

📖အလုပ်ထွက်ဖို့လုပ်တိုင်း နွေရာသီအားလပ်ရက်ပြီးမှပဲ
ကောက်သစ်စားပွဲတော်အထိပဲ
ဒီလိုနဲ့ နှစ်ကုန်ကျ အထီးကျန်လို့
နွေဦးမှာ အလုပ်လုပ်ရတာလည်း မဆိုးပါဘူး
ဒီလိုနဲ့ တစ်နှစ်ကုန်သွားတာပဲ
ကျွန်တော် စီနီယာဂျောင်လို ပိုက်ဆံပဲရှာချင်တဲ့
အလုပ်ကို လောဘကြီးတဲ့လူလည်း မဟုတ်ဘူး
ဒီလောက်ထိ လုပ်ခဲ့တာနဲ့တင်
လုံလောက်ပြီလို့ထင်ပါတယ်
ကျွန်တော့်အတွက် လမ်းမှန်မဟုတ်တာကို
ဆက်လျှောက်ဖို့ တွန်းအားမပေးနိုင်ဘူးလေ
အမှန်အတိုင်းပြောရရင် ကျွန်တော်
ထူးခြားတဲ့ရည်မှန်းချက်ဆိုတာ မရှိပါဘူး
ပိုက်ဆံ မိန်းမဂုဏ်သိက္ခာ ဘာမှမရှိဘူး
ဒါပေမယ့် သေချာပေါက် ရည်မှန်းချက် ရှိမှရမှာလား
ဘာကိုမှ မမျှော်လင့်ဘဲ နေလို့ မရဘူးလား
မရှိတဲ့ လောဘကို ဇွတ်အတင်း ဖန်တီးပဲမနေနိုင်ဘူး
အစ်ကိုတစ်ယောက်လောက်သာ ရှိရင်ကောင်းမယ်
ဒါဆို ငါ ငါ့သဘောအတိုင်း နေလို့ရပြီ
မွေးမလာခဲ့တဲ့အစ်ကိုကို သတိရလိုက်တာ...

📖 ရှင်ကတော့ ထမင်းစားပြီးတာနဲ့ ဇွန်းကိုတန်းချ
ပြန်ထပြီး စိုက်ခင်းထဲပြန်သွားတာ မဟုတ်ရင်
စက်ရုံကို သွားလိုက်ရင်ရပြီပေါ့
ကျွန်မကတော့ ရှင့်နောက်လိုက်သွားရပြီး
အိမ်ထဲကိုလည်းအကြိမ်ပေါင်းများစွာဝင်ထွက်ပြီး
ဂတ်စ်ကို ဖွင့်လိုက် ပိတ်လိုက်နဲ့
ပိတ်ရက်ဆိုတာကိုမရှိဘူး
တစ်နှစ်မှာ ၃၆၅ရက်လုံး နေ့တိုင်းပဲ
📖 ဘယ်လိုရှင်သန်ရမလဲ ခက်ခဲတယ်ထင်ရပေမယ့်
အသိစိတ်ကပ်လိုက်ရင် သည်းခံနိုင်သွားတာလည်းရှိတယ်
📖 ငါက အိမ်သားတွေကို
စောင့်ရှောက်ပေးနေရတယ်ပဲ ထင်ခဲ့တာ
အိမ်ရှင်မဆုံးသွားမှပဲ သိလိုက်ရတာ
အိမ်ရှင်မရယ် ကလေးတွေရယ်ကမှ
ငါ့ကိုစောင့်ရှောက်ပေးနေကြတာပဲ
'My Liberation Notes' 카테고리의 다른 글
My Liberation Notes - 15 (0) | 2022.05.31 |
---|---|
My Liberation Notes - 14 (0) | 2022.05.31 |
My Liberation Notes - 12 (0) | 2022.05.29 |
My Liberation Notes - 11 (0) | 2022.05.29 |
My Liberation Notes - 10 (0) | 2022.05.27 |