












နင်က နင်ပဲလေ
ဘာလို့နင့်အားနည်းချက်ဖြစ်ရမှာလဲ

လူတွက ကိုယ်နဲ့မတူရင် အဲဒါကို အဆင့်နိမ့်တယ်လို့တွေးမှ စိတ်ထဲသက်သောင့် သက်သာဖြစ်တာလေ

အညာလွယ်တဲ့မိန်းမတဲ့ မိန်းမပျက်တဲ့
သူများကြားအောင်ဆဲဆိုနေလည်း ကိစ္စမရှိဘူးလား
အရမ်းသိသာနေလို့
လက်လွတ်စပယ်ဆက်ဆံလည်း စိတ်ဒဏ်ရာမရဘူးလို့ ထင်နေတာလား
ဘာလို့ သူတို့စိတ်တိုင်းကျစဉ်းစားပြီး စိတ်တိုင်းကျဆဲဆိုပြီး
အားလုံးအတွက် ဘာလို့ဒီလောက်လွယ်ကူနေတာလဲ
အားလုံးက ဘာလို့ ဒီလိုအလွယ်လေးဆုံးဖြတ်ရတာလဲ
ငါတောင်မှ ငါ့ကိုယ်ငါ သေချာမသိတာကို

ယောကျာ်းတွေသာ စောစောအိမ်ပြန်မယ်ဆိုရင်
မိန်းကလေးတစ်ယောက်တည်း ညဘက်ကြီး လမ်းလျှောက်ပြန်လည်း
ဘေးကင်းလောက်မယ်မဟုတ်ဘူးလား

အဲဒီအချိန်တုန်းက ငါ့ဘဝမှာပေါ်လာပြီးတော့ ငါ့ကိုနားလည်ပေးပြီးတော့
ပျော်ပျော်ရွှင်ရွှင်နဲ့ အချင်းချင်းရဲ့စိတ်ဒဏ်ရာတွေကို အတူတူကုသရင်းနဲ့ သံသယဖြစ်တာမျိုးမရှိဘဲ အရာအားလုံးကို ပေးအပ်ခဲ့တဲ့
ငါချစ်ခဲ့မိတဲ့အချိန်တွေနဲ့ အဲဒီအချိန်တုန်းက
ငါလုပ်ခဲ့တဲ့ မျက်နှာထားအားလုံးကို မှတ်မိနေတဲ့
ငါက ငါဖြစ်နေရုံနဲ့တင် လုံလောက်ပြီဆိုတာကို
သိသွားအောင်လုပ်ပေးတဲ့ ငါ့အသက် ၂၀အရွယ်ရဲ့ သူစိမ်း
ကောင်းကောင်းသွားပါ ဂျယ်ဟီးရေ
'Films' 카테고리의 다른 글
Harbin: 하얼빈 (0) | 2025.02.25 |
---|---|
To My Lonely Sister: 발바닥이 뜨거워서 (0) | 2024.12.15 |
Because I Hate Korea: 한국이 싫어서 (0) | 2024.12.14 |
The Road In-Between: 모퉁이를 돌면 (0) | 2024.12.05 |
3 Days Vacation: 3일의 휴가 (0) | 2024.01.05 |