Hello ဒါက Hyun Bin ပါ...
အားလုံးအဆင်ပြေကြရဲ့လား?
လိုအပ်မှုတွေကြားမှ ကျွန်တော့်ကို ချစ်ခင်ပေးကြတဲ့ ပရိသတ်များကို ကျွန်တော့် ဘဝရဲ့ အရေးကြီးဆုံးသောဆုံးဖြတ်ချက်ကို ဦးစွာသိရှိစေလိုသောကြောင့် ဒီစာကိုရေးသားရခြင်းဖြစ်ပါတယ်။

တော်တော်များများက ခန့်မှန်းဖူးကြမှာဘဲ မဟုတ်လား
ဒါအမှန်ပါပဲ
ကျွန်တော်အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ခဲ့ပြီး
ဘဝရဲ့အရေးကြီးဆုံးခြေလှမ်းတစ်ခုကိုလှမ်းဖို့
ဆုံးဖြတ်ခဲ့ပါတယ်။

သူဟာ ကျွန်တော့်ကို အမြဲတမ်းရယ်မောစေခဲ့တဲ့ အမျိုးသမီးဖြစ်တာကြောင့် ရှေ့လာမယ့်နေ့ရက်တွေမှာ အမြဲအတူတူလျှောက်လှမ်းဖို့ ကတိပြုခဲ့ပါတယ်။
ဒရာမာမှာ အတူရှိခဲ့တဲ့ 'Jung Hyuk နဲ့ Se Ri' တို့ဟာ
အနာဂတ်မှာ အတူလက်တွဲပြီး ပထမဆုံးခြေလှမ်းကို
စတင်လျှောက်လှမ်းကြမှာဖြစ်ပါတယ်။

အခုချိန်ထိ ကျွန်တော်တို့ကို ပြသခဲ့တဲ့
ချစ်ခင်ကြင်နာမှု နွေးထွေးမှုတွေနဲ့ ကျွန်တော်တို့ဘဝရဲ့အပြောင်းအလဲကို ပရိတ်သတ်တွေက ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ကျွန်တော်တို့ လူချင်းဆုံတွေ့ရမယ့်အချိန်ထိ
စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။

ဒီစာကိုမရေးခင်မှာ
ဘယ်လိုစိတ်မျိုးနဲ့ရေးရမလဲဆိုတာ
အများကြီး စဉ်းစားခဲ့ပါတယ်။
တကယ်ကို အဖိုးတန်ပြီး အရေးကြီးတဲ့ အရာဖြစ်လို့ တတ်နိုင်သမျှ လှလှပပနဲ့ ချစ်စရာကောင်းအောင် ပြောချင်တယ်။
ကျွန်မဘဝမှာ တစ်သက်လုံး အတူလက်တွဲသွားချင်တဲ့သူ တစ်ယောက်ရှိတယ်။ ဟုတ်ပါတယ် သူပါပဲ..


သူနဲ့အတူရှိနေရုံနဲ့တင်
နွေးထွေးမှုနဲ့ အားကိုးမှုကို ခံစားရစေတယ်။
မိန်းကလေးတစ်ယောက်နဲ့ ယောကျာ်းလေး
တစ်ယောက် တွေ့ဆုံကြတယ်..တစ်ယောက်နဲ့တစ်ယောက် အနာဂတ်ကို အတူဖြတ်သန်းဖို့
ကတိတွေထားခဲ့ကြတယ်။
ကျွန်မတို့ကို အတူတူဆုံစည်းစေခဲ့တဲ့ ကံကြမ္မာကိုပဲ ကျေးဇူးတင်ရမှာပါပဲ...အားလုံးပဲ ကျွန်မတို့ အတူတူဖြတ်သန်းမယ့် အနာဂတ်အစကို
ဂုဏ်ပြုပေးကြပါအုန်း

ကျွန်မတို့ကို အမြဲတမ်း အားပေးပြီး
အချစ်တွေပေးခဲ့ကြတဲ့ ပရိသတ်တွေကို
အမြဲတမ်း ကျေးဇူးတင်ပါတယ်။
အားလုံးပဲ နောင်လာမယ့် နေ့ရက်တွေမှာ ပျော်ရွှင်မှုတွေ ပိုပြီးခံစားရပါစေလို့ မျှော်လင့်ပါတယ်



31.3.2022

🤍🤍🤍

















'Idol Wedding' 카테고리의 다른 글
Yoon Bak 🤍 Soo Bin (0) | 2023.09.02 |
---|---|
Lee Seung Gi 🤍 Lee Da In (0) | 2023.04.08 |
Nam Goong Min 🤍 Jin Ah Reum (0) | 2023.04.08 |
Park Shin Hye 🤍 Choi Tae Joon (0) | 2022.02.18 |