드라마 다이얼로그

LOST: 인간실격 본문

2021 Kdrama

LOST: 인간실격

드라마 Dialogue 2023. 11. 28. 01:25

 

စက္ကူတွေလိုက်ကောက်တာ ငါ့အတွက်တော့ အဆင်ပြေပေမယ့် နင်ကတော့ လုပ်လို့မဖြစ်ဘူးလေ နင်က ငါ့သားသမီးမို့လို့ သားသမီးတွေဆိုတာ မိဘထက် ပိုကောင်းတဲ့ဘဝမှာနေထိုင်ရမယ်လေ


“အဖေ သမီးလေ ကျရှုံးသွားပြီထင်တယ်
သမီးကျရှုံးသွားပြီ
အဖေ လမ်းပေါ်မှာ ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီး
သမီးကိုပျိုးထောင်ပေးခဲ့တဲ့အတွက် အောင်မြင်အောင်ကြိုးစားချင်ပေမယ့်
ဘယ်လိုဆက်လုပ်ရမလဲမသိတော့ဘူး
ဘာကြီးမှဖြစ်မလာခဲ့ဘူး
လောကကြီးမှာ မွေးဖွားလာပြီးတော့
ဘာမှဖြစ်မလာခဲ့ဘူး
သမီးကိုယ်တိုင် ဘာကိုမှ မဖန်တီးနိုင်ဘူး
အဲ့ဒါကြောင့် အရမ်းအထီးကျန်တယ်”


လွမ်းတယ် အဖေ
ညစ်ပတ်နေတဲ့ ငါးပေပတ်လည်ကုတင်ပေါ်
လှဲနေပြီးတော့ တစ်နေ့လုံး ကျွန်တော်လာမှာကို
စောင့်နေတဲ့အဖေ
တစ်နေကုန် ကျွန်တော်လာမှာကိုပဲ စောင့်နေတဲ့ အဖေ
ကျွန်တော့်ကို မခွဲခွာခင် နောက်ဆုံးအချိန်လေးမှာ ၆နှစ်လောက် အိပ်လာခဲ့ရတဲ့ ကုတင်ပေါ်မှာ လှဲနေပြီးတော့ အဖေ ဘာအတွေးတွေများ တွေးနေလိမ့်မလဲ

နောက်ဆုံးအနေနဲ့ ရှိသမျှခွန်အားလေးတွေကိုသုံးပြီး အဖေက ဘယ်ကိုများ သွားချင်ခဲ့တာလဲ
ရုတ်တရက် ဗိုက်တွေများ အရမ်းဆာခဲ့လို့လား
သည်းခံလို့မရအောင်ကို နာကျင်ခံစားခဲ့ရလို့လား
ဒါမှမဟုတ် အိမ်ပြန်ချင်ခဲ့တာရော မဟုတ်ဘူးလား
ဘယ်လောက်တောင် အသက်ရှူကြပ်နေခဲ့လိမ့်မလဲ
ဘယ်လောက်တောင် အထီးကျန်နေခဲ့လိမ့်မလဲ
ဘယ်လောက်တောင် ကြောက်နေခဲ့လိမ့်မလဲ
ဘယ်လောက်တောင် ဘယ်လောက်တောင်
ကျွန်တော်လာတာကို စောင့်နေခဲ့လိမ့်မလဲ

ကျွန်တော်စဉ်းစားလို့ရသမျှက အဲ့လောက်ပဲရှိတာဆိုတော့ အဲ့အတွက် တော်တော်ခံစားရတာကြောင့်မို့
ကျွန်တော် အဲ့နေ့တုန်းကလည်း ဒီနေ့လိုပဲ
အဝေးကြီးကို ထွက်ပြေးသွားခဲ့မိတယ်
ဘယ်တော့မဆို တစ်နေ့လုံး ကျွန်တော့်ကိုပဲ
စောင့်နေတတ်တဲ့ အဖေ
ကျွန်တော်အခုထိ သေတယ်ဆိုတာ ဘာလဲ
သေချာမသိသေးပါဘူး
ဘဝဆိုတာ ဘာလဲ ဆိုတာရော
သေချာမသိသေးပါဘူး
အချိန်တွေကြာလို့ တစ်ရက်ရက်ကျရင်ရော
ကျွန်တော် သိလာလောက်မှာလား
ဘဝဆိုတာဘာလဲ သေတယ်ဆိုတာ ဘာလဲ
ပစ္စုပ္ပန်ဆိုတာ ဘာလဲ အနာဂတ်ဆိုတာ ဘာလဲ
နောက်ဆုံးထွက်သက်ရဲ့ နောက်ဆုံးအချိန်ရောက်ရင် အားလုံး အထီးကျန်တတ်ကြတယ်
အဲ့ဒါကိုရော ကျွန်တော် နားလည်လာလောက်မှာလား


လူတွေဆိုတာ အဲ့လိုပါပဲ
ပုံမှန်ဆို ဘာမှ ဂရုမစိုက်သလိုနေနေပေမယ့် တစ်ယောက်ယောက် ပြဿနာတက် ဒုက္ခရောက်နေပြီဆိုရင် အနားကပ်လာတတ်ကြတယ်
ဗီဇကိုက သူများကိစ္စဆို ဝင်ပါတတ်ကြတာမို့လို့


အဲ့မှာ ရှိနေပေမယ့် အဲ့မှာ ရှိမနေတဲ့လူလိုမျိုး
သူ့အတွက် မမြင်ရဘဲ ပျောက်ကွယ်နေတဲ့သူထင်တယ်
စဉ်းစားကြည့်တော့မှ သမီးလည်း ငယ်ငယ်တုန်းက
အဲ့လိုမျိုးပဲထင်တယ်
ကိုယ်စိတ်ဝင်စားတဲ့အရာကိုပဲ မြင်တတ်တာဆိုတော့
ငါကလွဲလို့ တခြားသူတွေအားလုံးက
ဘေးက ဖြတ်သွားတဲ့သူတွေလိုပဲ
တစ်နေရာတည်းမှာ အတူရှိနေပေမယ့်
ကမ္ဘာခြားပြီးနေသလိုဖြစ်နေလို့
စိတ်မဝင်စားတဲ့အခါ သူတို့ကို မမြင်သလိုမျိုးပါပဲ

အဖေလည်း အဲ့လို တစ်ခါတစ်လေ ဖြစ်တတ်တယ်
ဒီလူတွေ ငါ့ကို မမြင်ဘူးနဲ့တူတယ် အဲ့လိုပေါ့
ကိုယ်အဲ့မှာ ရှိမနေသလို နေနေရတာ
ပြီးကျ တကယ် ပျောက်ကွယ်သွားတယ်  


