드라마 다이얼로그

Eugene and Ae Shin Lovestory 본문

Mr. Sunshine/Eugene & Ae Shin Lovestory

Eugene and Ae Shin Lovestory

드라마 Dialogue 2022. 12. 11. 14:58

အယ်ရှင်း - "Love" က ဘာများလဲ?

ဒါနဲ့ အဲဒါကို ဘာလို့မေးတာလဲ?

အယ်ရှင်း - လုပ်ကြည့်ချင်လို့ပါ
ဂုဏ်ပုဒ်ထက် ပိုကောင်းတယ်လို့ ကြားတယ်

ယူျင်း - ကိုယ်စဉ်းစားတဲ့အပေါ်မှာ မူတည်ပါတယ်
ဒါပေမဲ့ တစ်ယောက်တည်း လုပ်လို့မနိုင်ဘူး
အတူတူလုပ်ပေးမယ့် တစ်ဖက်လူရှိရမယ်

အယ်ရှင်း - ဒါဆို ငါနဲ့အတူတူ လုပ်ပေးနိုင်မလား?

ယူျင်း - လုပ်ရအောင် love
ငါနဲ့
ငါနဲ့အတူတူ

အယ်ရှင်း - ကောင်းပြီ
အဖြေက နောက်ကျသလောက်ကို လေးလေးနက်နက် စဉ်းစားခဲ့တယ်လို့ ယူဆပါတယ်
အခု ဘာကနေစလုပ်ရင် ရပြီလဲ?

ယူျင်း - အချင်းချင်း မိတ်ဆက်တာကနေစတာပေါ့

အယ်ရှင်း - ငါကတော့ ဂိုမိသားစုက အယ်ရှင်းပါ
ရှင့်ရဲ့ နာမည်ကို သိထားပြီးသားပါ
Eugene Choi
သိပ်မကြာခင် ဖတ်လည်းဖတ်တတ်တော့မှာပါ

 

ယူျင်း - ချွဲယူဂျင်းပါ
အမေရိကမှာလည်း ချွဲမျိုးရိုးပဲဖြစ်ခဲ့တာ
အမေရိကန်လူမျိုးတွေက `ချွဲ’ကို အသံထွက်ကွဲပြီး ထွက်လို့ပဲ

 

အယ်ရှင်း - ဒါဆို ထပ်ပြီး ဘာလုပ်ရင် ရမလဲ?

 

ယူျင်း - လက်ဆွဲနှုတ်ဆက်တာ
အမေရိကန်မှာ နှုတ်ဆက်တဲ့ပုံစံပါ
လက်ဆွဲနှုတ်ဆက်တာက ငါ့ရဲ့လက်မှာ
မင်းကို ထိခိုက်အောင်လုပ်မယ့် လက်နက်ကို
ကိုင်ထားခြင်းမရှိဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ

 

အယ်ရှင်း - အဓိပ္ပာယ်ကို သဘောကျမိတယ်
loveက ထင်ထားတာထက် လွယ်တာပဲ
စတင်ခြင်းက တစ်ဝက်ထိ ပြီးမြောက်ခြင်းလို့
ပြောကြလို့လားပဲ
ဒါနဲ့ ဒီလက်ကို ဘယ်တော့မှလွှတ်ရမှာလဲ?

ယူျင်း - မင်းရဲ့ လက်မှာ
လက်နက်ကိုင်ချင်လာတဲ့အချိန်မှာ

အယ်ရှင်း - အနည်းဆုံးတော့ အခုမဖြစ်လောက်ဘူးထင်တယ်

အယ်ရှင်း - ရှင်က ဂျိုဆွန်းမှာ ဘာမှမလုပ်ခဲ့ဘူးလို့ပြောပေမယ့် "love" ကို လုပ်ခဲ့တယ်

အဲ့ဒါက ဂျိုဆွန်းကို ပျက်စီးအောင်လုပ်ဖို့ ဦးတည်နေတဲ့ဘက်လား?

ယူျင်း - ဂျိုဆွန်းအထိတော့ မဟုတ်ဘူး လူတစ်ယောက်ကို ပျက်စီးအောင်လုပ်ချင်ပေမယ့်

အခုစဉ်းစားကြည့်လိုက်တော့ ဒါက ငါပျက်စီးမယ့်လမ်းဖြစ်နေတယ်

အယ်ရှင်း - ပျက်စီးမယ့်လမ်းကို မဖြစ်မနေ ဘာကြောင့်လဲ

ယူျင်း - မသိတော့ဘူး
လက်စားချေမှုရဲ့အစပဲလား
သဝန်တိုမှုရဲ့အဆုံးပဲလား

အယ်ရှင်း: “Love”က လွယ်တယ်လို့ထင်ခဲ့ပေမယ့်
တော်တော်လေး ခက်ခဲပါလား
အရာအားလုံးအတွက် တောင်းပန်ပါတယ်

ယူဂျင်း: ပင်ပန်းတယ်ဆိုရင် ဒီလောက်နဲ့ ရပ်လို့ရတယ်

အယ်ရှင်း: ရပ်လိုက်ဖို့ကတော့ ဘယ်အချိန်မဆို
ရပ်လိုက်လို့ ဖြစ်တာကြောင့်
ဒီနေ့တော့ မလုပ်ဘဲနေကြရအောင်
ဒီနေ့တော့ ရှေ့ကို ခြေတစ်လှမ်းလောက်ထပ်ပြီးတော့ လှမ်းကြရအောင်

အယ်ရှင်း - ဒါကြောင့်မို့ ပြောပြပေးပါ
မိတ်ဆက်တာ၊ လက်ဆွဲနှုတ်ဆက်တာ ပြီးတော့ ဘာလုပ်ရမလဲဆိုတာ

ယူျင်း - လုပ်နိုင်မှာမဟုတ်ပါဘူး
နောက်တစ်ခုက "hug" ဖြစ်နေလို့

အယ်ရှင်း - ကျွန်မ H နဲ့စတဲ့စာလုံးတွေ အစတည်းက သင်ပြီးပြီ

ယူျင်း - မင်းသာဆိုရင်
ပန်းပွင့်လေးတစ်ပွင့်လို နေလို့ရသွားမှာကို
ငါ့ရဲ့ မှတ်ဉာဏ်ထဲက ဂျိုဆွန်းရဲ့ မျိုးရိုးမြင့် အမျိုးသမီးတွေက အကုန်လုံး အဲ့လို နေခဲ့ကြတာပဲလေ

အယ်ရှင်း - ကျွန်မလည်း အဲ့လိုပဲ
ကျွန်မလည်း ပန်းတစ်ပွင့်လို နေနေတာပဲ
ဒါပေမယ့် တစ်ခုမတူတာက
ကျွန်မက မီးတောက်လေးပဲ

