
아무것도 하고 싶지 않아
I Don't Want To Do Anything

အလုပ်ကနေ ထွက်ပြီးတော့
အိပ်ရာထဲမှာပဲ ၂ရက်လောက်နေခဲ့တယ်
ကြောက်လည်းကြောက်နေခဲ့တယ်
ဘာလုပ်ရမှန်းလည်း မသိဘူး
ဘာမှလည်း စဉ်းစားလို့မရခဲ့ဘူး

အရင်ဆုံး ဆိုးလ်ကနေထွက်သွားဖို့ ဆုံးဖြတ်ခဲ့တယ် ဆိုးလ်လိုနေရာမှာ အလုပ်မရှိဘဲနေတာ အကုန်အကျများလွန်းတယ်

အရင်က အစ်ကို့ဓါတ်ပုံတွေကို
မလွှင့်ပစ်ရဲခဲ့ပေမဲ့ အခု လွှင့်ပစ်နိုင်ခဲ့ပြီ
ပြီးတော့ ကျွန်မရဲ့ပစ္စည်းတွေကိုလည်း
အိတ်တစ်လုံးဆံ့စာပဲ သယ်ဖို့ ဆုံးဖြတ်လိုက်တယ်
ပစ္စည်းတွေရှင်းလိုက်တော့မှ ဒီအတောအတွင်း
ကျွန်မအများကြီးဝယ်ထားမိမှန်း သိသွားတယ်
ချစ်ဖို့ကောင်းလို့ဆိုပြီး ဝယ်စုထားတဲ့ ခွက်တွေ
အိမ်တက်ပွဲတုန်းက တစ်ခါပဲသုံးရသေးတဲ့
ပန်းကန်တွေ ရှိလို့ရှိမှန်းတောင်မသိဘဲ
ဝယ်ထားမိတဲ့ အဝတ်အစားတွေ ဘတ်စ်ကားဂိတ်က ဆိုင်မှာ ဈေးပေါပေါနဲ့ဝယ်ထားတဲ့ ဖိနပ်တွေ
အဲဒီထဲကနေ ကျွန်မအလိုအပ်ဆုံး တစ်ခုစီပဲ
ရွေးလိုက်တယ်
အဲဒါရွေးရတာ ထိပ်တန်းကုမ္ပဏီတွေမှာ
အလုပ်ရဖို့ အင်တာဗျူးဝင်ဖြေရတာထက်တောင် ဦးနှောက်ပိုခြောက်တယ်

မလိုအပ်တဲ့ပစ္စည်းတွေကို
လိုင်းပေါ်တင်ရောင်းလိုက်တယ်
နှုတ်ဆက်ပါတယ်
ငါ့ရဲ့ ၂၀မီတာပတ်လည်အခန်းလေး
ဒီခရီးမပြီးဆုံးခင် ကျွန်မ အဖြေရှာတွေ့ချင်တယ်
ရှေ့လျှောက်
ကျွန်မဘယ်လိုနေထိုင်သွားရမလဲဆိုတာ...
ဒီမှာတော့ သူများ အရိပ်အကဲကြည့်ပြီး မနေတော့ဘူး
ငါ့စိတ်တိုင်းကျနေမယ်

အခု ထပ်ဆုံးရှုံးစရာလည်းမရှိတော့ဘူး
နောင်တမရဘဲ အကောင်းဆုံးနေသွားမယ်
'Summer Strike' 카테고리의 다른 글
Summer Strike - 6 (0) | 2023.01.21 |
---|---|
Summer Strike- 5 (0) | 2023.01.21 |
Summer Strike- 4 (0) | 2023.01.21 |
Summer Strike- 3 (0) | 2023.01.21 |
Summer Strike - 1 (0) | 2023.01.21 |