드라마 다이얼로그

이상한 변호사 우영우 본문

2022 Kdrama

이상한 변호사 우영우

드라마 Dialogue 2022. 8. 9. 12:58

EP: 1 - Extraordinary Attorney Woo

မိဘတိုင်းမှာဒီလိုနေ့ရက်မျိုးရှိစမြဲပါ
ကိုယ့်သားသမီးကတခြားကလေးတွေထက်
ထူးခြားနေမလားလို့မေးခွန်းထုတ်မိတဲ့နေ့တွေပေါ့
ကျွန်မအဖေအတွက်တော့
အဲဒီနေ့က ၂၀၀၀ပြည့်နှစ် နိုဝင်ဘာ ၇ရက်နေ့ပါ
သမီးဖြစ်သူက ဉာဏ်ကြီးရှင် Autismလေးဖြစ်တယ်ဆိုတာ သိတဲ့နေ့လေးပါပဲ

EP: 2 - The Wedding Dress That Slipped Off

သမီးက လက်ထပ်ဖို့ ဖြစ်နိုင်ချေ နည်းပါးပါတယ် Autism ဖြစ်နေလို့ပါ
ဒါပေမဲ့ တကယ်လို့ ချစ်တဲ့သူနဲ့ မင်္ဂလာဆောင်ရမယ်ဆိုရင် သူနဲ့အတူလမ်းလျှောက်မှာပါ
အဖေက သမီးရဲ့လက်တွဲဖော်ကို လက်လွှဲပေးတာမျိုးမဟုတ်ဘဲ သမီးက လူကြီးတစ်ယောက်အနေနဲ့ လက်ထပ်မှာပါ
အဲအစား အဖေ့ကိုပန်းစည်းပေးပါ့မယ် အဖေက တစ်ကိုယ်တည်းဖခင်ဆိုတော့ လက်မထပ်ဖူးလို့လေ
သမီးလက်ထပ်ပြီးရင် တစ်ယောက်တည်းနေတာထက် လက်ထပ်စေချင်ပါတယ်

EP: 3 - This is Pengsoo

Autism ရောဂါသည်နဲ့ နေရတာ တော်တော်လေး အထီးကျန်ပါတယ်
အဖေ့အတွက်တော့ လောကကြီးမှာ အဖေနဲ့သမီး ၂ယောက်တည်းရှိပေမယ့် သမီးကအရှေ့ဘက်ကို လုံးဝမကြည့်ဘူးလေ
ဘယ်လိုပြောရမလဲ
အဖေနဲ့သမီးအတူတူ လက်ချင်းတွဲပြီး ဒီလောကကြီးမှာ အသက်ရှင်နေတယ်ဆိုတဲ့ခံစားချက် ပျောက်နေတယ်လို့ပြောရမလား
အချိန်အကြာကြီးသာထမင်းကျွေးထားရင် အဖေမဟုတ်လည်း ဘယ်သူနဲ့ဖြစ်ဖြစ် ယောင်းဝူကတော့ အကုန်အဆင်ပြေနေသလိုမျိုး

အခုတော့ ပိုကောင်းသွားပါပြီ
ယောင်းဝူနဲ့ စကားပြောလို့ရတယ်လေ

ယောင်းဝူက လယ်ဂိုရုပ်တွေကို ကြမ်းပေါ်မှာစီရတာလည်းကြိုက်ပေမယ့် ဥပဒေကိုလည်း အရမ်းကြိုက်တာလေ
တော်သေးတာပေါ့ အဲဒါကိုတော့အဖေက အတူတူလိုက်လုပ်ပေးနိုင်တာမို့
အခုတော့ ယောင်းဝူနဲ့အတူနေတယ်လို့ တွေးကြည့်လိုက်ရင်.. တကယ့်ကို အချိန်ကြာခဲ့တာ
ရိုးရိုးလေးအားစိုက်ထုတ်ရုံနဲ့ပဲ ယောင်းဝူက ချက်ချင်းစကားပြောလာနိုင်တာမှမဟုတ်တာ