စစ်ဆင်ရေးကို လုပ်တဲ့အချိန်တိုင်း သေခြင်းတရားရဲ့ တန်ကြေးကိုအမြဲတွက်ဆမိတယ်
ဒါ့ကြောင့် ပစ်စရာရှိသေချာချိန်ပစ်တယ်
ဆုတ်စရာရှိ မြန်မြန်ပြန်ဆုတ်တယ်

အနောက်တိုင်းဝတ်စုံကို ဝတ်ပြီး
မျက်နှာကို ကွယ်ထားရင်
ကျွန်မတို့က မျက်နှာရော နာမည်ရော မရှိတော့တဲ့
ဖြောင့်မတ်သော တပ်သားသာသာပဲ
အဲ့ဒါကြောင့် ကျွန်မတို့တွေက အချင်းချင်း
ကျိန်းသေ လိုအပ်တယ်
အဘိုးအတွက်တော့ ရက်စက်သလိုဖြစ်ပေမယ့်
အဲ့လိုမျိုး တောက်တောက်ပပ လောင်ကျွမ်းပြီးမှ
ငြိမ်းသွားချင်တယ် မီးတောက်လိုမျိုး
သေခြင်းတရားကို ကြောက်ပေမယ့်လည်း
ကျွန်မကတော့ အဲ့လိုမျိုး ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တယ်

အယ်ရှင်း - သိချင်မိတယ်
ရှင့်ရဲ့ဇာတ်လမ်းအရှည်ကြီးကို

ယူဂျင်း - ငါ့ရဲ့ဇာတ်လမ်းအရှည်ကြီးကို
ပြောပြီးသွားရင်
ငါတို့တွေ ‌‌‌ဝေးသွားလိမ့်မယ်

အယ်ရှင်း - ဘာလို့အဲဒီလိုပြောရတာလဲ?

အယ်ရှင်း - ဘာလို့အဲဒီလိုပြောရတာလဲ?

ယူဂျင်း - ဂျိုဆွန်းကနေ ထွက်သွားခဲ့တာ ၉နှအရွယ်ကပဲ
ဒီအတိုင်းပြေးခဲ့တယ် ဂျိုဆွန်းရဲ့အပြင်ဘက်ကို ဂျိုဆွန်းရဲ့အဝေးဆုံးနေရာကို
အဲဒီလိုနဲ့ မျက်စိရှေ့မှာ အပြာရောင်မျက်လုံးနဲ့ ရွှေရောင်ဆံပင်ရှိတဲ့ သာသနာပြုတစ်ယောက်က ကယ်တင်ရှင်လိုမျိုး ပေါ်လာခဲ့တယ်
သူ့ရဲ့အကူအညီနဲ့ အမေရိကန်စစ်သင်္ဘောမှာ ပုန်းခိုခဲ့ပြီး ဆယ်ရက်လောက်သွားရင် ရောက်ပြီလို့ ထင်ခဲ့ပေမဲ့ တစ်လတောင် သွားခဲ့ရတယ်

အယ်ရှင်း - ဒါနဲ့ အသက် ၉နှစ်အရွယ်မှာ ဘာလို့ထွက်သွားတာလဲ?

ယူဂျင်း - “သတ်လိုက် ပိုင်ဆိုင်မှုကို ဖြုန်းတီရာရောက်လို့ နှမြောပေမဲ့လည်း
တခြားအစေခံတွေအတွက်တော့ သင်ခန်းစာဖြစ်လို့ ဆုံးရှုံးမှုတော့ မဟုတ်ဘူး"
အဲဒါက ကျုပ်မှတ်မိနေတဲ့ နောက်ဆုံး ဂျိုဆွန်းပဲ

အယ်ရှင်း - ဘယ်သူက အဲ့လို စကားမျိုးပြောခဲ့တာလဲ?

ယူဂျင်း - အထက်တန်းလွှာက လူကြီးမင်းပဲ
ဘာကို လန့်သွားတာလဲ အထက်တန်းလွှာက လူကြီးမင်း ပြောတဲ့စကားလား
မဟုတ်ရင် ငါ့ရဲ့မူလဇာစ်မြစ်ကိုလား
ဟုတ်တယ် ဂျိုဆွန်းမှာနေတုန်းက ငါ အစေခံတစ်ယောက်ဖြစ်ခဲ့တယ်
ဂျိုဆွန်းက ငါ့မိဘတွေကို သတ်ခဲ့တဲ့နိုင်ငံဖြစ်ပြီးတော့ ငါထွက်ပြေးလာခဲ့ရတဲ့ နိုင်ငံဖြစ်ခဲ့တယ်
အဲ့ဒါကြောင့် ဂျိုဆွန်းကို နင်းချေပြီးတော့ ဂျိုဆွန်းကနေ ထွက်ခွာသွားချင်ခဲ့တာ
ငါ့ရဲ့ မွေးရပ်မြေ အမေရိကကို ပြန်သွားဖို့ စိတ်ကူးထားခဲ့တာ
ဒါပေမယ့် မိန်းကလေးတစ်ယောက်နဲ့ ဆုံခဲ့ရပြီး မကြာခဏ စိတ်ယိုင်သွားစေခဲ့တယ်
ငါ့ရဲ့ ဇာတ်လမ်းအရှည်ကြီး အဆုံးမှာ အဲ့လိုမျက်နှာအမူအရာမျိုး ဖြစ်လာလောက်မယ်ဆိုတာ သိနေပေမယ့်လည်း
သိလည်းပဲ နှလုံးသားကတော့ နာကျင်ရတာပဲ

မင်းကာကွယ်ဖို့ကြိုးစားနေတဲ့ ဂျိုဆွန်းက ဘယ်သူ့အတွက်များလဲ?
သားသတ်သမားတွေရော နေလို့ရသလား?
အစေခံတွေအတွက်ရော နေစရာရှိပါရဲ့လား?

သေနတ်သမားဂျန် - မမလေး
ကျွန်တော်မျိုးက မမလေးနဲ့ ဒီလို ရင်းနှီးတာကို လောကကြီးက သိသွားကြရင်
ကျွန်တော်မျိုးက ကိုယ့်ကျင့်တရား ဥပဒေကို ချိုးဖောက်တဲ့ အပြစ်သား ဖြစ်မှာပါ
လူမှုအဆင့်အတန်း ဖောက်ဖျက်မှုနဲ့ ကျွန်တော်မျိုးက သေခြင်းတရားကို ရှောင်နိုင်မှာ မဟုတ်ပါဘူး
မမလေးရဲ့ ခံစားချက်နဲ့ မသက်ဆိုင်ပါဘူး
ဥပဒေကိုက အဲ့လိုပါပဲ လောကကြီးက အဲ့လိုပါပဲ
အဲ့ဒါကြောင့် မဖြစ်နိုင်တဲ့ကိစ္စပါ
သူနဲ့ ရေစက်ကိုလည်း ဒီလောက်နဲ့ပဲ လက်လွှတ်လိုက်ရပါမယ်

အယ်ရှင်း - 보고 싶었어.

