드라마 다이얼로그

Park Shin Hye 🤍 Choi Tae Joon 본문

Idol Wedding

Park Shin Hye 🤍 Choi Tae Joon

드라마 Dialogue 2022. 2. 18. 20:05

“Hello၊ ဒါက Park Shin Hye ပါ
ဒီရက်တွေထဲ ရာသီဥတု အေးလာပြီနော်
မင်းတို့အားလုံး ကိုယ့်ကိုကိုယ်ဂရုစိုက်ကြရဲ့လား။

သိပ်မကြာခင်က
ငါ့ရဲ့ ပထမဆုံးအေဂျင်စီနဲ့ လက်မှတ်ထိုးခဲ့တဲ့
လွန်ခဲ့တဲ့ နှစ်၂၀ကစာချုပ်ကို‌တွေ့မိတယ်။
ငါက အလယ်တန်းဒုတိယနှစ်တက်ခါနီး
6 တန်းကျောင်းသူအရွယ်ပဲရှိသေးပေမဲ့
မင်းသမီးလုပ်ဖို့ရွေးချယ်ခဲ့တယ်။
18 နှစ်တောင်ကြာခဲ့ပြီ
အချိန်တွေကုန်တာမြန်လိုက်တာ။

ငါ့ရဲ့ငယ်ဘဝမှာ လူတွေ အများကြီး တွေ့ခဲ့ရတယ်။
မင်းတို့ကို တကယ်ကျေးဇူးတင်ပါတယ် မင်းတို့ရဲ့ အချစ်တွေနဲ့ အားပေးမှုတွေကြောင့်သာ ငါ့ရဲ့အနုပညာအရည်အသွေးတွေကို နည်းလမ်းအမျိုးမျိုးနဲ့
ချပြနိုင်တဲ့ မင်းသမီးဖြစ်လာခဲ့တာပါ။

ကင်မရာရှေ့မှာပဲ ဖြတ်သန်းနေခဲ့ရလို့
ပျော်ခဲ့တဲ့အချိန်တွေရော ခက်ခဲ့တဲ့အချိန်တွေပါ
မရေမတွက်နိုင်အောင် ရှိခဲ့တယ်။
ဒါတွေအားလုံးကိုဖြတ်ကျော်နိုင်ခဲ့တာ မင်းတို့ပေးတဲ့အားအင်တွေကြောင့်ပါပဲ။ မင်းတို့ဆီက အားတင်းထားဖို့ပြောတဲ့ စကားတစ်ခွန်း၊ နှစ်ခွန်းနဲ့တင်
အလုပ်တွေပြန်လုပ်နိုင်ဖို့ အားဖြစ်ခဲ့တယ် ။

ဒါကြောင့်ပဲ ဒီနေ့ မင်းတို့ကို ဒီသတင်းပြောပြဖို့
အများကြီးစိတ်လှုပ်ရှားနေမိတာဖြစ်မယ်
ဒီသတင်းကြောင့်
ဆောက်တည်ရာမရဖြစ်သွားမှာကိုလည်း
ငါတကယ်စိုးရိမ်မိတယ် ဘာကြောင့်ပဲဖြစ်ဖြစ်
ဒီသတင်းကို ပထမဆုံးသိရသူဟာ
ငါ့ပရိတ်သတ်တွေပဲဖြစ်‌စေချင်တယ်

တွေ့နေခဲ့တာ အချိန်အတော်ကြာပြီဖြစ်တဲ့
အဲ့ဒီအမျိုးသားနဲ့ငါလက်ထပ်ပါ‌တော့မယ်။
အချိန်အတော်ကြာအောင် ငါ့ရဲ့ထောက်တိုင်ဖြစ်ပေးခဲ့ပြီး ParkShinHye ဆိုတဲ့ငါ့ကို တတ်နိုင်သမျှနဲ့ ‌
ထွေးပွေ့ပေးခဲ့တဲ့သူပါ ။
ဒါကြောင့် တစ်‌စုံတစ်ယောက်ရဲ့ လက်တွဲဖော်အနေနဲ့
အိမ်ထောင်ပြုရမလားလို့ ငါစဉ်းစားမိတယ် ။

ပြောရမှာ ချီတုံချတုံဖြစ်နေပေမဲ့ လက်ထပ်ဖို့စီစဉ်နေတုန်းမှာပဲ ငါတို့ဘဝထဲကို တန်ဖိုးဖြတ်မရတဲ့
ရှင်သန်မှုလေးတစ်ခုက ရောက်ရှိနေပါပြီ။