Autism နဲ့ပက်သက်ပြီး ပထမဆုံး သုတေသနလုပ်နိုင်ခဲ့တဲ့ Hans Asperger က
Autism ရောဂါသည်တွေမှာလည်း ကောင်းမွန်တဲ့ဘက်ခြမ်းရှိသေးတယ်လို့ ယူဆခဲ့ပါတယ်
Hans Asperger ကပြောခဲ့ပါတယ်
"သွေဖည်ပြီး ပုံမှန်မဟုတ်တဲ့ အရာအားလုံးက သေချာပေါက် ယုတ်ညံ့တဲ့အရာတွေ မဟုတ်ပါဘူး"
Autism ရောဂါသည်တွေဟာ တွေးခေါ်ပုံအသစ်အဆန်းတွေ အတွေ့အကြုံတွေနဲ့ ကြီးမားတဲ့အရာတွေကို ဖန်တီးနိုင်ပါတယ်

Hans Asperger ဟာဆိုရင် နာဇီပူးပေါင်းဆောင်ရွက်သူပါ သူ့အလုပ်ကတော့ အသက်ရှင်ထိုက်တဲ့ကလေးနဲ့ မရှင်ထိုက်တဲ့ကလေးတွေကို ခွဲခြားရတာပါ နာဇီတွေရဲ့ အမြင်မှာ အသက်မရှင်ထိုက်တဲ့လူတွေဆိုတာက မသန်မစွမ်း၊ နာတာရှည်ရောဂါသည်၊ စိတ်မနှံ့သူနဲ့
Autism ရောဂါသည်တွေပဲ ဖြစ်ပါတယ်

လွန်ခဲ့တဲ့နှစ်ပေါင်း၈၀တုန်းကတောင် Autism ရောဂါသည်တွေက အသက်ရှင်ဖို့မထိုက်တန်တဲ့ လူတွေဖြစ်ခဲ့ကြပါတယ်
အခုလည်းရာနဲ့ချီတဲ့လူတွေက
"ဆေးကျောင်းသားတစ်ဦးကို Autismတစ်ဦး သတ်လိုက်တာက နိုင်ငံရတနာကိုဆုံးရှုံးလိုက်ရတာပဲ" ဆိုတဲ့မှတ်ချက်ကို
"Like'' တွေ ပေးထားကြပါတယ်
အဲ့ဒါက ကျွန်မတို့တွေတောင့်ခံထားရတဲ့ မသန်မစွမ်းမှုရဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုပါပဲ

EP: 4 -The Strife of the Three Brothers

ဝူယောင်းဝူ : ကျွန်မ ရှေ့နေဝူယောင်းဝူအဖြစ် အလုပ်လုပ်နေလည်း လူတွေရဲ့မျက်လုံးထဲမှာ
ကျွန်မက ဒီအတိုင်း Autism ရှိတဲ့ ဝူယောင်းဝူပါ
Autism ဝူယောင်းဝူက အားနည်းတဲ့လူတစ်ယောက်ပါ
တစ်ဖက်တည်းမှာအတူရှိနေရင် ရှုံးပါလိမ့်မယ်

လီဂျွန်ဟို : ကျွန်တော်ကတော့ ရှေ့နေကြီးနဲ့ တစ်ဖက်တည်းနေချင်ပါတယ်
ရှေ့နေကြီးလိုမျိုး ရှေ့နေက ကျွန်တော့်ဘက်မှာ ရှိနေပေးရင် ကောင်းမှာပဲ

EP: 5 - Wild Card VS Tactician

လူတွေက မင်းနဲ့ငါဆိုတာတွေ ရှိတဲ့ကမ္ဘာကြီးမှာ နေထိုင်ကြတယ်ဆိုပေမယ့်
Autism ဖြစ်နေတဲ့သူတွေက ငါတစ်ယောက်တည်းရှိတဲ့ ကမ္ဘာကြီးမှာနေရတာကို ကျင့်သားရနေလို့ပါ
လူတွေက ကျွန်မနဲ့အတွေးမတူနိုင်ဘူးဆိုတာရော တခြားရည်ရွယ်ချက်တွေနဲ့ ကျွန်မကို လှည်စားနိုင်တယ်ဆိုတာကို
ခေါင်းကတော့ နားလည်ပေမယ့် ခဏခဏမေ့နေတယ်လေ အလိမ်မခံရဖို့ဆိုရင် အမြဲတမ်း သတိရှိရှိနဲ့ ကြိုးစားရမှာပါ

