드라마 다이얼로그

Would you like a cup of coffee? 본문

2021 Kdrama

Would you like a cup of coffee?

드라마 Dialogue 2023. 1. 17. 02:08

Would You Like a Cup of Coffee?
커피 한잔 할까요?

제 1 화 • God Shot
ကော်ဖီတစ်ခွက်က မင်းရဲ့ဖန်တီးမှုတွေကို လွှမ်းသွားပြီး မင်းရဲ့ဘဝကို ပြောင်းလဲပေးလိုက်ရင်

အဲ့ဒါကို God Shot လို့ခေါ်တယ်
God Shot - မမျှော်လင့်ဘဲဖြစ်လာတဲ့ ကောင်းတဲ့အရာ

ငါကစပြီးတော့ အသက်ကြီးတဲ့လူတွေအကုန်လုံးက
တစ်ကယ်ကိုထူးဆန်းကြတာပဲ
ဒီလူက ဝင်ငွေဘယ်လောက်ရှိတယ်
အိမ်က ဘယ်လောက်ကြီးတယ်
သူ့ကားက ဘယ်လောက်နှုန်းရှိတယ်ဆိုပြီး
လူတွေရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို
လိုက်ပြီးအမှတ်ပေးတတ်ကြတယ်
အကုန်လုံးကိုနံပါတ်တွေတပ်ပြီး ဝေဖန်ကြပြီး
အသက်ကျတော့ ခြွင်းချက်အနေနဲ့ထားရမယ်တဲ့
ဆိုလိုတာ အသက်က အရေးပါတာလား မပါတာလား?


제 2 화 • 고비, 고비? 고비!

အသားစားရင်တောင် စားချင်တဲ့လူနဲ့ပဲစားပြီး
ပျော်ရွှင်မှုဆိုတာကလည်း ကုန်ဆုံးချင်တဲ့လူနဲ့ပဲ
ကုန်ဆုံးရတယ်

တစ်စုံတစ်ယောက်က
မင်း ပင်ပန်းနေတာကိုနားလည်ပေးတဲ့အခါ
မင်းဘက်က အားတက်သွားရတဲ့အချိန်တွေရှိတယ်

ကိုယ့်အကြိုက်နဲ့ကိုက်ညီတဲ့ ကော်ဖီကိုရှာရတာက

လွယ်ကူတဲ့အလုပ်မဟုတ်ဘူး
ဒါပေမဲ့ ကိုယ့်အကြိုက်ကော်ဖီအရသာကို
သေချာမသိတဲ့လူတွေ ဘယ်လောက်တောင်များနေမလဲ
ငါ့အတွက်တော့ အိပ်ရေးမဝတဲ့အချိန်
သောက်ရတဲ့ကော်ဖီက
အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်လိုပဲ
အခုကော်ဖီသောက်ပြီး ကိုယ့်အကြိုက်အရသာကို
ရှာဖွေနေကြတဲ့လူတွေလည်း ရှိမှာပဲပေါ့


제 3 화 • Cafe Voldemort

Elephant House ဆိုတာကိုကြားဖူးလား?
စကော့တလန် အက်ဒင်ဘာ့က ကော်ဖီဆိုင်လေး
Joanne Rowlingက Harry Potter ဇာတ်လမ်းတွဲကို
ရေးခဲ့တဲ့နေရာဆိုပြီး နာမည်ကြီးတယ်
အစိုးရအထောက်အပံ့ယူနေရတဲ့
တစ်ကိုယ်တော်မိခင်တစ်ယောက်
သူဝတ္ထုတစ်အုပ်ရေးချင်ခဲ့ပေမယ့်
အဲ့ဒါက ဒီအတိုင်းစိတ်ကူးပဲ
ဒါပေမယ့်တစ်ကယ် လုပ်နိုင်ခဲ့တယ်

သူ့သမီးလေးကို လက်တွန်းလှည်းလေးထဲထည့်ပြီး လမ်းလျှောက်ထွက်တယ်
သူ့သမီးလေး အိပ်ပျော်သွားတဲ့အခါ Elephant House
ကော်ဖီဆိုင်ထဲဝင်ပြီး ကော်ဖီတစ်ခွက်မှာပြီးတာနဲ့
သူဝတ္ထုရေးတယ်
ဆိုင်ထဲမှာ အကြာကြီးထိုင်လို့ဆိုပြီး
ကော်ဖီဆိုင်ရှင်ကသာ သူ့ကိုမောင်းထုတ်ခဲ့ရင်
သူ Harry Potter ဇာတ်လမ်းတွဲကို
အဆုံးထိရေးနိုင်ခဲ့မှာမဟုတ်ဘူး

