일 | 월 | 화 | 수 | 목 | 금 | 토 |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | |||
5 | 6 | 7 | 8 | 9 | 10 | 11 |
12 | 13 | 14 | 15 | 16 | 17 | 18 |
19 | 20 | 21 | 22 | 23 | 24 | 25 |
26 | 27 | 28 | 29 | 30 | 31 |
- OurBlues
- LeeJeHoon
- YumiCells2
- YouthOfMay
- HymnOfDeath
- WiseMountainvillageLife
- KimSeonHo
- WhyHer?
- TheDevilJudge
- ForecastingLoveandWeather
- Remarriageanddesires
- BeMelodramatic
- CrashLandingOnYou
- HometownChaChaCha
- DrRomantic
- TheRedSleeve
- HighClass
- OurBelovedSummer
- MrSunshine
- YumiCells
- NowWeAreBreakingUp
- LeeJunho
- TheKingsAffection
- TwentyFiveTwentyOne
- DaliandCockyPrince
- 18Again
- Taxidriver
- ChicagoTypewriter
- RacketBoys
- startup
- Today
- Total
드라마 다이얼로그
Work Later, Drink Now 2 본문
အရက်ဆိုတာ ခါးမှ အရသာရှိတာလေ မဟုတ်ရင် အရက်ဟုတ်ဦးမလား
ပုံမှန်ဆို အရက်ဆိုတာ ခါးရမှာ
အများစုက အရက်ကို ခါးကြတယ်
ဒါပေမဲ့ နင့်ကို ငါက အဲဒီလိုပျိုးထောင်ခဲ့တာမဟုတ်လို့
ဘဝက ဘယ်လောက်ခါးခါး နင်က ချိုမြိန်တယ်လို့ ခံစားရမှာ
အဲဒီလို ငါက နင့်ကို သကြားလုံးလေးလို မွေးလာတာမို့လို့
ငါ တကယ် နောက်ကျ ငါ့သားသမီးတွေအပေါ် အဲဒီလိုမလုပ်ဘူး
ငါ တကယ် အိမ်ထောင်ပြုရမှာကို တစ်စက်မှစိတ်မဝင်စားပေမဲ့ နောက်ကျ ငါ့လိုသမီးမျိုးတစ်ယောက်မွေးပြီးတော့ ပြပေးချင်လို့
ငါ လက်ထပ်မယ်
တော်တာ ဂုဏ်ယူစရာကိုပဲ ကြွားတာမဟုတ်ဘဲ တကယ် ဘိတ်ချေးအဆင့်ပဲရပြီး ပင်ပန်းရင်တောင် အဲဒါကြောင့် ကြွားစရာတစ်ခုမှမရှိဘဲ အရှက်ရတဲ့အချိန် အဲဒီအခါ အကောင်းဆုံးဂရုစိုက်ပေးမှာ
မတွေ့တာကြာတဲ့ ကိုယ့်သားသမီးကို
“နင့်ကြောင့် မရှင်နိုင်တော့ဘူး”
“နင်က ဘယ်လိုလုပ် ငါ့အပေါ် ဒီလိုလုပ်ရတာလဲ”
“နင့်ကြောင့် ငါ အိပ်လို့မပျော်ဘဲ ဆေးရုံသွားနေရတယ်”
ဒီလိုစကားမျိုးတွေ မဟုတ်ဘဲ
“ထမင်း စားပြီးပြီလား”
“နေမကောင်းတဲ့နေရာမရှိဘူးလား”
ဒီလိုစကားမျိုးပဲ ပြောပေးမှာ ငါက
ငါတို့တွေက အရက်သောက်လိုက်တာနဲ့ တန်းစီပြီး အမေ့ကို မကောင်းပြောကြတယ်
ပြိုင်ပွဲလုပ်နေသလိုပဲ ဘယ်သူ့အမေက အဆိုးဆုံးလဲ
အမေတွေရော သိပါ့မလား
ငါတို့ တစ်ခုခုဆို ဒီလိုမျိုး မကောင်းပြောတာ တစ်ခါတစ်လေ သောက်ပေးရမယ်လို့ ပြောကြတယ်
