본문 바로가기
2022 Kdrama

Forecasting Love & Weather 8-16

by 드라마 Dialogue 2022. 3. 27.

EP:9 | Dry Changma (Rainy Season)
마른장 마 : မိုးခေါင်ခြင်း (မိုးရာသီ)

နွေဦးမှာ ပန်းပွင့်သလို
မိုးရာသီစလို့ နွေမှာမိုးသည်းကြီးမည်းကြီးရွာသလို ကျွန်မအတွက်တော့ လက်ထပ်ဖို့က အချိန်ကျတာနဲ့လုပ်ရမယ့် သဘာဝဆန်တဲ့ကိစ္စပါပဲ
ဒါပေမဲ့ ရာသီဥတုတွေပြောင်းနေပြီး
မိုးလေဝသခန့်မှန်းချက် မသေချာမှုတွေက တိုးလာတဲ့အခုချိန်လိုပဲ
ဘယ်အရာကမှ မသေချာနေပါဘူး

EP:10 | Tropical Night
열대야 : ပူပြင်းတဲ့ ည

အိပ်စက်ခြင်းဆိုတာ
အပူချိန်ရဲ့ သက်ရောက်မှုအများကြီးရှိတယ်
အပူချိန်မြင့်လာရင်
အိပ်မပျော်တဲ့အချိန်အတွင်း ဦးနှောက်အာရုံကြောတွေ လှုံ့ဆော်လာပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်ဘူး
ဒီလိုညမျိုးမှာ အတွေးများတတ်ကြပါတယ်
အတွေးတွေများလာရင် စိတ်ထဲရှုပ်ထွေးလာပြီး ရှုပ်ထွေးနေတဲ့စိတ်က ပိုများတဲ့အတွေးကို စဉ်းစားမိရင်း ထပ်စဉ်းစားနေမိတော့တာပဲ
ဒီလိုနဲ့ ကျွန်တော်တို့တွေအိပ်မပျော်နိုင်တဲ့ အပူပိုင်းညတွေဖြစ်လာတာပါပဲ

EP:11 | 1°C
1°C : တစ် ဒီဂရီ

အပူချိန် 1 ° C ထိ ကျသွားရင်
ငါတို့ခန္ဓာကိုယ်ရဲ့ကိုယ်ခံအား စနစ်က ၃၀ ရာခိုင်နှုန်း လောက် အားနည်းသွားတယ်
ပြင်ပကတိုက်ခိုက်မှုကို
အဲဒီလောက် ထိ ခုခံနိုင်မှုအားနည်းသွားတဲ့ သဘောပဲ
လူတစ်ဦးနဲ့တစ်ဦးကြားက
အပူချိန်ကလည်း အတူတူပဲ
တကယ်ကို သေးငယ်တဲ့ စကားလေးတစ်ခွန်းကအစ တကယ်သေးငယ်တဲ့ မျက်နှာအမူအရာတစ်ခုလေးကအစ နှလုံးသားရဲ့အပူချိန်ကို
လုံးဝအေးစက်သွားစေနိုင်တယ်
ပြီးတော့ အဲဒီလို နှလုံးသားရဲ့အပူချိန်က
တစ်ဒီဂရီလောက်ဖြစ်ဖြစ် ကျသွားတဲ့အချိန်မှာ
ငါတို့က ပြင်ပပတ်ဝန်းကျင်က အရာအားလုံးအပေါ် ဆတ်ဆတ်ထိမခံဖြစ်လာပြီး ခုခံနိုင်စွမ်းမရှိတော့ဘူး

EP:12 | Variation Area
변이 지역 : ရာသီဉတုအပြောင်းအလဲ ဧရိယာ

ဆက်ဆံရေးတွေက ပြောင်းလဲတယ်
ကောင်းတဲ့ဘက်ကိုဖြစ်ဖြစ် ဆိုးတဲ့ဘက်ကိုဖြစ်ဖြစ် အချိန်ပေါ်မူတည်ပြီးတော့ ပြီးတော့ အချင်းချင်းကြားက ဆက်နွယ်နေတဲ့ ခံစားချက်တွေပေါ်မူတည်ပြီး ပြောင်းလဲသွားတယ်
ကြောက်မိတာက အဲဒီလို အသေးအဖွဲ အထင်လွဲမှုနဲ့ သဘောထားကွဲလွဲမှုတွေက မမြင်ရဘဲ ငါတို့ဆက်ဆံရေးကြားမှာ သက်ရောက်မှုဖြစ်လာပြီး ငါတို့ကို ဝေးကွာအောင်လုပ်နေတယ် ငါ မျှော်လင့်ခဲ့တာ ဒါမျိုးလေးပါ
ဒီလိုမျိုး ငါတို့နှစ်ယောက်တည်းရှိတဲ့အချိန်လေး
ပိုင်ဆိုင်ချင်ရုံလေးပါ
ဘယ်ကနေစပြီး မှားယွင်းခဲ့တာလဲ
ဘယ်လိုလုပ်ပြီး ငါတို့ ဒီလိုမျိုး မသိနိုင်တဲ့လမ်းပေါ်မှာ နှစ်ယောက်စလုံး ရပ်နေမိတာလဲ? မပြောပြရင် လုံးလုံးမသိနိုင်တဲ့ကိစ္စတွေတော်တော်များပေမယ့် ငါတို့က ဘာလို့ အချင်းချင်းထုတ်မပြောခဲ့ကြပဲ နားလည်လောက်မှာပါလို့ ဘာလို့တွေးခဲ့ကြတာပါလိမ့်?