အယ်ရှင်း - I missed you.
ယူျင်း - Me too.

အယ်ရှင်း - အမျိုးသမီးက “Miss”
အမျိုးသားက “Mister”
လရောင်က “Moonlight”
အံ့ဩဖွယ်ဖြစ်ရပ်က “Miracle”
S ကတော့ “Sad Ending” ရှိတယ်
ဝမ်းနည်းဖွယ်ရာ အဆုံးသတ်ကို ပြောတာပဲ
ဟုတ်တယ် ဒီလိုဖြစ်မယ်ဆိုတာ အစကတည်းက
သိနေခဲ့တယ်

 

အယ်ရှင်း - "ပြည်ခြားသား"က အင်္ဂလိပ်လို ဘာလဲ


"ပြည်ခြားသား"ကလည်း S နဲ့ စတာပါ “Stranger”


အယ်ရှင်း -S နဲ့ အစပြုတဲ့စကားလုံးတိုင်းက
ဝမ်းနည်းမှုတွေနဲ့ပါလား


မဟုတ်ပါဘူး “Snow” လည်းရှိပါတယ်

“Sunshine” လည်းရှိသလို “Star” လည်းရှိပါတယ်


အယ်ရှင်း -နှင်းနဲ့ နေရောင်ခြည်နဲ့ ကြယ်တဲ့လား
အားလုံးက ကောင်းကင်ယံမှာ တောက်ပနေတဲ့အရာတွေပဲ

 

အဲဒီကောင်းကင်လည်း S နဲ့စပါတယ် “Sky”
မမလေးက ဒီစကားလုံးတွေထဲ ဘယ်ဟာကို အကြိုက်ဆုံးပါလဲ

 

အယ်ရှင်း -မပြောတတ်ဘူး
Moonlight, Miracle, Mister, Stranger, Sunshine..
“Mister Sunshine”

အယ်ရှင်း - အဲ့နေ့ကအတွက် တောင်းပန်ပါတယ်
ရှင့်ရဲ့ ရှည်လျားတဲ့ ဇာတ်လမ်းအဆုံးမှာ ငါ့ရဲ့ မျက်နှာအမူအရာဘယ်လိုဖြစ်သွားလဲ မခန့်မှန်းနိုင်ခဲ့ဘူး
ရှင့်အတွက် စိတ်ဒဏ်ရာဖြစ်သွားစေခဲ့မှာကို တောင်းပန်တယ်
ကျွန်မကတော့ တိုက်ခိုက်သူအဖြစ် နေထိုင်သွားဖို့ ဆုံးဖြတ်ခဲ့တယ်
အဘိုးကို လိမ်ပြီးတော့ ဒေါ်လေးကို စိတ်ပူအောင် လုပ်မိပြီးတော့
ကျွန်မအပေါ် သစ္စာစောင့်သိတဲ့ သူတွေအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်စေခဲ့ပေမယ့်လည်း
မှန်ကန်တဲ့ အရာကို လုပ်နေတာဖြစ်တဲ့အတွက် အဆင်ပြေတယ်လို့ ကိုယ့်ကိုယ်ကို နှစ်သိမ့်ပေးနေခဲ့တာ
ဒါပေမယ့် ရှင့်ရဲ့ ဇာတ်လမ်းရှည်အဆုံးမှာ ကျွန်မရဲ့ လောကကြီးတစ်ခုလုံး ပြိုလဲသွားခဲ့ရတယ်
ရှင့်နဲ့ တွေ့ဆုံခဲ့ရပြီး ကျွန်မကတော့ တစ်ခါလေးတောင် ရှင့်ရဲ့ မျိုးရိုးကို ထည့်မစဉ်းစားခဲ့ဘူး
ပြန်တွေးကြည့်လိုက်တော့မှပဲ ရှင်လည်း မျိုးရိုးမြင့်လူကြီးမင်းတစ်ဦးပဲလို့ တွေးထားခဲ့မိတာပဲ
ကျွန်မကတော့ ကိုယ့်ကိုယ်ကို တစ်ခြားမျိုးရိုးမြင့်တဲ့သူတွေနဲ့ နည်းနည်းတော့ ကွာခြားမှာပဲလို့ ထင်ထားခဲ့မိတယ်
ဒါပေမဲ့ မဟုတ်ခဲ့ဘူးပဲ ကျွန်မ တိုက်ခိုက်ခဲ့တဲ့ အရာက အမှားအယွင်းတစ်ခုဖြစ်ခဲ့ပြီး
ကျွန်မကတော့ အရင်အတိုင်း ဝေါယာဉ်ပေါ်ကနေ ခြေတစ်လှမ်းတောင် မထွက်နိုင်သေးတဲ့
အလိုလိုက်ခံထားရတဲ့ မျိုးရိုးမြင့်အိမ်တော်က
မမလေး တစ်ယောက်ပဲ
အဲ့ဒါကြောင့်
တောင်းဆိုစရာ ရှိပါတယ် စိတ်ဒဏ်ရာတော့ မရပါစေနဲ့

ယူဂျင်း - မင်းက အစတည်းက ထွက်ခွာလာနေပြီးပါပဲ ထွက်လာနေတဲ့ အချိန်မှာ တစ်လှမ်းလောက်ပဲ မှားသွားခဲ့ရုံပါပဲ
မင်း ဆက်တိုက်ကို ထွက်ခွာလာခဲ့ပါ ငါကတော့ ခြေတစ်လှမ်းနောက်ဆုတ်သွားမယ်
မင်းက အမြင့်တစ်နေရာမှာ ရှိနေတာကြောင့် မဟုတ်ပဲ တိတ်ဆိတ်နေဖို့ ရွေးချယ်ခဲ့လို့လည်း ရမှာကို
လျစ်လျှူရှုနေဖို့ ဆုံးဖြတ်နိုင်ခဲ့တာကို ဒီလိုမျိုး ငိုနေတာကြောင့် ထွက်ခွာလာနိုင်ဖို့ ကြိုးစားနေတယ်ပြောတာပါ

