본문 바로가기
2021 Kdrama

You are my Spring: 너는 나의 봄

by 드라마 Dialogue 2022. 8. 30.

နင်သေချာပေါက် သွားရင်လဲမှာပဲဆိုပြီး

 

ဘေးကတစ်ယောက်ကစောင့်ကြည့်နေရင်

 

အားတင်းပြီးသွားရင်တောင်လဲကျတယ်

 

အဲ့ဒီလိုလုပ်နေရင် ပိုလဲကျလွယ်ပြီး

 

ကြီးကြီးမားမားထိခိုက်သွားမယ်

 

ခဏခဏ မှားနေတာပဲလို့ လက်ညှိုးထိုးမနေဘဲ အားပေးပေးပါ

ရေထဲပြုတ်ကျသွားချိန် အကြောက်ဆုံးအရာကတော့ ငါက ရေမကူးနိုင်ဘူးဆိုတဲ့ အဖြစ်မှန်ကိုမဟုတ်ဘဲ

 

ငါ့ခြေထောက်အောက်က ရေအနက်က ဘယ်လောက်တောင်နက်လဲဆိုတာ မသိတာကိုပါပဲ

 

တစ်ခါလောက် နက်နက်ထိပြုတ်ကျဖူးတဲ့လူက

 

အဲဒါကြောင့်ပဲ ကြောက်ရွံ့မှုက

 

ပိုပြီးကြီးထွားလာပါတယ်

 

အဲ့ဒါက မြစ်ဆိုရင်တောင် ပင်လယ်ဆိုရင်တောင် အချစ်ဆိုရင်တောင်ပါပဲ

တစ်စုံတစ်ယောက်ကို စိတ်ထဲဝင်ခွင့်ပေးလိုက်တာက အဲစိတ်လေးမှာ ဒဏ်ရာရဖို့ကောင်းတဲ့

 

နေရာလေးပေါ် ခွင့်ပေးလိုက်တာပါပဲ

 

အဲ့ဒါအကုန်သိရဲ့သားနဲ့တောင်

 

အဲ့ဒီလက်ကို အလွတ်မပေးဘူးဆိုတာက

 

စိတ်ဒဏ်ရာမရချင်ဘူး

 

နာကျင်စရာငယ်ရွယ်တဲ့အတိတ်ကို

 

ပြန်ယူဆောင်လာနိုင်မယ့် အရူးလုပ်ရပ်လိုမျိုး

 

မလုပ်ချင်ဘူး

 

ဒါပေမယ့် ပျော်ရွှင်ချင်မိတယ်ဆိုတာပါပဲ

တကယ် အဆင်ပြေတယ်ထင်ရတဲ့လူကို

 

အဆင်ပြေရဲ့လားလို့ မမေးပါဘူး

 

တစ်ခုခုဖြစ်နေတဲ့ပုံပေါ်တဲ့ လူကို အဆင်ပြေရဲ့လားလို့ မေးတဲ့အခါ အဆင်ပြေတယ်လို့ ဖြေကြတာက

 

အကောင်းမြင်ဖို့ ကြိုးစားနေတဲ့သဘောပါ

 

အဆင်ပြေတယ် ဆိုတာက

 

ပြောဖို့အားတောင်မရှိတော့လို့ ဒီတိုင်းပြောလိုက်တာပါ

 

မဆိုးပါဘူးဆိုတာကတော့ ကျိန်းသေပေါက်

 

မကောင်းတဲ့ကိစ္စတစ်ခု ခုဖြစ်တော့မယ်ဆိုပေမဲ့

 

နင့်ကိုတော့ ရှင်းမပြချင်ဘူးဆိုတဲ့ သဘောပါ

အဲ့ဒီလိုမျက်နှာမျိုး မြင်ခဲ့ဖူးတယ်

 

ဝမ်းနည်းမှုရော ခံပြင်းမှုရောမရှိတဲ့

 

အလွတ်ကြီးဖြစ်နေသလိုမျိုး

 

အသက်ရှုဖို့လေလည်းမရှိသလို

 

ဘယ်အသံကိုမှကြားနိုင်စွမ ်းလည်းမရှိတဲ့ပုံစံမျိုး

 

“အရမ်းကိုစိတ်ပူခဲ့ရတယ်

 

မင်းအဆင်ပြေလို့တော်ပါသေးတယ်

 

ဝမ်းနည်းလည်းရတယ်

 

ဒေါသထွက်လည်းရတယ်

 

အဲ့ဒီကိစ္စတွေအကုန်လုံးမှာ မင်းရဲ့အမှားမရှိဘူး

 

နည်းနည်းလောက်တောင့်ခံလိုက်ရင်

 

အားလုံး “Hello.”