နင်က နွေဦးနေ့ရဲ့ နေရောင်ခြည်လေးလိုပဲ
ဥပဒေကျောင်းတက်ကတည်းက အဲ့လိုထင်ခဲ့တာ
နင်က ငါ့ကို စာသင်ခန်းနေရာပြောပြပြီး အတန်းဖျက်တဲ့သတင်းလည်းပေးသလို စာမေးပွဲဖြေနည်းကိုလည်း ပြောပြတယ်
အတန်းဖော်တွေ ငါ့ကိုအနိုင်ကျင့်တာ စတာလုပ်လို့မရအောင် တားပေးတယ်
အခုလည်း နင်က ငါ့ကိုရေဘူးအဖုံးဖွင့်ပေးသလို နောက်တစ်ခါ ထမင်းလိပ်ကျွေးရင် ငါ့ကိုပြောမယ်လို့ ပြောတယ်
နင်က တောက်ပပြီး နွေးထွေးပြီး ကြင်နာပြီး သဘောကောင်းတဲ့သူပါ
နွေဦးနေ့ရဲ့ နေရောင်ခြည်လေး ချွဲဆူယွန်းပဲ

နောက်ဆုံးတော့ ကျွန်မက ဥပဒေကို အသုံးချပြီး အီဟွာအေတီအမ်ကိုကူညီလိုက်တာပါ
မော်ဒယ်အသုံးပြုမှုမူပိုင်ခွင့် လျှောက်တာရော တားမြစ်ချက်အဆိုတင်သွင်းတာရောက
စာချုပ်အကုန်လုံးကို လက်ဝါးကြီးအုပ်ချင်လို့ လိမ်ထားတာတွေပါ
ကျွန်မက အဲ့လိုလိမ်ညာမှုကို မတားဘဲ ကူညီခဲ့ပါတယ် ပြီးတော့ ကျွန်မက အဲဒါကို သိထားနှင့်ပြီးသားပါ
နောက်ဆုံးတော့ ကျွန်မက အမှန်တရားကို သိရဲ့သားနဲ့ မသိချင်ယောင်ဆောင်ပြီး ကိုယ့်ကိုယ်ကို လိမ်ခဲ့တာပါ
အနိုင်ယူချင်လို့
ရှက်မိပါတယ်

EP: 6 - If I Were a Whale...

ရှေ့နေချွဲဆူယွန်းက ဘယ်လိုပြောရမလဲ နည်းနည်းစိတ်အားထက်သန်တာပေါ့
သူကတရားခံဘက်ကို အရမ်းစာနာနေပုံရတယ် ရှေ့နေဝူယောင်းဝူက သူနဲ့တူတူ ဒီအမှုကိုလိုက်ရင်း
ဝေါ ဝေါ ဆိုပြီး ထိန်းပေးပါ
ရှေ့နေချွဲဆူယွန်းကို ဒီအမှုမှာ စိတ်ခံစားချက်နဲ့မလိုက်မိအောင် ထိန်းပေးပါ
ဒီလိုမျိုး..
ဝေါ ဝေါ

ဝေလငါး အမဲလိုက်နည်းတွေထဲမှာ နာမည်အကြီးဆုံးက သားပေါက်လေးကို အရင်ဆုံးသတ်လိုက်တာပဲ
အားနည်းတဲ့သားပေါက်လေးကို မှိန်းနဲ့ပစ်ပြီး သားပေါက်လေးက နာကျင်စွာနဲ့ ကူးခပ်နေရင်
ငါးအမေကြီးက လုံးဝ အဲ့နေရာကနေ ထွက်မသွားဘူးတဲ့
နာကျင်နေတဲ့ သားပေါက်လေးကို မစွန့်ပစ်နိုင်တာလေ
အဲ့ဒီအချိန်မှာ အဆုံးသတ်ပစ်မှတ်ဖြစ်တဲ့ အမေဖြစ်တဲ့သူဆီကို ဒုတိယမြောက်မှိန်းနဲ့ ပစ်လိုက်တာပဲ

