일 | 월 | 화 | 수 | 목 | 금 | 토 |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | |||
5 | 6 | 7 | 8 | 9 | 10 | 11 |
12 | 13 | 14 | 15 | 16 | 17 | 18 |
19 | 20 | 21 | 22 | 23 | 24 | 25 |
26 | 27 | 28 | 29 | 30 | 31 |
- YumiCells2
- HymnOfDeath
- TheKingsAffection
- TheDevilJudge
- TheRedSleeve
- HighClass
- DaliandCockyPrince
- LeeJunho
- YouthOfMay
- YumiCells
- RacketBoys
- DrRomantic
- WhyHer?
- NowWeAreBreakingUp
- OurBlues
- MrSunshine
- ForecastingLoveandWeather
- HometownChaChaCha
- ChicagoTypewriter
- Taxidriver
- WiseMountainvillageLife
- BeMelodramatic
- TwentyFiveTwentyOne
- OurBelovedSummer
- LeeJeHoon
- CrashLandingOnYou
- startup
- 18Again
- KimSeonHo
- Remarriageanddesires
- Today
- Total
드라마 다이얼로그
The Law Cafe: 법대로 사랑하라 본문
တစ်ခဏအတွင်းမှာ
သားသမီးကို ဆုံးရှုံးလိုက်ရတဲ့ မိဘဖြစ်ဖြစ်
ပိုင်ဆိုင်သမျှတွေကို အလိမ်ခံလိုက်ရတဲ့ နစ်နာသူ
ရက်စက်တဲ့ အကြမ်းဖက်မှုတွေကြောင့်
ဘဝကို နင်းခြေခံခဲ့ရတဲ့သူတွေ အဲ့ဒီလူတွေအတွက် အမှုစစ်အနေနဲ့
ဘာကိုမဆို ဘယ်လိုပဲလုပ်ပေးပေး တကယ်တမ်း ဒီလူတွေရဲ့ ဝမ်းနည်းမှု ခံပြင်းမှု
အဲ့ဒီနာကျင်မှုတွေကို ဖြေရှင်းပေးနိုင်ပါ့မလား
တကယ်တမ်း ဥပဒေက ဒါကို ဖြေရှင်းပေးနိုင်ရဲ့လား
လူတွေကပဲ ချမှတ်ထားပြီး
စာအုပ်ထဲမှာရေးထားတဲ့ ဉပဒေ
အဲ့ဒီ ဥပဒေအတိုင်း လုပ်တယ်ဆိုပြီး နစ်နာသူတွေအတွက် လုံလောက်တဲ့ဖြေရှင်းချက်ဖြစ်ပေမယ့်
အချိန်ကုန်သွားရင်တောင် မကုစားနိုင်တဲ့ဒဏ်ရာတွေဆိုတာ ရှိတယ်
ဒီလိုဥပဒေရဲ့လိုအပ်မှုကို ဖြည့်ဆည်းပေးမှာက
ကျွန်မတို့ လူသားအချင်းချင်းတွေပဲ
ဖြစ်နေမလားတောင်မသိဘူး
ဥပဒေက ချမ်းသာတဲ့သူတွေကိုပဲ
အကာအကွယ်ပေးဖို့ မဟုတ်ဘူး
ဥပဒေက သာမာန်လူတွေရော အားလုံးအတွက် တိုက်ခိုက်ပေးနိုင်မယ့်အရာဆိုတာ
သေချာစေချင်တာကြောင့်ပါ
တကယ်ဆို ဒီလို ကြမ်းတမ်းတဲ့လောကကြီးမှာ ဥပဒေရဲ့လိုအပ်ချက်ကနေ တရားခံတွေကိုလွှတ်ပေးတဲ့ရှေ့နေမဟုတ်ဘဲ အဲ့ဒီ လိုအပ်ချက်ကြောင့် နစ်နာသူတွေကို ကူညီပေးနေတဲ့ ရှေ့နေဂင်ယူရီလိုမျိုး လူတစ်ယောက်လောက် ရှိတယ်ဆိုတာက စိတ်နှလုံးကို နွေးထွေးစေပါတယ်
လူတွေရဲ့လုပ်ရပ်က မပြည့်စုံနိုင်ဘူးလေ အဲ့ဒါကိုပြန်ပြင်တာကလည်း လူတွေပဲလုပ်ရမှာမဟုတ်လား
တစ်ကယ်လို့များ သောကရောက်စရာကိစ္စ ရှိတဲ့အချိန် ကျွန်မတို့ Law Café ကို လာလိုက်ပါ
ကော်ဖီတစ်ခွက် တန်ဖိုးနဲ့ လူကြီးမင်းတို့ရဲ့
သောကရောက်စရာကိစ္စတွေကို
အကြံပေးဆွေးနွေးပေးပါတယ်
သဘောကျနေတဲ့ လူကို ချဉ်းကပ်ဖို့
ရင့်ကျက်တဲ့နည်းလမ်းက ဘယ်လိုမျိုးလဲ?
