일 | 월 | 화 | 수 | 목 | 금 | 토 |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | |||
5 | 6 | 7 | 8 | 9 | 10 | 11 |
12 | 13 | 14 | 15 | 16 | 17 | 18 |
19 | 20 | 21 | 22 | 23 | 24 | 25 |
26 | 27 | 28 | 29 | 30 | 31 |
- OurBlues
- YouthOfMay
- YumiCells2
- MrSunshine
- ChicagoTypewriter
- Taxidriver
- DaliandCockyPrince
- TheDevilJudge
- OurBelovedSummer
- 18Again
- NowWeAreBreakingUp
- TwentyFiveTwentyOne
- HymnOfDeath
- startup
- KimSeonHo
- TheKingsAffection
- ForecastingLoveandWeather
- CrashLandingOnYou
- HometownChaChaCha
- YumiCells
- Remarriageanddesires
- WhyHer?
- BeMelodramatic
- RacketBoys
- DrRomantic
- TheRedSleeve
- LeeJunho
- WiseMountainvillageLife
- LeeJeHoon
- HighClass
- Today
- Total
드라마 다이얼로그
아무것도 하고 싶지 않아 본문
ကျွန်မ အလုပ်သွားတယ် ပြီးရင် အိမ်ပြန်လာတယ် အလုပ်သွားတယ် အိမ်ကိုပဲ ပြန်လာတယ် အခုထိ အသက်ရှင်နေသေးပေမဲ့ မသေရုံတမယ်ပါပဲ ဘာမှမပြောင်းလဲသွားပါဘူး ဘာမှလည်း မဖြစ်ပျက်ခဲ့ပါဘူး နေ့တိုင်း နေဝင်သွားပြီးရင် ပြန်ထွက်လာတာပဲ
ကြားရက်မနက်တိုင်း ဆိုးလ်ကနေ ထွက်ခွာတဲ့ရထားက
အရမ်းတိတ်ဆိတ်ပြီး အေးချမ်းပါတယ်
တခြားကမ္ဘာတစ်ခုကို ပို့ဆောင်ပေးနေသလိုတောင် ခံစားရပါတယ်
ဘဝဆိုတာကလည်း ဒီလိုဖြစ်မလားပဲ
သူများတွေနဲ့ ဆန့်ကျင်ဘက်ကို ဦးတည်သွားလိုက်ရင်
လူမများဘဲ ပိုတိတ်ဆိတ်ပြီး အေးချမ်းမယ်ထင်တယ်
ဒီအတောအတွင်း ငါက တုံးအပြီးနေခဲ့တယ်
နောက်ကျကျန်မနေခဲ့အောင် အပြစ်ရှာလို့မရအောင်
သေလောက်အောင် ကြိုးစားနေခဲ့တယ်
ဒါပေမဲ့ အခုပြန်ကြည့်လိုက်တော့
ငါ့ကို အပြင်းအထန် အပြစ်ရှာခဲ့တဲ့သူက
ငါဖြစ်နေတာပဲ
ဆိုးလ်ကနေထွက်သွားဖို့ ဆုံးဖြတ်ခဲ့တယ်
ပစ္စည်းတွေကိုလည်း အိတ်တစ်လုံးဆံ့စာပဲ သယ်ဖို့ ဆုံးဖြတ်လိုက်တယ်
ဒီခရီးမပြီးဆုံးခင် ကျွန်မ အဖြေရှာတွေ့ချင်တယ်
ရှေ့လျှောက် ကျွန်မဘယ်လိုနေထိုင်သွားရမလဲဆိုတာ...
