သတိရနေခဲ့တယ်


ဒါပေမဲ့တွေ့လိုက်တယ် မင်းပြပေးလို့
အဲ့ဒါကြောင့် ဒီနေ့ ရယ်ခဲ့တယ်
Full House အပိုင်း ၁၄ထွက်ပြီလား?
အပိုင်း ၁၅ မထွက်ခင်ပေါ်လာပါ့မယ်
စောင့်နေပါ ဟီဒို..


ဘဲ့အီဂျင်း ငါပါ ဟီဒို
နင်ပျောက်သွားလို့ ဝမ်းနည်းပေမယ့် မနာကျည်းပါဘူး
နင် အကြောင်းအရင်းမရှိ ငါ့ကို အားပေးခဲ့သလိုမျိုး
ငါနင့်ကို အားပေးမယ့်အလှည့်ရောက်ပြီ
နင်ဘယ်မှာရှိရှိ နင်ရှိတဲ့နေရာကို ငါ့အားပေးစကားတွေ ရောက်ရစေမယ်
ငါရောက်အောင် လုပ်ပေးပါ့မယ်
အဲ့ဒီအချိန်တွေ့တာပေါ့.


ခုနက နင့်နောက်ကျောကိုမြင်ပြီး နှလုံးသားက
ပြုတ်ကျသွားပြီထင်ခဲ့တယ်
နင့်ကို လွတ်သွားမှာစိုးလို့
🤍
တအားကို ဆူညံနေပေမယ့်
မင်းအသံကလွဲပြီး မကြားခဲ့ဘူး


Full House အပိုင်း၁၅ ဖတ်ပြီးပြီလား?
🤍
ဟင့်အင်း အခု ဖတ်လို့ရပြီ


ငါ နင်နဲ့သာမဆုံဖြစ်ခဲ့ရင် အခုဘယ်လိုဖြစ်နေမှာလဲ
🤍
မင်းနဲ့ငါက မသိတဲ့သူတွေဖြစ်နေခဲ့လည်း
အခုလိုမျိုး အတူရှိနေမှာပဲ
ငါတို့တွေရဲ့ဦးတည်ချက်က အတူတူပဲလေ
ငါတို့တွေက ဘယ်လိုပဲဖြစ်ဖြစ်
နောက်ဆုံးမှာတွေ့ကြမှာပဲ


ငါတကယ်တော့ လမ်းခွဲရတဲ့အတွေ့အကြုံရချင်လို့
တကယ်ပဲ လမ်းခွဲလိုက်ရတာက ဘာမို့လို့
လူတွေအဲဒီလိုရူးသွားရတာလဲဆိုပြီး
အရမ်းသိချင်ခဲ့တာ
🤍
တကယ်ချစ်ဖူးမှ
လမ်းခွဲရတာက ဝမ်းနည်းစရာကောင်းတာ
အရူးရဲ့


ငါတို့ပြောခဲ့တဲ့ စကားတွေကြောင့်
ညပေါင်းများစွာ ပျော်ခဲ့ရတာ
အဲဒါကနင်မှန်းသာသိရင်
ဒီထက်အများကြီးပိုပျော်ခဲ့မှာ
ဘဲ့ဂီဂျင်း ငါနင့်ကို ပိုင်ဆိုင်မှဖြစ်မယ်..


မင်း ငါ့ကို အင်ဂျောလ်မီနဲ့မှားပြီးဖွင့်ပြောခဲ့တယ်
ဒါက အင်ဂျောလ်မီမဟုတ်ခဲ့ဘူး
အဲဒီပွင့်ပြောခြင်းက ငါ့ဟာမှမဟုတ်တာ
ဘာလို့မဟုတ်ရမှာလဲ တစ်ဝက်က နင့်အပိုင်ပဲဟာ
အင်ဂျောလ်မီက နင်မဟုတ်ဘဲ
တခြားတစ်ယောက်ဆိုရင်..
အဓိပ္ပာယ်မရှိ ဖွင့်ပြောခဲ့မှာမဟုတ်ဘူး
နင်မို့လို့..နင်မို့လို့ထွက်လားတဲ့ဖွင့်ပြောစကားပဲ
အဲဒါကြောင့် အဲဒီဖွင့်ပြောခြင်းရဲ့တစ်ဝက်က
နင့်အပိုင်လို့


မင်းက အမြဲဲတမ်းငါ့ကို မှန်ကန်တဲ့နေရာဆီ
ကောင်းတဲ့နေရာဆီ လမ်းပြပေးတယ်
အဲ့ဒါက ငါစဉ်းစားနေတဲ့
ငါတို့ဆက်ဆံရေးရဲ့ အဓိပ္ပာယ်ပဲ
နာမည်က သက်တံ့


နင် သက်တံ့မဟုတ်ဘူးလို့ ပြောခဲ့တယ်မလား
နင် အခုထိ မဖြေရသေးဘူး သက်တံ့မဟုတ်ဘဲ
ဘာလဲဆိုတာ
အချစ်..
အချစ်ပဲ
ငါ နင့်ကိုချစ်နေတယ် နာဟီဒို
သက်တံ့က မလိုအပ်ဘူး..

ငါက မင်းဘာလုပ်လုပ် ဘယ်လိုပုံစံဖြစ်နေနေ အရှိအတိုင်း ဖြစ်နေတဲ့မင်းကို ချစ်နေတာ
ဒီလိုဖွင့်ပြောလိုက်လို့ မင်းပိုပျော်သွားမယ်ဆိုရင်
ငါ တစ်ခြားမျှော်လင့်တာ မရှိတော့ဘူး

ငါ ဘာလို့ ဒီအခိုက်အတန့်က
ထာဝရတည်မြဲမှာလို့ထင်မိပါလိမ့်?
ထာဝရတည်မြဲမယ်ထင်ရလို့
ထာဝရတည်မြဲကြတာပေါ့

ဒီအထိ ရောက်လာနိုင်ခဲ့ဖို့က
မင်း မရှိရင် မဖြစ်နိုင်ဘူး
'Twenty Five Twenty One' 카테고리의 다른 글
Twenty Five Twenty One : Part 2 (0) | 2022.04.07 |
---|---|
Twenty Five Twenty One : Part 1 (0) | 2022.04.07 |
25/21 SQUAD (0) | 2022.03.26 |
Twenty 5 Twenty 1: Quotes (0) | 2022.03.24 |
Nam Joooo ♡ (0) | 2022.02.16 |