ဒီနေ့လိုမျိုး အမေ့ကို နည်းနည်း သတိရတဲ့နေ့မျိုး
အရက်သောက်ပြီး အမေ့ကို မကျေမနပ်ဖြစ်တာတွေပြောလိုက်ရင်
ကိုယ့်အမေကို နားမလည်နိုင်ရင်တောင် သူငယ်ချင်းရဲ့အမေကို နားလည်ပေးနိုင်တဲ့ ငါတို့ သူငယ်ချင်းပြောတာတွေက မှန်တဲ့စကားတွေပါပဲ
အသိစိတ်လွတ်တဲ့အထိ မသောက်ဖူးဘူးလို့ ပြောကြတဲ့သူတွေရှိတယ်လေ အဲဒီလိုလူတွေကို မြင်ရင် နည်းနည်းစိတ်မကောင်းဘူး
တစ်ခါတစ်လေ တံတွေးလည်းထွေးပြီး အိတ်ကိုလည်း လည်ပင်းမှာချိတ်ပြီး လှည့်ရမှာပေါ့ အဲဒါမှ သွေးလည်ပတ်သလို ခံစားရမှာ မဟုတ်ဘူးလား
အဲဒီအစား ခလုတ်တစ်ခုကို ထိန်းထားရင်ရပြီ
ဘယ်လောက်ပဲ ထိန်းမရအောင် သောက်ရင်တောင် ပြန်လာနိုင်မဲ့ ခလုတ် တစ်ခုတည်း
ကျွန်မအတွက် အဲဒီခလုတ်က သူငယ်ချင်းတွေပါ
ဘယ်လောက်မူးပြီး ရိုင်းစိုင်းနေလဲ
အဲဒီခလုတ်တစ်ခုကြောင့် အသိစိတ်ပြန်ဝင်လာတယ်
ကျွန်မတို့ ငယ်ငယ်တုန်းက နေဝင်တာကို မသိဘဲ ရူးမတတ် ဆော့ကစားနေလဲ အဝေးကနေ ထမင်းစားရအောင်လို့ ခေါ်လိုက်တဲ့
အမေ့အသံကို အံ့ဩစရာကောင်းအောင် ကြားရသလိုပေါ့
အရက်သောက်တဲ့သူတွေကလေ
ထိန်းချုပ်ဖို့လုပ်ရင် အားပိုသန်လာတယ်
အဲဒီအခါ ငါက ဘယ်သူဘာပြောပြော နင့်ဘက်ကပဲလို့ပြောပြီးတော့
ဖြည်းဖြည်းချင်း စိတ်ငြိမ်အောင်စောင့်ပေးရတယ်
ထွေထွေထူးထူးမဟုတ်ဘူးထင်ရပေမဲ့လည်း အကူအညီဖြစ်မှာပါ
ဒီလိုမျိုး စိတ်အားထက်သန်တဲ့အချိန်မျိုးရှိဖူးလား
ဒီလို စားလိုက် ပါလိုက် အိပ်လိုက် ပုံမှန်နေ့စဉ်ဘဝက ဒီလိုမျိုး စိတ်အားထက်သန်လာခဲ့တယ်လေ
ဒီစကားကို ပြောင်းပြန်ပြောရရင်
ကလေးတွေက ကမ္ဘာပေါ်မှာရှိသမျှ မိခင်တွေကို ရူးသွပ်အောင်လုပ်နိုင်တဲ့ ဖြစ်တည်မှုဆိုတာ သေချာတယ်
အဲဒါကြောင့် အခု ဒီအချိန်မှာ ငါတို့တွေ ရူးမတတ်ပျော်တယ်
ကျည်ဆန်တွေ ကုန်သွားပြီး ငါတို့အတွက် ညတာအရှည်ကြီးပဲ ကျန်ခဲ့တယ် များပြားလှတဲ့ မိခင်တွေ
ဒီလိုညတာရှည်မျိုးကို မိခင်ဖြစ်တဲ့ အကြောင်းရင်းတစ်ခုတည်းနဲ့ တောင့်ခံနေတာလား
ဒီနေ့မှာ ငါတို့တွေ အမေ့ဘေးမှာ အေးအေးချမ်းချမ်းအိပ်နေတဲ့ ကလေးမျက်နှာကို သေချာမြင်လိုက်တယ်
ကြည့်နေရင်းနဲ့ လှလွန်းလို့ လိုချင်လာတယ်
나 는 종이접기 채널로 돈을 벌어 요
ကျွန်တော်ကတော့ စက္ကူခေါက်ချန်နယ်ကနေ
ပိုက်ဆံရှာပါတယ် 처음 유튜브에서 당신 의 손을 본 날
ယူကျူ့မှာ မင်းရဲ့လက်ကလေးတွေကို
မြင်လိုက်ပြီးတော့..