ဘယ်ကနေ စပြီး ပြောပြရမလဲ
ဘယ်နေရာကနေ စပြီး မှားသွားတာလဲ
ဒီနေရာက လုံခြုံတယ်
အဆင်ပြေတယ်
ကျွန်မက သာမန်ပဲမို့
ကျွန်မကိုယ်ကျွန်မ
အမြဲတမ်း သာမန်ပဲလို့ ခံယူထားခဲ့တယ်
ဒါပေမယ့်အခု ကျွန်မအတွက် နေရာမရှိတော့ဘူးပဲ

အဖေ
သမီး အခု နည်းလမ်းမှားနဲ့ဆောက်ထားတဲ့
အဆောက်အဦးလိုမျိုး ကျွန်မပဲသိနိုင်တဲ့ပုံစံမျိုးနဲ့
အကုန်လုံးက ဖြည်းဖြည်းချင်းပြိုကျနေပါတယ်
တစ်နေ့ကျရင် မထင်မှတ်ထားတဲ့လေ တိုက်ခတ်တာပဲဖြစ်ဖြစ် မိုးရွာတာပဲဖြစ်ဖြစ် နှင်းကျလာခဲ့ရင်
ကျွန်မနေရာက အရင်ဆုံးပြိုကျမလားမသိပေမယ့်
ကျွန်မရပ်နေခဲ့တယ်
မြင်သမျှအရာအားလုံးက အခွံသာသာဖြစ်ပြီးတော့ ကျွန်မက ဒီမှာမရှိပါဘူး
ရှိနေသင့်တဲ့နေရာက ဘယ်နေရာဖြစ်သင့်လဲ
ဒီနေရာက ကြမ်းပြင်လား
ဒါမှမဟုတ်
ဒီထက်ပိုပြီးတော့ နိမ့်ကျတဲ့နေရာရှိသေးတာလား
အဲဒါက ဘယ်နေရာလဲမသိလို့ စိုးရိမ်ပြီးရင်း...
စိုးရိမ်နေပါတယ်


စဉ်းစားကြည့်လိုက်တော့မှ
ငယ်ရွယ်သူတွေက ဘာမှလည်း ထွေထွေထူးထူးမဟုတ်ဘဲနဲ့ တကယ်ကိုအထီးကျန်ကြတာပဲ
ပြောတဲ့လူတွေ အများကြီးမရှိတာလည်း ပါမှာပေါ့
တခြားဟာတွေထက် အသက်ကြီးလာတာပဲ ဒါက

မင်္ဂလာပါ အဖေ
နေလို့ရော ကောင်းရဲ့လား
အခု အသက်ကြီးတာထက် ငယ်တာက ပိုခက်တယ်လို့ပြောတဲ့ စကားကြားတော့ အဲ့ဒီအချိန် အဖေ့ကို စဉ်းစားမိသွားပါတယ်
အမြဲတမ်း ငယ်ရွယ်နေပြီးတော့ နည်းနည်းလေးတောင် အိုမင်းလာခြင်းမရှိတဲ့ အဖေ
မဟုတ်မှလွဲရော အဖေက စဉ်းစားထားတာထက် အထီးကျန်ခဲ့မလား မသိပါဘူး


သူများတွေဆိုတာ ဘယ်သူတွေကိုပြောတာပါလဲ ဆင်တူတွေဝတ်ထားပြီး တစ်ပုံစံတည်းဟာကို
စားတယ်
တစ်ပုံစံတည်းတူတဲ့ စကားတွေပြောကြတယ်
တစ်ပုံစံတည်းတူတဲ့ဟာတွေကိုပါ
ကြည့်နေတယ်ဆိုရင် အဲ့ဒီလို ဒီတိုင်း လူတွေနဲ့ရောပြီး တခြားလူတွေလို ဟန်ဆောင်နေတာမျိုး
အဲ့လောက်ဆိုရင် လုံလောက်ပြီမလား

ဘယ်လိုအလုပ်မျိုးလဲဆိုတာ အများကြီး
ရှင်းပြစရာမလိုတဲ့ ဘယ်သူမှမသိလည်း ဖြစ်တဲ့ အဆင်ပြေတဲ့ အလုပ်မျိုးမှာ
အဆင်ပြေတဲ့လူတွေကို တွေ့ပြီး...
အဆင်ပြေတဲ့ အတွေးမျိုးတွေ တွေးရင်း
အဲ့လိုနေတာက တခြားလူတွေလိုနေတာဆိုရင်...
အဖေ ကျွန်တော်ကတော့ ဘယ်လိုဖြစ်ဖြစ်
ကုန်ဆုံးခဲ့တဲ့ နှစ်တွေထဲမှာ
သူများတွေထက် မြန်မြန် သူများတွေထက်တော်တဲ့
အဲ့လိုစိတ်မျိုးရှိတဲ့သူ ဖြစ်ချင်ခဲ့လား မသိပါဘူး
ဘာပိုကောင်းတယ်ဆိုတာ မသိခဲ့တုန်းက
လွှင့်ပစ်ခဲ့မိတဲ့ အဲ့ဒီအချိန်တွေကို
အကြောင်းပြချက်မရှိ အစားထိုးနေမိတယ်

ဘဝကို ရှေ့ဆက်ဖို့ပဲတွေးနေတဲ့လူရဲ့ဘေးမှာ
ရပ်နေမိတဲ့ အဲ့ဒီလူ
သူများတွေရဲ့နေရာကို ဖြတ်လမ်းနည်းနဲ့
နေဖို့ကြိုးစားမိရင်း...ကျွန်တော်အဲ့လိုနေထိုင်ရင်းနဲ့ အောင်မြင်တယ်လို့ တွေးနေခဲ့မိလား မသိပါဘူး
သူများတွေအဆင်ပြေမှ
ငါလည်းအသက်ရှနိုင်မယ်ဆိုတဲ့ အဲ့ဒီစိတ်
အဲ့ဒီစိတ်က မကောင်းတဲ့စိတ်ကြီးလား


