일 | 월 | 화 | 수 | 목 | 금 | 토 |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | |||
5 | 6 | 7 | 8 | 9 | 10 | 11 |
12 | 13 | 14 | 15 | 16 | 17 | 18 |
19 | 20 | 21 | 22 | 23 | 24 | 25 |
26 | 27 | 28 | 29 | 30 | 31 |
- HometownChaChaCha
- YumiCells2
- LeeJeHoon
- HymnOfDeath
- TheDevilJudge
- startup
- WiseMountainvillageLife
- HighClass
- LeeJunho
- OurBlues
- Remarriageanddesires
- BeMelodramatic
- 18Again
- ChicagoTypewriter
- TheKingsAffection
- KimSeonHo
- YouthOfMay
- DaliandCockyPrince
- CrashLandingOnYou
- Taxidriver
- ForecastingLoveandWeather
- YumiCells
- RacketBoys
- OurBelovedSummer
- TwentyFiveTwentyOne
- MrSunshine
- NowWeAreBreakingUp
- DrRomantic
- WhyHer?
- TheRedSleeve
- Today
- Total
드라마 다이얼로그
Little Forest: 리틀 포레스트 본문
리틀 포레스트
မီဆွန်းရီဆိုတာ ပန်းသီးနဲ့ ဆန်စပါးကြောင့် ကျော်ကြားတဲ့ ရွာငယ်လေးပါ
ရွာထဲမှာ ကုန်စုံဆိုင်မရှိလို့ ရိုးရှင်းတဲ့
ပစ္စည်းဝယ်ဖို့တောင် မြို့ထဲအထိသွားရပါတယ်
အသွားအပြန်ခရီးက မိနစ် ၄၀-၅၀
အနည်းဆုံးကြာပါတယ်
ဆိုးလ်ကနေ အကြာကြီးနေမှ မွေးရပ်မြေကို
ပြန်လာခဲ့တာ လွန်ခဲ့တဲ့သုံးလ ဆောင်းရာသီတုန်းကပါ
နာတဲ့နေရာကိုမှ လာလာဆွတတ်တဲ့
သူငယ်ချင်းတစ်ယောက်ရှိတယ်
အွန်းဆုက အဲ့ဒီလိုလူပါပဲ
မူလတန်းကတည်းက တက်ကြွတဲ့ အွန်းဆုက
တက္ကသိုလ်ကဘွဲ့ရပြီး မြို့ထဲကဘဏ်တစ်ခုမှာ အလုပ်ရသွားတယ်
ဒီမှာမွေးလာပြီး တစ်ခါလေးတောင်
အဝေးမှာမနေဖူးတဲ့ အွန်းဆုကတော့
ဒီနေရာကို တောဆန်ပြီး စိတ်ရှုပ်စရာကောင်းတယ်လို့ နေ့တိုင်းငြီးတွားပါတယ်
ဒီရွာကနေ ထွက်ပြေးပြီး မြို့ထဲမှာအခြေချနိုင်ဖို့က
အွန်းဆုရဲ့တစ်ခုတည်းသောအိမ်မက်ပေါ့
ဂျယ်ဟာကတော့ အနားက တက္ကသိုလ်မှာပဲဘွဲ့ရပြီး အလုပ်တန်းရသွားပါတယ်
ဆိုးလ်မှာ တက္ကသိုလ်တက်မယ်ဆိုပြီး
ထွက်လာကတည်းက အလိုလို အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်
ပြန်ရောက်လာတော့ ဂျယ်ဟာက မိဘတွေရဲ့
ယာလုပ်ငန်းကို ကူညီပြီး ကိုယ်ပိုင် သစ်သီးခြံလေးတစ်ခြံကိုလည်း ဉီးစီးနေပါပြီ
ရွာကို စာမေးပွဲကျလို့ ပြန်လာခဲ့တာမဟုတ်ဘဲ
''ငါ ဗိုက်ဆာလို့ လာခဲ့တာ''
တစ်ကယ် ဗိုက်ဆာလို့..