 

ပြောချင်တဲ့စကားတွေများနေပေမယ့်

 

ငါပြောနိုင်တဲ့စကားတွေထဲမှာ

 

အဲ့ဒီမျက်နှာလေးကို နှစ်သိမ့်ပေးနိုင်မယ့်

 

စကားမရှိဘူးဆိုတာသိတယ်

အိမ်မှာ ကားသော့မေ့ကျန်ခဲ့လို့ မီးတောင်မဖွင့်ဘဲ ပြန်ဝင်သွားတဲ့အချိန်မျိုးလည်း ရှိတယ်မဟုတ်လား

 

မှောင်နေတဲ့နေရာကြီးမှာ တစ်ခုခုနဲ့တိုက်မိလို့လဲကျပြီးမှ မီးကိုဖွင့်လိုက်ရင် ကိုယ်ကြောင့် အရာအားလုံး

 

မှားယွင်းကုန်တယ်လို့ထင်မိတာ

 

စာအုပ်လည်း မဖတ်ဘဲနဲ့ စားပွဲခုံကို

 

ဘာလို့ဝယ်ခဲ့တာလဲ

 

ကားသော့ကို ဟိုမှာ ချိတ်ထားရမှာပေါ့

 

ဆင်ဆာမီးပြတ်နေတာ ဘာလို့မပြင်ထားတာလဲ

 

ဒီအတိုင်း လဲကျသွားတာလေးပါပဲ

 

တစ်ယောက်ယောက်စောင့်နေမှာစိုးလို့

 

အလျင်စလိုလုပ်ရင်းက ပိုပြီးမထိခိုက်သွားတာကိုပဲ တော်သေးတယ်လို့မှတ်ပြီး

 

နောက်တစ်ခါကျရင် မီးဖွင့်ပြီး သွားရင်ဖြစ်တာပဲလေ

ယုံကြည်ရဆုံးလူတွေ

 

ကျွန်တော့်ကို သစ္စာဖောက်ခဲ့တာထက် ထပ်ပြီး ဘယ်သူ့ကိုမှ ယုံကြည်လို့မရတော့ဘူးဆိုတာက အခက်ခဲဆုံးပါပဲ

 

ကျွန်တော့်အတွက် လောကကြီး

 

အဆုံးသတ်သွားသလိုမျိုး နာကျင်ပြီး

 

ပင်ပန်းရပေမယ့် လူတွေကတော့

 

မေ့ဖို့ပဲပြောကြပါတယ်

 

ထပ်ပြီး မတ်တပ်ရပ်ဖို့အားရော တစ်ယောက်ယောက်နဲ့တွေ့ဖို့အားရော မကျန်တော့ပါဘူး

ပုံမှန်အားဖြင့် ဒီလိုပြောကြတာပေါ့

 

ဒဏ်ရာရလာရင် အကုန်ဖွင့်ပြီးတော့

 

သေချာလေးကြည့်ရမယ်

 

အဲ့ဒါမှ ရောဂါပိုးမကူးစက်နိုင်မှာ

 

မှန်တဲ့စကားဆိုပေမယ့်

 

လူတိုင်းကိုတော့ အဲ့လိုမျိုးပြောလို့မရပါဘူး

 

စိတ်ဒဏ်ရာရတယ်ဆိုတာ တင်စားတာမဟုတ်ပါဘူး ဒဏ်ရာက မျက်လုံးထဲမပေါ်တာပဲသာရှိတာ တကယ်နာကျင်မှုကတော့ ရှိပါတယ်

 

ပြဿနာကတော့

 

လူနာကိုယ်တိုင် အဲ့ဒါကိုသေချာမသိတာပဲပေါ့

 

သွေးမထွက်တာကြောင့်

 

ဒါကို ကားတိုက်မှုနဲ့ ယှဉ်ကြည့်မယ်ဆိုရင်

 

လက်မောင်း ခြေထောက် အရိုးတွေ

 

အကုန်လုံး ကျိုးသွားပေမဲ့

 

မင်း ချက်ချင်းထပြီးတော့ လမ်းလျှောက်ရမှာပေါ့ ဘာလို့ လှဲနေတာလဲ အဲ့လိုဆိုရင် မဖြစ်ဘူးလေ

 

တစ်ရက်နဲ့ တစ်ရက် တောင့်ခံပြီးနေနေရုံနဲ့တင်

 

အလုံအလောက် အကောင်းဆုံးလုပ်နေတာပါ..”