ဒီအစေ့လေးတွေအကုန်လုံးကနေ တစ်ညီတည်းတူတဲ့ ကော်ဖီစေ့လေးတွေဖြစ်တာမဟုတ်ဘူး
ကော်ဖီဆိုင်တွေကလည်း ဧည့်သည်နဲ့ သဟဇာတဖြစ် မဖြစ်ရှိသေးတယ်
အချိန်အဆကောင်းကောင်းနဲ့လှော်နိုင်မှ ကော်ဖီစေ့လှလှလေးတွေ ထွက်လာသလိုမျိုးပေါ့


제 4 화 • 절대적이지만 상대적인
မသက်ဆိုင်တော့ပေမဲ့လည်း ဆွေမျိုးတွေဖြစ်နေတုန်း

GB: အရသာမြည်းဖို့ နမူနာကော်ဖီတစ်ခွက်ပါ ပေးသောက်ဖို့အထိ ကျိန်းသေပေါက် လိုလို့လားလို့ သိချင်လို့ပါ

PS: စမ်းသောက်ရမှာ မကြိုက်တဲ့ ဧည့်သည်တွေလည်းရှိတယ်

GB: ကျွန်တော်ပြောချင်တာ အဲဒါလေ
မနက်ခင်းပဲဖြစ်ဖြစ် နေ့လယ်စာစားချိန်ပဲဖြစ်ဖြစ် ၁မိနစ်လေးဆိုရင်တောင်မှ နှမြောဖို့ကောင်းတဲ့လူတွေမို့လို့လေ

PS: အရသာကရော.?
အလုပ်လည်းအရေးကြီးပြီးတော့ အချိန်လည်း အရေးကြီးပေမဲ့ ကော်ဖီအရသာကိုတော့ ဖြစ်သလို မသောက်စေချင်လို့
ငါ့လောဘကြောင့် ဖန်တီးဖြစ်ခဲ့တဲ့ နောက်ဆုံးအားကိုးရာပေါ့

GB: ဒါနဲ့ အချိန်မရှိဘူးဆိုရင် ကော်ဖီအရသာကိုလည်း သေချာလေး မခံစားမိလောက်ဘူးမလား

PS: အရသာကောင်းတယ်ဆိုတဲ့ မှတ်ချက်တွေ ရထားတာတောင်မှလား

GB: ဟုတ်ကဲ့
အရမ်းအလုပ်များနေတဲ့ အချိန်မျိုးမှာပဲ ရှိလာနိုင်တဲ့ တစ်ခုတည်းသော မေးခွန်းဆိုပေမဲ့ပေါ့

PS: အဓိပ္ပာယ်ရှိသားပဲ
ဒါပေမဲ့ လူတိုင်းက အလုပ်များနေတာတော့ မဟုတ်ဘူးမလား
ဒီလိုဧည့်သည်မျိုးက ငါတို့ရဲ့စံနှုန်း ဖြစ်လာနိုင်တယ်မလား


제 5 화 • 나 를 잊지 마세요
ငါ့ကိုမမေ့လိုက်ပါနဲ့

နေ့လယ်စာစားဖို့ လာတဲ့အချိန် တစ်ယောက်တည်း ထွက်လာရင်းက ဒါကို တွေ့ခဲ့တာ

"အလုပ်မှာပင်ပန်းပြီးတော့ အရမ်းအထီးကျန်နေခဲ့ပေမဲ့
ဒီကကော်ဖီကို သောက်ရင်းနဲ့ တစ်ရက်တစ်ရက် ကုန်ဆုံးနိုင်ခဲ့တာ.."