ချစ်ရတဲ့ အဖေ
အရင်တုန်းက ကျွန်မလေ အသက်လေးဆယ်ကျော်တဲ့ အချိန်ကျရင် ဆိုးလ်မြို့အပြင်ဘက်မှာ ကျွန်မအိမ် သေးသေးလေးနဲ့ အဝတ်တွေ မြန်မြန်ခြောက်အောင် လှမ်းလို့ရမယ့် ခြံလေးရယ်
အဲ့လိုမဟုတ်ဘူးဆိုလည်း လေ့လာမှုလေးတွေ
နည်းနည်းလုပ်မယ်
ကလေးလေးက တစ်ယောက်
မဟုတ်ရင် နှစ်ယောက်ပေါ့
ကံကောင်းရင်တော့ ကျွန်မနာမည်နဲ့စာအုပ်
အားလုံးကုန်အောင် မရောင်းရလည်းဖြစ်ပါတယ် စာအုပ်ဆိုင်ရဲ့ ထောင့်လေးမှာ
ဘယ်သူလာဝယ်မလဲလို့ စောင့်နေမယ်
အဲ့လိုလူဖြစ်မယ်လို့ ထင်ခဲ့တာ
အဲ့လိုကျရှုံးမှုမရှိတဲ့ ဘဝမျိုးနဲ့နေနိုင်မယ်လို့
အဲ့လိုအတွေးမျိုးကို ယုံကြည်ပြီးနေခဲ့တယ်
ထင်ပါတယ်

အဲ့ဒီဆန္ဒတွေအားလုံး မပြည့်ဝခဲ့ရင်တောင်...
တစ်ခု နှစ်ခုလောက်ကို ဆုပ်ကိုင်ပြီး
ကိုယ်မရယူနိုင်ခဲ့တဲ့ ဘဝကို မနာလိုဖြစ်နေမယ်ပေါ့
အသက် ၄ဝ အရွယ်မှာ အဲ့လိုဖြစ်နေမယ်ထင်ခဲ့တာ
အဲ့လိုမဖြစ်လာရင် မဖြစ်ဘူးလို့တွေးခဲ့တာ

ဘယ်အချိန်ကစပြီး လွဲမှားသွားတာလဲ
ဘာကိုများကြောက်ရွံ့နေမိတာလဲ
အဖေ ဘာပဲပြောပြော သမီးက အဖေ့ကိုပြောပြရမှာ အရမ်းကြောက်နေခဲ့တာဖြစ်မယ်
ဒီလိုနေ့မျိုးရောက်လာရင် ပြောပြရတော့မှာကိုး
အဖေ သမီးလေ နှစ်လေးဆယ်ကျော်အတွင်းမှာ
ဘာမှဖြစ်မလာခဲ့ဘူး
ပြီးတော့ အဲ့လို ဘာမှဖြစ်မလာခဲ့တဲ့ အချိန်အတွင်းမှာ သမီးတစ်နေရာရာမှာ
ပျောက်ဆုံးသွားခဲ့တယ်ထင်တယ်
ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို အသေးစိတ်တော့ မပြောပြချင်ပါဘူး မဟုတ်ဘူး မပြောနိုင်တာပါ
အမှန်တိုင်းပြောရရင် ဘယ်လိုအရာမျိုးက ကျွန်မကို ဒီလိုဖြစ်အောင်လုပ်ခဲ့လဲဆိုတာ သေချာမသိပါဘူး
တစ်ယောက်ယောက်သာ အကြောင်းအရင်းကို
သိခဲ့မယ်ဆိုရင် ဒီလိုအသေးအဖွဲ့ကိစ္စလေးကြောင့် သေချင်ရမလားဆိုပြီး ဒေါသထွက်တာမဟုတ်ရင် လှောင်ရယ်လောက်တယ်
အဲ့လိုအသေးအမွှားကိစ္စမျိုးကို
သမီးလည်း ခံစားခဲ့ရပါပြီ
လူတိုင်းသဘောကျရလောက်တဲ့
အကြောင်းပြချက်ကြီးကြီးတော့ မဟုတ်ပါဘူး
တောင်းပန်ပါတယ်
ကျွန်မကိုယ်ကျွန်မ မကယ်တင်နိုင်ခဲ့လို့
ကျွန်မကိုယ်ကျွန်မ မကာကွယ်နိုင်ခဲ့လို့
တောင်းပန်ပါတယ်


အိမ်မှာမဟုတ်တဲ့နေရာမှာ ကျွန်မမိသားစုမဟုတ်တဲ့ အခြားတစ်ယောက်နဲ့ ဒီတိုင်း ဘာမှမလုပ်ဘဲနဲ့
ထိုင်နေချင်တယ်
အဲ့လိုမျိုး လုပ်ကြည့်ချင်ခဲ့တာပါ
ဘာစကားမှမပြောလည်းရတယ်
ဘာမှကိုမတွေးရလည်း ဖြစ်တယ်
ဘာမှကို စိုးရိမ်စရာမလိုတဲ့
အဲ့လိုမျိုး ဒီတိုင်း ဘာမျှော်လင့်ချက်မှမရှိတဲ့
အဲ့လိုလူမျိုးနဲ့ အတူတူနေချင်တယ်
အတူတူအေးဆေးနေချင်တယ်
အေးအေးဆေးဆေးနဲ့ ဘာမှမလုပ်ဘဲနဲ့
ဒီတိုင်း လှဲနေချင်တဲ့ အဲ့လိုအတွေးမျိုးပေါ့


ဒီလိုစကားမျိုး ပထမဆုံးပြောတာဆိုပေမယ့်
ပြောတာကိုနားထောင်လိုက်တော့ တစ်ခုခုကိုတွေးမိသွားတယ်
ကျွန်တော်ကတော့ လုံးဝကို ဆန့်ကျင်ဘက်ပါပဲ
ဒါပေမဲ့ အဲဒါကနောက်ဆုံးကျတော့လည်း
အတူတူပဲလားလို့
ကျွန်တော် အိမ်မှာရှိနေပေမယ့်လည်း
အိမ်ကိုပဲသွားချင်နေတယ်
ဟိုးငယ်ငယ်လေးတုန်းက နေဝင်သွားတဲ့ချိန်
အိမ်မှာ အခန်းထဲမှာ ဒီလိုမျိုးလေး နေလိုက်ရင်
နှလုံးခုန်သံကို ထူးဆန်းလောက်အောင်ကို
တဒုတ်ဒုတ်နဲ့ကြားနေရတယ်
အဲ့ဒါဆိုရင် ချက်ချင်း ထမင်းစားလိုက်ရင်တောင်မှ ထူးထူးဆန်းဆန်း ဗိုက်ဆာနေသေးသလိုမျိုးပေါ့
မိသားစုနဲ့ အမေနဲ့ သေချာပေါက်
အမေနဲ့အတူတူရှိနေပေမယ့်လည်း
အမေ့ကိုအရမ်းလွမ်းလို့ သည်းမခံနိုင်ဘူး
အိမ်မှာရှိနေတာမို့ အိမ်ကိုလည်း ပြန်လို့လည်းမရသလို
အမေနဲ့အတူ ရှိနေပေမယ့်လည်း
အမေ့ကို မတွေ့ရသလိုမျိုး ရူးတော့မယ် ထင်ပါတယ် လုပ်နိုင်တာ ဘာမှမရှိတာမို့လို့လေ