အချိန်ပိုင်းအလုပ်လုပ်ရင်း စာမေးပွဲအတွက် ပြင်ဆင်နေရတဲ့ ငါ့ရဲ့ဆိုးလ်မှာ နေရတဲ့ဘ၀ကလည်း
မွန်းကြပ်စရာကောင်းတာတော့ အတူတူပါပဲ
အသင့်စား အစားအသောက်တွေက ကျွန်မရဲ့ဆာလောင်မှုကို ထိန်းချုပ်ဖို့မလုံလောက်ပါဘူး
ဗိုက်ဆာလို့ ပြန်လာတယ်ဆိုတဲ့ ကျွန်မရဲ့စကားက
အပိုစကားမဟုတ်ပါဘူး
ဓားအိမ်ကြားထဲ ထည့်ထားခဲ့တဲ့ စာထဲမှာ
ထွက်သွားရုံအပြင်မတတ်နိုင်တဲ့
များစွာသောအကြောင်းပြချက်တွေ ရေးထားပေမယ့် အဲဒီထဲ ကျွန်မနားလည်နိုင်တဲ့စကား ပါမနေခဲ့ဘူး
ဒါပေမယ့် ကျွန်မသိနေခဲ့ပါတယ် အမေ မကြာခင် ပြန်လာတော့မှာမဟုတ်ဘူးဆိုတာ
ကျွန်မ အသက်လေးနှစ်အရွယ်မှာ
အဖေ့ရဲ့ ဇာတိမြို့လေးဆီ ပြောင်းလာခဲ့ကြတာ
နေမကောင်းတဲ့အဖေကြောင့် ပြောင်းလာခဲ့တာဆိုပေမယ့် အဖေဆုံးပြီးနောက်ပိုင်းမှာလည်း
အမေကဘာလို့လဲမသိပေမယ့် မြို့ထဲကို
ပြန်သွားရအောင်လို့ မပြောခဲ့ပါဘူး
ရုတ်တရက်ကြီး ထွက်သွားတဲ့အမေ့ကို စိတ်ဆိုးပြီး အကြောင်းရင်းကိုအရမ်းသိချင်ခဲ့ပေမယ့်
အဲ့ဒါထက် အမေမရှိလည်းတစ်ယောက်တည်း
ကောင်းကောင်းရှင်သန်နိုင်ကြောင်း ပြချင်ခဲ့တယ်
ငါပဲ ပြန်လာခဲ့တယ် ဘာအဖြေမှမရှာနိုင်ခဲ့ဘဲ
အမေရော အဖြေရှာတွေ့သွားလောက်ပြီလား?
ချွေးထွက်ပြီးသွားရင် အရက် လိုအပ်လာတယ်
ညတာရှည်တဲ့ ဆောင်းတွင်းညမှာ အမေက တစ်ခါတစ်လေ ဆန်အရက် လုပ်သောက်လေ့ရှိတယ်
ချဉ်ပြီး စူးရှတဲ့ လူကြီးကြိုက် အရသာကိုပေါ့
ဆန်ချိုအေးရဲ့ မုယောစပါးက ချိုတဲ့အရသာထွက်ပေမယ့် ဆန်အရက်ထဲကတစေးက
လူကြီးကြိုက်အရသာထွက်ပါတယ်
အကောင်းဆုံးအရသာရဖို့ကတော့
အေးစက်တဲ့ရာသီဉတုနဲ့ အတူတူသောက်ပေးမယ့်
လူပါပဲ
ဂျယ်ဟာ:
မြို့မှာနေရင်း သိလိုက်ရတယ်
လယ်ယာလုပ်ငန်းက
ဘယ်လောက်အဆင်ပြေတဲ့အလုပ်လဲဆိုတာ
နွေဦးရာသီမှာ ထွက်လာတဲ့ အညှောင့်လေးတွေ …
ကြည်လင်တဲ့ကောင်းကင်ကြီးကို မော့ကြည့်နေတဲ့
အဲ့လို သေးငယ်တဲ့သက်ရှိလေးတွေလိုမျိုး.
