일 | 월 | 화 | 수 | 목 | 금 | 토 |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | |||
5 | 6 | 7 | 8 | 9 | 10 | 11 |
12 | 13 | 14 | 15 | 16 | 17 | 18 |
19 | 20 | 21 | 22 | 23 | 24 | 25 |
26 | 27 | 28 | 29 | 30 | 31 |
- startup
- DaliandCockyPrince
- TheKingsAffection
- 18Again
- TheRedSleeve
- LeeJeHoon
- YumiCells2
- YouthOfMay
- RacketBoys
- OurBelovedSummer
- Taxidriver
- NowWeAreBreakingUp
- TheDevilJudge
- WiseMountainvillageLife
- MrSunshine
- Remarriageanddesires
- WhyHer?
- ForecastingLoveandWeather
- YumiCells
- HymnOfDeath
- LeeJunho
- OurBlues
- CrashLandingOnYou
- HometownChaChaCha
- HighClass
- DrRomantic
- KimSeonHo
- ChicagoTypewriter
- BeMelodramatic
- TwentyFiveTwentyOne
- Today
- Total
드라마 다이얼로그
My Liberation Notes - 15 본문
📖 တစ်နေ့မှာ ငါးမိနစ်ပဲ ငါးမိနစ်လောက်ပဲ
စိတ်ချမ်းသာရရင်တောင် နေချင်စရာပဲလေ
စတိုးဆိုင်ကိုသွားလို့ ကျွန်မတံခါးဖွင့်ပေးလိုက်ရင်
ကျေးဇူးတင်ပါတယ် လို့ပြောတဲ့ ကျောင်းသူလေးကြောင့်
၇စက္ကန့်ပျော်ရတယ်
မနက်မိုးလင်းလို့ မျက်လုံးပွင့်တာနဲ့
အာ ဒီနေ့စနေနေ့ပါလား ပေါ့
၁ဝ စက္ကန့်ပျော်သွားပြန်ရော
အဲဒီလိုနဲ့ တစ်နေ့မှာ ငါးမိနစ်စီပြည့်သွားတယ်
အဲဒါ ကျွန်မမသေသေးဘဲ အသက်ရှင်နိုင်တဲ့နည်းပဲ
သွားကြတာပေါ့ တစ်လှမ်းချင်း တစ်လှမ်းချင်း ခက်ခက်ခဲခဲ
📖 အသက်၃၀ဆိုရင် မိုက်တယ်လို့ ထင်ထားပေမယ့်
အလကားပဲ
အသက်၄ဝကျရင် ဘယ်လိုနေရမလဲ
၅၀ကရော
အသက်ရှင်နေလို့ ဘာလုပ်ရမှာလဲ သေလိုက်ရမှာပေါ့
ဒီလိုတွေးခဲ့ပေမယ့် အတူတူပဲလေ
အသက်၅ဝဆိုတာ
တကယ်ပဲ ရုတ်တရက်ကြီး ရောက်လာလိမ့်မယ်
ငါ ၁၃နှစ်တုန်းက
ခဏလောက် နေ့ခင်း အိပ်ပြီး
ရုတ်တရက် မျက်လုံးဖွင့်လိုက်သလိုပဲ
အသက်၈ဝရောက်ရင်ရော ငါ့လိုပဲ ခံစားရလိမ့်မယ်
📖 ၇နှစ်လောက်အတူနေခဲ့တဲ့သူက မရှိတော့ရင်
ငါအရမ်းအထီးကျန်မယ်ထင်တယ်
အထီးကျန်ပေမယ့် တိုးတက်လာတွေလည်းများတယ်
အရင်ဆုံး ယောကျာ်းဘက်ကအမျိုးတွေမရှိဘူး
တစ်ယောက်တည်းဖြစ်သွားတော့ အရင်တုန်းက
လက်မထပ်ဘဲတစ်ယောက်တည်းနေတဲ့
သူငယ်ချင်းတွေကို သနားခဲ့တာ အားနာတယ်
ငါက စိတ်ကြီးဝင်ခဲ့တာပဲ
တစ်ယောက်တည်းနေရင်တောင် ပြဿနာမရှိဘဲ
အပြည့်အဝပျော်ရတယ်
စားချင်တဲ့စားစရာကို စားချင်တဲ့အချိန်မှာ စားနိုင်ပြီးတော့
အိပ်ချင်တဲ့အချိန်မှာ အိပ်လို့ရတယ်
စားတာရော အိပ်တာရော ဒီရိုးရှင်းတာတွေကို
ငါ့သဘောအတိုင်း လုပ်လို့ရတာ ဒီလိုပျော်ရွှင်ရတာပဲ
တစ်ပတ်လောက် သန့်ရှင်းရေးမလုပ်တောင်
ပစ္စည်းတွေက ငါထားခဲ့တဲ့နေရာမှာပဲရှိတယ်
နင်အရင်တုန်းက လက်ထပ်ရတာကိုကြိုက်တာက
မနက်၂နာရီမှာတောင် တော့ပိုကီ အတူစားဖို့ လူရှိနေလို့ဆို
ငါ အဲ့စကားကိုကြားပြီးတော့ "ဪ အဲလိုကိုး ကောင်းလိုက်တာ" ဘယ်လောက်တောင် အားကျခဲ့ရလဲ
ငါ မနက်၂နာရီကြီး တော့ပိုကီစားချင်တဲ့နေ့က
နေ့တိုင်းဖြစ်နေပါ့မလား
တစ်ယောက်တည်းဖြစ်သွားတော့ သိလိုက်ရတယ်
ငါဒီအတောအတွင်း ဘယ်လောက်တောင် ပင်ပန်းပြီး
လည်နေတဲ့ဘီးလုံးလိုဖြစ်နေခဲ့လဲ
အချိန်တန်ရင် ယောက္ခမတွေအိမ်သွားရပြီ
အတူထမင်းစားရမယ့်သူတွေက အရမ်းများနေတယ်
ဘယ်လိုပဲကြည့်ကြည့် လူတစ်ယောက်အနေနဲ့ဘဝက အိမ်ထောင်သည်ဘဝဖြစ်ဖြစ် အလုပ်ခွင်ဘဝဖြစ်ဖြစ်
သူများတွေနဲ့ သဟဇာတဖြစ်ဖို့ အားထုတ်နေရတာပဲ
ယောကျာ်းမရှိတော့ အကုန်လွှတ်ထုတ်လိုက်ပြီ
“ရပြီ” "သူများနဲ့သဟဇာတဖြစ်ဖို့ ကြိုးစားနေစရာမလိုတော့ဘူး”
"တစ်ယောက်တည်းနေရလည်း ရတယ်"
'My Liberation Notes' 카테고리의 다른 글
My Liberation Notes (0) | 2022.06.05 |
---|---|
My Liberation Notes - 16 (0) | 2022.05.31 |
My Liberation Notes - 14 (0) | 2022.05.31 |
My Liberation Notes - 13 (0) | 2022.05.31 |
My Liberation Notes - 12 (0) | 2022.05.29 |