ပြီးတော့ ငါဒါကိုသေချာပေါက်ပြောခဲ့ချင်ပါတယ်
ကိုယ်ပိုင်ဘဝနဲ့ မိသားစုနဲ့ ဖြစ်သွားပေမဲ့
မင်းတို့အတွက် အမြဲတမ်းကြိုးစားသွားမယ်လို့
ငါကတိပေးတယ် ။
လိုအပ်ချက်တွေရှိခဲ့ပေမဲ့ အဆုံးထိ
ငါ့ကိုချစ်ပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို
ကျေးဇူးအများကြီးတင်ပါတယ် ။

အနည်းငယ်ကြာနိုင်တယ်ဆိုပေမဲ့
မင်းသမီးတစ်ယောက်အနေနဲ့ မင်းတို့ဆီကိုပြန်လာနိုင်ဖို့ တတ်နိုင်သမျှကြိုးစားသွားပါမယ် ။
ကျေးဇူးပြုပြီး အဲ့ဒီအချိန်ထိ
ကျန်းကျန်းမာမာရှိနေပေးပါ ။
အခုတော့ မင်းတို့ကို ခဏတာနှုတ်ဆက်ခဲ့မယ်နော်”

-Park ShinHye

“ Hello , ဒါကတော့ Choi Tae Joon ပါ။
ကျွန်တော့်ကို အချိန်အကြာကြီး ပံ့ပိုးပေးလာခဲ့တဲ့သူတွေကိုကျေးဇူးတင်ပါတယ်။ နေ့ရက်တိုင်းကို ကျေးဇူးတင်စိတ်နဲ့ ကျွန်တော် အသက်ရှင်နေပါတယ် ။

တုန်လှုပ်နေတဲ့ နှလုံးသားနဲ့ပဲ ဒီစာကို ရေးလိုက်ပါတယ်။ တခြားသူတွေထက်
ကျွန်တော့်ပရိတ်သတ်တွေကိုပဲ အရင်သိစေချင်တဲ့
ဒီသတင်းကိုပြောပြဖို့အတွက်ပါ ။

အချိန်တစ်ခုဖြတ်သန်းပြီးတဲ့နောက်မှာ
တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေကိုလည်း အများကြီးသိရှိနားလည်ခဲ့ပြီး
လေးနက်တဲ့ဆက်ဆံရေးတစ်ခုကို
တည်ဆောက်ထားနိုင်ခဲ့ပါတယ်။

ShinHye က ကျွန်တော့်အတွက် စကားလုံးတွေမပါဘဲ ပျော်ရွှင်တဲ့အခါ ပြုံးတတ်အောင် ဝမ်းနည်းတဲ့အခါ
ငိုတတ်အောင် သင်ပေးခဲ့တဲ့
ကယ်တယ်ရှင်တစ်ယောက်လိုပါပဲ။

ဒီမေတ္တာတရားအတွက် ကျွန်တော်တို့
ကတိကဝတ်ပြုပြီး အိမ်ထောင်တစ်ခုကို
ဖန်တီးတည်ဆောက်ချင်ပါတယ်။

ကျွန်တော်တို့နှစ်ယောက်ရဲ့
ဘဝစာမျက်နှာသစ်အတွက် ပြင်ဆင်နေရင်းမှာပဲ
ရင်သွေးလေးက ကျွန်တော်တို့နှစ်ယောက်ဘဝထဲကိုရောက်လာပါတော့မယ်။

ဒီသတင်းကြောင့် လန့်သွားမလားလို့ တွေးမိပေမဲ့ တခြားသူတွေထက်အရင် ပရိတ်သတ်တွေကို
သိစေချင်တာကြောင့်မို့ မလုံလောက်ပေမဲ့ ဒီစာကနေပဲ
ကျွန်တော့်ရဲ့ စိတ်ရင်းကို ဖော်ပြလိုက်ရပါတယ်။

အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့
တာဝန်ကျေပွန်အောင် ကြိုးစားသွားမှာဖြစ်ပြီးတော့
သရုပ်ဆောင် Choi TaeJoon အနေနဲ့လည်း
ပရိတ်သတ်တွေ စိတ်မပျက်စေရအောင်
ကျွန်တော်ကြိုးစားသွားပါမယ်။

စာကရှည်သွားပေမဲ့ အဆုံးထိ ဖတ်ပေးလို့
ကျေးဇူးတင်ပါတယ်။
ရာသီဥတုက အေးလာတာကြောင့်
အားလုံးကျန်းမာရေးကိုဂရုစိုက်ကြပါ ”

-Choi Tae Joon

'Idol Wedding' 카테고리의 다른 글

Yoon Bak 🤍 Soo Bin  (0) 2023.09.02
Lee Seung Gi 🤍 Lee Da In  (0) 2023.04.08
Nam Goong Min 🤍 Jin Ah Reum  (0) 2023.04.08
Hyun Bin 🤍 Son Ye Jin  (0) 2022.02.18