드라마 다이얼로그

What is LOVE? 본문

Mr. Sunshine/Eugene & Ae Shin Lovestory

What is LOVE?

드라마 Dialogue 2022. 12. 11. 12:54

 အယ်ရှင်း - "Love" က ဘာများလဲ?

ယူဂျင်း - ဒါနဲ့ အဲဒါကို ဘာလို့မေးတာလဲ?

 အယ်ရှင်း - လုပ်ကြည့်ချင်လို့ပါ

ယူဂျင် - ကိုယ်စဉ်းစားတဲ့အပေါ်မှာ မူတည်ပါတယ်
ဒါပေမဲ့ တစ်ယောက်တည်း လုပ်လို့မနိုင်ဘူး
အတူတူလုပ်ပေးမယ့် တစ်ဖက်လူရှိရမယ်

 အယ်ရှင်း - ဒါဆို ငါနဲ့အတူတူ လုပ်ပေးနိုင်မလား?

ယူဂျင် - လုပ်ရအောင် love
ငါနဲ့
ငါနဲ့အတူတူ

 အယ်ရှင်း - ကောင်းပြီ
အဖြေက နောက်ကျသလောက်ကို လေးလေးနက်နက် စဉ်းစားခဲ့တယ်လို့ ယူဆပါတယ်
အခု ဘာကနေစလုပ်ရင် ရပြီလဲ?

ယူဂျင် - အချင်းချင်း မိတ်ဆက်တာကနေစတာပေါ့

 အယ်ရှင်း - ငါကတော့ ဂိုမိသားစုက အယ်ရှင်းပါ
ရှင့်ရဲ့ နာမည်ကို သိထားပြီးသားပါ
Eugene Choi
သိပ်မကြာခင် ဖတ်လည်းဖတ်တတ်တော့မှာပါ

 

ယူဂျင် - ချွဲယူဂျင်းပါ
အမေရိကမှာလည်း ချွဲမျိုးရိုးပဲဖြစ်ခဲ့တာ
အမေရိကန်လူမျိုးတွေက `ချွဲ’ကို အသံထွက်ကွဲပြီး ထွက်လို့ပဲ

 

 အယ်ရှင်း - ဒါဆို ထပ်ပြီး ဘာလုပ်ရင် ရမလဲ?

 

ယူဂျင် - လက်ဆွဲနှုတ်ဆက်တာ
အမေရိကန်မှာ နှုတ်ဆက်တဲ့ပုံစံပါ
လက်ဆွဲနှုတ်ဆက်တာက ငါ့ရဲ့လက်မှာ
မင်းကို ထိခိုက်အောင်လုပ်မယ့် လက်နက်ကို
ကိုင်ထားခြင်းမရှိဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ

 

 အယ်ရှင်း - အဓိပ္ပာယ်ကို သဘောကျမိတယ်
loveက ထင်ထားတာထက် လွယ်တာပဲ
စတင်ခြင်းက တစ်ဝက်ထိ ပြီးမြောက်ခြင်းလို့
ပြောကြလို့လားပဲ
ဒါနဲ့ ဒီလက်ကို ဘယ်တော့မှလွှတ်ရမှာလဲ?

ယူဂျင် - မင်းရဲ့ လက်မှာ
လက်နက်ကိုင်ချင်လာတဲ့အချိန်မှာ

 အယ်ရှင်း - အနည်းဆုံးတော့ အခုမဖြစ်လောက်ဘူးထင်တယ်

အယ်ရှင်း - “Love”က လွယ်တယ်လို့ထင်ခဲ့ပေမယ့်
တော်တော်လေး ခက်ခဲပါလား
အရာအားလုံးအတွက် တောင်းပန်ပါတယ်

ယူဂျင်း -  ပင်ပန်းတယ်ဆိုရင် ဒီလောက်နဲ့ ရပ်လို့ရတယ်

အယ်ရှင်း -  ရပ်လိုက်ဖို့ကတော့ ဘယ်အချိန်မဆို
ရပ်လိုက်လို့ ဖြစ်တာကြောင့်
ဒီနေ့တော့ မလုပ်ဘဲနေကြရအောင်
ဒီနေ့တော့ ရှေ့ကို ခြေတစ်လှမ်းလောက်ထပ်ပြီးတော့ လှမ်းကြရအောင်

အယ်ရှင်း - ဒါကြောင့်မို့ ပြောပြပေးပါ
မိတ်ဆက်တာ၊ လက်ဆွဲနှုတ်ဆက်တာ ပြီးတော့ ဘာလုပ်ရမလဲဆိုတာ

ယူဂျင်း - လုပ်နိုင်မှာမဟုတ်ပါဘူး
နောက်တစ်ခုက "Hug" ဖြစ်နေလို့

အယ်ရှင်း - ကျွန်မ H နဲ့စတဲ့စာလုံးတွေ အစကတည်းက သင်ပြီးပါပြီ

ယူျင်း - နာမည်မိတ်ဆက်တာ လက်ဆွဲနှုတ်ဆက်တာ ပွေ့ဖက်တာ
အဲ့နောက်မှာ သတိရလွမ်းဆွတ်ခြင်း ရှိလာမယ်ထင်တယ်

'Mr. Sunshine > Eugene & Ae Shin Lovestory' 카테고리의 다른 글

Let's not say 'Goodbye', 'See You' would be better  (0) 2022.12.11
I went to a beach today  (0) 2022.12.11
Mr. Sunshine  (0) 2022.12.11
My long story  (0) 2022.12.11
Flame  (0) 2022.12.11