빠르게 돌아가는 세상에서 느리게 버티는 그 손 이 좋았어 요
မြန်မြန်ဆန်ဆန်ရွေ့လျားနေတဲ့ ကမ္ဘာကြီးထဲမှာ ညင်ညင်သာသာ လှုပ်ရှားနေတဲ့ အဲဒီလက်ကလေးတွေကို သဘောကျခဲ့တယ် 저 는 매일 종이 예술 을 한답시고 번 돈을 탕진 하며 찌그러져 있어 요
နေ့တိုင်း စက္ကူခေါက်အနုပညာဆိုတာကို လုပ်ပြီး
ရတဲ့ပိုက်ဆံတွေကို ဒီမှာ ထိုင်ဖြုန်းနေခဲ့တာ
하고 싶은 게 있는 것 같은데 ။ 그게 늘 되다가 말아 요
လုပ်ချင်တာတွေ ရှိနေပေမဲ့လည်း ဖြစ်မလာတာတွေက များတယ်
잘 되는 것보다 잘 안 되는 게 많고 앞으로 뭘 하며 살 거냐 고 물으면 ၊ 대답할 수 있는 것보다 없는 게 더 많아 요.
အလုပ်ဖြစ်တာထက် အလုပ်မဖြစ်တာတွေက
များပြီး ရှေ့လျှောက်ဘာဆက်လုပ်မှာလဲလို့မေးရင် ဖြေနိုင်တာထက် မဖြေနိုင်တွေက ပိုများလှတယ် 눈치챘는지 모르겠지만 난 소년원 출신이예요
ရိပ်မိမလားမသိပေမဲ့ လူငယ်ထိန်းသိမ်းရေးစခန်း
ရောက်ခဲ့ဖူးတယ် 그게 내 인생에서 그렇게 중요 한 건 아니지만... 내 이름 은 한우 주 에요.
အဲဒါက ကျွန်တော့်ဘဝမှာ
အဲဒီလောက်ထိ အရေးပါလှတာ မဟုတ်ပေမဲ...
ကျွန်တော့်နာမည်က ဟန်အူဂျူပါ
전 어른 이 되었는데 도 엄마를 미워해 요.
လူကြီးတစ်ယောက်ဖြစ်လာပေမဲ့လည်း
အမေ့ကို မုန်းတုန်းပဲ
엄마를 이해 한 지는 좀 된 거 같은데
အမေ့ကို နားလည်ခဲ့တာ ကြာပြီဆိုပေမဲ့ 만성 이 되어 버린 마음을 돌리는 법 을 모르겠고..
ဒီစွဲကပ်နေတဲ့ အမုန်းစိတ်ကို ပြန်ပြင်ဖို့ နည်းလမ်းကို မသိသေးဘူး 서른 이 넘었는데 도 하고 싶은 게 뭔 지 아직 도 모르겠어 요.
အသက် ၃ဝ ကျော်နေပေမဲ့ လုပ်ချင်တာက ဘာလဲ အခုထိ မသိသေးဘူး
가르치는 일 이 배달 일 보다 더 좋은 일 인지 도
배달 일 이 종이를 접는 일 보다 더 좋은 일 인지 도
စာသင်ပေးတဲ့အလုပ်က ပစ္စည်းလိုက်ပို့တဲ့အလုပ်ထက် ပိုကောင်းတာလား ပစ္စည်းလိုက်ပို့တဲ့အလုပ်က စက္ကူခေါက်တဲ့အလုပ်ထက် ပိုကောင်းတာလား
이름 은 지구라는데... 이 지구상에 잘 태어난 건지 도 잘 모르겠어 요.
နာမည်က ဂျီဂူဆိုပေမဲ့ ဒီကမ္ဘာ (ဂျီဂူ)ထဲမှာ ကောင်းကောင်းမွေးဖွားလာတာ ဟုတ်ရဲ့လား မသိတော့ဘူး 남자 도
연애 도
그렇게 좋은지
모르겠고.