ဒီလောကကြီးမှာ သေချာပေါက်ကို ကွဲပြားကွာခြားမှုဆိုတာမျိုး ရှိနေပြီးတော့ အင်အားကွာခြားခြင်း အမြင်ကွာခြားခြင်း မျိုးရိုးကွာခြားခြင်း
အဲ့ဒါတွေက မင်းရဲ့ အမှားမဟုတ်ပါဘူး ပြီးတော့ ငါ့ရဲ့ အမှားလည်း မဟုတ်နေပါဘူး ဒီလိုလောကကြီးမှာ ငါတို့တွေ တွေ့ဆုံခဲ့ရရုံပါပဲ

မင်းရဲ့ ဂျိုဆွန်းကတော့ ဦးကြီး ဟယ်နမ်ရော ဒေါ်ကြီး ဟာမန်လည်း နေသွားနိုင်မှာပါ အစေခံတွေရော သားသတ်သမားရော
စကားပြန်တွေရော တောက်တိုမယ်ရလုပ်ပေးတဲ့ ကလေးလေးတွေလည်း နေသွားနိုင်မှာပါ
အဲ့ဒါကြောင့် တိုက်ခိုက်သူအနေနဲ့ပဲ နေသွားပါ သေချာပေါက် မမလေး အယ်ရှင်းအနေနဲ့လည်း နေသွားပါ
အဲ့ဒါက ပိုပြီး အန္တရာယ်ကင်းစေမှာပါ သေချာပေါက် အသက်ရှင်ကျန်သွားပါ အချိန်အကြာကြီး နေသွားပါ
မင်းရဲ့ ဂျိုဆွန်းကို ကာကွယ်သွားပါ ထပ်ပြီးတော့ မလဲကျနေပါနဲ့ဦး..

ယူျင်း - အရင်တစ်ခါတုန်းက ပြောခဲ့တဲ့ ရုရှားကျည်ဆန်ရိုင်ဖယ်ပါ မင်းက ဒီသေနတ်နဲ့အတူတူ ရှေ့ဆက်သွားပြီးတော့ တစ်နေရာရာကို ရောက်သွားဖို့ကို မျှော်လင့်တယ် အဲ့ဒါက ဘယ်နေရာဖြစ်ဖြစ် အဲ့ဒီလမ်းအဆုံးမှာ ဘယ်သူနဲ့ပဲရှိရှိ..

အယ်ရှင်း - ငါသေတဲ့ အခိုက်အတန့်အထိ ဂိုအယ်ရှင်း ဖြစ်နေမှာပါ

အဲ့လိုဖြစ်ရပါမယ်

အယ်ရှင်း - ရှင်နဲ့ အတူတူရှိနေနိုင်မယ့် ဘယ်လိုအနာဂတ်မျိုးမှ ရှိမှာမဟုတ်ပါဘူး

ယူျင်း - မနေ့ကတော့ မင်းက ငါ့ဘဝမှာ မရှိနေခဲ့ပေမယ့် ဒီနေ့တော့ ရှိတယ် အဲ့ဒါနဲ့တင်ရပြီ

အယ်ရှင်း - Sea, Sunlight, Sunset, Sunshine
ပင်လယ်ကနေ နေထွက်တာကို ကြည့်ဖူးလား ကြည့်ချင်မိတယ် မလွယ်လောက်ပေမဲ့လည်း တစ်ချိန်ချိန်တော့ တွေ့ဖို့သွားကြရအောင်ပါ

အယ်ရှင်း - ပင်လယ် ကြည့်ဖို့သွားရအောင်ပါ
ရှင်မြင်ဖူးတဲ့ အရမ်းကိုကြီးတဲ့ပင်လယ် တစ်လကြာသွားခဲ့ရတဲ့ အဲဒီပင်လယ် မိုးကုပ်စက်ဝိုင်းကိုကျော်လွန်သွားရင်တောင်
အဲဒီပင်လယ်ကနေ ထွက်လာတဲ့နေကိုလည်း ကြည့်ကြရအောင်ပါ

အယ်ရှင်း - လောကကြီးမှာ တကယ့်ကို အံ့ဩဖို့ကောင်းတာတွေ များတယ်

ဒီလို ခေတ်ဆန်တဲ့ အစားအသောက်ကရော ဟိုက ရေလှိုင်းသံတွေကရော
ဟိုးက မိုးကုတ်စက်ဝိုင်းရော ကျွန်မရဲ့ စိတ်ကူးယဉ်ကမ္ဘာကတော့ တကယ့်ကို လွတ်လပ်နေခဲ့တယ်

အယ်ရှင်း - ပြန်စာကို ဘယ်လိုရေးမှာလဲ အဆင်ပြေနေရဲ့လားလို့ မမေးလိုက်ဘူးလား ကျွန်မနဲ့

ယူျင်း - "ပင်လယ်ကိုသွားပြီး ပြန်လာခဲ့တယ်လို့ ပင်လယ်ကိုတော့ မမြင်ခဲ့ရပေမယ့် မိန်းကလေးတစ်ယောက်ကိုပဲ မြင်ခဲ့မိတယ်လို့
အဲ့မိန်းကလေးကတော့ ပင်လယ်ကိုလည်း ကြည့်ပြီးတော့ သံဗူးအစားအစာကိုလည်း စားနေခဲ့တယ်
ဒါကတော့ အဲ့လိုမလုပ်နိုင်ခဲ့လို့ ခံပြင်းခဲ့မိတယ်လို့

အယ်ရှင်း - ကော်ဖီကို အရင်က တစ်ခါသောက်ခဲ့ဖူးတယ်
အဲ့တုန်းကတော့ ခါးတာကိုပဲ ခံစားခဲ့ရတာ
ဒီနေ့တော့ ချိုနေတာပဲ
ဖြစ်နိုင်တာ ကျွန်မက မဖြစ်နိုင်တဲ့ မျှော်လင့်ချက်မျိုးကို မျှော်နေမိပြီထင်တယ် ကျွန်မ ဘဝမှာ ပထမဆုံးအကြိမ်အနေနဲ့ ဒီလောက်ထိ အဝေးကြီးကို
လာဖူးတာပဲ
နောက်တစ်ကြိမ် ပိုပြီး ဝေးဝေးကို သွားကြည့်ချင်တယ်ဆိုတဲ့ အဲ့လိုမျိုး နောက်တစ်ကြိမ် ရှိလာမလားတောင် မသိနိုင်ဘူးဆိုတဲ့ အဲ့လို မဖြစ်နိုင်တဲ့ မျှော်လင့်ချက်မျိုးကို ပြောတာပါ အဲ့ဒါက ဘယ်ကိုများလဲ


ယူျင်း - ငါလည်း အတူပါလား

အယ်ရှင်း - ပါတယ်
မျှော်လင့်ချက်ပဲဆိုတော့လည်း

အယ်ရှင်း - အံဆွဲထဲမှာ ထည့်ထားတဲ့စာကို တွေ့တယ် "လွမ်းတယ်"ဆိုပြီး
ကျွန်မလည်း လွမ်းနေပါတယ်..

