일 | 월 | 화 | 수 | 목 | 금 | 토 |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | |||
5 | 6 | 7 | 8 | 9 | 10 | 11 |
12 | 13 | 14 | 15 | 16 | 17 | 18 |
19 | 20 | 21 | 22 | 23 | 24 | 25 |
26 | 27 | 28 | 29 | 30 | 31 |
- TheKingsAffection
- HymnOfDeath
- KimSeonHo
- startup
- ChicagoTypewriter
- Remarriageanddesires
- YouthOfMay
- TwentyFiveTwentyOne
- DrRomantic
- YumiCells2
- DaliandCockyPrince
- HighClass
- TheDevilJudge
- TheRedSleeve
- OurBelovedSummer
- CrashLandingOnYou
- 18Again
- YumiCells
- ForecastingLoveandWeather
- MrSunshine
- OurBlues
- LeeJunho
- HometownChaChaCha
- Taxidriver
- RacketBoys
- WiseMountainvillageLife
- NowWeAreBreakingUp
- BeMelodramatic
- WhyHer?
- LeeJeHoon
- Today
- Total
드라마 다이얼로그
Little Women: 작은 아씨들 본문
Little Women: 작은 아씨들
Average Rating: 10/10
“ဆင်းဆင်းရဲရဲ မွေးလာပြီး
တစ်သက်လုံး ဆင်းဆင်းရဲရဲ နေရမှာထက်
ကြောက်စရာကောင်းတာ ဘာမှမရှိပါဘူး..”
ဆိုတဲ့ အိုအင်ဂျူလို အောက်ခြေကလူတစ်ယောက်က
အမြင့်ဆုံးဘယ်အထိ တက်သွားနိုင်မလဲ?
အဲ့ဒီငွေတွေက အားလုံး ငါ့အပိုင်လို့ ခံစားရရင် လိုအင်ဆန္ဒတွေက ရပ်တန့်သွားလောက်မလား?
“အဲ့ပိုက်ဆံကို မြင်တုန်းက ဆင်းရဲခဲ့တဲ့ ကျွန်မရဲ့ဘဝကို လျော်ကြေးအဖြစ် ရခဲ့တဲ့ခံစားချက်
အဲ့ပိုက်ဆံကို ရေတွက်တော့ ပျော်ရွှင်ပြီး လောဘကြီးတဲ့ ခံစားချက်ကို ရခဲ့တယ်”
လောကကြီးမှာ အလကားရတာမရှိဘူး
တစ်ခုကိုလိုချင်ရင် တစ်ခုကိုတော့ ပေးဆပ်ရမယ်
ညီအစ်မတွေနဲ့ ပြတင်းပေါက်ကောင်းကောင်းရှိတဲ့ တိုက်ခန်းလေးမှာသာ နေရမယ်ဆိုရင် ဘာမဆိုလုပ်လိုက်မယ်ဆိုပြီး တစ်ကယ်လည်းရလာတော့ အဲ့တိုက်ခန်းအတွက် ရင်းနှီးလိုက်ရတာက မိသားစုတွေဖြစ်နေတယ်ဆိုတာ..
