Extraordinary Attorney Woo:
이상한 변호사 우영우
Average Rating: 10/10
ကျွန်မနာမည်က အတည့်ပဲဖတ်ဖတ်
ပြောင်းပြန်ပဲဖတ်ဖတ် ဝူယောင်းဝူပါ
ဂီရိုဂီ ထိုမာထို စစ်ဝိစစ် အင်ဒိုအင် ဗြောဒုံဗြော
ဝူယောင်းဝူပါ
Autism နဲ့ပက်သက်ပြီး ပထမဆုံး သုတေသနလုပ်နိုင်ခဲ့တဲ့ Hans Asperger က Autism ရောဂါသည်တွေမှာလည်း ကောင်းမွန်တဲ့ဘက်ခြမ်းရှိသေးတယ်လို့ ယူဆခဲ့ပါတယ်
Hans Asperger ကပြောခဲ့ပါတယ်
"သွေဖည်ပြီး ပုံမှန်မဟုတ်တဲ့ အရာအားလုံးက သေချာပေါက် ယုတ်ညံ့တဲ့အရာတွေ မဟုတ်ပါဘူး"
Autism ရောဂါသည်တွေဟာ တွေးခေါ်ပုံအသစ်အဆန်းတွေ အတွေ့အကြုံတွေနဲ့ ကြီးမားတဲ့အရာတွေကို ဖန်တီးနိုင်ပါတယ်
Hans Asperger ဟာဆိုရင် နာဇီပူးပေါင်းဆောင်ရွက်သူပါ သူ့အလုပ်ကတော့ အသက်ရှင်ထိုက်တဲ့ကလေးနဲ့ မရှင်ထိုက်တဲ့ကလေးတွေကို ခွဲခြားရတာပါ နာဇီတွေရဲ့ အမြင်မှာ အသက်မရှင်ထိုက်တဲ့လူတွေဆိုတာက မသန်စွမ်း၊ နာတာရှည်ရောဂါသည်၊ စိတ်မနှံ့သူနဲ့ Autism ရောဂါသည်တွေပဲ ဖြစ်ပါတယ်
လွန်ခဲ့တဲ့နှစ်ပေါင်း၈၀တုန်းကတောင် Autism ရောဂါသည်တွေက အသက်ရှင်ဖို့မထိုက်တန်တဲ့ လူတွေဖြစ်ခဲ့ကြပါတယ်
အခုလည်းရာနဲ့ချီတဲ့လူတွေက
"ဆေးကျောင်းသားတစ်ဦးကို Autismတစ်ဦး သတ်လိုက်တာက နိုင်ငံရတနာကိုဆုံးရှုံးလိုက်ရတာပဲ" ဆိုတဲ့မှတ်ချက်ကို "Like'' တွေ ပေးထားကြပါတယ်
အဲ့ဒါက ကျွန်မတို့တွေတောင့်ခံထားရတဲ့ မသန်စွမ်းမှုရဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုပါပဲ
ကျွန်မက ရှေ့နေဝူယောင်းဝူအဖြစ်
အလုပ်လုပ်နေလည်း လူတွေရဲ့မျက်လုံးထဲမှာ
ကျွန်မက ဒီအတိုင်း Autism ရှိတဲ့ ဝူယောင်းဝူပါ
လူတွေက မင်းနဲ့ငါဆိုတာတွေ ရှိတဲ့ကမ္ဘာကြီးမှာ
နေထိုင်ကြတယ်ဆိုပေမယ့် Autism ဖြစ်နေတဲ့သူတွေက ငါတစ်ယောက်တည်းရှိတဲ့ ကမ္ဘာကြီးမှာနေရတာကို ကျင့်သားရနေလို့ပါ
လူတွေက ကျွန်မနဲ့အတွေးမတူနိုင်ဘူးဆိုတာရော တခြားရည်ရွယ်ချက်တွေနဲ့ ကျွန်မကို လှည်စားနိုင်တယ်ဆိုတာကို ခေါင်းကတော့ နားလည်ပေမယ့် ခဏခဏမေ့နေတယ်လေ အလိမ်မခံရဖို့ဆိုရင်
အမြဲတမ်း သတိရှိရှိနဲ့ ကြိုးစားရမှာပါ
ပြီးတော့ တစ်စုံတစ်ယောက်က
ကျွန်မကို သဘောကျဖို့ဆိုတာ မလွယ်ပါဘူး ကျွန်မတို့အကုန်လုံးဘယ်သူမဆို ချစ်ပေးချင်ပြီး အချစ်ခံချင်ကြပါတယ်
အဲ့ဒါက ဥာဏ်ရည်မသန်စွမ်းတဲ့သူတွေအတွက်လည်း ထူးမခြားနားပါပဲ
မဟုတ်ပါဘူး အချစ်ခံချင်တဲ့စိတ်က ပိုပါတယ် အခြေအနေတော်တော်များများမှာ လိုချင်တဲ့အာရုံစူးစိုက်ခံရမှုနဲ့ ချစ်ခြင်းမေတ္တာကိုရဖို့က ခက်ခဲတာမလို့ပါ
ကျွန်မက ဝေလငါးဖြူတွေကြားမှာရောနေတဲ့
အစွယ်ရှည်ဝေလငါးဖြူနဲ့တူပါတယ်
မရင်းနှီးတဲ့ပင်လယ်မှာ မရင်းနှီးတဲ့ ဝေလငါးဖြူတွေနဲ့ အတူနေနေတာပါ
အကုန်လုံးက ကျွန်မနဲ့မတူကြလို့ နေသားကျဖို့မလွယ်သလို ကျွန်မကိုသဘောမကျတဲ့ ဝေလငါးတွေလည်းများပါတယ် ဒါပေမဲ့ အဆင်ပြေပါတယ်
ဒါက ကျွန်မဘဝဖြစ်နေလို့ပါပဲ
ကျွန်မဘဝက ထူးဆန်းပြီး ထူးခြားပေမဲ့
တန်ဖိုးရှိပြီး လှပပါတယ်






































'2022 Kdrama' 카테고리의 다른 글
Big Mouth: 빅마우스 (0) | 2022.09.17 |
---|---|
Thirty Nine: 서른 아홉 (0) | 2022.08.23 |
Extraordinary Attorney Woo (0) | 2022.08.10 |
이상한 변호사 우영우 (0) | 2022.08.09 |
Tomorrow: 내일 (0) | 2022.07.29 |