စကားနဲ့ ဖော်ပြလို့မရပေမယ့်
ဒါပေမဲ့ ငါက တကယ်အံ့အားသင့်စရာကောင်းတဲ့
အလုပ်ကို ရွေးချယ်ခဲ့မိတယ်ထင်တာပဲ
ဂျယ်ဟာမှာ အထာကျကျမူးတတ်တဲ့အကျင့်ရှိတယ်
သူက အဖြေရှာတွေ့ပြီး ပြန်လာခဲ့တာပဲ
ငါကတော့ ဘယ်လိုမှ သည်းမခံနိုင်တော့ပဲ
ထွက်ပြေးလာခဲ့မိတယ် ဆောင်းရာသီကိုဖြတ်သန်းပြီး နွေဦးရဲ့အငွေ့အသက်လေးတွေ ရလာတဲ့အချိန်ထိ
ဒီမှာနေဦးမယ်ဆိုရင်
လိုချင်တဲ့အဖြေကို ရှာတွေ့နိုင်လောက်မလား
နွေဦးရာသီရဲ့ ပထမဆုံးစိုက်ပျိုးသီးနှံက
အာလူးဖြစ်ပါတယ်
အေးနေတုန်းဆိုပေမဲ့ မြေကြီးရဲ့နွေးထွေးမှုက အာလူးပင်အညှောင့်လေးတွေကို အပြင်ရောက်အောင်တွန်းထုတ်ပေးတယ် အညှောင့်ထွက်ပြီး ပန်းပွင့်ပြီးတော့
အသီးသီးဖို့က အားလုံး အချိန်တစ်ခုပဲ
စောင့်ပေးရတယ်
စောင့်မှပဲ အကောင်းဆုံးအစားအသောက်တွေကို
စားလို့ရမှာ
နွေဦးစိမ်းစိုမှုက မြေကြီးနဲ့သစ်ပင်တွေကနေ အလကားရပေမယ့် အာလူးတွေကတော့ အားထုတ်မှုနဲ့ချွေးလိုအပ်တယ်
နွေဦးရွက်နုလေးတွေကို သေချာလေးအခြောက်ခံပြီး ဆောင်းဦးရာသီအတွက် သိမ်းဆည်းကြတယ်
အားလူးပင်အညှောင့်ထွက်လာရင် တခြားသီးနှံစိုက်ပျိုးဖို့ ပြင်ဆင်လို့ရပြီဆိုတဲ့ အဓိပ္ပါယ်ပဲ
အဲ့လို ပစ်ထားလိုက်ရင်တောင် နောက်နှစ်ကျရင် ခရမ်းချဉ်သီးပင်က အလိုလိုပေါက်လာတယ်
ဆန်းကြယ်လိုက်တာ..
ဒီလိုမျိုး ဘာမှမဟုတ်သလို ပစ်လိုက်တာလေးကနေ ပြန်ပြီး ကြီးထွားလာနိုင်ဖို့ဆိုရင် မြေပြင်ကနေ နေရောင်ကောင်းကောင်းရပြီး ကောင်းမွန်စွာမှည့်နေတဲ့ ခရမ်းချဉ်သီးစေ့ဖြစ်နေမှရမယ်
အဲ့ဒါ
“သတိရမိတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ”
ခရမ်းချဉ်သီးတွေက မိုးဒဏ်မခံနိုင်ဘူး
မိုးတွေဆက်တိုက်ရွာရင် ရိုးတံလေးတွေ
အညိုရောင်ပြောင်းသွားပြီး တဖြည်းဖြည်း
ညှိုးသွားပြီး အဲ့ဒီအတိုင်းခြောက်သွေ့သွားတယ်
ခရမ်းချဉ်သီးစိုက်ပျိုးရတာ မလွယ်လှဘူး
နေ့တိုင်း ထီကံစမ်းနေရသလိုပဲ
ဒီနှစ်ကတော့ ကံဆိုးတဲ့နှစ်ပဲ
ဆိုးလ်ကနေထွက်လာတာ သိပ်မခက်ပေမယ့် ကောင်မလေးဆီကထွက်လာတာ တကယ်ခက်ခဲတာပဲ
ငါ တကယ်အများကြီး သဘောကျခဲ့တာ
တခြားလူဆီကနေ အမိန့်နာခံပြီးနေရတဲ့ဘဝမှာ
မနေချင်ဘူး ကုမ္ပဏီမှာ အလုပ်လုပ်ရတာက ကိုယ်ပိုင်ဆုံးဖြတ်ချက်ချပြီးလုပ်လို့ရတာ သိပ်မရှိဘူးလေ စဉ်းစားဖို့ အချိန်လည်းမရှိဘူး ဘာလို့ရှင်သန်နေရမှန်းလည်းမသိဘူး လစာထုတ်တဲ့ရက် မြန်မြန်ရောက်လာဖို့ပဲ စောင့်မျှော်ပြီးနေရတာ
တစ်ရက်ကျတော့ အတွေးတစ်ခုဝင်လာတယ်
အဲ့ဒီ ငါ့ပုံစံကြီးကို မြင်နေရတော့
ရင်တွေကွဲထွက်သွားသလိုပဲ
ဒါနဲ့နင် ဂျယ်ဟာကို ပြောပြီးပြီလား
သဘောကျနေတယ်လို့
ဘာမှမပြောဘဲနဲ့ တစ်ဖက်လူသိစေဖို့
မျှော်လင့်နေတာလား
မပြောဘဲနဲ့ သည်းခံထားလိုက်လို့
သိတဲ့အရာဆိုတာ တစ်ခုမှမရှိဘူး
ထုတ်ပြောချင်တဲ့အချိန် ထုတ်ပြောရမှာပေါ့
အတွင်းစိတ်ထဲမှာ ဆွေးမြေ့မသွားခင်လေး..
