본문 바로가기
Idol Wedding

Lee Seung Gi 🤍 Lee Da In

by 드라마 Dialogue 2023. 4. 8.

မင်္ဂလာပါ... ကျွန်တော် Lee Seung Gi ပါ။


ဒီနှစ်က ပုံစံအမျိုးမျိုးနဲ့ စာအရှည်ကြီးတွေ ရေးရဖို့ အကြောင်းအရာပေါင်းများစွာရှိနေတဲ့ နှစ်တစ်နှစ်ဖြစ်ပုံရတယ်နော်။  


ဆိုတော့ ဒီနေ့မှာ ကျွန်တော့်ဘဝရဲ့ အရေးအကြီးဆုံး ဆုံးဖြတ်ချက် တစ်ခုအကြောင်း မင်းတို့ကိုပြောပြချင်ပါတယ်။


ကျွန်တော်ချစ်တဲ့ သူမနဲ့အတူ ချစ်သူအဖြစ်နဲ့တင်မကပဲ အကြင်လင်မယားစုံတွဲတွေအဖြစ်နဲ့ပါ ကျန်ရှိနေတဲ့ ကျွန်တော့်ဘဝရဲ့ နောက်ဆုံးအချိန်တွေအထိ အတူတူ ကုန်ဆုံးဖြတ်သန်းသွားဖို့ ဆုံးဖြတ်ချက် ချထားပါတယ်။

ကျွန်တော် လက်ထပ်ခွင့်တောင်းခဲ့တယ်။ ပြီးတော့ သူမက လက်ခံခဲ့တယ်။  
ဒါကြောင့် ကျွန်တော်တို့ ဧပြီလ ၇ ရက်နေ့မှာ လက်ထပ်ပါတော့မယ်။


အခုကျွန်တော့်မှာ ဘဝရဲ့နောက်ဆုံးအချိန်အထိ စောင့်ရှောက်ကာကွယ်ပေးပြီး တာဝန်ယူသွားရမယ့် သူတစ်ယောက်ရှိနေပါပြီ။ ဒီသတင်းကို ပျော်ရွှင်မှုတွေပြည့်နေတဲ့နှလုံးသားနဲ့အတူ မင်းတို့ကိုပြောပြချင်လို့ပါ။


သူမက ကြင်နာနွေးထွေးတဲ့နှလုံးသားရှိပြီး အရမ်းလည်းချစ်တတ်တယ်။ ဒါကြောင့် ကျွန်တော့်ဘဝ တစ်သက်တာလုံး သူမကို အနားမှာ အမြဲရှိနေစေချင်ပါတယ်။


ပျော်ရွှင်မှုတွေကို အတူတူမျှဝေကြရအောင်...
ဘဝကခက်ခဲပင်ပန်းနေရင်တောင် ဆုပ်ကိုင်ထားတဲ့လက်တွေကို ဘယ်တော့မှ မလွှတ်ချဘဲ ကြုံလာသမျှ ဒုက္ခတွေကို အတူတူရင်ဆိုင်ဖြတ်သန်းသွားချင်တယ်။


မင်းတို့အနေနဲ့ အနာဂတ်မှာ ကျွန်တော်တို့နှစ်ယောက်လုံးကို ချစ်ခင်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။


အနာဂတ်မှာ အများကြီး မျှဝေသွားရင်း
ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းနေထိုင်သွားမှာပါ။

အားလုံးကိုကျေးဇူးတင်ပါတယ်။

'Idol Wedding' 카테고리의 다른 글

Yoon Bak 🤍 Soo Bin  (0) 2023.09.02
Nam Goong Min 🤍 Jin Ah Reum  (0) 2023.04.08
Hyun Bin 🤍 Son Ye Jin  (0) 2022.02.18
Park Shin Hye 🤍 Choi Tae Joon  (0) 2022.02.18