ကျေးဇူးကြောင့် မနက်ဖြန် အန္တရာယ်ကင်းကင်းနဲ့ ဗီယက်နမ်ကို ပြန်သွားနိုင်တော့မှာပါ

ကိုရီးယားလူမျိုးတွေက ကျွန်တော်နာမည် ကွမ်ကို “မင်းဘဝကတော့ သုညပဲ” ဆိုပြီး ပြောကြပါတယ်
အစကတော့ ချီးကျူးတဲ့စကားလို့ ထင်ခဲ့တာပါ
ဘာလို့ဆို ဗီယက်နမ်ဘာသာစကားမှာ ကွမ်ဆိုတာ အလင်းရောင်လေ

"ဘဝကအလင်းရောင်တွေနဲ့တောက်ပနေရင် လှတယ်မဟုတ်လား.."


ဒါပေမယ့် ကိုရီးယားမှာတော့ ကွမ်ဆိုတာ သုံးစားမရတဲ့အဓိပ္ပာယ်မှန်းသိလိုက်ရတော့ ဝမ်းနည်းခဲ့ရပါတယ်
ဒါပေမယ့် အခုတော့အဆင်ပြေသွားပါပြီ ကျွန်တော်ကတော့ ကျွန်တော်ဘဝကို အလင်းရောင်လို့ ယုံကြည်တာမို့.

PS: ငါ “ဒုတိယမျိုးဆက်” ကော်ဖီဆိုင်ဖွင့်ပြီးသိပ်မကြာဘူး
ဒီစက်က ရုတ်တရက်ကြီးရောက်လာတာလေ
တစ်ခြားဆိုင်က ကော်ဖီတွေထက် ပိုကောင်းအောင်ကြိုးစားပြီး ရောင်းခဲ့ပေမယ့်
ဆိုင်ကိုဘယ်ဝယ်သူမှမလာခဲ့ဘူး လူသွားလူလာများတဲ့နေရာဖြစ်ပြီး မရောင်းရတော့ လက်မခံနိုင်ခဲ့ဘူးပေါ့
"တကယ်ပဲ ဘယ်လောက်တောင်အရသာရှိတဲ့ ကော်ဖီမို့လို့လဲ" ဆိုပြီး
သိကလည်းသိချင် မာနကလည်း လက်မခံနဲ့ အချိန်အကြာကြီးစဉ်းစားပြီးတော့
တစ်ညမှာ ဒီကကော်ဖီကိုမြည်းကြည့်ဖို့ တစ်ယောက်တည်း ထွက်လာခဲ့တယ် ပထမဆုံးအကြိမ်အနေနဲ့

GB: အရသာက.?

PS: အရသာရှိတယ်

GB: သူ့အရသာကိုဗန်းစကားနဲ့ ပြောကြည့်ရင်ရော

PS: အစပ်အဟပ်
အစပ်အဟပ်ကကောင်းပေမယ့် တစ်ခြားလည်း ထပ်ရှိသေးတယ်
စက်အရှေ့က ဒီနေရာလွတ်လေးမှာ
လူတွေ လာစုဝေးနေကျ
တစ်ခွက်စမ်းသောက်ကြည့်ပြီးတော့
ထူးထူးဆန်းဆန်းပဲ ကိုယ့်ကိုယ်ကိုရှက်လည်းရှက်မိပြီး သနားစရာလို့လည်း မြင်ခဲ့တယ်

"ကော်ဖီဖျော်တယ်ဆိုတာ အရသာကောင်းဖို့မဟုတ်ဘဲ တစ်ခြားသူတွေနဲ့ အတူတူရှိဖို့ပါလားဆိုပြီး
ငါ့ဘဝရဲ့ဆောင်ပုဒ်ကို ဒီလိုနည်းနဲ့ရှာတွေ့ခဲ့တယ်လို့ ဘယ်သူက ထင်မှာလဲ.."

제 6 화 • 웨이터
Waiter

GB: မေးကြည့်ချင်တာ ရှိတယ်
ပင်ပန်းတဲ့အချိန် မရှိဘူးလား

GW: အခိုက်အတန့်တိုင်းကတော့ ပင်ပန်းရတာပဲပေါ့

GB: မဟုတ်ဘူးလေ ငယ်သေးလို့ အလုပ်ရှုပ်လို့ ပင်ပန်းရတာမျိုးမဟုတ်ဘဲ ဝယ်သူတွေမရှိတဲ့အချိန် ဘာမှလုပ်စရာမရှိတဲ့အချိန်ကိုပြောတာ