ဒါပေမယ့် ခင်ဗျားပြောတာ နားထောင်လိုက်တော့မှ
အဲ့တုန်းက ဒီလိုမျိုးကိုးဆိုပြီးတော့
အဲ့လိုအတွေးမျိုးတွေးမိတယ်
အခြားလူတစ်ယောက်ယောက်နဲ့
အေးအေးဆေးဆေးနေလိုက်ချင်တယ်
ဘာမှမလုပ်ဘဲနဲ့ အတူတူပေါ့


ဒါပေမယ့် ကြိုက်တာရှိတာကောင်းပါတယ်
အရင်တုန်းက ရှိခဲ့ပေမယ့်လည်း
ကြိုက်တာလည်းရှိသလို မုန်းတာလည်းရှိခဲ့တယ်
လွယ်ကူတာလည်းရှိသလို ခက်ခဲတာလည်းရှိတယ်
ဒါပေမယ့် ဘယ်အချိန်ကစပြီးလဲမသိဘူး
ဒီတိုင်း အကုန်လုံး တူတူပဲဖြစ်လာတယ်
ကြိုက်တာလည်းမဟုတ် မကြိုက်ဘူးလည်းမဟုတ် လွယ်ကူတာလည်းမဟုတ်
ခက်ခဲတာလည်းမဟုတ်ဖြစ်လာတယ်

ခန္ဓာကိုယ်ကအရမ်းပင်ပန်းလို့
ဆက်တိုက်ငိုနေခဲ့ပေမယ့်လည်း တစ်ဖက်မှာတော့ ဒီတိုင်း ထူးဆန်းစွာနဲ့ပဲ အကုန်တူတူပဲ
အတွင်းစိတ်ထဲမှာ ဘာမှမရှိတော့သလိုပဲ
ဘာလို့ ဝမ်းနည်းမှန်း ဘာလို့စိတ်တို့မှန်း
တစ်ခုမှမသိဘဲနဲ့ ဒီတိုင်း ရှက်နေခဲ့တယ်
ကြိုက်တာမရှိဘူးဆိုရင်
ကြိုက်တဲ့အရာပဲ ပျောက်ကွယ်သွားတာမဟုတ်ပါဘူး ဒီတိုင်း အကုန်လုံး တူတူပျောက်သွားကြတာပါ


မင်္ဂလာပါ မတွေ့ရတာ ကြာပါပြီ
တခြားဟာတွေထက် ကောင်းကောင်းအသက်ရှင်နေတာ တွေ့ရလို့ ဝမ်းသာမိပါတယ်
အခုထိတော့ သေချာမသိသေးပေမယ့်
အသက်ရှင်နေသေးပုံထောက်ရင်
တကယ်ကောင်းမွန်တဲ့ နေ့ရက်တွေကို
ဖြတ်ကျော်ရဦးမယ်ဆိုတဲ့အတွေးမျိုး တွေးမိပါတယ်
ပြေးပြီးတဲ့အချိန် လမ်းလျှောက်သလို
လမ်းလျှောက်ပြီးတဲ့အချိန် ထိုင်သလို
ငြိမ်းချမ်းမှုဆိုတာ ကြာကြာမခံပေမယ့်လည်း
ဒီနေ့တော့ ရက်ရာဇာပဲလို့ပြောနိုင်တဲ့
အဲ့လိုနေ့မျိုးတွေ ရှေ့မှာ ကျန်သေးတယ်ဆိုပြီး
ယုံကြည်ထားပါတယ်

နားပြီးတဲ့အချိန် လမ်းပြန်လျှောက်သလို
လမ်းလျှောက်ပြီးတဲ့အချိန် နောက်တစ်ခါပြေးသလို
မိုးက နှင်းတွေပေါ်ရွာချပြီး ရေတွေ ပြည့်လျှံလာသလို


ဒီလောက်တောင် ရိုက်ခံထားရရင်
ဆေးရုံတက်နေသင့်တာ မဟုတ်ဘူးလား
ပြီးခဲ့တဲ့အခေါက်ကလည်း အကန်ခံရလို့
ခေါင်းကွဲသွားတာတောင် ဆေးရုံမသွားဘဲ
ကလေးမွေးနေ့အတွက် ကြက်သားစားခဲ့ရတာပါ
ထူးထူးဆန်းဆန်း အမွှေးထူဦးထုပ်ကြီးဝတ်ပြီး
မီနူးစာရွက်ပြခဲ့ရသေးတယ်

အကြိမ်ကြိမ်အခါခါ အကန်ခံရလည်း
ငိုပြီးသွားရင် ကော်ဖီဖျော်သောက်တယ်တဲ့
အသက်ရှင်ဖို့တောင် ရုန်းကန်နေရတာကို
ဒါရိုက်တာကြီး တစ်ခါမှ အရိုက်မခံရဖူးဘူးမလား
ကျွန်မကို ကြည့်လိုက်ပါ
ဒီလောက် ရိုက်ခံထားရရင် သေမတတ်ဖြစ်နေမှာ
ပါးစပ်ကရောင်နေလို့ ဘာကိုမှ မျိုချလို့မရဘူး
ခြေလှမ်းတိုင်း နံရိုးတွေကျိုးသွားသလို
နာကျင်နေရမှာ
မနက်ကျရင် အိပ်ရင်းသေသွားလောက်ပြီလို့
ထင်ရလောက်တဲ့အထိ
ဒါပေမဲ့ ကာရိုက်တာကို ရေနွေးအိုးတည်ပြီး
လက်ဖက်ရည်ပြင်ခိုင်းသေးတယ်
အဲ့ဒါက ဇာတ်ကောင်ပုံဖော်မှုတဲ့လား

အရိုက်မခံချင်ဘူးလို့ပြောတာ မဟုတ်ပါဘူး
တကယ် အရိုက်ခံရတာလည်း မဟုတ်ဘူးလေ
သရုပ်ဆောင်နေရုံပဲ အရမ်းပင်ပန်းတာမှ မဟုတ်တာ
ဒါပေမဲ့ သေမတတ်အရိုက်ခံရလည်း
ဘာမှမဖြစ်ခဲ့သလို ဆက်နေသွားတာ
ဘာမှမဖြစ်ခဲ့သလို ပြုံးနေရတာ
အဲ့လိုဆက်မလုပ်နိုင်တော့ဘူး


