고스트 닥터

စားဖိုမှူးတစ်ယောက်ရဲ့လက်က အရသာရှိတဲ့ အစားအသောက်တွေဖန်တီးပြီးတော့
ပန်းချီဆရာကောင်းတစ်ယောက်ကတော့
ပန်းချီလက်ရာကောင်းတွေကို ရေးဆွဲပြီး
ဆရာဝန်ကတော့ လူနာရဲ့အသက်ကိုကယ်တယ်
ထိတိုင်း ရွှေဖြစ်နေတဲ့လက်နဲ့
တစ်လောကလုံးကို အပိုင်ရထားတဲ့ခံစားချက်က
သိပ်တော့ အထွေအထူးမဟုတ်ပါဘူး
ဆရာဝန်တစ်ယောက်အတွက်ကတော့
လူတစ်ယောက်ရဲ့အသက်ကို ကယ်တင်တာက ကြီးမားပြီးတော့ ကမ္ဘာကြီးတစ်ခုလုံးပဲပေါ့

ဆရာဝန်က လူနာကိုစောင့်တာ ကောင်းပေမယ့်
လူနာက ဆရာဝန်ကို မစောင့်နိုင်ဘူးမလား
ရေနစ်နေတဲ့သူက
ကယ်သူရောက်တဲ့အထိ မစောင့်နိုင်ဘူး

ဆရာဝန်တွေက စာခြောက်ရုပ်တွေမို့လား
ဒီအတိုင်းရပ်ပြီးကြည့်နေရမှာလား လူနာကိုကယ်ဖို့
စိတ်အားထက်သန်နေမှ ဆရာဝန်မဟုတ်လား
ဆရာဝန်တိုင်း လူနာကိုကယ်ခွင့်ရှိတယ်

ဆရာဝန်တွေဆိုတာ
ခွဲစိတ်မှုပြီးရင် အမြဲတမ်းပျော်ကြတာမဟုတ်ဘူး
ဘယ်လူနာရှင်ကိုပဲဖြစ်ဖြစ်
“ခွဲစိတ်မှုအဆင်ပြေပြေပြီးသွားပါတယ်”
“စိတ်မပူပါနဲ့”
ဒီလိုစကားတွေပဲ ပြောကြမယ်ထင်လား
ဆရာဝန်က ဘုရားလား
ဘုရားမဟုတ်တာကြောင့်မို့လို့ အဲ့ဒါကြောင့်မို့
တတ်နိုင်သမျှ အကောင်းဆုံးလုပ်ရုံပဲ
ဆုံးရှုံးလိုက်ရတဲ့လူနာထက်
ကယ်လိုက်နိုင်တဲ့လူနာက များပါစေဆိုပြီးတော့
အမြဲတမ်း အဲ့ဒီစိတ်တစ်ခုတည်းကိုပဲ
လက်ကိုင်ထားကြတာ
'2022 Kdrama' 카테고리의 다른 글
Forecasting Love & Weather 8-16 (0) | 2022.03.27 |
---|---|
Rookie Cops (0) | 2022.03.24 |
Lee Si-Woo ♡ Jin Ha-Kyung (0) | 2022.03.03 |
Forecasting Love & Weather 1-8 (0) | 2022.02.21 |
Tracer season 1 (0) | 2022.02.18 |