일 | 월 | 화 | 수 | 목 | 금 | 토 |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | |||
5 | 6 | 7 | 8 | 9 | 10 | 11 |
12 | 13 | 14 | 15 | 16 | 17 | 18 |
19 | 20 | 21 | 22 | 23 | 24 | 25 |
26 | 27 | 28 | 29 | 30 | 31 |
- 18Again
- RacketBoys
- TwentyFiveTwentyOne
- YumiCells
- ForecastingLoveandWeather
- ChicagoTypewriter
- YumiCells2
- CrashLandingOnYou
- Remarriageanddesires
- Taxidriver
- LeeJunho
- HometownChaChaCha
- BeMelodramatic
- WiseMountainvillageLife
- DrRomantic
- MrSunshine
- HymnOfDeath
- startup
- YouthOfMay
- HighClass
- TheKingsAffection
- DaliandCockyPrince
- WhyHer?
- TheRedSleeve
- LeeJeHoon
- OurBlues
- OurBelovedSummer
- NowWeAreBreakingUp
- TheDevilJudge
- KimSeonHo
- Today
- Total
드라마 다이얼로그
Because I Hate Korea: 한국이 싫어서 본문
ကျွန်မဘာလို့ကိုရီးယားကနေ ထွက်သွားလဲသိလား
၂ခွန်းတည်းပြောရရင် ကိုရီးယားကိုမကြိုက်လို့
၃ခွန်းပြောရမယ်ဆိုရင် ဒီမှာထပ်မနေချင်တော့လို့
မှေးငေါ့ပြီး ဆဲမနေပါနဲ့
ကိုယ်မွေးလာတဲ့နိုင်ငံဆိုပေမဲ့ မုန်းတာမျိုးလည်းရှိနိုင်တာပဲလေ
ကုမ္ပဏီမှာ အလုပ်လုပ်တုန်းကဆိုရင်
နေ့တိုင်း မိုးလင်းတာနဲ့ငိုရတယ်
ကုမ္ပဏီကအလုပ်တွေကြောင့်ဆိုတာထက် ရုံးတက် ရုံးဆင်းချိန်ကြောင့်ပဲ
အလုပ်တက်ချိန်ကို အင်ချွန်းကနေ ဂန်းနမ်ဘူတာအထိသွားဖူးကြလား
လူပီသတာတွေ လူ့ဂုဏ်သိက္ခာတွေဆိုတာက အကျပ်အတည်းဖြစ်လာတဲ့အချိန်ကျရင် ဘာမဟုတ်တဲ့အရာတွေဖြစ်သွားတယ် ဆိုတာကို သိလာရတယ်
ရွာဘက်က ဘတ်စ်ကားနဲ့မှတ်တိုင် ၁၂ခု အထိစီးသွားပြီးတော့ မြေအောက်ရထားဘူတာမှာဆင်းတယ်
ပြီးတော့ လိုင်းနံပါတ် ၁ကိုစီးပြီး ရှင်းဒိုရင်းဘူတာကနေ လိုင်းနံပါတ် ၂ကို ပြောင်းစီးရတယ်
အဲဒီလိုမျိုး ၂နာရီလောက် ယာဉ်တွေစီးနေရတော့ အရင်ဘဝက ဘာအပြစ်တွေများ ကျူးလွန်ခဲ့မိတာလဲလို့ တွေးမိတယ်
ကုမ္ပဏီကိုရောက်တာနဲ့ အိမ်ပြန်ချင်တယ်ဆိုတဲ့အတွေးကလွဲရင် ဘာမှမရှိဘူး
ကုမ္ပဏီမှာ အလုပ်လုပ်ရင်လည်း ထွေထွေထူးထူးအတွေးတွေမရှိသလိုပဲ