အွန်းဆုကို အဲ့လိုသာပြောလိုက်ပေမယ့် တကယ်တမ်း ငါကိုယ်တိုင်ကလည်း သေချာမလုပ်နိုင်တဲ့ကိစ္စပဲ
ငါက အမြဲတမ်း ဒီတိုင်းသည်းခံနေခဲ့ရုံပါပဲ
သစ်ချသီးချိုတွေကို
ပိုပြီးချိုအောင်လုပ်ပြီး သိမ်းထားလိုက်တယ်
အားလုံးတစ်ခါတည်း စားလိုက်နိုင်အောင်
စိတ်ကူးပေါက်တိုင်း ထုတ်စားလို့ရအောင်
သစ်ချသီးနှပ်က ဒီလောက် အရသာရှိနေပြီဆိုတာ ဆောင်းတွင်းအတော်လေး နက်နေပြီဆိုတဲ့အဓိပ္ပာယ်ပဲ
ဟယ်ဝန်း: မုန်တိုင်းကလည်း တော်ရုံတော့မဟုတ်ဘူးပဲ
ဂျယ်ဟာ: ဒီလိုပါပဲ တက်သစ်စ လယ်ယာစိုက်သူအတွက် သင်ခန်းစာ ရတာပေါ့
ဟယ်ဝန်း: လယ်ယာလုပ်ရတာ
ဒီလောက်ခက်ခဲနေတာတောင်
ဒီလိုနေရတာကို ပျော်နေသေးတာလား
ဂျယ်ဟာ: ဒီလိုမျိုးအကြီးကြီးရှုံးတဲ့အခါဆိုရင်တော့ နည်းနည်း စိတ်ပျက်ဖို့ကောင်းတာပေါ့
ဒါပေမဲ့လည်း ဒီအလုပ်က ငါနဲ့အသင့်တော်ဆုံးပဲ
အနည်းဆုံးတော့ လယ်ယာလုပ်ငန်းက
လူလိမ်ဘာညာတွေ မရှိဘူးလေ
ခန္ဓာကိုယ်ပင်ပန်းပေမယ့်လည်း
စိတ်ချမ်းသာရတာပေါ့
ဒီပန်းသီးက တိုင်ဖွန်းဝင်တာတောင် ကြွေမကျဘဲ
အဆုံးထိဒဏ်ခံနိုင်တယ် နင်နဲ့မတူအောင်
ဂျယ်ဟာ ပြောတာမှန်တယ် အရေးကြီးဆုံးအရာကို လျစ်လျူရှုထားပြီး အလုပ်ကြိုးစားချင်
ယောင်ဆောင်ပြီး ပြာဿနာကနေရှောင်ပုန်းနေခဲ့တယ်
ဒီလိုလေးဖိဖိပေးရင် ဆောင်းတွင်းကျရင် တစ်ကယ်နူးညံ့တဲ့ တည်သီးခြောက်လေးဖြစ်လာလိမ့်မယ်
ဆောင်းတွင်းရောက်မှ တကယ်အရသာရှိတဲ့
တည်သီးခြောက် စားရမှာ
ငါတို့ဟယ်ဝန်းလည်း မကြာခင်တက္ကသိုလ်တက်ဖို့ ဒီနေရာကနေ ထွက်သွားရမှာပေါ့နော်
အခုအမေလည်း ဒီနေရာကထွက်သွားပြီး
အဖေနဲ့အိမ်ထောင်ပြုလိုက်လို့ မလုပ်လိုက်ရတဲ့ဟာလေးတွေ လုပ်ကြည့်ချင်တယ်
ရှုံးနိမ့်သွားနိုင်သလို အရမ်းနောက်ကျနေမှာကိုလည်း စိုးရိမ်မိပေမယ့် အမေက အခု ဒီဂိတ်တံခါးကနေထွက်ခွာပြီး ကိုယ်ပိုင်အချိန်လေးတွေ ဖန်တီးဦးမယ်
အရာအားလုံးကအချိန်ကိုက်လုပ်ဖို့လိုတယ်လို့
အမေ အမြဲပြောခဲ့ဖူးတယ်မလား
အခု အဲ့ဒီ အချိန်ကျလာပြီလို့ထင်တယ်
အဖေဆုံးပြီးနောက်ပိုင်း အမေ ဆိုးလ်မြို့ကို
ပြန်မသွားတဲ့အကြောင်းရင်းက သမီးကို ဒီနေရာမှာ ရှင်သန်နိုင်အောင် အခြေတကျ