EP:13 | Scenario 1,2,3
시나리오 1,2,3 : စိတ်မှန်းဖြစ်နိုင်ခြေ 1,2,3

ရာသီဥတုတွေပြောင်းနေပြီး
မိုးလေဝသခန့်မှန်းချက် မသေချာမှုတွေက
တိုးလာတဲ့အခုချိန်လိုပဲ
ဘယ်အရာကမှ မသေချာနေပါဘူး
တစ်ခါတစ်ရံ ပြင်ဆင်ထားတဲ့ scenario က
အတိအကျမှန်လေ့ရှိတယ်
ခန့်မှန်းထားတဲ့ scenario က ထင်သလိုဖြစ်မလာခဲ့ရင်
အဆိုးရွားဆုံးရလဒ်ဖြစ်လာတယ်
အရေးကြီးတဲ့အဖြစ်မှန်က ပြင်ဆင်ထားတဲ့
scenario က မှန်မှန် မှားမှား ဘဝက ဆက်သွားနေပြီးတော့ ကျွန်မတို့က အဲဒီနောက်က ထပ်ပြီး နောက်လာမဲ့ scenario အတွက် ပြင်ဆင်ရဦးမယ်
ငါ နင်နဲ့လမ်းခွဲတဲ့နေရာမှာ ဘယ် scenario ကို
ရွေးရမလဲ?
Scenario 1 တွယ်ကပ်နေမယ်
Scenario 2 ဒီလိုပဲ ပျော်ပျော်ကြီး လမ်းခွဲမယ်
Scenario 3 အတတ်နိုင်ဆုံး အချိန်ဆွဲထားမယ်

EP:14 | Migratory Anticyclone
이동성 고기압: ရွှေ့ပြောင်းအန်တီဆိုင်ကလုန်း

မြောက်ပစိဖိတ်ဘက်က စိုထိုင်းပူပြင်းတဲ့လေတွေ
ဝေးလွှင့်သွားပြီးတော့ သိပ်မအေး သိပ်မပူလှတဲ့
သာယာတဲ့ရာသီဥတု စတင်ပါပြီ
အနောက်ဘက်ရွေ့လျားနေတဲ့ Anticyclone ရွေ့ပြောင်းမှုနဲ့အတူ
သာယာလျက်ရှိပါတယ်
ဘာလုပ်လုပ်ပျော်စရာကောင်းနေတဲ့ ဒီရာသီမှာ
ကျွန်မကတော့ အသည်းကွဲနေပါတယ်

EP:15 | Ensemble
앙상블 : ပေါင်းစည်းမှု

မိုးက လေကိုပြောခဲ့တယ်
“မင်းက တိုးဝှေ့တိုက်လိုက်”
“ငါက ရွာချလိုက်မယ်”တဲ့

EP:16 | Tomorrow’s Answers
내일 의 정답: မနက်ဖြန်အတွက်အဖြေ

လွယ်ကူတယ်လို့စဉ်းစားထားတဲ့ပြဿနာက လောကကြီးမှာအခက်ခဲဆုံးဖြစ်နေတတ်တဲ့ အခိုက်အတန့်တွေရှိတယ် မလူးသာ မလွန့်သာအခြေအနေ ရှေ့ကိုတိုးလည်းမရ နောက်ကိုဆုတ်လည်းမရတဲ့အခြေအနေ
ဘယ်လောက်ထိလုပ်ပေးရမလဲ ဘယ်အရာကမှန်ပြီး ဘယ်အရာကမှားလဲ မတွေးနိုင်တော့ရင်တောင်
ကျွန်မတို့တွေဆုံးဖြတ်ချက်ချရမယ်
ဘယ်လိုလုပ်မှ မှန်တယ်ဆိုတာ ဘယ်လိုဖြေမှ
အဖြေမှန်လဲဆိုတာ

'2022 Kdrama' 카테고리의 다른 글

Eve:이브  (0) 2022.07.23
ANNA: 안나  (0) 2022.07.09
Rookie Cops  (0) 2022.03.24
Lee Si-Woo ♡ Jin Ha-Kyung  (0) 2022.03.03
Forecasting Love & Weather 1-8  (0) 2022.02.21