ဖြစ်ချင်တာကိုလုပ်နေရုံနဲ့
အသက်ရှင်တာ မဟုတ်ပါဘူး
မဖြစ်ချင်တာကိုလည်း ကောင်းကောင်းလုပ်ရမှာပေါ့
ဒါမှ တစ်ကယ့်အပေးအယူ


ဘယ်လိုလုပ်ရင် ကောင်းမလဲ
ဘယ်လိုစကားမျိုးစပြောရင် ကောင်းမလဲ
အခု ဒီစကားပြောရတာက မှန်ရဲ့လားတော့
မသိပေမယ့် ဒီအတောအတွင်း ဘာမှမသိခဲ့တဲ့
အတွက်ကြောင့် ဘယ်အကူအညီမှမဖြစ်ခဲ့တဲ့အတွက်
တောင်းပန်ပါတယ်

ဖြတ်သန်းခဲ့တာတွေက
ကျွန်မကြုံခဲ့ရတာမဟုတ်တော့ အဲ့ဒါက
ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းမလဲဆိုတာ
ဘယ်လောက်ထိ နာကျင်စရာကောင်းလဲ
ဘယ်လောက်ထိ မချိတင်ကဲဝေဒနာခံစားရမလဲဆိုတာ
မသိနိုင်ပေမယ့် မပြောပလောက်တဲ့ သိမ်နုပ်တဲ့အမှားလေးကြောင့် ကျွန်မလည်း ငရဲကျသလိုအချိန်မျိုးရှိခဲ့ရတာကိုပြောပြရင် နည်းနည်းလောက် နားလည်ပေးလို့ရမလား
နည်းနည်းလောက် ခွင့်လွှတ်ပေးလို့ရမလား


ဘယ်လိုပြောရမလဲ
ဘယ်လိုစကားတွေကို လိုအပ်နေတာလဲ
ခင်ဗျားခံစားနေရတဲ့လောကငရဲကို ကျွန်တော်
ဘာမှမသိသလို ဘာအကူအညီမှလည်း
မပေးနိုင်ဘူးလေ
ခင်ဗျားကို ဘယ်လိုခွင့်လွှတ်ရမလဲ မသိတော့ပါဘူး

ဝမ်းနည်းမှုက ပုံသဏ္ဌာန်ရှိတာလား
ပူပန်သောကဆိုတာ အရွယ်အစားရှိတာလား
နာကျင်မှုကို အဓိပ္ပာယ်ဖွင့်ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ
ဘယ်လောက်ပဲ သေးငယ်တဲ့ဒဏ်ရာဖြစ်နေပါစေ
ကိုယ်တိုင်ခံစားရတဲ့နာကျင်မှုလောက်
နာကျင်စရာမရှိပါဘူး
ကိုယ်တိုင်ခံစားရတဲ့နာကျင်မှုလောက်
ပင်ပန်းရတာမရှိပါဘူး
ကိုယ့်ရဲ့ပိုင်ဆိုင်မှုထက် တန်ဖိုးရှိတဲ့အရာမရှိပါဘူး


မဟုတ်မှ ဒီနေ့ရော
ပူပန်သောကတွေနဲ့ ပြည့်နေပြန်ပြီလား
ကျွန်တော်လည်း ဒီနေ့ သေခြင်းတရားလောက်
ရှည်ကြာတဲ့ နေ့ကိုဖြတ်သန်းခဲ့တာပါ
ဘာမှမထူးဆန်းတဲ့ နေ့ရက်
မနက်ဖြန်ဆိုတာ မရှိလောက်တော့ဘူးလို့
ခံစားရတဲ့ နေ့ရက်
ဘယ်သူမှမလာတဲ့ မှောင်မှောင်မဲမဲအခန်းထဲမှာ
ငါဘယ်အရာကိုမှ မပိုင်ဆိုင်ထားဘူးဆိုတဲ့
အမှန်တရားနဲ့ ရင်ဆိုင်နေရတယ်
အထီးကျန်ပါတယ်
ဒီလိုစကားမျိုး ပြောခွင့်ရှိပါ့မလား
မသိပေမဲ့ တောင်းပန်ပါတယ်


မင်္ဂလာပါ အဖေ
အဆင်ပြေပြေရှိနေရဲ့လား
တွေ့တဲ့အတိုင်း ကျွန်တော်က အခုချိန်ထိ
ဗြောင်းဆန်နေတဲ့ အရှုပ်ထုပ်ပါပဲ
အကြာကြီးနေမှ ပထမဆုံး ဘာအကြောင်းရင်းမှ
မရှိဘဲ ပိုက်ဆံမဟုတ်တဲ့ တခြားအရာနောက်ကို
လိုက်မိနေပါတယ်
ပိုက်ဆံလည်း မဟုတ်ဘူး
အနိုင်ရတာတို့ ရှုံးနိမ့်တာတို့လည်း မဟုတ်ဘဲ ခဏခဏ ထူးဆန်းတဲ့အတွေးတွေနဲ့ နှလုံးသားကို
ရိုက်ခတ်စေတဲ့ အရာနောက်ကို ပထမဆုံး လိုက်မိပြီးတော့ ကမ္ဘာသစ်ကို ရောက်သွားသလိုပါပဲ
ဘာကြောင့်မို့ ဒီလိုဖြစ်သွားရတာလဲ
ဘယ်လိုမျှော်လင့်ချက်မျိုးနဲ့ လုပ်ခဲ့တာများလဲ
ဘယ်အချိန်ကတည်းက မှားယွင်းစွာ လိုက်ခဲ့မိတာလဲ
နှလုံးသားနောက်ကို လိုက်ပြီး တခြားတစ်ဖက်မှာ လမ်းလျှောက်နေခဲ့မိပေမယ့် အဆုံးကျတော့ ထပ်ပြီး သက်ဆိုင်ရာနေရာကိုပဲ ပြန်လာရပြန်ပါတယ်
ကျွန်တော်နည်းနည်းလေးတောင်
အနားကို မရောက်နိုင်ခဲ့ဘဲ...
နည်းနည်းလေးတောင် ရှေ့ကိုဆက်မတိုးနိုင်ခဲ့ဘဲ ထပ်ပြီး စတင်ခဲ့တဲ့ အဲ့ဒီနေရာကို
ပြန်ရောက်လာခဲ့ပြန်ပါတယ်