ကျိန်းသေပေါက် ပြောပြချင်တဲ့ စကားပဲ

 

ကွဲသွားလည်း အဆင်ပြေပါတယ်

 

အားမတင်းထားလည်း ရတယ် တစ်ယောက်ယောက်ကို ဆွဲကိုင်ပြီး ထလည်းအဆင်ပြေတယ်

 

ပြီးတော့ ပြောမယ်ဆိုရင်

 

မပြောလိုက်ရတဲ့ စကားတွေလည်း ရှိတယ်

 

အဲ့တစ်ယောက်ယောက်က

 

ကျွန်တော်ဖြစ်ရင် ကောင်းမှာပဲ

ငါ့ဆုံးဖြတ်ချက်မှန်ကန်တယ်ဆိုပြီး

 

ပြောခိုင်းစေချင်တာက ကိုယ်တိုင်က မမှန်ဘူးဆိုပြီး စဉ်းစားမိလို့ပါပဲ

 

အကြိမ်၅၀၀ လောက်ပြောခိုင်းနေတာက

 

အကြိမ် ၅ဝဝ လောက်စဉ်းစားလည်း

 

မမှန်ဘူးဆိုပြီး စဉ်းစားမိနေလို့ပါပဲ

တစ်စုံတစ်ယောက်နဲ့ တွဲပြီး လမ်းခွဲရတာက

 

အဲ့တစ်စုံတစ်ယောက်နဲ့ သိထားတဲ့

 

လောကကြီးတစ်ခုလုံးနဲ့ လမ်းခွဲရတာပါပဲ

 

တစ်ခါက ငါ့သူငယ်ချင်းဖြစ်ခဲ့တဲ့

 

အဲ့လူရဲ့သူငယ်ချင်းတွေ အတူသွားနေကျ ထမင်းဆိုင် သူဆိုပေးနေကျ သီချင်း

 

တစ်ချိန်က အရမ်းကိုရင်းနှီးခဲ့တဲ့ အဲ့ဒီအရာအားလုံးနဲ့ အဆုံးသတ်ရမယ်ဆိုတာပါပဲ

ရည်းစားထားဖို့ကိုကြောက်မနေနဲ့

 

လောကကြီးမှာ လမ်းခွဲတာတွေက

 

အားလုံးဒီလို ခက်ခဲတာတွေချည်းပဲမဟုတ်ဘူး

 

အဲဒီလိုနဲ့လူတွေရွေးနေရင်း အသက်၃၀မတိုင်ခင်

 

ပါးရေတွေတွန့်ကုန်ကြတာ

အခုရော အဆင်ပြေသွားပြီလား

 

နာကျင်တာမျိုးရော..

 

တကယ် ပင်ပန်းခဲ့မှာပဲ

 

အခုတော့ နည်းနည်းလောက်ပဲ

 

ပင်ပန်းတော့မယ်ဆိုရင် ကောင်းမှာပဲ

ဘယ်လောက်တောင် ပင်ပန်းလဲဆိုတဲ့စကား

 

အခုတော့ အဲလိုမျိုး မနာကျင်တော့ရင်

 

ကောင်းမယ်ဆိုတဲ့ စကား

 

တုန်ယင်နေတဲ့ အဲနေ့က မင်းကို

 

ပွေ့ဖက်မထားပေးနိုင်ခဲ့ပေမယ့်

 

အဲအချိန်ကိုကျော်လွှားနိုင်ခဲ့တဲ့ အခုမင်းကို ပွေ့ဖက်ပေးချင်မိတယ် ဆိုတာ

 

ဖြစ်နိုင်တာက အနွေးထွေးဆုံးသော

 

နှစ်သိမ့်စကားဖြစ်မှာပါ

ဆက်ဆံရေးတွေအားလုံး တစ်ချိန်မှာတော့ ပြီးဆုံးမှာ

 

ကံကောင်းရင်တော့ လက်ထပ်ပြီးတော့

 

အဲ့လိုမဟုတ်ဘူးဆိုရင်တော့ လမ်းခွဲပြီးတော့

 

ဒါပေမဲ့ တချို့ ဆက်ဆံရေးတွေက ဖွင့်ပြောပြီးတာနဲ့အတူ ပြီးဆုံးသွားတယ်

 