ဝေလငါးတွေက ဉာဏ်ရည်မြင့်တယ်
သားပေါက်လေးကို မစွန့်ပစ်ရင် သေမယ်ဆိုတာကို သိနေမှာပဲ
ဒါပေမဲ့ နောက်ဆုံးထိ ပစ်မသွားခဲ့ဘူး

တကယ်လို့ ငါသာ ဝေလငါးဆိုရင်
အမေက ငါ့ကိုပစ်မသွားလောက်ဘူးလား

EP: 7 - A Tale About Sodeok-dong

မလွယ်ပါဘူး
တစ်စုံတစ်ယောက်က ငါ့ကို သဘောကျဖို့ဆိုတာ မလွယ်ပါဘူး
နင်ကတော့ မိန်းကလေးကောင်းလေးပေမဲ့ ငါကတော့ Autism မလား

ဒီလောကကြီးက ယောင်းဝူကို အခွင့်အရေးမပေးဘူး
ဆိုးလ် တက္ကသိုလ် ဥပဒေကျောင်းကနေ ဂုဏ်ထူးနဲ့ ဘွဲ့ရရင်တောင်
ရှေ့နေစာမေးပွဲမှာ အမှတ်ပြည့်နီးပါး ရရင်တောင် Autism ဖြစ်နေလို့ မရဘူးတဲ့
ဥပဒေရုံးကြီးတွေကနေ ပုဂ္ဂလိကရှေ့နေရုံးတွေအထိ နေရာစုံလျှောက်ခဲ့ပေမဲ့ အင်တာဗျူးဖြေရဖို့တောင် အခွင့်အရေး မရှိခဲ့ဘူး
အဲ့လိုသမီးလေးကို မြင်ပြီးတော့ ဘာမှ မလုပ်ပေးနိုင်တဲ့ ငါ့စိတ်က…ငါက ဒီအတိုင်း မကောင်းတဲ့အဖေပဲ
ငါ့သမီးကို အသုံးချဖို့ကြိုးစားနေတဲ့ မကောင်းတဲ့ဂျူနီယာနဲ့ ပူးပေါင်းရမယ်ဆိုတောင် ငါ ယောင်းဝူကိုအခွင့်အရေးပေးမယ်

ယောင်းဝူလည်း မိဘနေရာရောက်ရင် သိလာလိမ့်မယ်
ကိုယ့်သားသမီးက အားလျော့နေရင် ဘယ်လောက်တောင် နာကျင်ရလဲဆိုတာ
***
အားလျော့ရမယ်ဆိုလည်း ကျွန်မတစ်ယောက်တည်း ရင်ဆိုင် ဖြေရှင်းချင်ပါတယ်
ကျွန်မက လူကြီးဖြစ်နေပြီလေ အဖေက အမြဲတမ်း ခုလိုမျိုး ကျွန်မဘဝမှာ ဝင်ပါနေပြီးတော့
အားလျော့တာကိုပါ ကိုယ်စား လာတားနေတာကို မကြိုက်ပါဘူး

EP: 9 - The Pied Piper

အဲ့ဒီပုံမှန်ကစားနည်းဆိုတဲ့အတွေးက တကယ့်တောထဲကိုခေါ်သွားတာမဟုတ်ဘဲ
ကလေးတွေကို ဗန်းပြထားတဲ့ကွင်းဆင်း ခရီးတွေဖန်တီးပေးတာပါ
ဆန်းသစ်တဲ့အရာတွေ ပညာရေးနဲ့ဆိုင်တာတွေကို အတွေ့အကြုံရှိဖို့ ကလေးတွေကို
ဟိုနားဒီနားခေါ်သွားပြီး ဟိုဟာဒီဟာလုပ်ခိုင်းတာ အဲ့ဒါ ကစားတာမှမဟုတ်တာ