နင်သွားနေတဲ့လမ်းမှာ
တစ်ကိုယ်စာဆိုင်ခန်းငယ်ကို မြင်ခဲ့ဖူးတာမျိုးရှိလား
ပီကေနဲ့ထီလက်မှတ် ရောင်းတဲ့နေရာလား
"ရွှေသွားဝယ်ပါတယ်"ဆိုပြီးတော့
ရေးထားတာမျိုးကို မြင်ဖူးလား
ပြတင်းပေါက်ဘေးနား ဒါမှမဟုတ်
ဆိုင်းဘုတ်ဘေးနားမှာ

မမြင်ဖူးဘူးလား
ဒါဆိုရင် အခုထိ အဆင်ပြေသေးတယ်

အဲဒါက အဲဒီမှာရှိနေတာကို မမြင်ရဖူးဆိုတာက
ရွှေသွားရောင်းတာလောက်အထိ မဆိုးသေးတာမလို့
ဒါပေမယ့်လည်း နေသွားပါတဲ့


ဘဝမှာ နောင်တအရမိဆုံး ကိစ္စတွေထဲက တစ်ခုပါပဲ 
အရှက်ခွဲခံခဲ့ရလို့ ဘယ်သူ့ကိုမှ မပြောပြနိုင်ခဲ့ဘူး 
ငါက စာသေချာကြိုးစားပြီး ကုမ္ပဏီမှာလည်း အလုပ်လုပ်ခဲ့တယ် 
အဖေရော ခင်ပွန်းရော ရှိပေမဲ့ 
ဘာဖြစ်လို့ စိတ်မသက်မသာဖြစ်နေရတာလဲတဲ့ 
ဘာမှမဖြစ်မြောက်ခဲ့လို့ပါ 
ဖြစ်မြောက်တာ ဘာမှကိုမရှိတာ 
အရာအားလုံးပဲ 
လောဘမရှိတဲ့ပုံနဲ့ နှိမ့်နှိမ့်ချချနေပြီး မကောင်းတဲ့အရာတွေလုပ်နေခဲ့တာပါ 
အရာအားလုံးကို ပိုင်ဆိုင်ချင်ပြီး 
လူတွေဆီက အသိအမှတ်ပြုမှုကို လိုချင်ခဲ့တယ်
အဖေ့ကိုလည်း ကြွားချင်တယ် 
ခင်ပွန်းကိုလည်း လုပ်နိုင်ကြောင်း ပြချင်ခဲ့တယ် 
ကိုယ့်ကိုယ်ကိုလည်း သက်သေပြချင်ခဲ့တာ ငါက ဘယ်လိုလူမျိုးလဲဆိုတာကို 
ဒါပေမဲ့ စဉ်းစားကြည့်လိုက်တော့ သေချာပေါက်ဖြစ်လာချင်တဲ့အရာဆိုတာ မရှိပါဘူး 
ဘာပဲဖြစ်ဖြစ် ဖြစ်မြောက်ချင်ခဲ့တာ 
ဒါပေမဲ့ ဖြစ်မလာခဲ့ဘူးလေ 

စောင့်ချင်တယ် 
ကိုယ့်ဘဝကို အရမ်းရှက်မိလို့ အဆုံးသတ်ချင်ခဲ့ပေမဲ့ အခုတော့ ဒီအတိုင်း  စောင့်နေချင်တယ် 
ဒါတွေအကုန်ပြီးဆုံးတဲ့အထိ 
ဘာတွေလဲဆိုတာတော့ မသိဘူးပေါ့


မနေ့က ကားပေါ်မှာ ငါ တောင်ပေါ်သွားမယ်
ပင်လယ်သွားမယ် ပြီးမှ အိမ်ပြန်မယ်လို့ ပြောတုန်းက အိမ်ပြန်ရောက်လာခဲ့လို့ တော်သေးတာပေါ့လို့
ပြောခဲ့တယ်မလား
ဘာကိုရည်ရွယ်ပြီးပြောတာလဲ
မဟုတ်ပါဘူး သူများကိုငါ အဲ့ဒီအကြောင်းပြောပြရင် တော်တော်များများက ဘာလို့လဲလို့ပဲ
မေးကြတယ်လေ
ဘာလို့ ဒီတိုင်း အိမ်ကိုမပြန်ဘဲ တောင်ကိုသွားပြီးတော့ ပင်လယ်ကိုလည်း သွားတာလဲလို့ မေးကြတာ
မဟုတ်ရင် ဘာမှကို မပြောတော့တာ
ဒါပေမယ့် တော်သေးတယ်လို့ပြောတဲ့သူက ပထမဆုံးပဲမို့လို့ အဲ့ဒါ ဘာကိုဆိုလိုတာများလဲ သိချင်လို့ပါ
သိနေတယ်လို့လည်း ထင်တယ်
မသိတာမျိုးလည်း ဖြစ်နိုင်တယ်

တကယ်ပဲ ဘယ်လိုသဘောနဲ့ပြောလိုက်တာလဲလို့ သေချာမသိပေမယ့်
ဒီအတိုင်း စိတ်ရင်းနဲ့ တော်သေးတာပေါ့လို့
တွေးမိသွားလို့ပါ
အိမ်ကိုပြန်မလာနိုင်တော့တဲ့သူတွေလည်း
အများကြီး ရှိတာမို့
လူတိုင်းက အိမ်ကို ပြန်ရောက်လာနိုင်တာမျိုး
ပြန်ရောက်ချင်စိတ်ရှိကြတာမျိုး မဟုတ်လို့လေ
အဲ့ဒါက သေချာပေါက်ကို တော်သေးတယ်ဆိုတဲ့ အကြောင်းရင်းပဲမလား
စီစဉ်မထားတဲ့ ကိစ္စတွေရော
ကောင်းကောင်းဖြစ်မသွားတဲ့ ကိစ္စတွေရောရှိတဲ့ လောကကြီးမလား


အလုပ်လုပ်ဖို့ လူတွေ အတူတူရှိနေကြတဲ့အခါ 
မင်း နေမကောင်းရင်လည်း 
သူတို့က နားလည်မပေးတတ်ကြဘူး 
မင်းကို လက်ကြောမတင်းဘူးလို့ ပြောလိမ့်မယ် 
ကိုယ့်အလုပ်ကိုအလုပ်ပီသအောင် မလုပ်ဘူးလို့ 
ပြောကြလိမ့်မယ် 
ဒီနေ့ခေတ် ကမ္ဘာကြီးကတော့ 
ဘာတွေ ဖြစ်မလဲ သေချာမသိနိုင်ဘူး 
ဒါပေမယ့် နဂို စိတ်ကျန်းမာရေးမကောင်းတဲ့
သူတွေဆို ပိုဆိုးလောက်တယ် 
လူတိုင်း စိတ်ဖိစီးမှုတွေ ကြုံတာပဲဆိုပေမယ့် 
စိတ်ခွန်အားမရှိရင် ပြဿနာတက်ကြတာပဲ 