ပြုစုပျိုးထောင်ပေးချင်လို့ပါ
ဟယ်ဝန်း ခက်ခဲပင်ပန်းတဲ့အချိန်တိုင်း ဒီနေရာက
မြေသင်းရနံ့ရယ် လေပြေရယ် နေမင်းကြီးကို သတိရလိုက်ရင် အချိန်မရွေး ပြန်ရုန်းထနိုင်လိမ့်မယ်လို့
အမေယုံတယ်
အခု အမေတို့နှစ်ယောက်
ကောင်းကောင်းပြန်လာစေနိုင်ဖို့ ခရီးရှည်ကြီးတစ်ခုရဲ့ အစမှတ်မှာရပ်နေတယ်လို့ မှတ်ယူရအောင်
အခုမှပဲ အမေ့ရဲ့စာကို နားလည်သွားနိုင်ခဲ့တယ်
ဒီအတောအတွင်း အမေ့အတွက် သဘာဝတရားနဲ့ အချက်အပြုတ် ပြီးတော့ ကျွန်မအပေါ်ချစ်ခြင်းမေတ္တာက သူ့အတွက်တော့ တောအုပ်ငယ်လေးဖြစ်ခဲ့တယ် ကျွန်မလည်း ကျွန်မရဲ့တောအုပ်ငယ်လေးကို ရှာဖွေရမယ်
တည်သီးခြောက်တွေ ဒီလောက် အရသာရှိနေပြီဆိုရင်
ဆောင်းတွင်းနက်နေပြီဆိုတဲ့ အဓိပ္ပာယ်ပဲ
ဂျယ်ဟာ: ငါ ဟယ်ဝန်း မကြာခင်ပြန်လာမယ်လို့ခံစားနေရတယ် အမြဲတမ်းစိုက်ပျိုးဖို့အတွက်လေ
အခု ဟယ်ဝန်းက အမြဲတမ်းစိုက်ပျိုးနိုင်ဖို့
ပြင်ဆင်နေလား မသိနိုင်ဘူး
ကြက်သွန်နီက အစေ့လေးတွေကနေ စဖြစ်လာတာ
ဆောင်းတွင်းရောက်ပြီဆိုတာနဲ့ သေချာလေးပျိုးထားပြီး ကောက်ရိုးဖျာလေးနဲ့ တစ်ပတ်လောက်အုပ်ထားပေးလိုက်ရင် ပျိုးပင်လေး ဖြစ်သွားတယ်
ပျိုးပင်လေးကို နည်းနည်းအရွယ်ရောက်တဲ့ထိ မွေးပြီး ကြိုတင်မြေဩဇာထည့်ထားတဲ့မြေပေါ် ပြောင်းစိုက်ပေးရတယ်
ဒါကတော့ အမြဲတမ်းစိုက်ပျိုးခြင်းပါပဲ
ဒီထက်ပိုပြီး ပြောင်းရွှေ့စိုက်ရောမလိုတော့ဘဲ
လုံးဝအပြီး စိုက်ပျိုးလိုက်ခြင်းဖြစ်ပါတယ် သေချာလေး ပြင်ဆင်ပြီးတဲ့နောက်မှာ အမြစ်တွယ်တဲ့အချိန်ထိ သေချာဖုံးအုပ်ထားပေးမယ်ဆိုရင်
ဆောင်းတွင်း ဆီးနှင်းကျလည်း ခြောက်သွေ့သွားပြီး သေမသွားနိုင်အောင် ဆောင်းတွင်းရဲ့အေးခဲမှုဒဏ်ခံထားရတဲ့ ကြက်သွန်နီက နွေဦးကြက်သွန်နီထက်
ပိုပြီးချိုပြီး ထူးခြားပါတယ်
'Films' 카테고리의 다른 글
Nineteen Otters (0) | 2023.01.24 |
---|---|
Let's Meet in an Unfamiliar Season (0) | 2023.01.24 |
Ditto:동감 (0) | 2022.12.20 |
Soundtrack #1 (0) | 2022.03.24 |
A Taxi Driver (0) | 2022.02.20 |