ကောင်းကင်ကြီးကိုမော့ကြည့်နေပြီး လွင့်မျောနေတဲ့တိမ်တွေကိုကြည့်ရင်း
ကြိတ်ရယ်နေရင်တောင် အဲ့ဒီအခိုက်အတန့်မှာ
ကလေးတစ်ယောက်ကပြုံးနေပြီး ပျော်ရွှင်နေတယ်ဆိုရင် အဲ့ဒါကမှ တစ်ကယ်ကစားတာပါ

စိတ်တိုင်းကျကစားပြီး ပျော်စရာကောင်းတဲ့ အမှတ်တရတွေရဖို့ လုပ်ခဲ့တဲ့အလုပ်ပါ
အဖွဲ့ဝင်တွေရဲ့ စိတ်ထဲမှာ “စိတ်တိုင်းကျကစားတာရဲ့ တန်ကြေးက ထောင်ဒဏ်ပဲ"
အဲ့လိုမျိုးအတွေးဝင်သွားမှာ ကြောက်မိပါတယ်

ကလေးတွေက အခုချိန်ပဲကစားရမှာပါ နောက်ဆိုရင် နောက်ကျသွားပါလိမ့်မယ်
တက္ကသိုလ်တက်ပြီးတဲ့နောက် အလုပ်ဝင်ပြီးတဲ့နောက် လက်ထပ်ပြီးတဲ့နောက်ဆိုရင် အရမ်းနောက်ကျသွားပါပြီ
ဇယ်တောက်တာ စိန်ပြေးလိုက်တမ်း ဖန်ခုန်တာ ရွှေစွန်ညို.. နောက်ဆိုရင် အရမ်းနောက်ကျသွားပြီ
စိတ်မအေးချမ်းမှုတွေ ပြည့်နေတဲ့ဘဝမှာ ပျော်ရွှင်မှုဆီကို သွားဖို့ တစ်ခုတည်းသော
လမ်းကိုရှာဖို့က အရမ်းနောက်ကျသွားပါပြီ

ကလေးတွေက"ဘန်းဂူပုန်း”ဆိုတဲ့နာမည်ကြားရုံနဲ့တင် ပြုံးပျော်နေကြတာပါ
ကလေးတွေက ဘန်းဂူပုန်းပြောခဲ့တဲ့ ကလေးလွတ်မြောက်ရေးဆိုတဲ့ အဓိပ္ပာယ်ကို နားလည်ကြပါတယ်
ဘန်းဂူပုန်းကို နားလည်မပေးကြတာကတော့လူကြီးတွေပါပဲ….

EP: 10 - Holding Hands Can Wait

ကျွန်မတို့အကုန်လုံးဘယ်သူမဆို ချစ်ပေးချင်ပြီး အချစ်ခံချင်ကြပါတယ်
အဲ့ဒါက ဥာဏ်ရည်မသန်စွမ်းတဲ့သူတွေအတွက်လည်း ထူးမ ခြားနားပါပဲ
မဟုတ်ပါဘူး အချစ်ခံချင်တဲ့စိတ်က ပိုပါတယ်
အခြေအနေတော်တော်များများမှာ လိုချင်တဲ့အာရုံစူးစိုက်ခံရမှုနဲ့ ချစ်ခြင်းမေတ္တာကိုရဖို့က ခက်ခဲတာမလို့ပါ

အစစ်အမှန်လို့ထင်ခဲ့တဲ့ ဆက်ဆံရေးတွေက လိမ်လည်တာနဲ့ လှည့်ဖြားတာ အကြမ်းဖက်ခံရတာမျိုးကို ဘယ်သူမဆိုကြုံဖူးနိုင်ပါတယ်
ဒါပေမယ့် လူအများစုက ဒီလိုအခြေအနေမျိုးဖြစ်လာခဲ့ရင်တောင် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ပါတယ်
တစ်ထပ်တည်းတူတဲ့အမှားကိုလည်း ထပ်လုပ်မိကြမှာမဟုတ်ပါဘူး
ဒါပေမယ့် ရှင်းဟယ်ယောင်းလိုမျိုး ဉာဏ်ရည်မသန်စွမ်းတဲ့သူတွေရဲ့ အခြေအနေကတော့ မတူညီပါဘူး
ဖြစ်ခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီး လက်ခံနိုင်လောက်တဲ့ ထွက်ဆိုချက်တွေကို ထွက်ဆိုနိုင်ပေမယ့်
တစ်ကိုယ်ကောင်းဆန်တဲ့ချဉ်းကပ်မှုကြောင့် တရားခံရဲ့ကျူးလွန်မှုကိုတော့ ကာကွယ်နိုင်ဖို့ မစွမ်းသာပါဘူး