အယ်ရှင်း - "ရဲစွမ်းသတ္တိရှိပြီး မြင့်မြတ်တဲ့သူ
ငါ့ရဲ့သားလေး မင်းက ဘယ်မှာပဲရှိနေရှိနေ မင်းအတွက် ဆုတောင်းပေးမယ် ဆုမတောင်းဖြစ်တဲ့ညတွေမှာတောင်
အချိန်တိုင်းမှာ ဘုရားသခင်နဲ့အတူ ရှိနေပါစေ”

တော်တော်ခက်ခက်ခဲခဲ ဘာသာပြန်ခဲ့ရတယ် အဲဒီသာသနာပြုအစား
ဆုတောင်းပေးပြီး နှစ်သိမ့်ပေးချင်လို့ပါ

မောင်ရင့်ရဲ့ခေါင်းကို သေနတ်ချိန်ခဲ့တဲ့သူက ဒီနေ့တော့ ငါဖြစ်ခဲ့ပေမဲ့ မနက်ဖြန်တော့ အယ်ရှင်းဖြစ်မလားတောင် မသိဘူး
အဲဒီလိုဖြစ်ခဲ့ရင် ဘယ်လိုလုပ်မှာလဲ

ယူျင်း - မစိုးရိမ်ပါနဲ့ အဲဒီအမျိုးသမီးက တာဝန်ကို ကျရှုံးမှာမဟုတ်ပါဘူး
ကျုပ် ရှောင်မှာမဟုတ်လို့ပဲ.

အယ်ရှင်း - နွေဦးရောက်လာပြီမို့ အဆင်ပြေနေရဲ့လားသိချင်ပါတယ် နွေဦးကို ဆင်ခြေပြပြီး လာကြောင်းမာကြောင်းမေးလိုက်တယ်
ငါတော့ ကောင်းကောင်းရှိတယ် ရှင်ရော ကောင်းကောင်းရှိနေရဲ့လား

ယူျင်း - သိချင်တာရှိတယ် ဇီးပင်ပန်းပွင့်က ဘယ်လိုပန်းပွင့်မျိုးလဲ ဇီးပင်ပန်းပွင့်ရဲ့ ဆင်ခြေနဲ့ တွေ့ချင်တဲ့အကြောင်း ပြောလိုက်တာပါ

အယ်ရှင်း - ပန်းလည်း အတူတူကြည့်ခဲ့ပြီးပြီ
အခု ဘာလုပ်ရင်ရပြီလဲ လက်ဆွဲနှုတ်ဆက်တာ ပွေ့ဖက်တာ လွမ်းဆွတ်တာ ပန်းတူတူကြည့်တာ
အဲ့ဒီနောက်ကိုပြောတာပါ


ယူျင်း - ငါးမျှားတာ

အယ်ရှင်း - ဆောင်းဦးနေ့ရဲ့ ကြည်လင်ပြီး ရှည်လျားတဲ့ရေကန်မှာ စိမ်းလန်းတဲ့ ကျောက်စိမ်းတုံးတွေ စီးဆင်းနေသလိုမျိုး ကြာပန်းတွေ ပွင့်တဲ့နေရာမှာ လှေငယ်လေးကို ရပ်ထားခဲ့တာပေါ့ မင်းကို တွေ့ဖို့ နံရံကို ငါးစာပစ်ပေးရာကနေ အဝေးကနေ လူမိသွားတဲ့အချိန် နေ့တစ်ဝက်လောက်
ရှက်ခဲ့ရပါတယ်

အယ်ရှင်း - အရင်က ရှင်ကျွန်မကို မေးခဲ့ဖူးတယ်
လက်ထပ်သွားမှာလားလို့ အမြဲတမ်း တကယ်လက်တွေ့ဖြစ်လာမယ်လို့ မထင်ထားခဲ့မိတဲ့ ကိစ္စကို အဲ့အချိန်ကတည်းက စပြီးတွေးခဲ့မိတယ်
လက်ထပ်ပွဲကို ဖျက်လိုက်ရင် ဘယ်လိုဖြစ်သွားမလဲ နှင်ချခံရမလားတောင် မသိနိုင်ဘူး ဒါဆိုရင် ငါကတော့ ရှန်ဟိုင်းကို ထွက်သွားရမယ် အဲ့နေရာမှာလည်း ဂျိုဆွန်းကို ကာကွယ်ပေးလို့ရမယ့် လမ်းကြောင်းရှိနေမှာပေါ့ အဖေ့ရဲ့ မိတ်ဆွေရဲဘော်တွေနဲ့လည်း တွေ့လာနိုင်မှာပဲ

ယူျင်း - ငါကရော
ရှင်ကတော့ အမေရိကန်ကို ပြန်သွားရမှာ မဟုတ်ဘူးလား အဲ့အချိန်လောက်ဆို

စိတ်ကူးထားတဲ့အချိန် ရှင်က ကျွန်မဘေးမှာ တစ်ခါမှ မရှိခဲ့ဘူး ဒီနေ့တော့ ရှိနေတာပဲ အဲ့ဒါဆိုရင်ပဲ ရပြီ

ယူျင်း - နာမည်မိတ်ဆက်တာ လက်ဆွဲနှုတ်ဆက်တာ ပွေ့ဖက်တာ
အဲ့နောက်က သတိရလွမ်းဆွတ်ခြင်း ရှိလာမယ်ထင်တယ်

ယူျင်း - ခုလေးတင် သွားလိုက်ဆို

အယ်ရှင်း - ဒီလောက် မြန်မြန် သွားလိုက်မယ်ဆိုတာကိုတော့ မသိလိုက်လို့

ယူျင်း - အဲ့လိုသွားမှဖြစ်မယ်လို့ထင်လိုက်လို့

အယ်ရှင်း - ကောင်းကောင်း သွားပါဆိုပြီး မနှုတ်ဆက်လိုက်ရလို့

ယူျင်း - အဲ့ဒါအတွက်ကြောင့် ဒီကို ပြေးလာခဲ့တာလား နံရံကို ကျော်ပြီးတော့လေ

အယ်ရှင်း - ဘယ်တော့မှ ထပ်တွေ့ရမလဲ မသိလို့

ယူျင်း - ပြန်သွားလိုက်ပါ ထပ်တွေ့ကြတာပေါ့

အယ်ရှင်း - သတိထားသွားပါ

အယ်ရှင်း - ဒီလို အခိုက်အတန့်ကိုလည်း တွေးမြင်ကြည့်ခဲ့တယ်

ယူျင်း - ပင်လယ် ကမ်းစပ်ကိုလား

အယ်ရှင်း - မဟုတ်ဘူး ဒီလိုမျိုး အဲ့ဒီဘက်နဲ့ ယှဉ်တွဲပြီး လမ်းလျှောက်နေတာကို ပြောတာပါ လွတ်လွတ်လပ်လပ်နဲ့
တစ်ရက်ရက်တော့ နေ့တိုင်းသွားနေတဲ့ ရင်းနှီးပြီးသားလမ်းကို လျှောက်သွားမယ် အဲ့ဒီဘက် လာခဲ့တဲ့ နယူးယောက် လမ်းတွေအထိ သွားလိုက်တာကို
အဲ့ဒီနေရာမှာ အမျိုးသား အမျိုးသမီးက ယှဉ်တွဲ လျှောက်နေရင်တောင် ဘယ်သူမှ လိုက်မကြည့်နေကြဘူး