GW: မုန့်ဆိုင်မှာ အချိန်ပိုင်းအလုပ်စလုပ်တည်းက ဝယ်သူတွေအများကြီးလာတဲ့အချိန်က အပင်ပန်းဆုံးလို့ ထင်ခဲ့တာ
ဒါမှမဟုတ် ရိုင်းစိုင်းတဲ့ဝယ်သူတွေနဲ့ ကြုံတဲ့အခါပေါ့
ဒါပေမယ့် အပင်ပန်းဆုံးအချိန်က ဝယ်သူလုံးဝမရှိတဲ့အချိန်ဖြစ်နေတယ်

GB: ဒါဆို ကျွန်တော်တစ်ယောက်တည်း ဖြစ်တာမဟုတ်ဘူးပဲ

GW: စားပွဲထိုး (waiter) ဆိုတာကို သိတယ်မလား GB: သိတာပေါ့ ဝန်ဆောင်မှုပေးရတဲ့သူ

GW: မှားတယ် စောင့်ရတဲ့သူ
မုန့်ဆိုင်ပိုင်ရှင်ပဲဖြစ်ဖြစ် ကော်ဖီဆိုင်ကဝန်ထမ်းပဲဖြစ်ဖြစ် ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ်
အကုန်လုံးက ဝယ်သူအလာကိုစောင့်နေရတဲ့ သူတွေပဲလေ .. အကုန်လုံးက waiter ပေါ့
ကျွန်မအရမ်းငြီးငွေ့ပြီး အလုပ်ထွက်ပစ်ချင်နေတဲ့အချိန်တုန်းက ဦးလေး ဆော့က ပြောခဲ့တာ
ဒီစောင့်ရတာလေးကိုတောင် သည်းမခံနိုင်ရင် မြန်မြန်ထွက်လိုက်တာ ပိုကောင်းတယ်တဲ့

GB: ဂါဝန်းကရော ဘယ်လိုသည်းခံနိုင်ခဲ့တာလဲ

GW: ကျွန်မလည်း ဦးလေး ဆော့ကို ဒီလိုတစ်ထပ်တည်း မေးခဲ့တာပေါ့
တကယ်တော့ ရိုးရှင်းပါတယ်
ဝယ်သူမလာတဲ့အချိန်ကျရင် ဖြစ်လာတဲ့ ပျင်းတဲ့အခြေအနေတွေ
စိတ်အလိုမကျဖြစ်လာတာတွေ အဲဒီလိုအရာတွေကို မြတ်နိုးတတ်ဖို့ပဲ
ကိုယ့်အလုပ်ကိုယ် အဲဒီလောက်ထိချစ်လားလို့
မေးကြည့်ကြည့်ပေါ့


제 7 화 • 믹스 앤 매치
Mix and Match

မင်းရဲ့ကော်ဖီဆိုင် ဘယ်လောက်ပဲကောင်းနေနေ မင်းရဲ့ရည်ရွယ်ချက်ကို ဘယ်သူမှနားမလည်ရင် မင်းကိုယ်မင်း ဗလာနတ္ထိကြီးလိုခံစားနေရမှာ
ချီးကျူးစကားပဲဖြစ်ဖြစ် အမှန်တရားပဲဖြစ်ဖြစ် အနည်းဆုံးတော့ ချွဲက ကော်ဖီဖျော်ဆရာတစ်ယောက်ရဲ့ ရည်ရွယ်ချက်ကို နားလည်အောင်ကြိုးစားနေတဲ့ ဝေဖန်ရေးသမားပဲ


제 7 화 • 힙스터
မိမိစိတ်ကြိုက် နေထိုင်ကြသူများ

PS: Banco ဆိုတာကို ကြားဖူးလား

GB: အီတလီလူမျိုးတွေ ဘားကောင်တာကိုခေါ်တဲ့ အခေါ်ပါ

PS: ငါတို့ကော်ဖီဆိုင်က ဘားကောင်တာမှာ ထိုင်ခုံတွေရှိပေမယ့် တစ်ကယ်တော့ ငါက Banco ကို လိုချင်တာ