တစ်ကယ်ပဲ ၇၀ဘီလီယံရဲ့ ပျော်ရွှင်မှုကိုပဲ စဉ်းစားခဲ့တာ အဲ့ဒီအတွက် တန်ကြေးက ဘယ်လောက်တန်မလဲ မစဉ်းစားခဲ့မိဘူးကိုး
အဲ့ပိုက်ဆံကြောင့် သေမလိုဖြစ်ပြီး ချစ်ရတဲ့သူကို ဆုံးရှုံးပြီး အရာအားလုံးဆုံးရှုံးမတတ်ဖြစ်သွားရတာ
အဲ့ပိုက်ဆံတွေက ကျွန်မနေနေတဲ့ ဆင်းရဲ့တဲ့ဘဝကို ပြန်မပြင်နိုင်ဘူး
အင်ဂယောင်းပြောတာ မှန်တယ်
“ငါ ဆင်းရဲတဲ့ဘဝမှာလည်း နေနိုင်တယ်
အမြဲတမ်း အဲ့ဒီလိုနေခဲ့ရတာပဲ ဒါပေမယ့် ဆင်းရဲလို့ဆိုပြီး သူခိုးတော့ဖြစ်မလာချင်ဘူး
အဲ့ဒါဆိုရင် အရှုံးသမားပဲမလား
ဆင်းရဲမှုက အထင်သေးခံရနိုင်ပေမယ့်
လူတွေကို ပိုပြီးသန်မာစေနိုင်တယ်”
ဆင်းရဲလည်း မိသားစုတွေနဲ့သာ အတူတူဆိုရင်
1+1 ရေခဲမုန့်လေးစားရလည်း ပျော်ရွှင်နေရတာမျိုး..
ငယ်ငယ်တုန်းက မွေးနေ့ကိတ်ပေါ်က ဖယောင်းတိုင်လေးကိုမှုတ်ပြီး ကိုယ့်အတွက်သူငယ်ချင်းတွေ
သီချင်းဆိုပေးကြတာကို သေချာပေါက်
လုပ်ကြည့်ချင်ခဲ့တာ
ဒုတိယတန်းတုန်းက မွေးနေ့မှာ သူငယ်ချင်းတွေကို အိမ်ကိုဖိတ်ခဲ့ပြီး ရေခဲသေတ္တာထဲ လှန်လှောရှာကြည့်တော့ ရှိနေတဲ့ ကြက်ဥတွေအကုန် ထုတ်ပြီးပြုတ်ခဲ့တာ ကြက်ဥငါးလုံးပေါ်မှာ ဖယောင်းတိုင်လေးတစ်တိုင်ထွန်းပြီး သူငယ်ချင်းတွေက သီချင်းဆိုပေးကြတာ
အဲ့တုန်းက ငါတို့မှာ သွားတိုက်ဆေးမရှိလို့
ဆားနဲ့ပဲ သွားတိုက်ခဲ့ကြရတာ
အဲ့တုန်းက သေချာသိခဲ့တယ်
ငါတို့က တီဗီပေါ်မှာပါတဲ့လူတွေနဲ့
ရှင်သန်နေရတာချင်း မတူပါလားလို့ပေါ့
သူများတွေလိုချင်တာမျိုးကို ငါတို့ လိုချင်လို့မရဘူးဆိုတာကိုပေါ့
လောကကြီးမှာ အလကားရတာ မရှိဘူး
ပြန်မဆပ်နိုင်လောက်တဲ့ထိ အကြွေးတင်သွားရင်
နောင်ကျ ဘာနေနေ ပြန်ပေးရမှာပဲဆိုတာ
ငါတို့က သူတောင်းစားမဟုတ်လို့
ပေးကမ်းနေတဲ့သူတွေက
ငါတို့ကို သနားစရာကောင်းတဲ့သူတွေလို့ မြင်နေလို့ပဲ
စားစရာလည်းပေး ဝတ်စရာတွေလည်းပေးတာ
အဲဒါတွေကို ယူလိုက်ရင် နောက်ကျ သူတို့က နင့်ကို သူတောင်းစားလိုမျိုး ဆက်ဆံလာလိမ့်မယ်
သနားတယ်တို့ ဘာတို့
ငါ ဆင်းရဲတဲ့ဘဝမှာလည်း နေနိုင်တယ်
အမြဲတမ်း အဲ့ဒီလိုနေခဲ့ရတာပဲ ဒါပေမယ့် ဆင်းရဲလို့ဆိုပြီး သူခိုးတော့ဖြစ်မလာချင်ဘူး