ယူျင်း - အားလုံးကငေးကြည့်နေမှာပါ
မင်းနဲ့ ငါက၊အရမ်းကို လိုက်ဖက်လွန်းလို့

အယ်ရှင်း - ကျွန်မက အဲဒီနေရာမှာ စာလည်း လေ့လာမယ်

ယူျင်း - ဘာကို လေ့လာမလဲ

အယ်ရှင်း - လောကကြီးက ဘယ်လောက်လောက် ကြီးမားလဲ ကမ္ဘာကြီးက တကယ်ပဲ လုံးဝန်းနေတာ ဟုတ်ရဲ့လား ကြယ်တွေက ဘယ်တွေကို ကြွေကျပြီးတော့ ဘယ်လိုမျိုး လင်းလက်နေတာလဲဆိုတာကို

အယ်ရှင်း - စာလေ့လာလို့ပြီးရင် ကျွန်မက ရှင်ရှိတဲ့ ဘက်ကို ဦးတည်ပြီး လျှောက်လာမယ်

ယူျင်း - ငါကရော ဘာလုပ်နေလဲ

အယ်ရှင်း - ကျွန်မကို ကြည့်နေတာပေါ့

ယူျင်း - ရေ၀န်းဘေးမှာ ထိုင်နေပြီးတော့ပေါ့

အယ်ရှင်း - ပြုံးရင်းနဲ့ ကျွန်မကို လက် ယမ်းပြနေတယ် ကျွန်မက ခဏလေး ရှက်မိသွားပြီးတော့ အချိန်အကြာကြီး ပျော်ရွှင်တယ်

အယ်ရှင်း - တစ်နေ့မှာတော့ music box ဆိုင်ကိုလည်း အတူတူ သွားတယ်
ကျွန်မတို့ သဘောကျတဲ့ ဂီတက ပွင့်လာလိုက်တယ် ကျွန်မတို့က အချိန်အကြာကြီး အဲ့ဒီအရှေ့မှာ ရပ်နေတယ်

ယူျင်း - ပြီးတော့ရော ဘာလုပ်သေးလဲ

အယ်ရှင်း - နေဝင်သွားပြီးတော့ ကျွန်မတို့ လမ်းခွဲသွားတယ် ဒီက ချစ်သူတွေက လမ်းခွဲတဲ့အခါ ဒီလိုမျိုး နှုတ်ဆက်တယ်လို့ ပြောတယ်

Goodbye (နှုတ်ဆက်ပါတယ် )

ယူျင်း - Goodbye.မဟုတ်ဘဲ "See you" လို့ ပြောကြတာပေါ့ ( ပြန်တွေ့ကြမယ် )

အယ်ရှင်း - See you
See you again

ယူျင်း - အရမ်းမုန်းမိတာပဲ အရမ်းလွမ်းမိပြီး
တွေ့ချင်မိတဲ့အခါတိုင်း မုန်းတာပဲ

အယ်ရှင်း - အဲ့လိုလုပ်လို့ မေ့နိုင်မယ်ဆိုရင် အဲ့ဒါကလည်း အဆင်ပြေပါတယ်
အဲ့စကားကိုပြောဖို့လာခဲ့တာ အကယ်၍ ငါ့စာကိုစောင့်နေမှာစိုးလို့
အခုထပ်ပြီး မစောင့်နေနဲ့တော့လို့
ဂျိုဆွန်းက ပိုပြီးအန္တာရယ်များလာပြီး ငါ့ရဲ့မိသားစုလည်း တစစီ အဖျက်ဆီးခံလိုက်ရတယ်

ငါ့ကမ္ဘာကြီးမှာ ဒီထက်ပိုပြီး အချည်းနှီးမျှော်လင့်ချက်ရော ကြည်နူးစရာတွေရော မရှိတော့ဘူး

ငါအခု ဒီထက်ပိုပြီးတော့ ရှင်နဲ့အတူတူ လမ်းမလျှောက်နိုင်တော့ဘူး

အဲ့ဒါကြောင့် အခုတော့ ကိုယ်စီလမ်းကြောင်းအတိုင်း ဝေးကြတာပေါ့

ယူျင်း - အခု အဲ့ဒါက စောင့်နေခဲ့တဲ့လူကို.. ပြောတဲ့စကားလား
ငါ ဖမ်းဆုပ်ထားရင်ရော ဘယ်လိုလုပ်မှာလဲ ငါရော ငါ့ရဲ့စောင့်ဆိုင်းမှုကရော အဓိပ္ပါယ်မရှိဘူးလား
ငါ ရှိနေရမယ့်နေရာမဟုတ်ဘူးလား
ငါ မစောင့်ခဲ့သင့်ဘူး
ဘယ်နေရာဖြစ်ဖြစ် အဆင်ပြေတယ်
သွားပါ မင်းသွားတဲ့လမ်းအတိုင်း ငါလိုက်လာခဲ့မယ်

အယ်ရှင်း - ငါက ရှင်အသက်ရှင်ဖို့မျှော်လင့်တာ..