GB: အာ .. ဧည့်သည်တွေ ကော်ဖီကိုမြန်မြန်သောက်ပြီး မြန်မြန်ပြန်တဲ့ ပုံစံပေါ့

PS: အီတလီက သူတို့ရဲ့ Espressos ကြောင့် နာမည်ကြီးပေမယ့် အံ့ဩဖို့ကောင်းလောက်အောင် သူတို့မှာ ကော်ဖီကောင်းကောင်းရယ်တို့မရှိဘူး ကဖိန်းဓာတ်များတဲ့ ကော်ဖီစေ့အပေါစားတွေကိုပဲ လှော်ပြီးတော့ အဲဒါကိုပဲ အရသာရှိရှိသောက်ကြတာ

GB: သကြားလည်းထည့်သောက်ကြတယ်လို့တော့ ကြားဖူးပါတယ်

PS: သကြားက ဈေးပေါတဲ့ကော်ဖီစေ့ရဲ့ ပြစ်ချက်တွေကိုဖုံးပေးပြီး အချို ဓာတ်ပေးတယ်
ဒါကြောင့်မို့ အလုပ်ကြမ်းသမားတွေအတွက်တော့ ဈေးပေါတဲ့ espresso ချိုချိုလေးကို မြန်မြန်သောက်ရတာ အံကိုက်ပဲ သူ့ဓလေ့နဲ့သူပေါ့

GB: ဆန်းကျယ်လိုက်တာ ကိုယ်ဖျော်တာကိုသောက်လိုက်တော့ ဒီလို ခံစားချက်မျိုးရတာပဲ

အကုန်လုံးကို မင်းဖျော်ထားတာမို့လို့ပေါ့ မင်းက မရှင်းပြရင်တောင်
အရသာအကုန်လုံးကို ပြောပြနိုင်တယ် ရှင်းပြစရာမလိုဘဲ တစ်ခါတည်းနဲ့ တန်းသိတယ်

အဆောက်အဦးတွေလည်း အတူတူပဲ
ငါ ပန်းရံလုပ်လာတဲ့သက်တမ်းက နှစ် ၂၀ကျော်ပြီလေ

GB: ပန်းရံ ဟုတ်လား

ပုံစံခွက်လုပ်တာ သိတယ်မလား
အဆောက်အဦးဆောက်ရင် ဘိလပ်မြေမလောင်းခင်
အဆောက်အဦးပုံစံကို သစ်သားပြားနဲ့အရင်ပုံစံချတယ်လေ

GB: အာ … အဲဒါကိုး

အင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်တဲ့သူတွေက အပြောအဆို အပြုအမူတွေ ရိုင်းကြတယ်
ဒါပေမယ့် ငါကတော့ လူတွေ ငါတို့ကို အလုပ်ကြမ်းသမားလို့ခေါ်ရင် လုံးဝ လက်မခံချင်ဘူး

GB: ဘယ်လက်ခံချင်ပါ့မလဲ

အလုပ်ကြမ်းသမားဆိုတာ ပညာသားမပါတဲ့ အလုပ်ကိုလုပ်ကြတာ
ဒါပေမယ့် ငါတို့တွေသာ ကွန်ကရစ်ကို ၁စင်တီမီတာလောက်ပဲမှားလောင်းမိကြည့်
အဆောက်အဦးတစ်ခုလုံး ပျက်စီးသွားမှာ ဒီလိုလူတွေကို အလုပ်ကြမ်းသမားလို့ခေါ်လို့မရဘူးလေ


제 9 화 • 상대적이지만 절대적인
ဆွေမျိုးတွေဆိုပေမဲ့လည်း စိမ်းသက်နေတဲ့ဆွေမျိုးတွေ
အထူးကော်ဖီစေ့: Panama Geisha, El Paraiso Lychee

GB: ဒီရက်ပိုင်း အထူးကော်ဖီစေ့တွေကို သောက်ချင်ကြတဲ့ ဧည့်သည်တွေ များလာတာပဲ

JH: တတိယမြောက်ခေတ်ရေစီးကြောင်းက ဒုတိယမြောက်ကော်ဖီဆိုင်ကိုပါ ရိုက်ခတ်လာပြီကိုး
ပထမဆုံးခေတ်ရေစီးကြောင်းက အသင့်ဖျော်ကော်ဖီတွေ
ဒုတိယမြောက်ခေတ်ရေစီးကြောင်းက Starbucks ရဲ့ ဥက္ကဌကနေပြီး
စံချိန်စံညွှန်းသတ်မှတ်ပေးထားတဲ့ ကော်ဖီဆိုင်တွေနဲ့ espresso ရဲ့အရသာကွဲ မီနူးတွေ
ပြီးတော့ တတိယမြောက်ခေတ်ရေစီးကြောင်းကတော့ သေချာပေါက် ဒီအထူးကော်ဖီတွေပေါ့