စိတ်ဒဏ်ရာဆိုတာ
ကိုယ်ကတော့ အကုန်မေ့သွားပြီထင်ပေမယ့်
ခန္ဓာကိုယ်ကမှတ်ထားလို့ လွယ်လွယ်နဲ့မပျောက်ဘူး
ဘယ်လောက်ပဲခက်ခဲနေပါစေ လူတိုင်းက ကိုယ့်ဘဝအတွက် အကောင်းဆုံး ကြိုးစားရုန်းကန်နေကြတာပဲ
ဒီကမ္ဘာကြီးမှာ ချစ်တဲ့သူ မချစ်တဲ့သူတွေနဲ့အတူ နေထိုင်ရတယ် အဲဒါ ဘာမှပြောင်းလဲလို့မရတဲ့ကိစ္စပဲ ဒါပေမဲ့ မချစ်တဲ့သူကို ဒီအတိုင်းမေ့လိုက်လို့ရပေမယ့် ချစ်နေတဲ့သူကိုတော့ ချစ်နေလို့ပဲ ဝမ်းနည်းရတယ် အခုချိန်ထိ ငါ့ကိုဝမ်းနည်းအောင် လုပ်ခဲ့တဲ့သူတွေက ငါသိပ်ချစ်ခဲ့ရတဲ့ သူတွေချည်းပဲ ဝမ်းနည်းမှုအတိမ်အနက်က ဘယ်လောက်ချစ်လဲဆိုတာနဲ့ တိုက်ရိုက်အချိုးကျလို့ အခုတော့ တစ်ယောက်ယောက်ကိုချစ်ဖို့ ကြောက်နေမိပြီ ထပ်ပြီးတော့ ဝမ်းမနည်းချင်တော့ဘူး
ဒီအတိုင်း သဘောကျပစ်လိုက် လူ့စိတ်ဆိုတာ မြင်းရိုင်းနဲ့တူလို့ လုံးဝအနိုင်ယူလို့မရဘူး ဒီတိုင်း နင့်ခံစားချက်တွေကို နင်အရှုံးပေးလိုက်လို့ နောက်ပြီး အထူးသဖြင့် တစ်ဖက်လူရဲ့ခံစားချက် ဘယ်လိုမျိုးလဲဆိုတာကို နင် လုံးဝအာရုံမစိုက်နဲ့ အဲဒါက နင်စိတ်ပူရမယ့်ဟာမဟုတ်ဘူး တစ်ဖက်သတ်အချစ်မှာလည်း ကောင်းတဲ့အချက်တွေရှိတယ် အဲဒီလူရဲ့ခံစားချက်က ဘယ်လိုရှိမလဲဆိုတာထက်… ဒီလိုမျိုး မျက်နှာလေးပဲမြင်နေရရင်ကို ကောင်းတာမို့လို့ ကိုယ့်ကိုကိုယ်နာကျင်အောင်မလုပ်နဲ့
“နင်တို့တွေ... အနာဂတ်ကို အကြောက်တရားနဲ့ ဆုံးဖြတ်ကြတော့မလို့လား..”
ဘဝဆိုတာ ဘတ်စ်ကားစီးရသလိုပဲ ကိုယ်မောင်းနေတဲ့ ဘတ်စ်ကားပေါ်မှာ မိဘတွေ သူငယ်ချင်းတွေ နီးစပ်ခဲ့ဖူးတဲ့သူတွေဟာ ခရီးသည်အနေနဲ့ လိုက်လာတယ်တဲ့ ဒါပေမဲ့ နောက်ဆုံးကျရင် သူတို့အားလုံး ဆင်းသွားတာပဲတဲ့
ဒီနေရာကို ပထမဆုံးရောက်လာတဲ့အချိန်တုန်းက.. ငါ့မှာ ဒီထက်ပိုပြီး ဆုံးရှုံးစရာ မရှိခဲ့ဘူး ရှေ့လျှောက်ဘယ်လိုဆက်ရှင်သန်ရမလဲဆိုတာလည်း လမ်းပျောက်နေခဲ့သလို. ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်တွေလည်း ပျောက်ဆုံးနေခဲ့တာ အဲဒီလိုကနေ ဒီမှာတွေ့ဆုံခဲ့ရတဲ့လူတွေ.. သူတို့တွေက ငါ့ကို နောက်တစ်ကြိမ် ပြန်ပြီးရယ်မောနိုင်အောင် လုပ်ပေးခဲ့ကြတယ် ငါက ဒီနေရာမှာ တစ်ရက်ပြီးတစ်ရက် စိတ်ကျန်းမာရေးကုသမှု ခံယူနေခဲ့ရသလိုပဲ
