드라마 다이얼로그

18 Again 본문

2020 Kdrama

18 Again

드라마 Dialogue 2022. 2. 11. 10:43

18 하게인

ဘဝဆိုတာ အရေးကြီးတဲ့အချိန်တိုင်းမှာ
အလေးချိန်မျှပေးလေ့ရှိတယ်
အဲ့အလေးချိန်က များစွာသောအရာကို
လက်လျှော့အောင်လုပ်ရင်တောင် ဒီကလေးတွေအတွက် အရေးကြီးတာ မရှိတော့ဘူး ထင်ပါတယ်
အဲ့လိုနဲ့ ငါတို့တွေ မိဘဖြစ်လာခဲ့ကြတယ်

ဘယ်လိုပင်ပန်းစရာကောင်းတဲ့အချိန်ဖြစ်ပါစေ
မင်းကိုရယ်အောင်လုပ်ပေးတဲ့
အရာတွေအတွက် လုံးဝနောင်တမရပါနဲ့

မိုးရွာတဲ့နေ့တွေမှာ
အချစ်ရဲ့အရွယ်အစားကို သိနိုင်ပါတယ်
အတူတူထီးဆောင်းနေပေမယ့်လည်း
ကိုင်ထားတဲ့ပုံစံပေါ်မူတည်ပြီးတော့
အချစ်ရဲ့အရွယ်အစားကို ရှင်းပြလို့ရနိုင်ပါတယ်
အဲ့လိုမျိုး အချစ်ကမိုးနဲ့အတူ ယှဉ်တွဲနေပါတယ်

⚾️ မွန်းကြပ်ပြီး ပင်ပန်းရင်တောင်
ဆက်တိုက်ရိုက်ကြည့်လိုက်တော့
တစ်ချက်တော့ မှန်သွားတာပဲမဟုတ်လား
အဲ့ဒါကြောင့် တစ်ခါလောက် ချော်သွားလို့ဆိုပြီး
ကြောက်မနေပါနဲ့
နောက်လာမယ့် ဘောလုံးကိုရိုက်နိုင်မလား
မြေကြီးပေါ်ပဲကျသွားမလား
Home-runဖြစ်သွားမလားဆိုတာ
မရိုက်ခင်အထိ ဘယ်သူမှမသိကြဘူး မဟုတ်လား
အဲ့ဒါကြောင့် အဆုံးထိတစ်ခါလောက်
ကြိုးစားကြည့်လိုက်ပါလို့

ဆုံးရှုံးပြီးမှ မြင်ရတာတွေလည်း ရှိတတ်တယ်
ချစ်ရတဲ့လူရဲ့အပြုံး
တန်ဖိုးထားရတဲ့လူတွေနဲ့
အတူကုန်ဆုံးခဲ့ရတဲ့အချိန်တွေ
ရှိနေတုန်းကတော့မသိနိုင်ခဲ့ဘူး
အဲ့ဒါက ဘယ်လောက်တောင် တန်ဖိုးရှိလဲဆိုတာ

ဇနီးမောင်နှံဆိုတာ သွေးတစ်စက်မှမရောတဲ့
နှစ်ယောက်မရှိတဲ့ ကိုယ့်ဘက်တော်သားလို့
ပြောကြတယ်မလား
ကိုယ့်ဘက်ကပဲဟာ ဘာလို့ ဘာမှမပြောနိုင်ကြတာလဲ
စကားပြောကြည့်လိုက်ပါ
မတော်ရင် အရမ်းကို ကြားချင်နေခဲ့တဲ့
စကားဖြစ်မလားတောင် မသိနိုင်ဘူး

အသက်တွေကြီးလာလည်း
သင်ယူစရာအသစ်တွေရှိနေဆဲပါပဲ
တစ်ကယ်လို့အဲ့ဒီအချိန်မှာ နောင်တရနေလိုက်ရင်
ဘဝကအဆုံးသတ်သွားပြီပဲ
တစ်ကယ်လို့ သင်ခန်းစာတစ်ခုလို့ စဉ်းစားလိုက်ရင်
အသစ်ပြန်စလို့ရတယ်
နောက်ကိုပိုပြီး သင်ယူသွားမယ်
အဲ့ဒါက အလုပ်ဖြစ်ဖြစ် ဘဝဖြစ်ဖြစ် အချစ်ဖြစ်ဖြစ်
ငါအခု ငါ့ဘဝကို နောင်တမရှိအောင် ကုန်ဆုံးမယ်
ငါတို့အခုထိနောက်မကျသေးဘူးမလား
အားလုံးသင်ယူပြီး အသုံးချရင်းနဲ့ နေသွားကြရအောင်

မင်းရဲ့နေ့ရက်တိုင်းကို
အကောင်းဆုံးကြိုးစားရှင်သန်ပြီး
အမြဲတမ်းအနားမှာ ရှိနေတဲ့ တန်ဖိုးရှိတဲ့သူတွေကို
မေ့မထားပါနဲ့
ငါကတော့ မင်းရဲ့၁၈နှစ်အရွယ်ကို
နောင်တတွေနဲ့မဟုတ်ဘဲ
အမှတ်တရကောင်းတွေနဲ့ပဲပြည့်နေစေချင်တယ်

ပြန်စဉ်းစားကြည့်လိုက်ရင်
ပျော်ရွှင်မှု အဆုံးသတ်ကိုမသိနိုင်တဲ့ ငါတို့ဘဝတွေမှာ
ဘယ်သူမဆိုရှာတွေ့နိုင်ပြီး ပျော်ရွှင်နိုင်တဲ့
အရမ်းကို သာမာန်ကျတဲ့ဇိမ်ခံအရာလေးပါ
အဲ့ပျော်ရွှင်မှုအတွက် ငါတို့တွေဟာ
ချစ်ဖို့ ရွေးချယ်မှုတွေလုပ်ခဲ့ကြတယ်
ချစ်လို့ ရွေးချယ်ခဲ့ကြတဲ့လူတွေနဲ့
ရွေးချယ်မှုတွေအတွက် ကျေးဇူးတင်ပြီးတော့
ဒီနေ့လည်း ကြိုးစားနေတဲ့ ငါနဲ့ငါ့ရဲ့ချစ်ရသောသူတွေအတွက် အဆုံးမရှိတဲ့အားပေးမှုတွေပေးနေမှာပါ
ရှင်သန်လာရင်းနဲ့ ရှာမတွေ့နိုင်ခဲ့တဲ့ ပျော်ရွှင်မှုရှိနေရင်တောင် အတူပျော်ရွှင်တောက်ပပေးမယ့်လူ တစ်ယောက်ပဲရှိရင်တောင် ဘဝကြီးက
အပြည့်အဝကြီး ပြည့်စုံနေမှာပါ
အချင်းချင်းချစ်နေကြတယ်ဆိုတာကို မမေ့လိုက်ပါနဲ့
ထွေးပွေ့မပေးလိုက်နိုင်လို့ နှမြောရင်းနဲ့
မနက်ဖြန်မှာပိုကောင်းအောင် ကတိပေးလိုက်ပါ
အဲ့လိုမျိုးလေးနဲ့ ငါတို့ရဲ့ဘဝတွေက
ဆက်လက်ဖြစ်တည်နေပါတော့တယ်

'2020 Kdrama' 카테고리의 다른 글

18 Again quotes  (0) 2022.02.18
Start-Up quotes  (0) 2022.02.18
Hush  (0) 2022.02.18
Han Ji-Pyeong ♡  (0) 2022.02.12
Start-Up  (0) 2022.02.11