PS: ဒါဆိုရင် တတိယမြောက်ခေတ်ရေစီးကြောင်းကြောင့် ဒီအထူးကော်ဖီတွေ တစ်ခေတ်ထလာတယ်လို့ ဆိုလိုတာလား

အထူးကော်ဖီအမျိုးအစား ခေတ်စားလာတာက ဒီတတိယရေစီးကြောင်း မတိုင်ခင်ကတည်းကပါ
တတိယရေစီးကြောင်းရဲ့ အချုပ်က
သူ့ရဲ့ စိတ်ဝိဉာဉ်ပဲပေါ့
ငြီးငွေ့ဖို့ကောင်းပြီး စံချိန်စံညွှန်းသတ်မှတ်ထားတဲ့ ကော်ဖီဆိုင်တွေကို ပယ်ထုတ်လိုက်ပြီးတော့
အဲနေရာမှာ ကော်ဖီစေ့တွေနဲ့ ပြန်စတင်မယ်
ဒါကိုပြောချင်တာလား

ဖန်တီးသူနဲ့ သောက်သုံးသူတွေကြားထဲ ခိုင်ခိုင်မာမာနဲ့ ချိတ်ဆက်ပေးမယ့် လောဘလို့ ပြောရမလား
ကော်ဖီတစ်ခွက် ဖန်တီးပုံအဆင့်ဆင့် အကြောင်းကို ပြောပြပေးချင်တဲ့ စိတ်နဲ့ စတင်ခဲ့တယ်လို့ ပြောရမှာပေါ့

ဘယ်နိုင်ငံကလာတဲ့ ကော်ဖီစေ့ဆိုပြီး မျှဝေတာထက် ကော်ဖီစိုက်ပျိုးမှု အခြေအနေနဲ့
လယ်ယာနာမည်တွေအထိ အသေးစိတ်သိရတဲ့ အကြောင်းအရင်းက ရှိနေတာပဲ

JH: နည်းနည်းယုံကြည်ရတဲ့ ပုံပေါ်တယ်
ယုံကြည်ချက်ပြင်းပြနေတာကိုလည်း ခံစားမိတယ်
ဒါပေမဲ့ ဒီပုံမှန်ရည်ရွယ်ချက်လေးတွေကို မြင်နိုင်သလား မေ့ပစ်လိုက်ကြမလား ဆိုတာကတော့
အရမ်းစီးပွားရေးလိုင်းတစ်လိုင်းကိုပဲ အာရုံထားပြီးတော့ ပိုက်ဆံရဖို့တစ်ခုတည်းကို
ဦးတည်ထားတဲ့ လူတွေလည်းရှိနေတော့ အဲဒါကနည်းနည်း နှမြောဖို့ကောင်းတယ်ဆိုရမလား

ဈေးကြီးတော့ ရောင်းဝယ်ကြပြီး
ဈေးကြီးတာကြောင့် သေချာပေါက်
အရသာရှိမယ်လို့ ထင်ပြီး ဝယ်သောက်ကြရော နည်းနည်းအယောင်ဆောင်တွေများတယ်လို့ ထင်မိတယ်

PS: ဘယ်သူက ဘယ်လိုမျိုး ဖန်တီးပြီးတော့ ဘယ်သူက အရသာခံသလဲဆိုတာအပေါ်မှာ ကွဲပြားမယ်မထင်ဘူးလား

JH: ထပ်ပြီးတော့ ဝိုးတဝါးအကျဉ်းချုပ်ကို ပြောလိုက်ပြန်ပြီပဲ


PS: Ethiopian Sidamo ကော်ဖီစေ့ကိုသုံးထားတဲ့ နှပ်ကော်ဖီပါ
တောက်ပပြီးလှပပေမယ့် အရသာကတော့ ပေါ့မနေဘူး
မီနာလိုပဲ ဟုတ်တယ်မလား

