကကြီးမှာ ငါတို့တွေ တွေ့ဆုံခဲ့ရရုံပါပဲ
မင်းရဲ့ ဂျိုဆွန်းကတော့ ဦးကြီး ဟယ်နမ်ရော ဒေါ်ကြီး ဟာမန်လည်း နေသွားနိုင်မှာပါ အစေခံတွေရော သားသတ်သမားရော
စကားပြန်တွေရော တောက်တိုမယ်ရလုပ်ပေးတဲ့ ကလေးလေးတွေလည်း နေသွားနိုင်မှာပါ
အဲ့ဒါကြောင့် တိုက်ခိုက်သူအနေနဲ့ပဲ နေသွားပါ သေချာပေါက် မမလေး အယ်ရှင်းအနေနဲ့လည်း နေသွားပါ
အဲ့ဒါက ပိုပြီး အန္တရာယ်ကင်းစေမှာပါ သေချာပေါက် အသက်ရှင်ကျန်သွားပါ အချိန်အကြာကြီး နေသွားပါ
မင်းရဲ့ ဂျိုဆွန်းကို ကာကွယ်သွားပါ ထပ်ပြီးတော့ မလဲကျနေပါနဲ့ဦး..
'Mr. Sunshine > Eugene & Ae Shin Lovestory' 카테고리의 다른 글
Let's not say 'Goodbye', 'See You' would be better (0) | 2022.12.11 |
---|---|
I went to a beach today (0) | 2022.12.11 |
Mr. Sunshine (0) | 2022.12.11 |
Flame (0) | 2022.12.11 |
What is LOVE? (0) | 2022.12.11 |