드라마 다이얼로그

Twenty Five Twenty One : Part 1 본문

Twenty Five Twenty One

Twenty Five Twenty One : Part 1

드라마 Dialogue 2022. 4. 7. 14:15
Twenty Five Twenty One: 스물다섯 스물하나
Average Rating : 10/10
‘လှပတဲ့အမှတ်တရတွေက
ပြီးပြည့်စုံတဲ့ဇာတ်လမ်းပဲဖြစ်နေဖို့ မလိုပါဘူး’
အဲဒီနေ့ရက်တွေက ငါ့ဒိုင်ယာရီစာအုပ်ဟာ
အချစ်ရယ် သူငယ်ချင်းရယ်နဲ့ပြည့်နှက်နေခဲ့တာ
အချစ်နဲ့သူငယ်ချင်းဆက်ဆံရေးက
ဘဝအတွက် အရေးပါခဲ့တဲ့အချိန်ပေါ့
အဲဒီလိုအချိန်မျိုးက ဘဝမှာ ခဏတာလေးပဲ
ရောက်လာလေ့ရှိတယ်
ဗရုတ်ကျတဲ့ သူငယ်ချင်းတွေနဲ့ ချစ်ရတဲ့ ချစ်သူနဲ့
အဲဒီအခိုက်အတန့်လေးကပဲ ကိုယ့်ဘဝကို
တောက်ပနိုင်အောင် ဖန်တီးပေးတာမလို့..
ငါတို့ရဲ့ခေတ်ဖြစ်ခဲ့တယ်..
အားလုံးပိုင်ဆိုင်နိုင်မယ်လို့ ယုံကြည်ခဲ့တဲ့ကာလဖြစ်ခဲ့တယ်
ပိုင်ဆိုင်ချင်တာတွေများခဲ့တယ်
အချစ်ကိုရော ခင်မင်မှုကိုရော ခဏလောက်ပိုင်ဆိုင်ခဲ့ရတယ်လို့ ထင်ယောင်ထင်မှားဖြစ်ခဲ့တယ်
ပြန်တွေးကြည့်ရင် အရာအားလုံးက
အလေ့အကျင့်ဖြစ်ခဲ့တဲ့နေ့တွေ..
ထာဝရတည်မြဲတယ်ဆိုပြီး
မဆင်မခြင်ပြောခဲ့တဲ့အခိုက်အတန့်တွေ.
ငါအဲဒီထင်ယောင်ထင်မှားဖြစ်မှုကို
သဘောကျခဲ့တယ်
ဒါပေမဲ့လည်း ပိုင်ဆိုင်နိုင်ခဲ့တာတစ်ခုတော့ရှိတယ်
အဲ့ဒီနွေရာသီက ငါတို့အပိုင်ဖြစ်ခဲ့တယ်
ထာဝရတည်မြဲတဲ့အရာ ဆိုတာ မရှိပါဘူး
အားလုံးက တဒင်္ဂပါပဲ အကုန်စီးဆင်းသွားတာ
အဲဒီလိုဆိုပေမဲ့လည်း
အဲဒါက မကောင်းတာတော့မဟုတ်ဘူးလေ
တန်ဖိုးရှိတဲ့အရာတွေ ဆုံးရှုံးသွားရင်တော့
နာကျင်ပြီး ပင်ပန်းရတယ်ဆိုပေမဲ့
ဒါပေမဲ့လည်း ဆုပ်ကိုင်ထားနိုင်ခဲ့တာပဲမလား….

စိတ်ကူးအိမ်မက်နဲ့ အားကျရတာတွေက
ငါပိုင်ဆိုင်ထားတဲ့ မဆုံးရှုံးနိုင်တဲ့အရာတွေပဲ
ဘာလို့လဲဆိုတော့ ငါက တစ်စုံတစ်ရာကို
ဆုံးရှုံးဖို့အတွက်
အရမ်းငယ်သေးတဲ့ ၁၈နှစ်အရွယ်မို့လို့ပဲ

“ငါ့အိမ်မက်ကိုလုယူသွားတာ
တခြားမဟုတ်ဘဲ အချိန်တဲ့
အချိန်က ဘာမို့လို့ ငါ့အိမ်မက်ကို လုယူနိုင်ရတာလဲ?”

“အချိန်က အိမ်မက်ကို အပြည့်အဝလုယူနိုင်တယ်
အိမ်မက်ပဲမဟုတ်ဘူး ပိုက်ဆံလည်း လုယူနိုင်တယ်
မိသားစုကိုတောင်မှ လုယူနိုင်တယ်
အဲ့ဒီအရာ၃ခုစလုံးကိုလည်း
တစ်ချိန်တည်းနဲ့ လုယူနိုင်တယ်”

“အကူအညီတောင်းလို့ရတဲ့နေရာရှိတာက မင်းအရွယ်မှာပဲ ပိုင်ဆိုင်ထားတဲ့ အထူးရပိုင်ခွင့်မို့
အသုံးချပါ”
လွတ်သွားရင် နှမြောစရာကောင်းတယ်လေ

“ငါအမြဲတမ်း ဆုံးရှုံးတဲ့အရာကိုပဲ စဉ်းစားခဲ့တယ်
ဒါပေမဲ့ မင်းက ရရှိမယ့်အရာကို စဉ်းစားတယ်
ငါလည်း အခု အဲ့လိုလုပ်ကြည့်ချင်တယ်

“ဒီခေတ်ပျက်ကြီးက
နင့်ဆီက အားလုံးယူသွားပြီးပြီလေ
ပျော်ရွှင်မှုကိုတော့ စွန့်လွှတ်လို့ဘယ်ရမလဲ”

