드라마 다이얼로그

Start-Up 본문

2020 Kdrama

Start-Up

드라마 Dialogue 2022. 2. 11. 23:55

ငါဒီနေ့ တစ်မင်တစ်ကာ လုပ်ချင်ရာလုပ်ခဲ့တယ်
ထီးပါရဲ့သားနဲ့လည်း တစ်မင်တစ်ကာ မိုးစိုခံဖူးလား
ဒီနေ့ ငါမိုးစိုခံခဲ့တယ် အရမ်းပူလောင်တဲ့နေ့ဖြစ်ခဲ့တာ
မိုးစိုခံလိုက်တော့ အရမ်းလန်းဆန်းသွားတယ်
အဲ့ဒီလိုနဲ့ မိနစ်၃၀လောက် လမ်းလျှောက်လိုက်တော့
မိုးကတိတ်သွားပြီး ငါ့မျက်စိရှေ့မှာ
မယုံနိုင်လောက်အောင်လှတဲ့ရှုခင်း
ပေါ်ထွက်လာခဲ့တယ် အရမ်းကိုကြီးတဲ့သက်တန့်
ဘာဆန္ဒကိုမဆို
အားလုံးဖြည့်ဆည်းပေးမယ်ဆိုတာမျိုး ခံစားရတယ်
ရုတ်တရက်ကြီး အဲ့လိုအတွေးမျိုးဝင်လာတယ်
တစ်ကယ့်ကို ခဏလောက်
လုပ်ချင်ရာလုပ်လိုက်လည်း အဆင်ပြေပါတယ်
တစ်ကယ့်ကို ခဏလောက်
ဦးတည်ရာမရှိလျှောက်သွားလိုက်တာကလည်း
အရမ်းအံ့ဩစရာကောင်းခဲ့တယ်

အမြဲတမ်း အနားမှာရှိနေမယ်လို့သိထားတာ
အတူရှိခဲ့တဲ့အချိန်တွေက ဖြစ်သင့်တာပဲဆိုပြီး
တန်ဖိုးထားရကောင်းမှန်းမသိခဲ့ဘူး
အချိန်အခိုက်အတန့်တိုင်းက
လက်ဆောင်လိုဖြစ်ခဲ့ပေမယ့်
ရှိတုန်းက ပိုကောင်းပေးလိုက်ရမှာ
အခုငါ နေ့ရက်တိုင်း စက္ကန့်တိုင်းနောင်တရမိတယ်
အဲ့ဒီတော့ ဒီလိုအတွေးတွေးမိတယ်
အခု မိနစ်တိုင်း စက္ကန့်တိုင်းလည်း
လက်ဆောင်လိုကာလပဲ
ဒီကာလကိုလည်း နောင်တရဦးမှာပဲ
ဆောင်းတွင်းဆို သစ်ရွက်စိမ်းတွေနဲ့ နွေဦးရာသီကိုတမ်းတသလို နွေရာသီဆို နှင်းပွင့်ဖြူဖြူလေးတွေကို
လွမ်းဆွတ်သလိုပေါ့
အဲ့ဒါကြောင့် ငါဆုံးဖြတ်လိုက်တယ်
နောင်တတွေနဲ့ ငါ့နေ့ရက်တွေကို မဖြည့်စွက်ဘူးလို့

အချိန်တိုင်းလဲကျပြီး ထိခိုက်ရနဲ့
ဒီလောကကြီးက concrete နဲ့မြေမဟုတ်ဘဲ
သဲပဲရှိတဲ့မြေဆိုရင် ကောင်းမှာပဲ
အဲ့လိုဆိုထိခိုက်ရတော့မှာမဟုတ်ဘူး
အရင်က ကျွန်တော့်သမီး ဒန်းစီးရင်း ပြုတ်ကျရာက
ဒူးပြဲသွားတော့ ကလေးအမေက
ဒန်းထပ်မစီးဖို့တားပေမယ့် သမီးက ဒီလိုပြောခဲ့တယ်
သဲနဲ့ခင်းထားပေးပါဆိုပြီး
သဲတွေအပြည့်ခင်းထားပေးလိုက်တော့
ပျော်ရွှင်ပြီးစီးနေပါရောလေ
ဒီလောကကြီးလည်း သဲမြေလိုမျိုး ခင်းထားမယ်ဆိုရင် ကျွန်တော်လည်း အရမ်းကိုပျော်ရွှင်ပြီး
စိတ်တိုင်းကျလုပ်နိုင်မယ်ထင်ပေမယ့်
ထင်ထားတာထက် ပိုမာကြောပြီး
ကြောက်ဖို့ကောင်းနေတယ်