ကျွန်တော့်အထင်တော့ အလွယ်ကူဆုံးနဲ့ အကောင်းဆုံးနည်းလမ်းက တစ်ဖက်လူကို တိုက်ရိုက်မေးကြည့်လိုက်ဖို့ပါပဲ
"လက်ကိုင်လို့ ရမလား" “နမ်းလို့ရမလား”
လူတွေ ဒီလိုပြောခဲ့တာရှိတယ် "No means No"
မကြိုက်ဘူးလို့ ပြောရင် မကြိုက်လို့ပဲ တဲ့
အဲ့လိုပြောတတ်ကြတယ်လေ
ဒါပေမယ့် အခုခေတ်မှာတော့ ပိုဆန်းသစ်လာတယ် “Yes means Yes” တဲ့
ဒီတော့..Yes မဟုတ်တဲ့ အဖြေအားလုံးက No လို့ ဆိုလိုတာပဲပေါ့
ဒါကြောင့် တစ်ဖက်လူရဲ့ ခံစားချက်ကို မသိဘူးဆိုရင် ခန့်မှန်းမနေဘဲနဲ့ ကိုယ့်ခံစားချက်ကို တိကျထင်ရှားတဲ့ စကားလုံးနဲ့ ဖော်ပြလိုက်ပါ
ဒီလိုလုပ်တာတောင် တစ်ဖက်လူက ငြင်းဆန်လိုတဲ့ အရိပ်အယောင်ပြမယ်ဆိုရင် ကျွန်တော်တို့လုပ်နိုင်တဲ့ အကောင်းဆုံးအရာက ထပ်မေးကြည့်လိုက်ဖို့ပါပဲ
“ကျွန်တော် ခင်ဗျားကို စောင့်နေလို့ ရမလား”
ဒီမေးခွန်းကိုလဲ No လို့ ဖြေမယ်ဆိုရင် ကျွန်တော်ကတော့ ဝမ်းနည်းပေမယ့် အဲဒီခံစားချက်ကို တစ်ယောက်တည်း သိမ်းထားရမယ်လို့ တွေးပါတယ်
ဒါကြောင့် ကျွန်တော်က အငြင်းမခံရခင် တစ်ယောက်တည်း သိမ်းဆည်းထားတတ်တဲ့သူမျိုးပါ ညတိုင်း ငိုရင်းပေါ့..
“မိဘနဲ့သားသမီး ဆက်ဆံရေးတွေအကုန်လုံးက
မင်းရဲ့အိမ်လိုပဲလို့ ထင်မနေပါနဲ့”
ကလေးသူငယ်အကြမ်းဖက်မှုရဲ့ နစ်နာသူဖြစ်တဲ့ကလေးတွေဟာ မိသားစုအပြင်ဘက်က လောကကြီးရဲ့အတွေ့အကြုံ မရှိဖူးတဲ့အတွက် ပြောရရင် သူတို့တွေက အကြမ်းဖက်ခံနေရမှန်း မသိတာလည်း ဖြစ်နိုင်ပါတယ်
သူတို့အချစ်ရဆုံးသူက သူတို့ကိုနာကျင်အောင်လုပ်နေမှန်း ဘယ်လိုကလေးက ခက်ခက်ခဲခဲနဲ့နားလည်နိုင်ပါ့မလဲ
လူဆိုတာ မိသားစုဆိုတဲ့ တန်ဖိုးထားရတဲ့အိမ်သာ
ပြိုလဲသွားရင် သူတို့ကိုယ်သူတို့ ပျက်စီးပြီးတော့ ကယ်တင်လို့မရတော့ဘူးလို့တွေးတတ်ကြပါတယ်
ဒါပေမဲ့ မိသားစုဆိုတာ ဘဝရဲ့အစိတ်အပိုင်းတစ်ခုပါပဲ အရာအားလုံးမဟုတ်ဘူးမလား မိသားစုကို ဘယ်လောက်ပဲချစ်ချစ် ပျော်ရွှင်မှုကို သီးသန့်ရှာဖွေတာမျိုးလည်းရှိပြီးတော့ သီးသန့်ထွက်သွားချင်တိုင်း ထွက်သွားလို့ရမယ့် အဲ့ဒီအခွင့်အရေးကို ရှာရတာမျိုးလည်းရှိတာပေါ့
တကယ်လို့ ထွက်မပြေးနိုင်ရင် တစ်သက်လုံး
ပူပန်စိတ်ဆင်းရဲပြီး နေရမလား မသိပါဘူး
အဲဒါကြောင့် မိသားစုတင်မကဘဲ ဘယ်သူပဲဖြစ်ဖြစ် ရှင့်ကို စိတ်ဆင်းရဲအောင်လုပ်ရင် ထွက်ပြေးလိုက်ပါ
အချစ်နဲ့ အကြမ်းဖက်မှုကို ခွဲခြားမသိနိုင်တဲ့ အဲ့ဒီအရူးတွေကြောင့်နဲ့ တစ်သက်လုံး စိတ်ဆင်းရဲပြီး နေသွားစရာအကြောင်း မရှိလို့ပါ.