EP: 11 - Mr. Salt, Ms. Pepper and Attorney Soy Sauce

“Autism အတွက် ဖက်ပေးတဲ့ခုံ”
အော်တစ်ဇင်ရှိတဲ့သူတွေက အာရုံခံစားမှုများတဲ့အချိန်ဆိုရင် ခန္ဓာကိုယ်ကို ဖိထားပေးရင်
စိုးရိမ်ပူပန်မှုတွေ လျော့သွားတယ်တဲ့
ပြင်သစ်မှာ “OTO The hugging chair” လို့ခေါ်တဲ့
အော်တစ်ဇင်တွေအတွက် ဖက်ပေးတဲ့ခုံရှိတယ်တဲ့
ခုံနောက်မှီကအပိတ်အတိုင်းပဲ
ထိုင်လိုက်ရင် ခုံအတွင်းဘက်က တက်လာပြီးတော့
လူတစ်ယောက်လိုမျိုး ဖက်ပေးတယ်
Remote နဲ့ ဖိအားကိုလည်း ထိန်းချုပ်လို့ရပါတယ်

အဲဒီခုံကို ကိုရီးယားမှာလည်း ဝယ်လို့ရလား?

ဝယ်မှဖြစ်မှာလား?
ကျွန်တော် ဖြစ်ပေးပါမယ်
ရှေ့နေကြီး တစ်ဦးတည်းပိုင် ဖက်ပေးတဲ့ခုံ

EP: 12 - Yangtze River Dolphin

ရှေ့နေဆိုတာ ကာကွယ်ပေးရတဲ့သူပါ
အမှုသည်ရဲ့ရပိုင်ခွင့်ကိုကာကွယ်ပြီး အမှုသည်ရဲ့ဆုံးရှုံးမှုကိုတားဆီး နိုင်အောင် အကောင်းဆုံးခုခံပေးရတာ ရှေ့နေရဲ့အလုပ်ပါ
ဘယ်အမှုသည်ဘက်ကရပ်တည်တာက ပိုမိုက်လဲဆိုတာကို ဆုံးဖြတ်ရတာက ရှေ့နေလုပ်ရမယ့်အလုပ်မဟုတ်ပါဘူး

ဒါပေမဲ့ ရှေ့နေဆိုတာ လူလေ
တရားသူကြီးတို့ စုံစမ်းရေးမှူးတို့နဲ့ မတူဘူး
တူညီတဲ့ဥပဒေနယ်ပယ်မှာဆိုပေမယ့် တရားသူကြီးနဲ့ စုံစမ်းရေးမှူးက
ဥပဒေကိုကာကွယ်ပြီး ရှေ့နေက လူတွေကိုကာကွယ်တာ

တရားသူကြီးနဲ့ စုံစမ်းရေးမှူးအတွက် အမှုတစ်ခုနဲ့တစ်ခုက ဒီအတိုင်း
အလုပ်ပဲလားမသိပေမဲ့ ရှေ့နေအတွက်က ကွာခြားတယ်
ကျွန်မတို့က ဒိုင်းကာအနေနဲ့ လူတစ်ယောက်အနေနဲ့ အမှုသည်ရဲ့ဘေးမှာ ထိုင်ပေးတာပါ