အရမ်းကိုပြန်သွားချင်တာပေါ့
ဒီတိုင်း ငါ အဲ့ဒီအရွယ်က
စိတ်ပူခဲ့တဲ့အရာတွေကိုလွမ်းတယ်
အိမ်စာတွေအများကြီးလုပ်ရတာ
အသံလွှင့်ခန်းက ကြောက်စရာ စီနီယာတွေ
ပွဲလုပ်နေတုန်း စင်ပေါ်မှာ စကားမှားပြောမှာတွေ
ငါကြိုက်နေတဲ့ကောင်မလေးက
ငါ့ကိုပြန်မကြိုက်မှာတွေ
အဲ့ဒီလို ကိစ္စတွေပေါ့

“နှစ်ဝက်စာမေးပွဲကြီး ပြီးဆုံးသွားပါပြီ
စိတ်ကျေနပ်ကြတဲ့သူတွေရှိသလို
စိတ်ပျက်နေကြတဲ့သူတွေလည်းရှိပေမဲ့
အရေးကြီးတာက
ကျွန်တော်တို့တွေရဲ့ဘဝကို ဒီနှစ်ဝက်စာမေးပွဲတစ်ခုက
အဆုံးအဖြတ်ပေးမှာမဟုတ်ဘူး
ဆိုတဲ့အမှန်တရားပါပဲ“

“ကျွန်တော်ကတော့ ပြောင်းလဲမသွားဘူးလို့
ယုံကြည်မိတဲ့အရာ မရှိပါဘူး
အဲ့ဒီယုံကြည်မှုထဲမှာ မျှော်လင့်ခြင်းဆိုတာ ရှိနေလို့ပါ”

“ဝမ်းနည်းစရာတိုင်းကို အဝေးကနေကြည့်ရင်
ဟာသတွေဖြစ်သွားတယ်
အဲ့ဒါကြောင့်
အဝေးကနေကြည့်နေသလိုမျိုး နေရမယ်”

“အမြဲရှုံးလို့ နေ့တိုင်းဝမ်းနည်းနေလို့ မရဘူးလေ
ရယ်လိုက်ရင် မေ့ရလွယ်သွားတယ်
မေ့လိုက်မှ နောက်မှဆိုတာရှိတယ်”

“ငါက အိမ်မက်တွေဖြစ်မလာရင်တောင်
စိတ်မပျက်ဘူး
ဆုံးရှုံးတာ ရှုံးနိမ့်တာကို အသားကျနေပြီမို့လို့လေ”

အဲ့ဒါကို လူတွေက
စိတ်စွမ်းရည်လို့ ခေါ်ကြတယ်
ရှုံးမှာမကြောက်ဘူး
ရှုံးနိမ့်မှာကိုမကြောက်တဲ့ ရဲရင့်တဲ့စိတ်ဓာတ်ကို
လူတိုင်းလိုချင်ကြတယ်
မင်းကလက်ရည်စမ်းပွဲမှာပြိုင်မယ့်
ကစားသမားတွေထဲမှာ
အများဆုံး ရှုံးဖူးတဲ့ကစားသမားပါ
ရှုံးခဲ့တာတွေကို
အခုချိန်ထိ လှေကားလုပ်ပြီးတက်လာခဲ့တာ
စဉ်းစားကြည့်လိုက်ပါ
အခုမင်းရဲ့လှေကားက အမြင့်ဆုံးပဲ
ဖြည်းဖြည်းချင်းတက်လာပြီး လိုချင်တာကိုယူလိုက်

“တက္ကသိုလ်ဘွဲ့ရတွေကိုပဲ လက်ခံမယ်ဆိုရင်
အထက်တန်းအောင်တွေ ကျောင်းနားထားရတဲ့
တက္ကသိုလ်ကျောင်းသားတွေ
အခွင့်အရေးဆုံးရှုံးရမှာပါ
အဲ့ဒီကျောင်းသားတွေက
ဘယ်လိုအရည်အချင်းတွေရှိကြလဲ မသိပေမယ့်…”

အီဂျင်း: ကျွန်တော် တစ်ကယ်ကောင်းကောင်းလုပ်ရမှာ ကျွန်တော်မလုပ်နိုင်ရင် ပညာရေးလိုအပ်ချက်ကို ထပ်စဉ်းစားလာနိုင်တယ် ဒါဆို ကျွန်တော့်လိုလူတွေ
အခွင့်အရေးရလာတော့မှာ မဟုတ်ဘူ

Find someone that inspires you to improve,
just by being together.
“အတူရှိနေရင် ပိုပြီးတိုးတက်လာစေတဲ့သူမျိုးနဲ့
အတူရှိနေရတာက
အဲဒါက တစ်ကယ့်ကိုအောင်မြင်တဲ့ဘဝပဲ“

“ရှင်သန်နေရင်းနဲ့ ပင်ပန်းလာလည်း
သဘောကျတဲ့အရာတွေအပေါ် လက်မလျှော့လိုက်နဲ့
အောင်မြင်ရင်ပဲဖြစ်ဖြစ် ရှုံးနိမ့်ရင်ပဲဖြစ်ဖြစ်
လုပ်နိုင်တာအကုန်လုပ်ပြီးနေပါ“

“ရွေတံဆိပ်ပဲမရခဲ့တာ
အခုရအောင် လုပ်လိုက်ရုံပဲပေါ့“

'Twenty Five Twenty One' 카테고리의 다른 글

Twenty Five Twenty One : Baekdo  (0) 2022.04.15
Twenty Five Twenty One : Part 2  (0) 2022.04.07
25/21 SQUAD  (0) 2022.03.26
Twenty 5 Twenty 1: Quotes  (0) 2022.03.24
Yi-Jin ♡ Hee-Do  (0) 2022.03.03