မင်းမျက်လုံးထဲမှာတော့ ငါကအသက်တော်တော်ကြီးနေမှာဆိုပေမယ့် မျက်စိတစ်မှိတ်အတွင်းမှာပဲ ဒီလိုမြန်မြန်နဲ့ အသက်ကြီးလာတာ
ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာ ကြည့်လိုက်တော့ ရှုံ့တွနေတဲ့ အဘွားကြီးဖြစ်နေပြီဆိုတာ မယုံနိုင်ဘူး
နေ့တိုင်းလည်း မယုံကြည်နိုင်သေးဘူး
ငါတို့မှာ ထင်ထားသလောက် အချိန်သိပ်မရှိဘူး
ရင်ထဲမှာထုပ်ပိုးသိမ်းထားပြီး အားလုံးနောက်မှ ပြောမယ်ဆိုရင် ဘဝက ဘယ်သူ့ကိုမှ မစောင့်ဘူးလေ
ဒါကြောင့် မင်းချစ်ရတဲ့သူကို မနာကျင်စေနဲ့ သူ့ကိုမစောင့်ရစေနဲ့
မင်းရဲ့ အဖိုးတန်အချိန်တွေကို မဖြုန်းတီးပါနဲ့ နောက်ကျမှ နောင်တရနေလိမ့်မယ်
미워해도 돼..
도망가도 돼..
뒷걸음질 치고 밀어내도 돼
그러니까 나 버리지만 마
မုန်းလို့လည်း ရပါတယ်
ထွက်ပြေးလို့လည်း ရပါတယ်
နင့်စိတ်ကြိုက် ငါ့ကို တွန်းထုတ်လို့လည်းရတယ်
အဲ့ဒါကြောင့် ငါ့ကိုသာ စွန့်ပစ်မသွားပါနဲ့..
ကျွန်တော် သိတဲ့ အချစ်ကတော့ အဲ့ဒီလူ သဘောကျတဲ့အရာကို အတူတူလိုက်သဘောကျပေးပြီး အဲ့ဒီလူရဲ့ ရွေးချယ်မှုကို ဘေးကနေ စောင့်ကြည့်ပေးပြီး တစ်ခါတစ်လေကျရင် တစ်ယောက်တည်း မျှော်ကြည့်နေရတာ အရမ်းပင်ပန်းရတယ်ဆိုရင်တောင် အဲ့ဒီလူအထိပါ ငါ့ရဲ့နာကျင်ခံစားရစိတ်တွေကို မသက်ရောက်စေချင်တာပါ အဲ့ဒီလူက ကျွန်တော်ကြောင့် နည်းနည်းလေးမှ အပြစ်ရှိစိတ်ဖြစ်ဖြစ် ပင်ပန်းရတာမျိုးကိုဖြစ်ဖြစ် မဖြစ်စေချင်တာပါ
ပိုင်ဆိုင်ထားတာကြောင့် ပိုကြောက်ရွံရတာက
မပိုင်ဆိုင်ရတာကြောင့် ပိုလောဘတက်တာက
အချစ်ကြောင့်လည်းဖြစ်နိုင်ပါတယ်
သနားကြင်နာတာဖြစ်ဖြစ် ကိုယ်ချင်းစာနာတာဖြစ်ဖြစ် စိတ်ဝိညာဉ်တစ်ခုနဲ့ တစ်ခုကို ချိတ်ဆက်စေနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်
ဒါပေမယ့် အချစ်တစ်ခုကို စတင်တာထက် ပိုပြီးခက်ခဲတာက အချစ်ကို ထိန်းသိမ်းတာပဲမဟုတ်ဘူးလားလို့ပါ တစ်ခါတစ်လေတော့ မှားယွင်းဖော်ပြမိတဲ့အချစ်လောက် လူကို ပိုပင်ပန်းစေတာမျိုး ရှိမှာမဟုတ်လို့ပါ
ရှင်သန်နေလာကြည့်ရင် ရွာကျတဲ့မိုးလိုမျိုး ရှောင်လွှဲလို့မရနိုင်တဲ့ ကိစ္စမျိုးနဲ့လည်း ကြုံရနိုင်ပေမယ့် မိုးရေထဲ ရပ်နေရရင်တောင် ထီးဖြစ်ပေးမယ့်လူတွေသာ ရှိနေရင် နည်းနည်း စိုရွှဲသွားခဲ့ရင်တောင် ချက်ချင်းပြန်ခြောက်ပြီး ဆက်သွားနိုင်လိမ့်မယ် မထင်ဘူးလား
တစ်သက်လုံးအတူနေမယ်ဆိုတဲ့ ကတိကို
မတည်နိုင်ခဲ့တာတောင် ဘယ်လိုလုပ်
ထပ်ပြီးကတိပေးနိုင်ခဲ့တာလဲ?