ကျွန်မက အဖွဲ့အစည်းတစ်ခုအတွက် အရေးပါတဲ့ခွေးသွားစိပ်လို့ ပြောပေမဲ့လည်း အဲ့ဒီခွေးသွားစိပ်က ဘယ်မှာညှပ်နေပြီး ဒီစက်ဝန်းက ဘယ်လိုလည်ပတ်နေလဲဆိုတာရယ်
ဒီလှည်းကြီးက ဘယ်ကိုဦးတည်ပြီး သွားနေသလဲဆိုတာကို မသိခဲ့ရဘူး
ကျွန်မက ဘာအလုပ်တွေကို ဘာကြောင့် လုပ်နေလဲဆိုတာလည်း မသိတော့ဘူး
ကျွန်မကိုရီးယားမှာ ဆက်မနေနိုင်တော့ဘူးလို့ တွေးရတဲ့အကြောင်းအရင်းက ကိုရီးယားမှာဆိုရင် ကျွန်မက ယှဉ်ပြိုင်လိုစိတ်မရှိတဲ့လူ ဖြစ်နေတာကြောင့်ပဲ
မျိုးသုဉ်းပျောက်ကွယ်သင့်တဲ့တိရစ္ဆာန်လို့ပဲပြောရမလား
အအေးဒဏ်လည်း မခံနိုင်ဘူး
ပြင်းပြင်းပြပြနဲ့ စိတ်နှစ်ပြီးလုပ်တာလည်းမရှိဘူး
အမွေရထားတာလည်း တစ်စိမှမရှိတဲ့အပြင် လက်ပေါက်ကပ်တာကလည်း အမြင်ကပ်ဖို့ကောင်းလောက်အောင်ပဲ
အာဖရိကမြက်ခင်းပြင်မှာရိုက်ပြထားတဲ့ Documentary ထဲမှာဆိုရင်
အမြဲတမ်းကျားသစ်ဆီမှာ ဖမ်းစားခံရတဲ့ အကောင်ရှိတယ်လေ
ဆိတ်သမင်
သူတို့ကိုကြည့်လိုက်ရင် ကျားသစ်လာပြီဆိုတာနဲ့ သူများပြေးနေတဲ့လမ်းကြောင်းနဲ့ ဆန့်ကျင်ဘက်ကိုပြေးပြီး ဖမ်းစားခံရတဲ့ တစ်ကောင်တော့ရှိတယ်လေ
ကျွန်မက သူ့လိုပဲ
သူများလုပ်သလိုလည်းမလုပ်ဘဲနဲ့
“ဒီနေရာက မှောင်ကုပ်ကုက်ဖြစ်တယ်
ဟိုနေရာက မြက်တွေက ကြမ်းတယ်”လို့ပြောရင်းနဲ့ အုပ်စုကနေ ခွဲထွက်ပြီး သားရဲတွေရဲ့ပစ်မှတ်ဖြစ်သွားတာ
ဒါပေမဲ့ ကျွန်မက ဆိတ်သမင်ဆိုတိုင်းလည်း ကျားသစ်ရောက်လာတဲ့အချိန် ဘာမှမလုပ်ဘဲနေနေလို့တော့မရဘူးလေ
“ခြေလှမ်းတွေရေ ငါ့ကိုကယ်ပါဦး” ဆိုပြီး ထွက်ပြေးရမှာပေါ့
ဒါကြောင့် ကိုရီးယားကနေ ထွက်သွားဖို့ဆုံးဖြတ်လိုက်တာ
ဘဝမှာအရေးကြီးဆုံးအရာက
ပိုက်ဆံမဟုတ်ဘဲ ပျော်ရွှင်မှုကို ရှာဖွေတာတဲ့
ငါပြောချင်တဲ့စကားက တစ်ခုတည်းပဲ
ပန်းတိုင်ဆိုတဲ့အရာမျိုး ရှင်းရှင်းလင်းလင်းရှိရင်ကောင်းပေမဲ့ မရှိလည်း ဘာမှမဖြစ်ဘူး
ဘယ်သူမှ နောက်ကမလိုက်လာတာမို့လို့ ထွက်ပြေးစရာမလိုဘူး
အဲဒီလိုတွေးလိုက်ရင် စိတ်ထဲပေါ့သွားလိမ့်မယ်
ဒါပေမဲ့လည်း စိုးရိမ်နေသေးရင် စွန့်စားပစ်လိုက် စွန့်စားရလေလေ ပိုကောင်းလေပဲ
နောက်ဆုံးကျမှ ရောက်လာမလား
မရောက်လာမလား မသိနိုင်တဲ့ရလဒ်ကောင်းကို စောင့်ရင်း
အခု စိတ်ဆင်းရဲလျက်သား သည်းခံနေရမှာကြီးကို အရမ်းမုန်းတယ်