အမြင်အာရုံဆုံးရှုံးခဲ့ရတဲ့အချိန်မှာ သမီးနဲ့အတူ
ဂန်ဂျူကိုသွားခဲ့ပါတယ်
NoonGil က များပါးလှတဲ့ နေကြာပန်းတွေ
လှပစွာဖူးပွင့်နေပါတယ်လို့ ပြောခဲ့ပါတယ်
အမြင်အာရုံရှိတဲ့အချိန်မြင်ရရင်
ဘယ်လောက်တောင် ကောင်းလိုက်မလဲ
NoonGil ပြောတဲ့ “လှပစွာ”ဆိုတဲ့စကားကို
အပြည့်အဝနားလည်နားလည်နိုင်မှာပဲ
ဘဝမှာ အရမ်း အလုပ်ရှုပ်နေခဲ့လို့
လှပတဲ့အရာလေးတွေကို မျက်စိနဲ့မမြင်နိုင်ခဲ့လို့
နောင်တရမိပါတယ်….

(NoonGil: အမြင်အာရုံဆုံးရှုံးသူတွေအတွက်App)

(အက်မင်ကြိုက်တဲ့ရည်းစားစာ)

🌸 ဒိုဆန်း…
တစ်ခါတစ်လေ ဒီလိုအတွေးတွေးမိတယ်
များစွာသောအရာတွေ ဆုံးရှုံးခဲ့လိုက်ရတဲ့ နွေဦး
နင့်စာသာမရှိခဲ့ရင်
ငါ့ရဲ့နွေဦးက ဘယ်လိုများဖြစ်နေမလဲ
ဝေဆာနေတဲ့ပန်းထက် ကြွေကျသွားတဲ့ပန်းတွေကို
နှမြောမိတဲ့ခံစားချက်နဲ့ ဝမ်းနည်းစရာကောင်းနေမှာပဲ
အချစ်ရဆုံးလူကို ချစ်တယ်လို့မပြောနိုင်ဘဲ
ထွက်သွားလိုက်ရတာက
နောင်တရစရာအဖြစ်တွေ အများကြီးကျန်နေခဲ့မှာပါ
အဲ့ဒီ ငါ့ရဲ့နွေဦးမှာ နင်ရှိနေပေးခဲ့လို့တော်ပါသေးတယ်
စာတွေရေးပေးလို့ ကျေးဇူးပါပဲ..

မင်းဟာ အားနည်းတဲ့ ဘက်တံရိုက်သူပါ
ပွဲကနေ ထွက်သွားရမှာစိုးလို့
ဘက်တံကိုမလွှဲနိုင်တာ မဟုတ်လား
ဆက်ပြီးတုံ့ဆိုင်းနေမယ်ဆိုရင်
နောက်ဆုံးမှာ ရှုံးနိမ့်ရပါလိမ့်မယ်
အဲ့ဒါကြောင့် သတ္တိမွေးပြီး ဘက်တံကိုရိုက်လိုက်ပါ
လွှဲသွားနိုင်ပေမယ့်
တည့်သွားတာလည်းဖြစ်နိုင်ပါတယ်

နောင်တမရဖူးဘူးလား “ငါသူ့ကိုမကူညီခဲ့လိုက်သင့်ဘူး”
တစ်ခါလောက်တော့ အဲ့လိုနောင်တရမိမယ်ထင်တယ်

နောင်တရတာမရှိပေမယ့် နှမြောမိတာရှိတယ်
လူကောင်းလေး မင်းကိုစောစောတွေ့ခဲ့မိရင် ကောင်းမှာပဲ
အဲ့လိုဆိုရင် ပိတ်ရက်တွေမှာ ကတ်ကစားပြီး
ကျောင်းခရီးစဉ်တွေအတွက် ထမင်းလိပ်လုပ်ပေးနိုင်ခဲ့မှာပဲ
မင်းကိုအနိုင်ကျင့်တဲ့သူရှိရင် အဲ့ကောင်ရဲ့မိဘတွေကိုသွားတွေ့ပြီး သူတို့ကလေးကို သေချာဆုံးမဖို့ ရန်ဖြစ်ပေးမိမှာပဲ
မိဘတွေနေရာကို အစားမထိုးနိုင်ပေမယ့်
အနည်းဆုံး ဘေးအိမ်မှာနေပြီး ပူညံပူညံလုပ်တဲ့အဖွားတော့
ဖြစ်ပေးနိုင်မယ်ထင်တယ်
အဲ့ဒါကို နှမြောမိတာပဲ

🎼 Recommend Song 🎶
🏃Gaho: Running 🏃

‘Sail off without a map’
Sailing off without a map was so marvellous.
I might've failed. But I have no regrets.
Never did and never will.

Follow your dream.
They know the path.

'2020 Kdrama' 카테고리의 다른 글

18 Again quotes  (0) 2022.02.18
Start-Up quotes  (0) 2022.02.18
Hush  (0) 2022.02.18
Han Ji-Pyeong ♡  (0) 2022.02.12
18 Again  (0) 2022.02.11