


ဒီကမ္ဘာကြီးမှာ ချစ်တဲ့သူ မချစ်တဲ့သူတွေနဲ့အတူ နေထိုင်ရတယ်
အဲဒါ ဘာမှပြောင်းလဲလို့မရတဲ့ကိစ္စပဲ
ဒါပေမဲ့ မချစ်တဲ့သူကို ဒီအတိုင်းမေ့လိုက်လို့ရပေမယ့် ချစ်နေတဲ့သူကိုတော့ ချစ်နေလို့ပဲ ဝမ်းနည်းရတယ်
အခုချိန်ထိ ငါ့ကိုဝမ်းနည်းအောင် လုပ်ခဲ့တဲ့သူတွေက ငါသိပ်ချစ်ခဲ့ရတဲ့ သူတွေချည်းပဲ
ဝမ်းနည်းမှုအတိမ်အနက်က
ဘယ်လောက်ချစ်လဲဆိုတာနဲ့ တိုက်ရိုက်အချိုးကျလို့ အခုတော့ တစ်ယောက်ယောက်ကိုချစ်ဖို့
ကြောက်နေမိပြီ ထပ်ပြီးတော့ ဝမ်းမနည်းချင်တော့ဘူး

ဒီအတိုင်း သဘောကျပစ်လိုက်
လူ့စိတ်ဆိုတာ မြင်းရိုင်းနဲ့တူလို့
လုံးဝအနိုင်ယူလို့မရဘူး
ဒီတိုင်း နင့်ခံစားချက်တွေကို နင်အရှုံးပေးလိုက်
နောက်ပြီး အထူးသဖြင့် တစ်ဖက်လူရဲ့ခံစားချက် ဘယ်လိုမျိုးလဲဆိုတာကို နင် လုံးဝအာရုံမစိုက်နဲ့
အဲဒါက နင်စိတ်ပူရမယ့်ဟာမဟုတ်ဘူး
တစ်ဖက်သတ်အချစ်မှာလည်း
ကောင်းတဲ့အချက်တွေရှိတယ်
အဲဒီလူရဲ့ခံစားချက်က ဘယ်လိုရှိမလဲဆိုတာထက်…
ဒီလိုမျိုး မျက်နှာလေးပဲမြင်နေရရင်ကို
ကောင်းတာမို့လို့
ကိုယ့်ကိုကိုယ် နာကျင်အောင်မလုပ်နဲ့

အမေ့ကို အဖေဆုံးပြီးတော့ သူဝမ်းမနည်းဘူးလား မေးတော့ ကျွန်မကို ပြန်ပြောခဲ့တဲ့
စကားတစ်ခွန်းရှိတယ်
ဘဝဆိုတာ ဘတ်စ်ကားစီးရသလိုပဲ
ကိုယ်မောင်းနေတဲ့ ဘတ်စ်ပေါ်မှာ မိဘတွေ သူငယ်ချင်းတွေ နီးစပ်ခဲ့ဖူးတဲ့သူတွေဟာ
ခရီးသည်အနေနဲ့ လိုက်လာတယ်တဲ့
ဒါပေမဲ့ နောက်ဆုံးကျရင်
သူတို့အားလုံး ဆင်းသွားတာပဲတဲ့
အမေက
အဲဒီလိုတကယ်ယုံကြည်ခဲ့လားတော့ မသိပါဘူး
အဲဒီလို ယုံကြည်ရင်း စိတ်တင်းထားတယ်ထင်ပါတယ် နှုတ်ဆက်ရတာက မခက်ခဲဘူးဆိုပြီးတော့ပေါ့
'Summer Strike' 카테고리의 다른 글
Summer Strike - 6 (0) | 2023.01.21 |
---|---|
Summer Strike- 5 (0) | 2023.01.21 |
Summer Strike- 3 (0) | 2023.01.21 |
Summer Strike- 2 (0) | 2023.01.21 |
Summer Strike - 1 (0) | 2023.01.21 |