ရှင်မမှားနိုင်ဘူး ကျွန်မ ရှင့်ကို ထောက်ခံတယ်
အဲ့လိုမျိုးပြောပေးပြီး လက်ကိုဆပ်ကိုင်ပေးထားတာလည်း ကျွန်မတို့လုပ်ရမယ့်အလုပ်ပဲပေါ့
အဲ့လိုလုပ်ဖို့ဆိုရင် ဘယ်သူ့ကို ကာကွယ်ပေးတာကမှန်လဲဆိုတာ ကိုယ်တိုင် ပိုင်းခြားဆုံးဖြတ်ရမယ်
ကိုယ့်ကိုယ်ကိုယ်တော့ မလိမ်နိုင်ဘူးလေ

“တခြားစကားတွေအများကြီးရှိပေမဲ့
ဘဝဆိုတာက ငါကိုယ်တိုင်အပြင် တခြားတစ်ယောက်အတွက် ဝမ်းပန်းတသာ လောင်စာတောင့်ဖြစ်ပေးတာပါပဲ
ကြမ်းပြင်တွေ တစိမ့်စိမ့်အေးတဲ့ နေ့ကနေ နွေဦးရောက်တဲ့အထိ
ကိုရီးယားကျွန်းဆွယ် လမ်းမှာ အလှပဆုံးအရာက လောင်စာတောင့်ကားက တဝူးဝူးနဲ့အားစိုက်ထုတ်ပြီး တောင်တက်လမ်းကို တက်တာပါပဲ
လုပ်ရမယ့်အရာတွေကို သိနေသလိုမျိုး လောင်စာတောင့်တွေဟာ သူ့ခန္ဓာကိုယ်မှာ မီးစွဲစေပြီး တောက်လောင်စေတယ်
နေ့တိုင်း ထမင်းပူပူလေးနဲ့ စွပ်ပြုတ်စားနေရတာတောင် သတိမထားမိခဲ့ဘူး

ခန္ဓာကိုယ်တစ်ခုလုံးနဲ့ ချစ်မိလိုက်ရင် တစ်ခုလုံးက အထီးကျန်တဲ့ပြာ အဖြစ်ကျန်ခဲ့မှာကို ကြောက်လို့
အခုချိန်ထိ ငါဟာ ဘယ်သူ့အတွက်ကိုမှ လောင်စာတောင့် ဖြစ်မပေးနိုင်ခဲ့ဘူး
စဉ်းစားကြည့်လိုက်ရင် ဘဝဆိုတာ ငါ့ကို အပိုင်းပိုင်း ပြိုကွဲစေတဲ့အရာ

“နှင်းထူထူကြောင့် လောကတစ်ခွင်ချော်နေတဲ့ မနက်ခင်းမှာ ငါမဟုတ်ဘဲ ဘယ်သူကများ လူတွေဖြတ်လျှောက်မယ့် အဲဒီလမ်းကို
ရှင်းလင်းပေးခဲ့လဲဆိုတာ ငါ မတွေးမိခဲ့ဘူးပဲ"

ကျွန်မက အီဂျွန်ကိုပျော်ရွှင်အောင် လုပ်ပေးနိုင်တဲ့ လူလားဆိုတာ မသိတော့ပါဘူး 
ကျွန်မနဲ့ အတူရှိနေရင် အထီးမကျန်ဖူးဘူးလား?
ကျွန်မရဲ့ အတွင်းစိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားလို့ အနားကလူတွေကိုအထီးကျန်စေစေတယ် 
ဘယ်အချိန်မှာဘာကြောင့် အဲ့လိုမျိုးတွေလုပ်မိလဲမသိဘူး
အဲ့လိုမဖြစ်အောင် ဘယ်လိုလုပ်ရမလဲလည်း မသိပါဘူး
ကျွန်မက အီဂျွန်ဟိုကို သဘောကျပေမဲ့  အီဂျွန်ဟိုကို အထီးကျန်အောင်လုပ်ဖို့ ယုံကြည်ချက်မရှိပါဘူး

လူတွေက လူချမ်းသာတွေက အပြစ်မခံရသင့်ဘူးလို့ ထင်နေကြပုံပဲ 

မူးယစ်ဆေးသုံးတာဖြစ်ဖြစ် မူးပြီးကားကောင်းတာဖြစ်ဖြစ် ကိုယ်ထိလက်ရောက် ကျူးလွန်တာဖြစ်ဖြစ် 
ဘာကိုပဲလုပ်လုပ် အကုန်ရှောင်ထွက်သွားနိုင်ကြတယ်