လေယာဉ်ပျံပေါ်ကနေ လေထီးစီးပြီးခုန်ချတာနဲ့ အဆောက်အဦးထိပ်ကနေ လေထီးစီးပြီခုန်ချတာနဲ့
ဘယ်ဟာက ပိုအန္တရယ်များလဲဆိုတာကိုသိလား
အဆောက်အဦးထိပ်ကနေ ခုန်ချတာက အများကြီးပိုပြီး အန္တရယ်များတယ်
အမြင့်ကနေပြုတ်ကျတဲ့သူက အောက်ခြေကိုမထိခင် ခန္တာကိုယ်ကိုစုပြီး ကိုယ်နေဟန်ထားပြင်ဖို့အချိန်ရှိပေမဲ့ အနိမ့်ကနေပြုတ်ကျတဲ့သူကတော့ အဲဒီလိုလုပ်ဖို့အချိန်မရှိဘူး
ပျော်ရွှင်မှုဆိုတဲ့ စကားကလေ
ဘာလို့လဲမသိ အရမ်း အလွန်အကြူးအကဲဖြတ်ထားတဲ့ စကားလုံးလို့ထင်တယ်
ငါလေ ဗိုက်ဆာနေရင်တောင် မအေးနေရင် တစ်ကယ်ပျော်တယ်
ငါ့အတွက် အဲဒါက တစ်ကယ့်ပျော်ရွှင်မှုပဲ
ငါက လေထုကောင်းနေရင်ပျော်တယ်
လေထုကသန့်ရှင်းပြီး ငါ့အခန်းထဲ နေရောင်နည်းနည်းလောက် ကောင်းကောင်းဝင်လာရင်ကောင်းမှာပဲ
ငါကတော့ အဲ့ဒီလောက်ဆိုရင် ရပြီ
ဟိုးတုန်းက အအေးမကြိုက်တဲ့ ပင်ကွင်းလေးတစ်ကောင်ရှိတယ်
နာမည်က ပါဘလိုတဲ့
ပါဘလိုက နွေးထွေးတဲ့နေရာကို သွားဖို့ကြိုးစားပေမဲ့ အကြိမ်ကြိမ်အခါခါ ရှုံးနိမ့်ခဲ့တယ်
အဲဒီအချိန်တိုင်း သူငယ်ချင်းတွေက ပါဘလိုကို ကယ်တင်ပေးခဲ့ကြတာပေါ့
ဒီလိုနဲ့ ပါဘလိုဟာ အဆုံးထိလက်မလျှော့ခဲ့ဘူး
နောက်ဆုံးမှာတော့ သူ့ရဲ့ရေခဲအိမ်နဲ့အိမ်တစ်ဝိုက်က ရေခဲတွေကိုခွဲပြီးတော့ ရေခဲလှေလေးကိုလုပ်ခဲ့တယ်
ခရီးက အစမှာတော့ ပြဿနာမရှိခဲ့ပေမဲ့ နောက်တော့လှေက တဖြည်းဖြည်းအရည်ပျော်ပြီး ရေခြအပိုင်းအစလေးတွေပဲကျန်တော့တယ်
ဒါပေမဲ့လည်း ပါဘလိုက ဆက်သွားဖို့ဆုံဖြတ်ခဲ့တယ်
ပါဘလိုဟာ ဦးတည်ရာမရှိ နေ့ရောညပါ လျှောက်သွားနေရင်း နောက်ဆုံး ဟာဝိုင်အီလိုပုံစံရှိတဲ့ နွေးထွေးတဲ့ကျွန်းလေးကို ရောက်သွားတယ်
ဒီလိုနဲ့ ထန်းပင်ေတွေကြားက ပုခက်ထဲမှာလှဲအိပ်ပြီး အအေးတစ်ခွက်သောက်ရင်းနဲ့ စကားတစ်ခွန်းပြောလိုက်တယ်
“ထပ်ပြီး အေးတော့မှာမဟုတ်ဘူး”
'Films' 카테고리의 다른 글
To My Lonely Sister: 발바닥이 뜨거워서 (0) | 2024.12.15 |
---|---|
Love in the Big City: 대도시의 사랑법 (0) | 2024.12.15 |
The Road In-Between: 모퉁이를 돌면 (0) | 2024.12.05 |
3 Days Vacation: 3일의 휴가 (0) | 2024.01.05 |
P A S T L I V E S (0) | 2023.09.07 |