술꾼도시여자들
အရက်အလွန်အကျွံသောက်တာက
ခန္ဓာကိုယ်အတွက် မကောင်းပါဘူး
ဒါပေမဲ့ ဘဝမှာနေလာရင်းနဲ့
အရက်သောက်ချင်တဲ့နေ့တွေလည်းရှိတတ်ပါတယ်
ဒီနေ့လည်း မပြိုလဲရအောင် ကြိုးစားရုန်းကန်နေရတဲ့
ကျွန်မတို့တွေ အိမ်ပြန်တဲ့အချိန်တော့
နည်းနည်းလေး ခြေယိုင်နေလည်း ရပါတယ်
တစ်ယောက်တည်းသောက်နေတာပဲဖြစ်ဖြစ်
အတူသောက်ပေးမဲ့သူငယ်ချင်းရှိနေတဲ့အချိန်မှာပဲဖြစ်ဖြစ်
အဲ့ဒါကြောင့် အရသာရှိရှိသောက်ပါ
အစကတည်းက
ပြောင်းပြန်အနေနဲ့မွေးလာတာဖြစ်ဖြစ်
မတတ်နိုင်ဘဲ ပြောင်းပြန်သွားနေမိတာပဲဖြစ်ဖြစ်
နင်က အရှေ့လို့တွေးရင် အဲ့ဒါက အရှေ့ပဲ
အရှေ့ကိုပဲလျှောက်စမ်းပါ ဘယ်သူက ဘာပြောပြော
ဘဝမှာ နေလာရင်းနဲ့ ခါးသက်တဲ့နေ့တွေကို
ဖြတ်သန်းရတဲ့အခါလည်းရှိမှာပေါ့
အဲ့လိုနေ့တွေမှာဆိုရင်
အရက်ကချိုတယ်လို့ ခံစားရလိမ့်မယ်
မင်း လူကြီးဖြစ်လာတဲ့အချိန်မှာပေါ့..
ချစ်ပါ
အချစ်ထက် ပိုကောင်းတာမရှိဘူး
ထမင်းလဲစားကြပြီး ဘာကိုမှကြောက်မနေဘဲနဲ့
မလုပ်နိုင်ဘူးဆိုပြီးလဲ ဒီအတိုင်းနေမနေနဲ့
လုပ်ချင်တာလုပ်ပြီး ပထမဆုံးလုပ်ခဲ့သလို ပျော်ပျော်နေ
တစ်ယောက်တည်းဖြစ်ဖြစ် အများနဲ့ဖြစ်ဖြစ်
ရွေးချယ်ခွင့်ရရ မရရ
ယောကျာ်းလေးတွေက တစ်ယောက်ချင်းစီ
အကုန်မကောင်းပေမယ့်လည်း
မချစ်တာထက် ချစ်တာက ပိုကောင်းပါတယ်
'2022 Kdrama' 카테고리의 다른 글
Work Later, Drink Now 2 (0) | 2023.01.23 |
---|---|
Reborn Rich: 재벌집 막내아들 (0) | 2022.12.28 |
Under the Queen's Umbrella: 슈룹 (0) | 2022.12.07 |
One Dollar Lawyer: 천원짜리 변호사 (0) | 2022.10.25 |
Yonder: 욘더 (0) | 2022.10.17 |