ယောက်ျားလေးရော ရည်းစားရော ကောင်းလားဆိုးလား မသိဘူး 인생에서 유일 하게 편하고 좋은 게 친구들이었는데
ဘဝမှာ တစ်ခုတည်းသော သက်သောင့်သက်သာဖြစ်ပြီး ကောင်းတဲ့ သူငယ်ချင်းတွေရှိပေမဲ့လည်း
이젠 그게 제일 불편해졌어 요.
အခုတော့... အဲဒါက သက်သောင့်သက်သာ
မရှိဆုံး ဖြစ်လာတယ်
ဒီလိုလောကကြီးမှာ လပေးနဲ့ဖြစ်ဖြစ် နှစ်ချုပ်နဲ့ဖြစ်ဖြစ်
ပိုင်ဆိုင်တဲ့အိမ်တော့ အများကြီးမရှိပေမယ့်
ကျွန်တော်တို့ပြန်လို့ရတဲ့အိမ်ရှိတယ်ဆိုတာ
အရမ်းကိုတော်သေးတာမဟုတ်ဘူးလား
တကယ်တော့ အရင်ထက် ပိုအဆင်ပြေတာ ဟုတ်လား မဟုတ်လား
ငါတို့ရဲ့ရှေ့ရေးက ပိုကောင်းလာတာလား မကောင်းတာလား မသိနိုင်ဘူး
သေချာတာကတော့ အခု ဒီအချိန်မှာ ပျော်ရွှင်နေတဲ့ ငါတို့က အကောင်းဆုံးပဲ
အခု ဒီနေရာမှာ မရူးတဲ့သူက အရူးဆုံးပဲ
စောစောတုန်းက အိမ်ကနေထွက်လာတုန်းက
သူငယ်ချင်းတွေပြောတာကို သတိရသွားတယ်
“ဟဲ့ နင့်ဒေါက်က မငြိမ်ဘူး တခြားဟာစီး”
“လွှတ်ထားလိုက် သူ အဲဒါနဲ့ မက်ဂျူဖွင့်မလို့မလား”
“တော်ရုံပဲ ကောင်းတယ် နင် အခု အသက် ၂ဝ မဟုတ်တော့ဘူး”
“တစ်ခုခုဖြစ်တော့မှ အသိစိတ်ဝင်လိမ့်မယ်”
အဲဒါကြောင့် သူငယ်ချင်းပြောတာကို နားထောင်ရမှာ
ဒါပေမဲ့လည်း ဒီဒေါက်မြင့်ကြောင့် အဲဒီလူနဲ့တွေ့ခဲ့ပြီး ငါတို့တွေ အပြည့်အဝ ပျော်ခဲ့ရလို့ အချိန်ပြန်လှည့်လို့ရရင်တောင် ငါ ဒီနေရာမှာရှိနေမှာ အဲဒါကြောင့် ဒီအချိန်က နောက်ဆုံးအချိန်ဆိုရင်တောင် အဆင်ပြေတယ်လို့ထင်တယ်
ချစ်ရတဲ့သူငယ်ချင်းတွေ အနားမှာရှိနေလို့ တကယ်ကို သနားလို့ ခေါ်ထားရာက ပျော်ရတယ်
အမြဲတမ်း ဒီအချိန်က နောက်ဆုံးအချိန်လိုမျိုး မနက်ဖြန်မရှိတော့သလိုမျိုး ပျော်ပျော်နေရမယ်
တကယ်မလုပ်ခဲ့ရင် ဘယ်လိုလုပ်မလဲ ခံပြင်းလို့ မျက်လုံးတောင်မှိတ်နိုင်မှာမဟုတ်ဘူး
ဝါး ဒီနေ့တော့ အရက်မူးပြီး လဲကျဖို့
အကောင်းဆုံးနေ့ပဲ…
'2022 Kdrama' 카테고리의 다른 글
Work later, Drink Now 1 (0) | 2023.01.23 |
---|---|
Reborn Rich: 재벌집 막내아들 (0) | 2022.12.28 |
Under the Queen's Umbrella: 슈룹 (0) | 2022.12.07 |
One Dollar Lawyer: 천원짜리 변호사 (0) | 2022.10.25 |
Yonder: 욘더 (0) | 2022.10.17 |