အဲ့ဒါဆိုရင် အရှုံးသမားပဲမလား
ငယ်ငယ်တုန်းက တစ်ချိန်လုံး ပြုံးနေခဲ့ပြီး
တွေ့တဲ့သူတိုင်းကို ပြုံးပြခဲ့တာ
ကလေးက ငယ်ပြီးချစ်စရာလေးဆိုတော့ လူတွေက
ပြန်ပြုံးပြပေမဲ့ ကြီးလာလို့ အဲ့လိုပြုံးနေရင်တော့
ကမ္ဘာကြီးက မင်းမျက်နှာကို ရိုက်ချသွားလိမ့်မယ်
အသက်ရှင်ရင်း သင်ယူလာတာတွေများတာက
အများကြီး ဖြတ်ကျော်ခဲ့ရတာမို့ပါ
ရွေးချယ်မှုအလိုက်
လူတွေက ချမ်းသာလာတယ်လို့ယုံကြည်တယ်
လက်ထပ်မလား ချမ်းသာအောင်လုပ်မလား
လမ်းခွကို ရောက်နေတာ
ငါကတော့ ချမ်းသာဖို့ရွေးခဲ့တယ်
အိမ်ကောင်းကောင်းမှာနေရင် အောင်မြင်နိုင်ချေလည်းမြင့်သွားတယ် တော်ရုံကိစ္စတွေက အိမ်ကိုရောက်ရင် အကုန်ကျော်လွှားနိုင်သွားတာမို့
ငွေအများကြီးရှာနိုင်ဖို့ တစ်ခုခုကို ဆုံးရှုံးဖို့ အသင့်ဖြစ်နေရမယ်
ပိုပြီး စွန့်စားနိုင်တဲ့လူက အနိုင်ရနိုင်တာမို့လို့ပဲ
ငါက အားလုံးကို ဆုံးရှုံးလိုက်ရလည်း
ဒီလိုအိမ်လေးရှိရင် အရာအားလုံးကို အစကနေ
ပြန်ပြီး စတင်နိုင်တယ်
ဘဝကိုပြောင်းလဲနိုင်တဲ့ နည်းလမ်းက
တစ်ခုအပြင်မရှိဘူး
ဒီထက်ပိုပြီး ဆင်းဆင်းရဲရဲမနေဖို့
ဆင်းရဲမှုက အထင်သေးခံရနိုင်ပေမယ့်
လူတွေကို ပိုပြီးသန်မာစေနိုင်တယ်
ဆင်းဆင်းရဲရဲ မွေးလာပြီး
တစ်သက်လုံး ဆင်းဆင်းရဲရဲ နေရမှာထက်
ကြောက်စရာကောင်းတာ ဘာမှမရှိပါဘူး
အရှက်ကွဲတယ်ဆိုတာကို မျိုသိပ်နိုင်ရင် ကောင်းတာပဲ ခဏလောက် ဝပ်နေလိုက်ပြီး ပြန်ထရင် ရပြီ
လူတွေက ခဏလေးနဲ့မေ့သွားမှာ
ကိုယ့်မာနကို ရိုက်ချိုးပြီး သူများကို အကူအညီတောင်းရတာ ဘယ်လောက်ခက်ခဲလဲဆိုတာ
ငါသိတယ် အဲဒါမှ ငါတို့ဘဝက တစ်သက်လုံး ပြောင်းလဲနိုင်မှာ
လူငယ်တွေကတော့ ဘယ်နားလည်မလဲ
ဘဝဆိုတာ ကိုယ်ဖြစ်ချင်တဲ့အတိုင်းမဖြစ်တာကို
'2022 Kdrama' 카테고리의 다른 글
The Law Cafe: 법대로 사랑하라 (0) | 2022.09.24 |
---|---|
If you wish upon me: 당신이 소원을 말하면 (0) | 2022.09.24 |
Big Mouth: 빅마우스 (0) | 2022.09.17 |
Thirty Nine: 서른 아홉 (0) | 2022.08.23 |
Extraordinary Attorney Woo (0) | 2022.08.20 |