အလုပ်သွားရတာကို အရမ်းသဘောကျတဲ့သူက 
အခုတော့ မသွားချင်ဘူးတဲ့ 
အဲ့တော့ ဘာတွေများကျန်ဦးမှာလဲ 
ဘာမှမကျန်တော့ဘူး 
ဒီတိုင်း ဘာမှ မရှိတဲ့ဘဝမှာနေနေတာပဲ


ညစ်ပတ်နေတဲ့ ၁.၆ ပေပတ်လည် အိပ်ရာမှာ အိပ်နေရင်းနဲ့ တစ်နေ့လုံး ကျွန်တော့်ကိုစောင့်နေတဲ့အဖေ
တစ်နေ့လုံး ကျွန်တော့်ကိုပဲ စောင့်နေတဲ့ အဖေ 
ကျွန်တော်မရောက်ခင်လေး နောက်ဆုံးရှိလိုက်ရတဲ့ အခိုက်အတန့်မှာ အဖေကတော့ ဘာလိုအတွေးမျိုးတွေ စဉ်းစားနေခဲ့မှာလဲ 
နောက်ဆုံးကျန်တဲ့ အားလေးကိုသုံးပြီး အဖေက ဘယ်ကိုသွားချင်တာများလဲ 
ဒီတိုင်း ဘယ်ကိုမှမဟုတ်ဘဲ အိမ်ပဲ ပြန်လာချင်နေတာများလား တောင်တန်း ပင်လယ်မဟုတ်ဘဲ အိမ်ပဲ ပြန်လာချင်တာများလား 
အဲ့အတွေးက အရမ်းကိုနှိပ်စက်လွန်းလို့ ကျွန်တော် အဲ့ဒီနေ့ကတည်းကနေ ဒီလိုမျိုးအဝေးကြီးကို ပြေးထွက်ခဲ့တာပါ 

တစ်နေ့လုံး ကျွန်တော်တို့ကိုစောင့်နေတဲ့ အဖေ 
ကျွန်တော်ကတော့ အခုထိ သေတယ်ဆိုတာဘာမှန်း သေချာမသိသေးပါဘူး 
ဘဝဆိုတာဘာမှန်းလည်း အခုထိမသိသေးပါဘူး 
တစ်နေ့နေ့ သူ့အချိန်ကိုရောက်ရင်တော့ သိရမှာမလား 
နောက်ဆုံးအနေနဲ့ နောက်ဆုံးအချိန်မှာ ဘယ်သူပဲဖြစ်ဖြစ် တစ်ယောက်တည်းဆိုတာ


 

ဘယ်လိုလုပ်ရမလဲ အဖေ 
ကျွန်တော် တွေးမိနေတာက အခုချိန်ထိ တစ်နေ့ကို အကြိမ်ပေါင်းမနည်း ဘာပိုက်ဆံလဲဆိုတာကို
အဲဒီလိုမျိုး တွေးမိနေတုန်းပါပဲ 
ပြီးတော့ ကျွန်တော့်ကို အချစ်ရဆုံးလူဆိုတာ 
ကျွန်တော့်အတွက် ပိုက်ဆံတွေ အများဆုံးသုံးတဲ့လူလို့ တွေးမိတာပါ 
အကျင့်ဟောင်းတစ်ခုလိုပဲ ရပ်လို့ မရပါဘူး 
ဒါပေမယ့် တစ်ခါတစ်လေကျရင် 
ရံဖန်ရံခါကျပြန်တော့လည်း ဒီလိုပဲ အချစ်က ဘာလဲဆိုတဲ့ အတွေးထဲမှာ 
နက်နက်ရှိုင်းရှိုင်း နစ်ဝင်နေမိပြန်တယ် 
တစ်စုံတစ်ခုဆိုတဲ့ အရာကြောင့်ပါပဲ 

အချစ်ရဲ့အဆုံးသတ်ကို လက်ခံတာ မဟုတ်ပေမယ့် 
ကျွန်တော်က အချစ်ကို ပေးမိတဲ့သူ ဖြစ်ပြီးတော့ 
ကျွန်တော့်အတွင်းစိတ်က အဲဒီလူအတွက် နေရာကို ဖန်တီးပေးမိတာက ကြီးထွားလာပါတယ် 
ဒီလိုနဲ့ပဲ အဆုံးသတ်ကျတော့ 
အဲဒီလူကပဲ ကျွန်တော့်ကို ဖြည့်ဆည်းပေးခဲ့တာပါ 
ဘောင်မဝင်တဲ့ ဒီလိုနာကျင်မှုမျိုးကို စဉ်းစားမိတာပါ 

တစ်ယောက်ထဲနေဖို့ အသည်းအထန်ကြိုးစားပေမယ့်လည်း 
ကျွန်တော် တစ်ယောက်ထဲ မနေနိုင်ပါဘူး 
ဒီလို ချိုမြိန်တဲ့ ပူပန်မှုမျိုးကို စဉ်းစားမိတာပါ 

ကျွန်တော်က အဲဒီလူအတွက် ဘာများ လုပ်နိုင်မလဲ 
အဲဒီလူအတွက် ကျွန်တော်က ဘာများ ဖြစ်နိုင်မလဲ 
ဘာတစ်ခုမှ မဖြစ်ရင်လည်း မဖြစ်နိုင်ပါဘူး 
ဒါမှမဟုတ် တစ်ခုခုဖြစ်ဖို့ အသည်းအသန်ကြိုးစားနေပါတယ် 
ကိုယ့်ကိုယ်ကို ဖွင့်ဟလို့ရတဲ့ 
ကျွန်တော်က ပေးနိုင်တဲ့ အချစ်မျိုးပဲ ဖြစ်ချင်ပါတယ်


ဒီရွက်ဖျင်တဲက ရွှေဖရုံသီးနဲ့တူတယ် 
နေထွက်လာရင် မနက်မိုးလင်းလာရင် အရာအားလုံးပျောက်ကွယ်သွားမဲ့ 
ရွှေဖရုံသီးမြင်းလှည်းလိုပဲ 
ဒီနေရာရော ဒီအခိုက်အတန့်ရော အရာအားလုံး 
အဲ့တုန်းက ရွှေဖရုံသီးလှည်းအကြောင်းပြောပြဖူးတယ်မလား 
ထင်ယောင်ထင်မှားကနေပြီးတော့ လက်တွေ့ဘဝကိုပြန်ရောက်လာတဲ့ကိစ္စ 