ခံစားချက်တွေပြည့်နေတဲ့ စိတ်ထဲမှာ

 

အခု မျှဝေလို့လည်းမရသလို

 

စွန့်ပစ်လို့လည်းမရတော့ဘူး

 

သူငယ်ချင်းဆိုတဲ့ စကားကောင်းမှာ

 

လောကကြီးရဲ့ ဝမ်းနည်းစရာအကောင်းဆု ံးစကားဖြစ်လာပြီးတော့ တချို့ဆက်ဆံရေးတွေကတော့

 

အဲ့လိုမျိုးပြီးဆုံးသွားတယ်

တစ်စုံတစ်ယောက်နဲ့ပွေ့ဖက်ထားတယ်ဆိုတာ

 

အပူချိန်တိုးလာစေတယ်ဆိုတာထက်

 

အဆတရာနွေးထွေးမှုဖြစ်စေတယ်ဆိုတဲ့အရာပါ

 

အရမ်းလွမ်းနေတာလို့

 

ဘာလို့အခုမှလာတာလဲလို့

 

မတွေ့ရတဲ့ကာလအတွင်းစိတ်ပူနေတာလို့

 

ဘေးမှာမရှိလို့ အထီးကျန်နေခဲ့တာလို့

 

တွေ့ချင်လွန်းလို့ရူးမတက်ဖြစ်ခဲ့တာလို့

 

တောင်းပန်ပါတယ်လို့

 

ရပါတယ်လို့

 

ကျေးဇူးတယ်ပါတယ်လို့



ကျွန်တော် ခင်ဗျားမျက်ရည်တွေပြောတဲ့စကားကို ခင်ဗျားရဲ့ပွေ့ ဖက်မှုကပြောတဲ့စကားကို

 

နားလည်နေပါတယ်

 

 

စိတ်မကောင်းဖြစ်လို့ ဒီအတိုင်းထွက်မသွားနိုင်ဘူး

 

အဲဒီ့ညက ခင်ဗျားပွေ့ဖက်ခဲ့တဲ့သူဟာ အစ်ကို့ကိုဆုံးရှုံးခဲ့ရတဲ့ အသက်၁၁နှစ်အရွယ်ကျွန်တော်ဖြစ်ပြီး

 

လူနာကိုဆုံးရှုံးခဲ့ရတဲ့အသက်၂၆နှစ်အရွယ်

 

ကျွန်တော်ဖြစ်ပြီး

 

နောက်ထပ်လောကကြီးကြော င့်နာကျင်ရမှာစိုးလို့

 

ခင်ဗျားအတွက်စွန့်လွှတ်ရဲတဲ့ အရူးလိုမျိုး"

ကျွန်တော်တော့ချစ်လွန်းလို့ လမ်းခွဲရတယ်ဆိုတဲ့စကားကို နားလည်နိုင်တယ်

 

ကျွန်တော်အကြောက်ဆုံးက အဲ့လူတွေ ကျွန်တော့်ကြောင့် ဒဏ်ရာရမှာပဲ လုံးဝကို အဲ့လိုပဲ

 

အဲ့ဒီလူ ကျွန်တော့်ကြောင့် ငိုနေတာကို

 

သေလောက်အောင် မုန်းတယ်

ချစ်တာက သေချာပေါက်လုပ်ရမှာလား

 

ဒါပေါ့ လူဆိုရင် လုပ်ရမှာပေါ့

 

လူတွေက စားလိုက် အိပ်လိုက် ပါလိုက် အဲ့ဒီလိုလုပ်ဖို့အတွက်ပ ဲရှင်သန်နေတာမဟုတ်ဘူးလေ

လှပတဲ့ ခွဲခွာခြင်းဆိုတာ

 

အိမ်သာနံ့ရနေတဲ့ ဒြပ်ရောတွေလို အချိုးကျနေတဲ့ စက်ဝိုင်း ကြည်လင်နေတဲ့သက်တန့်လိုမျိုး

 

အဓိပ္ပာယ်မရှိဘူးဆိုပေမယ့်

 

အဲ့ဒီခွဲခွာမှုက ချစ်တဲ့သူတွေပဲရနိုင်တဲ့အခွင့်အရေးပဲ

 

တစ်ဖတ်သတ်ရင်ခုန်နေရတဲ့နှလုံးသားက

 

ဒီအတိုင်းကျန်ရစ်ပြီး ကြည့်နေခဲ့ရုံအပြင်မရှိဘဲ

 