ယူျင်း - ငါလည်း ငါအသက်ရှင်ရဖို့ ဒီလိုလုပ်တာပါ မမြင်ရရင် သေတော့မယ်လို့ခံစားရလို့
ပြီးတော့ သိပါ့မလားတော့မသိပေမဲ့
ငါ့အပေါ် ကျေးဇူးကြွေးတင်နေတာတွေ တစ်ခုမှပြန်မဆပ်ထားဘူး

အဝေးထွက်သွားဖို့ စိတ်မကူးနဲ့ မင်း ဘယ်နေရာမှာပဲဖြစ်ဖြစ် ငါလိုက်ရှာပြီးတော့ ပြန်ဆပ်ခိုင်းမှာမို့

အယ်ရှင်း - ပြန်ဆပ်ပါမယ် ဘယ်နေရာမှာပဲဖြစ်ဖြစ် လာယူလှည့်ပါ ပေးပါ့မယ်

အယ်ရှင်း - အိမ်ပြန်တော့မယ်လို့ ကြားထားတယ်

ယူျင်း - နှုတ်ဆက်စကားပြောဖို့ ရောက်လာတာလား

အယ်ရှင်း - အတူလိုက်ခဲ့မယ် ခေါ်သွားပေးပါ ကျွန်မကို အမေရိကားကို

ယူျင်း - ငါ့ဘက်က ငြင်းလိုက်ရင် ဘယ်လိုလုပ်မလဲ

အယ်ရှင်း - ငြင်းဆန်မှာမဟုတ်ဘူးဆိုတာ သိထားတယ်

ယူျင်း - ယောက်ျားတစ်ယောက်ကို အသုံးချဖို့လုပ်နေတဲ့ မိန်းကလေးက

အနည်းဆုံးတောင် ကြိုးစားမနေဘူးပဲ စိတ်တိုအောင်လို့ ဒါက တောင်းဆိုရမှာမဟုတ်ပဲ ဖွင့်ပြောရမှာပဲ
ချစ်တယ်လို့ ချစ်နေတယ်လို့ အဲ့ဒါကြောင့် အတူသွားကြရအောင်ဆိုပြီးတော့ ဒ

ါဆို ငါအဲဒီ ချိုမြိန်လွန်းတဲ့ အလိမ်အညာကြောင့် ငါ့ရဲ့ အရာအားလုံးကို ပေးဆပ်သွားမှာဖြစ်ပြီးတော့

ယူျင်း - အဆုံးသတ်ဦးတည်ရာက ဘယ်ကိုလဲ ငါ့ကို အသုံးချပြီး ဘယ်နေရာထိ သွားမလို့လဲလို့

အယ်ရှင်း - ဂျပန်ကို

ယူျင်း - တကယ့်ကို မုန်းစရာပဲ ဒီမိန်းကလေးက

ယူျင်း - ဒါက ငါ့ရဲ့ အဖြေပါ
အတူတူ သွားကြတာပေါ့
ငါ ခေါ်သွားပေးမယ် ဂျပန်ကို

ယူျင်း - ဒီလက်စွပ်ရဲ့ အဓိပ္ပါယ်က ဒီ အမျိုးသမီးက ချစ်ရတဲ့ ငါ့ရဲ့ ဇနီး ဆိုတဲ့ အမှတ်အသားပါ
အနောက်တိုင်းမှာဆိုရင် ပုံမှန်ဆို ယောက်ျားလေးက ဒူးတစ်ဖက်ကို ထောက်ပြီးတော့

လက်စွပ်ကို ကမ်းပေးလိုက်ရင်း အလေးတစားနဲ့ ခွင့်တောင်းတယ်
ငါ့နဲ့ လက်ထပ်ပေးပါလို့

မင်းက ငါ့ဆန္ဒကို ဆန့်ကျင်ပြီးတော့
ငါ့ကို ကျော်လွန်ပြီးတော့ ကိုယ့်တိုင်းပြည် ဂျိုဆွန်းကို ကယ်တင်ဖို့ လုပ်မယ်ဆိုရင်

ငါက အခေါက် တစ်ထောင်ပဲဖြစ်ဖြစ် အခါ တစ်သောင်းပဲဖြစ်ဖြစ် မင်းလက်ထဲမှာပဲ ငြိမ်နေလိမ့်မယ်ဆိုတာကို သိလိုက်တယ်

ယူျင်း - ဒီလို အဆိပ်ပြင်းတဲ့ မိန်းကလေးဖြစ်နေမယ်ဆိုတာကိုတော့

ပထမဆုံး မြင်ခဲ့တဲ့ အခိုက်အတန့်ကတည်းက သိခဲ့တယ်

သိရက်နဲ့လည်း သဘောကျနေခဲ့တယ် ဒူးထောက်ခဲ့တယ်လို့ပဲ သဘောထားလိုက်တာပေါ့
အားမနာပါနဲ့ ဒါက ငါ့ရဲ့ ရွေးချယ်မှုပဲ မို့လို့

ယူျင်း - ငါက ပြန်ပြီးတော့ ဂျိုဆွန်းကနေ ထွက်ခွာနေတယ်

အခု ဒီ အခိုက်အတန့်က ငါမှတ်မိတဲ့ ဂျိုဆွန်းရဲ့ နောက်ဆုံး ပုံရိပ် ပဲ

ငါ့ရဲ့ နောက်ဆုံး ဂျုံဆွန်း ပုံရိပ်က ဒီလောက် လှပနေရင် မေ့ပစ်ဖို့ နည်းလမ်း မရှိဘူး

အယ်ရှင်း - ဒီလက်စွပ်က ဘယ်လိုလုပ် တစ်ယောက်ယောက်ရဲ့ ဇနီးသည်ဆိုတဲ့ သင်္ကေတ ဖြစ်တာလဲဆိုတာကို
တွေးကြည့်ခဲ့တယ်
ခင်ပွန်းသည်ကလည်း တစ်ပုံစံတည်းတူတဲ့ လက်စွပ်ကို ဝတ်ထားမှာပဲ

အယ်ရှင်း - ချစ်တယ်
ချစ်နေခဲ့တာ  

ယူျင်း - တစ်ကယ်ပဲငါနဲ့အတူတူ အမေရိကကို သွားဖို့စိတ်ကူးမရှိတာလား

အယ်ရှင်း - အဲ့လိုမျိုး ငါတစ်ယောက်တည်း ငါတစ်ယောက်တည်း အသက်ရှင်ကျန်နေခဲ့ရရင် ကောင်းမှာလား

ယူျင်း - ငါတော့ အဲ့လိုသာဆိုရင် ကောင်းမှာပဲ တစ်ခြားလူတွေက ဘာဆိုင်လို့လဲ
သွားရအောင် ငါနဲ့အတူတူ အမေရိကကို ငါတစ်ကယ် အခုလိုမျိုး မလွှတ်လိုက်နိုင်ဘူး ငါတို့မှာ နည်းလမ်းအများကြီးရှိမှာပါ ငါသေချာပေါက် လိုက်ရှာပါ့မယ်