တကယ်တော့ မကြာသေးခင်အထိ 
တစ်နှစ်လောက်ထိကို အဲ့လိုမျိုး အတွေးမျိုးတွေးကြည့်ဖူးတယ် 
တူညီတယ်ဆိုပေမယ့် လုံးဝကိုကွဲပြားတဲ့အကြောင်းအရာပါပဲ 
ငါ့မျက်လုံးရှေ့မှာရှိတယ်လို့စဉ်းစားထားတာတွေက အကုန်လုံး ထင်ယောင်ထင်မှားဖြစ်နေခဲ့တာပဲဆိုပြီးတော့ 
စဉ်းစားကြည့်မယ်ဆိုရင် လက်တွေ့ဆိုတဲ့စကားက အရမ်းကိုဆိုးဝါးလွန်းတဲ့စကားလို့ထင်တယ် 
အဲ့ချိန်မတိုင်ခင်ထိ ဘဝကြီးက ဘာမှမဟုတ်သလိုဆိုပေမယ့် 
ကြိုးစားအားထုတ်မှုကော စိတ်ရင်းကော ပျောက်ကွယ်သွားတဲ့ချိန်မှာ အဆင်ပြေပြီးတော့ 
ဒါပေမယ့်လည်း ဒီလောက်ဆိုရင် နေရတာအဆင်ပြေတယ်လို့ထင်ခဲ့ပေမယ့် တွေးခဲ့တဲ့ အရာအားလုံးက 
အကုန်လုံး ထင်ယောင်ထင်မှားဖြစ်နေခဲ့တာပဲဆိုပြီးတော့ နားလည်သွားတဲ့အခိုက်အတန့်ပေါ့ 

ဘယ်လိုပဲ ကောင်းတဲ့အရာတွေလုပ်ပါစေ ကိစ္စအသေးအမွှားလေးတွေဆီကနေ 
မျှော်လင့်ချက်ရဖို့အတွက် ကြိုးစားရင်တောင်မှပဲ မျက်လုံးရှေ့မှာ ဘာမှကို မမြင်နိုင်ခဲ့ပါဘူး 
အရမ်းကို စိတ်ဖိစီးလွန်းလို့ တစ်ရက်ပဲဖြစ်ဖြစ် မြန်မြန် အိမ်မက်ဆိုးကနေ ရုန်းထွက်သွားချင်မိတယ်
ဘယ်လိုပဲဖြစ်ဖြစ် နိုးမထနိုင်ခဲ့ပါဘူး 
ဒီလောက်နဲ့ပဲ ပြန်မသွားချင်တော့ပါဘူး အဲ့ချိန်မှာသိလိုက်ရတယ် 
အဲ့ဒီအတိတ်တွေက အိမ်မက်ဖြစ်ပြီးတော့ အခုက လက်တွေ့ဖြစ်တယ် 
စိတ်ကူးယဉ်ဆန်မှုမရှိတဲ့ဘဝကြီးမှာ 
အသက်ရှင်တာထက် သေဆုံးတာက ပိုကောင်းတယ်လို့ထင်ခဲ့တယ် 


ချစ်ရတဲ့အဖေ 
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကတော့ 
အသက် ၄၀ ရောက်ရင် ဆိုးလ်မြို့ပြင်လေးမှာ ကျွန်မအိမ်လေးရှိပြီးတော့... 
အဝတ်တွေလှန်းလို့ရမယ့် ခြံလေးရှိမယ် အဲ့လိုမဟုတ်လည်း စာလုပ်လို့ရတဲ့ အခန်းလေးရှိမယ် 
ကလေးကတော့ တစ်ယောက် 
မဟုတ်လည်း နှစ်ယောက်ပေါ့ 
ပြီးတော့ ကံလေးများကောင်းခဲ့ရင် 
အဖုံးမှာ ကျွန်မနာမည်နဲ့စာအုပ်လေးတစ်အုပ် အဲ့လိုမျိုးလေး ဖြစ်လာလိမ့်မယ်လို့ 
အဲ့လို ကျရှုံးမှုတွေမရှိတဲ့ ဘဝလေးတစ်ခုနဲ့ အဲ့လိုမျိုးသာဆိုရင် အဖေ့ကို ပျော်အောင်လုပ်ပေးနိုင်မယ့် နည်းလမ်းပဲလို့ ဒီတိုင်း 
အဲ့လိုယုံကြည်ပြီး နေခဲ့မိတယ်ထင်ပါတယ် 
ဘယ်နေရာကနေစပြီး မှားခဲ့တာများလဲ ဘယ်နားကနေ ထပ်ပြီး ပြန်စတင်ရမှာလဲ 
အဖေ ကျွန်မကတော့...အခု သေဆုံးခြင်းဆိုတာ ဘာလဲ ရှင်သန်ခြင်းဆိုတာကလည်း ထပ်ပြီး ဘယ်လိုမျိုးလဲဆိုတာ နည်းနည်းလေးသိသွားပြီလို့ ခံစားနေရပါတယ် 

တစ်ကယ်ပဲ သေဆုံးခြင်းဆိုတာ ဘဝရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ အရင်တုန်းက ဘာလို့မသိခဲ့တာများလဲ 
အဖေမရှိတဲ့ လောကကြီးမှာ တစ်ရက်လေးတောင် မနေခဲ့ဖူးတဲ့ ကျွန်မက... ဘယ်လိုရှင်သန်ပြီး ကျန်တဲ့နေ့ရက်တွေမှာ နေထိုင်သွားရမလဲဆိုတာ သေချာမသိပေမယ့်
အဖေ ကျွန်မကတော့ အခု..အဖေပြပေးခဲ့တဲ့ လောကကြီးထဲမှာ ဘာဖြစ်လာတယ်ဆိုတာထက် ဘာလုပ်ပြီး ရှင်သန်နေတယ်ဆိုတာက ပိုအရေးကြီးတယ်ဆိုတာကို အဖေ့ရဲ့ မျက်လုံးတွေနဲ့ လုပ်ရပ်တွေနဲ့ ဘဝတစ်ခုလုံးနဲ့ ရင်းပြီး ပြောပြသွားတယ်ဆိုတာ အခု တရိပ်ရိပ်နဲ့ ဖြည်းဖြည်းချင်း နားလည်လာပါပြီ

'2021 Kdrama' 카테고리의 다른 글

Would you like a cup of coffee?  (0) 2023.01.17
You are my Spring: 너는 나의 봄  (0) 2022.08.30
월간 집  (0) 2022.08.30
Monthly Magazine Home  (0) 2022.08.26
Vincenzo  (0) 2022.02.20