ငါ့ကိုခြေချုပ်မိအောင်လုပ်ထားတာ မင်းလား

 

ငါကပဲမင်းကိုခြေချုပ်မိ အောင်လုပ်ထားတာလားဆိုတာ နောက်ကလိုက်ပြီး မပြောနိုင်ကြတော့ဘူး

ပြီးသွားတဲ့ကိစ္စတွေက

 

အကယ်၍ ဆိုတာမျိုး မရှိနိုင်တာမို့ပါ

လူတစ်ယောက်က သေချင်တဲ့စိတ်နဲ့

 

ကားမောင်းထွက်သွားရင်းက အဘိုးအိုတစ်ယောက်ကို တင်စီးခဲ့တယ်

 

အဲ့အဘိုးအိုက သူ့အကြောင်းကိုပြောပြခဲ့တယ်

 

သူလည်း အရင်ကတည်းက သေချင်တဲ့စိတ်နဲ့

 

သစ်ပင်ပေါ်ကို တက်သွားခဲ့ဘူးတယ် ဆိုပြီး

 

ဒါပေမယ့် အဲ့မှာချယ်ရီသီးလေးရှိနေပြီး

 

ယူပြီးအဲချယ်ရီသီးလေးကို စားလိုက်တော့

 

အရမ်းကိုချိုပြီးစားကောင်းနေတာလေ

 

နေရောင်ကလည်း တောက်ပပြီး

 

ကလေးတွေကလည်း အရမ်းကိုလှတယ် အဲ့ဒါကြောင့် ဒီတိုင်း အသက်ရှင်ဖို့ပဲလုပ်ခဲ့လိုက်တယ်တဲ့



ချယ်ရီက လူ့အသက်ကိုကယ်တင်ပေးလိုက်တာပဲ

 

တိတိကျကျပြောရရင် အကြောင်းအရာက စကားဝိုင်းလေးက လူ့အသက်ကိုကယ်တင်ပေးလိုက်တာပဲပေါ့

 

အမှန်တော့ လောကကြီးက လှပတယ်

 

အသက်ရှင်ရမယ်

 

သိသာထင်ရှားနေတဲ့အကြောင်းအရာပဲလေ

 

ဒါပေမယ့် လူ့အသက်ကို ကယ်တင်တယ်ဆိုတာ

 

အဲလိုမျိုးပါပဲ

 

ငါက မင်းအကြောင်းကိုနားထောင်ပေးမယ်

 

ငါကမင်းရှေ့ကနေ တစ်ခုခုပြောပေးမယ်

 

မင်းတစ်ယောက်တည်းဖြစ်အောင် ပစ်မထားဘူး

 

ငါ မင်းကို စောင့်ကြည့်နေပေးမယ်



လောကကြီးက အရမ်းမှောင်မိုက်သွားလို့

 

အကုန်လုံး လက်လျော့လိုက်ချင်တဲ့လူတွေ

 

မှိတ်တုတ် မှိတ်တုတ် မီးတစ်ခုပဲ မြင်ရရင်တောင် အဝေးကနေ ကာကွယ်ပေးရင်တောင်

 

လက်ချောင်းလေးနဲ့ နည်းနည်းလေး

 

သပ်မိသွားရင်တောင် အဲ့ဒါနဲ့တင် လုံလောက်ပါတယ်

ခက်ခဲတဲ့ဆက်ဆံရေးတွေမှာ ပင်ပန်းခဲ့တဲ့အချိန်တွေ

 

အတိတ်ထဲမှာ ဝမ်းနည်းဖို့ကောင်းတဲ့အချိန်ရော

 

အဲ့ဒီအချိန်အားလုံးက ဘယ်လောက်တောင် အဖိုးတန်လဲဆိုတာ မသိတဲ့အချိန်ဆိုတာ ရှိခဲ့တယ်

စိတ်ဓာတ်ကျရာမှာ အရေးအကြီးဆုံးတစ်ခုက

 

စိတ်မကြည်ထိုင်းမှိုင်းခြင်းပါ

 

အဲ့ဒါကို တခြားသူတွေရော ကျွန်တော့်ကိုရော အထူးတလည် ရှင်းပြမနေပါနဲ့

 

အအေးမိရင် အဖျားရှိသလိုမျိုး ဒီတိုင်းနေမကောင်းတာမို့လို့ အိပ်ယာထဲကမထနိုင်တာပါ

 

ငါ အခု အသက်ကောင်းကောင်းရှုနေရဲ့လား

 

