My Liberation Notes: 나의 해방일지
Rating: 10/10
ဒရာမာအများစုက ပုံသေနည်းအတိုင်း ကြည့်ရှုနှုန်းတွေ အပြိုင်အဆိုင်တွေနဲ့ ရေးကြ ရိုက်ကြတယ်
ဒါပေမဲ့ ဒီဇာတ်ညွှန်းကတော့ အဲဒီလိုမဟုတ်ဘူး
စာရေးဆရာမက သူမြင်တာ သူပြောချင်တာကို
ရေးချလိုက်တာ
တကယ့်လက်တွေ့ဘဝတွေမှာ နိစ္စဓူဝ
လူတွေဟာ မိုးလင်းမိုးချုပ် ဒီလိုတွေပဲဖြတ်သန်းနေကြရပြီး တနေ့နေ့မှာ ငါဘဝပြောင်းလဲလိမ့်မယ်ဆိုပြီး ရှင်သန်နေထိုင်ကြရင်း အချိန်တွေအများစုဟာ
ပိတ်မိနေတတ်ကြတယ်
ဒီထဲက ဇာတ်ကောင်တွေဟာလည်း ကိုယ့်ကိုကိုယ် ပြန်မြင်နေရသလိုမျိုး တကယ့်အပြင်ဘဝအတိုင်း သွားလာလှုပ်ရှားပြပြီး ဘဝကြီးကို အင်မတန်ငြီးငွေ့နေပြီး လွတ်မြောက်ရာကို ရှာဖွေရင်း ခက်ခက်ခဲခဲနဲ့ ရုန်းကန်နေကြတယ်ဆိုတာကို သူတို့ထိုင်ပြီး ပြောကြတဲ့ စကားဝိုင်းသေးသေးလေးကအစ ငြီးငြူလိုက်တဲ့စကားသံတွေအဆုံး ပြောသွားတဲ့ ဒိုင်ယာလေ့ာတွေကို သေချာလေးနားစိုက်ထောင်ကြည့်ရင် ဇာတ်ကို
ပိုပြီးစီးမျှောမိမှာပါ
ဇာတ်ညွှန်းကောင်းက ပျော်ရွှင်စရာဇာတ်လမ်း
ဖြစ်ဖို့မလိုဘူးတဲ့ ဒါပေမယ့် စာရေးဆရာမ
Park Hae-Young ရဲ့ ဇာတ်ညွှန်းကတော့ ဘာမှမလိုဘူး ပျော်စရာကောင်းတယ်
ဒရာမာရဲ့ဇာတ်ကောင်တွေက ပိတ်မိနေကြတယ်ဆိုပေမဲ့ တစ်ကယ်တော့ ကြည့်နေရင်း ဒီဒရာမာက
ကျွန်မတို့လို့ ကြည့်ရှုသူတွေကိုပါ လွတ်မြောက်စေခဲ့တယ်လို့ထင်တယ်
ဇာတ်လမ်းဇာတ်ကွက်ဒရမ်မာမချိုးတဲ့ကားမို့
တစ်ခုခုကို မျှော်လင့်ပြီးကြည့်ရင် ဒီကားက
ပျင်းစရာကောင်းပါလိမ့်မယ်
ဇာတ်လမ်းက Mature ပိုင်းသွားတာမို့လို့ Rom-Com တွေအတွက် အကြိုက်တော့မဖြစ်လောက်ပါဘူး
ဒါပေမယ့် ကိုယ့်အတွက်တော့ မဟားတရားကို
ကိုးကွယ်မိသွားတဲ့ ဒရာမာကောင်းလေးပါပဲ
Must watch!
#MyLiberationNotes #kdrama














































'My Liberation Notes' 카테고리의 다른 글
My Liberation Notes (0) | 2022.06.05 |
---|---|
My Liberation Notes - 16 (0) | 2022.05.31 |
My Liberation Notes - 15 (0) | 2022.05.31 |
My Liberation Notes - 14 (0) | 2022.05.31 |
My Liberation Notes - 13 (0) | 2022.05.31 |