သူက အဲဒီလိုမျိုးလား

PS: ဒီကော်ဖီစေ့ကလည်း မီနာအကြိုက်ပါ

သူက အရမ်းဆတ်ဆတ်ထိမခံ ဖြစ်တတ်တယ်မလား

PS: အနုပညာရှင်တစ်ယောက်က အထိမခံမဖြစ်ဘူးဆိုရင် ထူးဆန်းနေမှာပေါ့

အဲဒီလိုလည်းဟုတ်ပေမယ့် ခါတိုင်း သူက ဒီလိုပုံစံမဟုတ်လို့ပါ

PS: ရင်းနှီးတဲ့အရာတွေနဲ့မှ ထွက်ပေါ်လာတတ်တဲ့ အထိမခံနိုင်တဲ့ သဘောတရားပါ
မီနာက အဲဒီလိုပုံစံမျိုးနဲ့ အထိမခံဖြစ်တာမို့ ဘာမှစိတ်ပူစရာ မလိုပါဘူး

ကျွန်မက ကျွန်မကလေးအကြောင်းကို တော်တော်မသိဘူးပဲ


제 10 화 • 새로운 물결
လှိုင်းအသစ်
အထူးကော်ဖီတွေရဲ့ ကျေးဇူးနဲ့ ကော်ဖီစေ့ရဲ့ အချဉ်ဓာတ်ကို သိရှိသွားကြတယ်ဆိုတာကတော့ တကယ့်အမှန်တရားပဲပေါ့
ဒါပေမဲ့ ထပ်ပြီးတော့ အချဉ်ဓာတ်တစ်ခုပါပဲဆိုပြီး တွေးကြတဲ့ အဲလိုဧည့်သည်တွေကတော့ နည်းနည်းစိတ်ရှုပ်စရာပါပဲ

GB: ဈေးနှုန်းသာ အကြောင်းအရင်းလုံလောက်နေရင် တကယ်ပိုကောင်းမယ်လို့ ထင်တယ်

ကော်ဖီစေ့စိုက်ပျိုးသူတွေရဲ့ ကျရှုံးမှုတွေအပါအဝင် စမ်းသပ်စိုက်ပျိုးခြင်းနည်းလမ်းတွေနဲ့ အသုံးချရတဲ့လမ်းစဉ်တွေကြောင့်
အရည်အသွေးမြင့်တဲ့ ကော်ဖီစေ့တွေကို ရနိုင်တယ်လို့ထင်တာပဲ
အပင်ပန်းခံ၊အုပ်စုလိုက်ကြိုးစားမှုတွေကနေပြီးတော့ မြှုပ်ထားတဲ့ ရတနာကို ရှာဖွေသလိုမျိုး ကော်ဖီစေ့ပြင်ဆင်သူတွေကို လိုအပ်တယ်လေ
Barista တွေကတော့ အမြဲတမ်း နောက်ဆုံးအဆင့်ပဲပေါ့
ကောင်းတဲ့စက်နည်းပညာတွေနဲ့ အတိအကျကော်ဖီဖျော်စပ်မှ အဲနောက်ပိုင်းမှာ ဒီလိုကော်ဖီကောင်းတစ်ခွက်ကို ပြန်ပေးနိုင်စွမ်းရှိတာပေါ့

CH: ကြည့်လိုက်တာနဲ့ ချမ်းသာကြတာ ...အသိသာကြီးကို
သူတို့ရဲ့ကြွယ်ဝမှုတွေကို လူမှုကွန်ရက်ပေါ်ချပြဖို့ ကော်ဖီဆိုင်ကိုလာကြတဲ့ အသက်အရွယ်ပိုင်းတွေမဟုတ်ဘူး
ကော်ဖီအရသာကိုတောင် သေချာပိုင်းခြားနိုင်ကြတာမဟုတ်ဘူး
ဒါနဲ့များ ဈေးကြီးတဲ့ကော်ဖီကိုသောက်ဖို့ ဘာလို့ ခဏခဏလာနေကြတာလဲ

GB: အရသာရှိလို့ပေါ့

CH: မှန်တယ်
တကယ်သာကောင်းနေရင် ဘာရှင်းပြချက်မှမလိုဘူး
မင်းရဲ့ခန္ဓာကိုယ်က အလိုအလျောက်ကို တုံ့ပြန်လာမှာ


