드라마 다이얼로그

Rookie Cops 본문

2022 Kdrama

Rookie Cops

드라마 Dialogue 2022. 3. 24. 16:27

Rookie Cops: 너와 나의 경찰수업
Average rating : 7.5/10

2021 မှာ Police University
2022 မှာတော့ Rookie Cops ပေါ့
ဇာတ်ကားပုံစံချင်းကတော့ အတူတူပါပဲ
လိုက်ရတဲ့ အမှုပဲကွာသွားတာ
မြင်နေကျမို့လို့ ရိုးပေမယ့် ပျင်းစရာကောင်းမနေအောင် အဆုံးထိခေါ်သွားနိုင်ပါတယ်

အသက်၂၀အရွယ် တက္ကသိုလ်ကျောင်းသားဘဝ အချစ် ပြီးတော့ friendship တွေကတော့
အားကျရတဲ့အရာတွေပေါ့

ဒီမှာ မဖြစ်မနေ ချီးကျူးရမယ့်သူက Main Lead ဖြစ်တဲ့ Kang Daniel ပါ
Idol တစ်ယောက်ရဲ့ debut drama အနေနဲ့ သရုပ်ဆောင်မှုတွေက အပြစ်ပြောစရာမရှိအောင် ကောင်းစွာသရုပ်ဆောင်နိုင်ခဲ့တယ်
နောက်ခံသီချင်း Because of you နဲ့ CEO Kang ရဲ့ Payphone kiss scene ကတော့ ရင်အခုန်ရဆုံးပေါ့

“ရဲအလုပ်ဆိုတာက ဉပဒေကိုအခြေခံပြီးတော့
ပူးပေါင်းဆာင်ရွက်ရတဲ့အလုပ်ပါ
ဉပဒေမဲ့လုပ်ရပ်ကို ကောင်းစေချင်တဲ့ရည်ရွယ်ချက်ဆိုပြီး
ဆင်ခြေပေးပြီး လုပ်လို့ရတဲ့အလုပ်မဟုတ်ဘူး”

“ငါတို့တွေနောက်ပိုင်းကျ ဖမ်းရမယ့်လူတွေက ဒီလိုလူမျိုးတွေပဲ
အာဏာကို အလွဲသုံးစားလုပ်ပြီးတော့ သူတို့ရဲ့အကျိုးအတွက် တရားမျှတမှုဆိုတာကို ချောင်ထိုးထားတဲ့သူတွေ”

“ဘဝဆိုတာ ထင်သလိုဖြစ်မလာဘူး
ဒါပေမဲ့ ထင်သလိုဖြစ်မလာတဲ့ ကိစ္စတွေကလည်း
တစ်ကယ်အံ့အားသင့်စရာကောင်းတယ်”

ဒီအတိုင်း
နင်သက်သောင့်သက်သာဖြစ်တဲ့လူနဲ့ပဲ တွဲပါ
နင့်ပုံစံအစစ်ကို မြင်ပြီးတာတောင်
အိမ်ရောက်ရင် နောင်တမရတဲ့လူမျိုး
ဘယ်လိုဆက်ဆံရေးပဲဖြစ်ဖြစ်
အဲ့ဒီကြားထဲ နင်မှမပါရင် ဘာအဓိပ္ပာယ်ရှိမှာလဲ

သူငယ်ချင်းဖြစ်တယ်ဆိုတာ အထွေအထူးမဟုတ်ပါဘူး
ရန်ဖြစ်ပြီးသွားလည်း အချင်းချင်း စိတ်ပူနေစရာမလိုဘူး
နောက်ပြောင်တာက နှစ်သိမ့်ပေးတဲ့စကားဖြစ်နိုင်ပြီးတော့ နာကျင်မှုကို အတူတူငိုပေးတဲ့သူ..
ဒီအတိုင်း အတူတူရှိနေရုံနဲ့တင် ကျွန်မတို့က
သူငယ်ချင်းတွေပဲ
အဲ့ဒီလိုနဲ့ ကျွန်မတို့ရဲ့ အသက်၂၀အရွယ်မှာ အကောင်းဆုံးနွေရာသီကို ပိုင်ဆိုင်ခွင့်ရခဲ့ကြပါတယ်

ဘယ်သူမဆို မပြောပြချင်တဲ့ လျှို့ဝှက်ချက်တစ်ခုတော့ ရှိကြတာပဲ အဲဒါကို သိသွားကြလို့လည်း
အဲဒါက ဘဝကြီးရဲ့အဆုံးသတ်မဖြစ်သွားဘူးလေ
လူဆိုတာ ထင်ထားသလောက်
မင်းအကြောင်းကို စိတ်ဝင်စားမနေကြပါဘူးလို့
(သေချာပေါက် မင်းက လှလို့ စိတ်ဝင်စားကြတာလည်းရှိမှာပေမဲ့ပေါ့)

ငါတို့တွေက သူများတွေထက် စိတ်အားထက်သန်ပြီး ပြင်းထန်တဲ့ အသက် ၂ဝ အရွယ်ကိုပိုင်ဆိုင်ခဲ့ကြတယ်
ငါတို့က ဘယ်လိုလူတွေဖြစ်လာမလဲ
အခုထိမသိသေးပါဘူး
ဒါပေမဲ့ သေချာတာကတော့ မနေ့ကထက် ပိုကောင်းလာပြီး မနက်ဖြန်မှာ ပိုကောင်းမွန်လာဦးမှာပါ
ငါတို့တွေက အခု ကျော်ဖြတ်နိုင်စရာမရှိဘူးလို့ထင်ရတဲ့ အချိန်တွေကို အချက်ချင်းလက်တွဲ အားပေးရင်းကျော်ဖြတ်လာနိုင်ခဲ့ပါပြီ အဲဒါက ဘယ်လောက်ထိ ပင်ပန်းပြီး ခက်ခဲနေပါစေ နင်နဲ့ ငါသာ အတူတူရှိနေရင် အဆုံးထိကို သွားရမှာပေါ့

Thank You

'2022 Kdrama' 카테고리의 다른 글

ANNA: 안나  (0) 2022.07.09
Forecasting Love & Weather 8-16  (0) 2022.03.27
Lee Si-Woo ♡ Jin Ha-Kyung  (0) 2022.03.03
Forecasting Love & Weather 1-8  (0) 2022.02.21
Tracer season 1  (0) 2022.02.18