တစ်သက်လုံးမပြောင်းလဲနိုင်တာ ဘာရှိလို့လဲ
တစ်သက်လုံးမပြောင်းလဲဘဲ ပျော်ပျော်နေသွားမယ်လို့ စဉ်းစားတာမဟုတ်ဘူး
အဲ့ဒါက ဘယ်လိုအဆုံးသတ်ပဲဖြစ်ဖြစ်
ဒီတိုင်း အဲ့ဒီလူနဲ့ အတူတူသွားကြည့်ချင်တာ
ပြောင်းလဲမှုတွေအကုန် အတူကြည့်ပြီး
ခံစားကြည့်ချင်တာ
ပန်းခင်းလမ်းလည်း ကောင်းပေမယ့်
ချေးလမ်းကိုလည်း အတူသွားချင်တဲ့
ယောကျာ်းသာဆို အတူသွားမှာပေါ့ တစ်သက်လုံးမပြောင်းလဲဘူးလို့
ကတိပေးရမှာမဟုတ်ဘဲ ပြောင်းလဲမှုအားလုံးကို
အတူကြည့်ပြီး ခံစားကြည့်တာတာ
ကတိမတည်နိုင်လို့ စိတ်ပျက်ရတာလည်း
ခံစားကြည့်ပြီး
အတွေးမတူလို့ ရန်လည်းဖြစ်ကြည့်ချင်တယ်
လမ်းခွဲတာလည်းလုပ်ကြည့်ပြီး မျက်ရည်တွေနဲ့ ပြန်ပြေလည်ချင်တယ်
တစ်နေ့တစ်ချိန်တည်းမှာ ရုတ်တရက်
သေတာမဟုတ်ဘူးဆိုရင် ဘယ်လိုပဲဖြစ်ဖြစ်
လမ်းခွဲမှုဆိုတာရှိတယ် ဒါပေမဲ့ ငါတို့အတွက်
အဆုံးသတ်ရှိတယ်ဆိုရင်တောင် အဲဒီအဆုံးသတ်မှာ ငါတို့ဝမ်းနည်းပြီး စိတ်ညစ်ရရင်တောင် နင်နဲ့ဆို
သွားကြည့်ချင်တယ်
ပျမ်းမျှလူ့သက်တမ်း နှစ် ၁ဝဝ ကိုနီးလာတဲ့အချိန် လက်ထပ်မှုက အရင်လို ခိုင်မာမှုရှိဦးမလားဆိုတာ လက်ထပ်ပြီးအတူနေတာ၊ ဂရုစိုက်တာ၊
ပူးပေါင်းလုပ်ဆောင်ချက်တွေ၊ ပိုင်ဆိုင်မှုနဲ့အလုပ်ကို အတူမျှဝေရမယ်ဆိုတဲ့ အမှန်တရားကို အသိအမှတ်ပြုပြီး အပြည့်အဝစဉ်းစားတွေးတောပြီးမှ ဆုံးဖြတ်ချက်ချခဲ့တာ
အဲ့ဒါကြောင့် ငါတို့တွေ တရားဉပဒေနဲ့အညီ
ချစ်ပြီး လက်ထပ်ကြရအောင်..
'2022 Kdrama' 카테고리의 다른 글
Yonder: 욘더 (0) | 2022.10.17 |
---|---|
Love in Contract: 월수금화목토 (0) | 2022.09.24 |
If you wish upon me: 당신이 소원을 말하면 (0) | 2022.09.24 |
Little Women: 작은 아씨들 (0) | 2022.09.22 |
Big Mouth: 빅마우스 (0) | 2022.09.17 |