အယ်ရှင်း - အဲ့ဒီအတွေးကို ငါရော မတွေးခဲ့ဖူးဘူးလို့ထင်လို့လား
ရောက်တောင်မရောက်ဖူးတဲ့ အမေရိကရဲ့လမ်းကို နေ့တိုင်းလျှောက်နေခဲ့တယ် ရှင်နဲ့အတူတူ ခေါင်းထဲမှာ အဲ့ဒီနေရာမှာ စာလည်းလုပ်ပြီး မြင်းကျားတွေကိုလည်း တွေ့ခဲ့တယ်
ရှင်နဲ့အတူတူ ညအိပ်ပြီး မကြာခဏရယ်ခဲ့ကြတယ် အဲ့လိုမျိုး အကြိမ်ရာချီပြီး ထွက်သွားနေခဲ့ပေမယ့် အဲ့ဒီအကြိမ်ရာချီမှာ ငါပြန်ပြန်ရောက်လာတယ်
ငါတို့ရေစက်က ဒီအထိပဲ
ငါက အမိမြေကနေ ထွက်သွားနေတဲ့အချိန်ဆိုပေမယ့် ရှင်ကတော့ ပြန်သွားနေတဲ့အချိန်ပဲ အမိမြေကို
အမေရိကကို ကျေးဇူးပြုပြီး
ကောင်းကောင်းသွားပါ

ယူျင်း - ငါတို့နှစ်ယောက် ဝေးကွာကြတော့မယ်ဆိုပေမဲ့လည်း အနည်းဆုံး တစ်ခါလောက် လာပေးလို့ရမလား
မိုးကုပ်စက်ဝိုင်းအကျော်က ပင်လယ်ကို ကျော်ဖြတ်ပြီးတော့ ငါ့ကိုတွေ့ဖို့

အယ်ရှင်း - ဂျိုဆွန်း အေးချမ်းသွားတဲ့ တစ်နေ့
ကျိန်းသေပေါက် လာခဲ့ပါမယ်  

အယ်ရှင်း - ဘာလို့ အခုထိ ဒီမှာရှိနေတာလဲ
သင်္ဘောရော

ယူျင်း - ထွက်သွားပြီ

အယ်ရှင်း - သင်္ဘောပေါ်မတက်ခဲ့တာလား

ယူျင်း - ဂျပန်ဓားသမားတွေကို မြင်လိုက်ပြီး
သတိပြန်ကပ်တဲ့အချိန် ခန္ဓာကိုယ်က ပြေးနေပြီးသားဖြစ်နေတယ်
မီးလျှံထဲကို အဲ့ဒီကျေးဇူးကြောင့် မီးပန်းတွေတွေ့လိုက်ရတယ်

အယ်ရှင်း - ရှင်ကတော့ ကျွန်မနဲ့ တွေ့ပြီးတော့
အရမ်းကို ရှည်လွန်းတဲ့ လမ်းကို လျှောက်နေရတဲ့ပုံပဲ

ယူျင်း - အဲ့ဒါကို သိရဲ့သားနဲ့တောင် ဖမ်းမထားခဲ့ပါလား  

ယူျင်း - ငါတို့အတွက် အချိန်ဘယ်လောက်မှမကျန်တော့ဘူးထင်လို့ ဒီကနေပဲ နှုတ်ဆက်လိုက်ကြတာပေါ့
ဒီတစ်ခါ ငါ့ဘက်ကနေ အရင်စနှုတ်ဆက်လိုက်မယ်

 

အယ်ရှင်း - ဂွတ်ဘိုင်လို့ မပြောပဲ " နောက်မှတွေ့မယ် " လို့ပြောကြတာပေါ့
နောက်မှတွေ့မယ်
ထပ်တွေ့ကြတာပေါ့

ယူျင်း - မင်းရဲ့ဂျိုဆွန်းကို ကာကွယ်ပါ
ငါက မင်းကို ကာကွယ်ပေးမှာမို့လို့
ဒါက ငါ့ရဲ့သမိုင်းဖြစ်ပြီး ငါ အဲဒီလိုလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်

ယူျင်း - မငိုပါနဲ့
ဒါက ငါ့ရဲ့သမိုင်းဖြစ်သလို ငါ့ရဲ့ အချစ်ဇာတ်လမ်းပါ အဲဒါကြောင့် သွားရလိမ့်မယ် မင်းရဲ့အောင်ပွဲအတွက် ဆုတောင်းပေးရင်း

ယူျင်း - မင်းက မင်းကရှေ့တစ်လှမ်းလျှောက်လှမ်းသွားပါ ငါ နောက်တစ်လှမ်းဆုတ်လိုက်မယ်

ယူျင်း - မင်း ဒီစာကို ဖတ်ရတဲ့အချိန်ဆို ဖြစ်နိုင်တာက ငါ ဂျိုဆွန်းမှာမရှိလောက်တော့ဘူး

မနက်ဖြန်ငါတို့မတူတူ ဂျပန်သွားဖို့လုပ်ထားတယ်
ထင်တာတော့ အဲ့ဒါက ငါတို့ရဲ့ခွဲခွါခြင်းပဲဖြစ်လိမ့်မယ်

မင်းက ဘယ်နေရာကိုသွားသွား ငါကတော့ မင်းရှေ့မှာ ရပ်နေချင်တယ်

မင်းနဲ့ ခွဲခွါခြင်းက ငါ့ရှေ့မှာ ရှိနေတယ်ဆိုတာမသိဘဲနဲ့

ယူျင်း -မင်းနဲ့အတူတူ လျှောက်လှမ်းခဲ့တဲ့ ခြေလှမ်းတိုင်းက ငါ့အတွက်အရာရာဖြစ်ခဲ့တယ်

မင်းနဲ့အတူတူရှိခဲ့တဲ့ အချိန်တိုင်းက ငါ့အတွက် ပျော်ပွဲစားထွက်ရသလိုပဲ

အာ.. ပျော်ပွဲစားက "Picnic"ပါ “P” နဲ့စတယ်

ယူျင်း - မင်းရော အရင်အတိုင်း ဂျိုဆွန်းကို ကာကွယ်ဖို့ ကြိုစားနေတုန်းပဲလား
ကျိန်းသေပေါက် အဲဒီလိုဖြစ်ဖို့မျှော်လင့်ပါတယ်။ ဂိုအယ်ရှင်းက…
အရမ်းကို စိတ်အားထက်သန်ခဲ့တယ်
အဲဒီလိုဂိုအယ်ရှင်းကို. ငါ လေးလေးနက်နက် ချစ်ခဲ့ရတယ်
ဒါဆို Goodbye

'Mr. Sunshine > Eugene & Ae Shin Lovestory' 카테고리의 다른 글

Eugene Lovestory  (0) 2022.12.11
Their Love Language  (0) 2022.12.11
My History, My Lovestory  (0) 2022.12.11
We get married like this  (0) 2022.12.11
Let's not say 'Goodbye', 'See You' would be better  (0) 2022.12.11