အာ ငါ ကောင်းကောင်းလုပ်နေတာပဲ

 

အဲ့လိုမျိုးတွေးလို့ရပါတယ်

ဘယ်လောက်ပဲ စိတ်ပျက်ဖို့ကောင်းတဲ့ အချစ်ဖြစ်ဖြစ် ဒီလိုမျိုး လှပတဲ့ အရာ တစ်ခုကိုတော့

 

ချန်ထားပေးခဲ့တယ်

 

မင်းက အဲ့ဒါကို ပြရမဲ့ တစ်ဦးတည်းသော သက်သေပဲ

“ထာဝရဆိုတာ ဘာလောက်ကြာလဲမသိဘူးနှစ်နာရီကြာ ရုပ်ရှင်မှာတော့ နှစ်နာရီကြာချိန်ဆိုတာက ထာ၀ရလေ အဲ့လောက်ဆို လုံလောက်ပြီလို့ထင်တယ်..”

“ထွက်သွားတဲ့လူ မသွားနိုင်အောင် ပင်ပင်ပန်းပန်းနဲ့ နေစရာမလိုပါဘူးအရမ်းအားနာမနေပဲနဲ့ နေ့ရက်တိုင်းကို တန်ဖိုးရှိရှိ ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားရင်ရပါပြီ..”

ပင်လယ်မှာနေတဲ့ တစ်သက်လုံး ပင်လယ်ကို

 

ရှာနေမဲ့ ငါးလိုမျိုး

 

တစ်ချိန်ချိန်တော့ ပျော်မှာပါလို့ တစ်ချိန်ချိန်တော့ စိတ်အေးချမ်းမှာပါလို့

 

အဲ့ဒီတော့ ဒီနေ့တော့ အသက်ရှုနေတယ်ဆိုတာ

 

အချိန်တိုင်း မတောက်ပရင်တောင်

 

အဲ့လောက်ထိ ငါက အလုံအလောက်

 

ကောင်းကောင်းနေနိုင်တယ်ဆိုတာ

 

မင်းနဲ့ တွေ့ပြီးမှ သိလိုက်ရတယ်

 

အဲ့ဒါကြောင့် ငါက အကောင်းဆုံး အကုန်လုပ်ပြီးတော့ အတတ်နိုင်ဆုံး အကြာကြီးနေလိုက်မယ်

 

အများကြီးနာကျင်ခဲ့တဲ့ ရာသီရဲ့အဆုံးမှာ

 

ကျွန်တော့်ကို လက်ကမ်းပေးနေတဲ့လူ

 

မင်းက ကိုယ့်ရဲ့ နွေဦးလေးပါလို့



ဖြစ်နိုင်တာကတော့ ထပ်ပြီးတော့

 

နာကျင်စရာ အပြောင်းအလဲဖြစ်ခဲ့ရင်တောင်

 

သံသယမရှိဘဲနဲ့ အချိန်တိုင်းမှာ ထပ်ပြီးတော့

 

လက်ကမ်းပေးပြီးတော့ ကျွန်မက ရှင့်ရဲ့ နွေဦးလေးလို့



နောက်ကျတဲ့ နွေဦးမှာ

 

အရူးနှင်းတွေ ကျခဲ့တဲ့ နွေဦးည

 

အဲ့ဒီရူးကြောင်ကြောင်ရာသီဥတုကို ဆင်ခြေပေးပြီးတော့ တစ်ယောက်ယောက်က ဒဏ်ရာရထားတဲ့ အတောင်ပံတွေကို ထပ်ဖြန့်ပြီးတော့

 

တစ်ယောက်ယောက်ကတော့

 

အရမ်းအကြာကြီးကတည်းက ခေါက်ထားခဲ့တဲ့ အတောင်တွေကို ဖြန့်ပြီးတော့

 

လိပ်ပြာလေးတွေက ပျံသွားပါတယ်

 

I hope everyone who is going through a painful season will soon be able to meet a friendly spring

 

.

 

နွေဦးလေးပိုင်ဆိုင်နိုင်ဖို့

 

ဆန္ဒပြုလျက်.



ကျေးဇူးတင်ပါတယ်..

'2021 Kdrama' 카테고리의 다른 글

LOST: 인간실격  (0) 2023.11.28
Would you like a cup of coffee?  (0) 2023.01.17
월간 집  (0) 2022.08.30
Monthly Magazine Home  (0) 2022.08.26
Vincenzo  (0) 2022.02.20