“မနက်ဖြန်ဆိုတာ မရှိသလိုမျိုး ဒီနေ့ကို အကောင်းဆုံးရှင်သန်ပါ”
“ရောက်လာမယ့် မနက်ဖြန်တိုင်းအတွက် အကောင်းဆုံး ရှင်သန်ပါ”
ပညာရှင်တွေကတော့ အမျိုးမျိုးပြောထားကြတာပဲ
ဒါနဲ့ မင်းအတွက် ‘မနက်ဖြန်’ ဆိုတဲ့ ခံယူချက်ကရော ဘယ်လိုမျိုးလဲ?
မနက်ဖြန်တိုင်းက ကောင်းတဲ့နေ့တွေပဲဖြစ်မှာ
မဟုတ်ပေမယ့် မနက်ဖြန်တိုင်းကတော့ သေချာပေါက်
ရောက်လာပြီး ငါတို့တွေ သေချာပေါက် ရင်ဆိုင်ရမယ့်နေ့ရက်ပါပဲ
မနက်ဖြန်ကိုရောက်ဖို့စောင့်မျှော်နေတဲ့သူလိုမျိုး
မနက်ဖြန်ရောက်လာမှာကို မလိုလားတဲ့ သူတွေလည်း ရှိမှာပဲ
လူ့ဘဝက ရှင်သန်မှုရဲ့ ဝန်တွေကြောင့် အချင်းချင်းချိုးဖဲ့ကြတာတွေ များကုန်ကြတယ်
အဲ့ဒါကြောင့် ကိုယ့်အသက်ကို
ဖြတ်တောက်ကြတဲ့လူတွေပေါ်လာကြတယ်
ဘာလို့လဲဆိုတော့ သေခြင်းတရားထက် မနက်ဖြန်ကို ပိုပြီး ကြောက်ရွံ့ကြတာမို့လို့
နာကျင်မှုက ဘဝရဲ့အနှစ်သာရပဲတဲ့
နာကျင်မှုတွေကြားက ရုန်းကန်ပြီးရှေ့ဆက်ရတာက
လူသားတွေရဲ့ကံကြမ္မာပဲ
အဲ့ဒါကြောင့် အသက်ရှင်ပါ
ရာသီဥတုသာယာလို့ ရာသီဥတုက မှိုင်းညို့နေလို့
ဒါကြောင့်ငါသေလို့မဖြစ်ဘူးဆိုပြီး
အဲ့လိုမျိုးကနေစတင်ပါ
အသက်ရှင်နေရင် ဒီနေ့အတွက်အရာရာဖြစ်လာတာပဲဆိုပြီးနားလည်လာမယ့် နေ့မျိုးရောက်လာမှာပဲ
အဲ့ဒါကြောင့် အသက်ရှင်ပါ
အဆုံးသတ်မှာ ငါတို့ကို ကယ်တင်နိုင်မယ့်သူက
ငါတို့ကိုယ်တိုင်ပဲလေ
လောကကြီးမှာ ဘယ်လိုရေစက်ပဲဖြစ်ဖြစ် ကြိုက်ကြိုက် မကြိုက်ကြိုက် အနည်းဆုံး တစ်ခါတော့ ခွဲခွါရတာပဲ
ခွဲခွါရတဲ့အခါ
ကျန်ခဲ့တဲ့သူပဲ ဝမ်းနည်းရတာမဟုတ်ဘူး
ထွက်သွားရတဲ့သူလည်း တူတူပဲ
အဲ့ဒါကြောင့် ဒီဘဝမှာနေရတဲ့ အချိန်တိုလေးအတွင်းမှာ ဘေးမှာရှိနေတဲ့သူကို ချစ်မြတ်နိုးပေးတာက
မနက်ဖြန်ကိုအသက်ရှင်နိုင်မယ့်သူလို့ ထင်တယ်
နေ့တိုင်း မရေတွက်နိုင်တဲ့သူတွေ နေဝင်တာကို သွားကြည့်ကြတယ်
မင်းလည်း တတ်နိုင်သလောက် အကောင်းဆုံး
တောက်ပပြီးတော့ အချိန်ရောက်လာတဲ့အခါကျရင်လည်း လှပစွာနဲ့ နေဝင်သွားရင်ရပြီ
လူတွေအများကြီးက အဲဒီအချိန်လေးကို အမှတ်ရပြီး မင်းနဲ့အဆုံးထိ အတူရှိနေပေးမှာပါ
'2022 Kdrama' 카테고리의 다른 글
Extraordinary Attorney Woo (0) | 2022.08.10 |
---|---|
이상한 변호사 우영우 (0) | 2022.08.09 |
Why Her: 왜 오수재인가? (0) | 2022.07.29 |
Yumi’s Cells: 유미의 세포들 2 (0) | 2022.07.24 |
Eve:이브 (0) | 2022.07.23 |