****

ဘာလို့ ကိုယ်ရဲ့ပြစ်မှုကို ကိုယ့်ဘာသာဝန်ခံတာပါလဲ?
အမှားလုပ်မိလို့ပါ
မှားသွားပါတယ် တောင်းပန်ပါတယ်

ရှေ့နေကြီးအပေါ်ထားတဲ့ ကျွန်တော့်ရဲ့စိတ်က ကြောင်ပေါက်လေးကို တဖက်သတ်ချစ်နေရသလိုမျိုးပဲ 

ကြောင်လေးတွေက တစ်ခါတလေ သူ့သခင်ကို အထီးကျန်အောင်လုပ်တတ်ပေမယ့် 
အဲဒီလောက်ထိမကြာခဏဆိုသလို ပျော်ရွှင်အောင် လုပ်ပေးတတ်ကြတယ် ရှေ့နေကြီးနဲ့ နေ့လယ်စာစားနေရင်း ဝေလငါးအကြောင်းတွေ နားထောင်တဲ့အချိန် ရှေ့နေကြီးက တကယ့်ကိုထူးဆန်းဒိတ်တွေကို စာရင်းလုပ်ပြီး တစ်ခုချင်းစီ လိုက်လုပ်ဖြစ်တဲ့အချိန် 

ရှေ့နေကြီးနဲ့ ၅၇စက္ကန့်အတွင်း လက်ကိုင်ခဲ့ကြပြီး သွားချင်းခုတ်ပြီးတော့ နမ်းကြတဲ့အချိန် ကောင်းတဲ့ကိစ္စကို တွေးမိလို့
တလက်လက်တောက်ပတဲ့ မျက်လုံးတွေကို မြင်တဲ့အချိန် တုန်လှုပ်နေတဲ့ ရှေ့နေကြီးကို တင်းနေအောင်ဖက်ထားပြီးတော့ 

စိတ်ငြိမ်အောင်လုပ်ပေးရတဲ့အချိန် ကျွန်တော်ပျော်တယ် 
ဒါကြောင့် ကျွန်တော်တို့တွေ လမ်းမခွဲဘဲနေရအောင်

"ကြောင်ပေါက်လေးကို တဖက်သတ်ချစ်တယ်"ဆိုတဲ့စကားက မသင့်တော်ပါဘူး 
ကြောင်ပေါက်လေးကလည်း သူ့သခင်ကို ချစ်ပါတယ် ဒါကြောင့် ကျွန်မတို့ လမ်းမခွဲဘဲနေရအောင် 

ကျွန်မက ဝေလငါးဖြူတွေကြားမှာရောနေတဲ့ အစွယ်ရှည်ဝေလငါးဖြူနဲ့တူပါတယ် 
မရင်းနှီးတဲ့ပင်လယ်မှာ မရင်းနှီးတဲ့ ဝေလငါးဖြူတွေနဲ့ အတူနေနေတာပါ
အကုန်လုံးက ကျွန်မနဲ့မတူကြလို့ 
နေသားကျဖို့မလွယ်သလို ကျွန်မကိုသဘောမကျတဲ့ ဝေလငါးလည်းများပါတယ် ဒါပေမဲ့ အဆင်ပြေပါတယ် 
ဒါက ကျွန်မဘဝဖြစ်နေလို့ပါပဲ 
ကျွန်မဘဝက ထူးဆန်းပြီး ထူးခြားပေမဲ့ တန်ဖိုးရှိပြီး လှပပါတယ်

The End.
See you next season.

'2022 Kdrama' 카테고리의 다른 글

Extraordinary Attorney Woo  (0) 2022.08.20
Extraordinary Attorney Woo  (0) 2022.08.10
Tomorrow: 내일  (0) 2022.07.29
Why Her: 왜 오수재인가?  (0) 2022.07.29
Yumi’s Cells: 유미의 세포들 2  (0) 2022.07.24