ဝေးသွားမယ့်လူဆိုရင် ဒီတိုင်းဝေးသွားခိုင်းလိုက် မုန်းမယ့်သူဆိုရင် ဒီတိုင်း.. မုန်းလိုက် လို့သာ ပြောလိုက် ဒါပေမဲ့ ငါကတော့ နင့်ကို ဘယ်အချိန် ဘယ်နေရာမှာပဲတွေ့တွေ့ နင့်ကိုအခုလိုမျိုးလေးပဲသဘောကျနေမှာ နောက်တစ်ခေါက်ပြန်တွေ့ကြတဲ့အချိန်ကျရင်. ပြုံးပြုံးရွှင်ရွှင်နဲ့ ပြေးလာပြီးတော့ ဖက်ထားပေးမှာ “မတွေ့ရတာကြာပြီ” ဆိုပြီး “အဆင်ပြေရဲ့လား” ဆိုပြီး.. “သတိရနေခဲ့တာ” ဆိုပြီး နင်က အဲဒီလောက်အထိကို ငါ့အတွက် ကောင်းတဲ့လူမို့လို့
ပျော်ရွှင်မှုဆိုတာ ဘာလဲလို့ ရှာကြည့်ခဲ့တယ် အဘိဓာန်ထဲမှာ ရှာကြည့်တော့ ပျော်ရွှင်မှုဆိုတာ ရောင့်ရဲကျေနပ်ခြင်း စိတ်ချမ်းသာခြင်းလို့ ဖော်ပြထားတယ် ငါက အဲ့ဒါအရမ်းရှည်လို့ ဒီလိုချုံ့လိုက်တယ် ပျော်ရွှင်မှုဆိုတာ လိုအပ်ချက်မရှိတာပဲ
တကယ်ပဲအဆင်ပြေသွားမယ်လို့ ခံစားခဲ့ရတယ်တဲ့ ငါလည်း အတူတူပါပဲ အဆင်ပြေပါတယ်လို့ပြောပြီးတော့ တစ်ကယ် အဆင်ပြေသွားတယ်လို့ ခံစားခဲ့ရတယ်
ဒီနေ့ တစ်နေ့တာကို စဉ်းစားမိခဲ့တယ် မျက်နှာကို လေနုအေးလေးတွေ တိုက်ခတ်တာခံပြီး နေထွက်မလာခင်အထိ စက်ဘီးစီးခဲ့တယ် အရမ်းခံစားလို့ကောင်းတာပဲ အဲဒီလိုဆို လုံလောက်ပါပြီ နေရောင်ကျနေတဲ့ စာကြည့်တိုက်က ခုံလေးကြောင့် နည်းနည်းငိုက်မိခဲ့တယ် တရေးတမောအိပ်ခဲ့ရတယ် လုံလောက်ပါပြီ စာအုပ်စင်ရှေ့မှာ ဘာစာအုပ်ဖတ်ရမလဲ ရွေးရတာ အမြဲတမ်း ပျော်ဖို့ကောင်းတယ် စိတ်လှုပ်ရှားရတယ် လုံလောက်ပါပြီ
တစ်ကယ်ပဲ လုံလောက်ပါပြီ ဘဝမှာ ဘယ်လိုနေထိုင်ရမလဲ မသိသေးပေမယ့် အခုချိန်မှာတော့ လုံလောက်နေပါပြီ ရှင်သန်ကြတာပေါ့
'Summer Strike' 카테고리의 다른 글
I don’t want to do anything: Calendar 2023 (0) | 2023.01.21 |
---|---|
Summer Strike - 7 (0) | 2023.01.21 |
Summer Strike - 6 (0) | 2023.01.21 |
Summer Strike- 5 (0) | 2023.01.21 |
Summer Strike- 4 (0) | 2023.01.21 |