본문 바로가기
Summer Strike

Summer Strike - 7

by 드라마 Dialogue 2023. 1. 21.

ဘုန်းလေးအတွက် စာရေးပေးဖို့ ဆုံးဖြတ်လိုက်တယ်
ဒါပေမဲ့ တစ်ကယ် ခက်ခဲခဲ့ပါတယ်
ငါက ဉာဏ်ကြီးရှင်မဟုတ်ဘူး
ဒါကိုလက်ခံပြီး စလုပ်တာပေါ့
ငါက သာမန်လူ
မဟုတ်ဘူး သာမန်ထက်တောင် နိမ့်ချင်နိမ့်နေမှာ
ဒါပေမဲ့ နေ့တိုင်းကြိုးစားဖို့ အဲ့ဒီတစ်ခုပဲလုပ်နိုင်တယ်

ပျော်ရွှင်မှုဆိုတာ ဘာလဲလို့ ရှာကြည့်ခဲ့တယ် အဘိဓာန်ထဲမှာ ရှာကြည့်တော့ ပျော်ရွှင်မှုဆိုတာ ရောင့်ရဲကျေနပ်ခြင်း စိတ်ချမ်းသာခြင်းလို့
ဖော်ပြထားတယ်
ငါက အဲဒါအရမ်းရှည်လို့ ဒီလိုချုံ့လိုက်တယ်
“ပျော်ရွှင်မှုဆိုတာ လိုအပ်ချက်မရှိတာပဲ.”

ဒီနေ့တစ်နေ့တာကို စဉ်းစားမိခဲ့တယ်
မျက်နှာကို လေနုအေးလေးတွေ တိုက်ခတ်တာခံပြီး
နေထွက်မလာခင်အထိ စက်ဘီးစီးခဲ့တယ်
အရမ်းခံစားလို့ကောင်းတာပဲ
အဲဒီလိုဆို လုံလောက်ပါပြီ
အိမ်ပြန်ရောက်လို့ ရေဆာတာနဲ့ ရေသောက်ခဲ့တယ်
ကမ္ဘာပေါ်မှာ ရေကအရသာရှိဆုံးပဲဆိုတဲ့ အဘွားရဲ့စကားကို သတိရသွားတယ် တကယ်မှန်တာပဲ
လုံလောက်သွားပါပြီ
အဝတ်လှန်းတဲ့အချိန် ခါလိုက်လို့
ထွက်လာတဲ့အသံလေးကို သဘောကျတယ်
ပြီးတော့ လက်မှာစွဲနေတဲ့ ဆပ်ပြာနံ့လေးကို
ကြိုက်တယ် လုံလောက်ပါပြီ
နေရောင်ကျနေတဲ့ စာကြည့်တိုက်က ခုံလေးကြောင့် နည်းနည်းငိုက်မိခဲ့တယ် တရေးတမောအိပ်ခဲ့ရတယ် လုံလောက်ပါပြီ
စာအုပ်စင်ရှေ့မှာ ဘာစာအုပ်ဖတ်ရမလဲ ရွေးရတာ အမြဲတမ်း ပျော်ဖို့ကောင်းတယ် စိတ်လှုပ်ရှားရတယ် လုံလောက်ပါပြီ
ဘုန်းနဲ့အတူ အိပ်တဲ့အခါကျရင် ဗိုက်နာလာတဲ့အထိ ရယ်နေရတယ် တစ်ခါတလေ မျက်လုံးချင်းဆုံတာနဲ့ ရယ်မိတယ် လုံဘောက်ပါပြီ

ဘုန်းက ဒီလိုပြောခဲ့တယ်
တကယ်ပဲအဆင်ပြေသွားမယ်လို့ ခံစားခဲ့ရတယ်တဲ့
ငါလည်း အတူတူပါပဲ
အဆင်ပြေပါတယ်လို့ပြောပြီးတော့
တစ်ကယ် အဆင်ပြေသွားတယ်လို့ ခံစားခဲ့ရတယ်

နှုတ်ဆက်ပါတယ်
အန်းဂို့က ငါ့ရဲ့ပထမဆုံးနွေလေး

တစ်ကယ်ပဲ လုံလောက်ပါပြီ
ဘဝမှာ ဘယ်လိုနေထိုင်ရမလဲ မသိသေးပေမယ့်
အခုချိန်မှာတော့ လုံလောက်နေပါပြီ
ရှင်သန်ကြတာပေါ့

'Summer Strike' 카테고리의 다른 글

I don’t want to do anything: Calendar 2023  (0) 2023.01.21
아무것도 하고 싶지 않아  (0) 2023.01.21
Summer Strike - 6  (0) 2023.01.21
Summer Strike- 5  (0) 2023.01.21
Summer Strike- 4  (0) 2023.01.21