제 11 화 • 빛 과 소음
အလင်းရောင်နဲ့ ဆူညံသံ
Costa Rican Tartarus ကော်ဖီ
ဒါ Honey Process နဲ့အခြောက်ခံထားတဲ့ ကော်ဖီပါ
(ကော်ဖီချယ်ရီသီးကိုအခွံချွတ်ပြီး အရသာပိုချိုအောင် မဆေးကြောသေးဘဲကော်ဖီစေ့ကိုအခြောက်ခံသောနည်း)
အသီးရဲ့အချဉ်ဓာတ်ပျော့ပျော့လေးနဲ့ တော်တော်လေးလည်းချိုတာမို့ ပါးစပ်ထဲမှာအချိန်အကြာကြီးစွဲနေမှာပါ

အမေရိကအလယ်ပိုင်းက ကော်ဖီစေ့တွေက အတန်းအစားမခွဲထားဘူး
မကောင်းတဲ့ဘက်ကတော့ ကော်ဖီစေ့ထုတ်တဲ့နည်းလမ်းတွေရဲ့ စမ်းသပ်ချက်တွေကို လူတွေကို စိတ်ဝင်စားလာအောင်လုပ်တာပါ
Honey process ကလည်း အဲဒီလိုစိတ်ဝင်စားအောင်လုပ်ခံရတဲ့ Costa Rica ရဲ့နည်းလမ်းတစ်ခုပါ
မှန်ပါတယ် Honey Process ကို အမေရိကအလယ်ပိုင်းမှာ အရင်က သဘာဝအတိုင်းအခွံချွတ်နည်းလို့ခေါ်ပေမယ့်
နာမည်ကိုပဲ ပြောင်းပြီးခေါ်လိုက်ကြတာ

ဒါပေမယ့် Costa Rica ကလယ်သမားတွေက တုပပြီးလုပ်တာမဟုတ်ပါဘူး
Honey process ဆိုပြီး နည်းလမ်းတစ်ခုကို သက်သက်ခွဲထုတ်လိုက်ကြတာ အဖြူရောင်ကနေ အမည်းရောင်ကို
အရသာလည်းကွဲပြားပြီး ခွဲရလည်းလွယ်တယ်
ဒီတော့အခုဆိုရင် Honey process နည်းလမ်းကလည်း သူ့စံနှုန်းနဲ့သူ ရှိနေပါပြီ


제 12 화 • 달콤 쌉싸름 한 위 로
ချိုမြိန်ခါးသက်ခြင်း

2 대 커피

Affogato
(ရေခဲမုန့်အပေါ်မှာ spressoကော်ဖီအနည်းငယ်ဖြည့်ထားတဲ့ အီတလီအချိုပွဲတစ်မျိုး)

Arabica ကော်ဖီစေ့တွေကိုတော့ အားလုံးသိထားပြီးသားဖြစ်နေမှာပါ
ဒါပေမယ့် espresso အရောလုပ်တဲ့အခါ Robusta ကော်ဖီစေ့ကို ၂ ရာခိုင်နှုန်း ထည့်ထားတယ်
အဲဒီလိုနည်းနဲ့ဆို တစ်မျိုးချင်းရဲ့အရသာကို အပေါ်လွင်ဆုံးဖြစ်စေပြီးတော့ အရသာမျှသွားလို့

အချိုအရသာနဲ့ Gelato ရဲ့အရသာကို ပိုပြီးပေါ်လွင်အောင် ရောတဲ့အချိန်မှာ Robusta ကော်ဖီစေ့ကိုပိုထည့်လိုက်တာပါ

Affogato က အီတလီလိုဆိုရင် “အရည်ဆမ်းတယ်" လို့အဓိပ္ပာယ်ရတယ်
Gelato ကို espresso ဆမ်းပြီး သုံးဆောင်ကြည့်ကြပါ

ချိုလည်းချိုတယ် ခါးလည်းခါးတယ်
ဘဝရဲ့အရသာဆိုတာ ဒါပဲလေ...


Thank you.

'2021 Kdrama' 카테고리의 다른 글

LOST: 인간실격  (0) 2023.11.28
You are my Spring: 너는 나의 봄  (0) 2022.08.30
월간 집  (0) 2022.08.30
Monthly Magazine Home  (0) 2022.08.26
Vincenzo  (0) 2022.02.20