일 | 월 | 화 | 수 | 목 | 금 | 토 |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | |||
5 | 6 | 7 | 8 | 9 | 10 | 11 |
12 | 13 | 14 | 15 | 16 | 17 | 18 |
19 | 20 | 21 | 22 | 23 | 24 | 25 |
26 | 27 | 28 | 29 | 30 | 31 |
- NowWeAreBreakingUp
- startup
- ForecastingLoveandWeather
- OurBlues
- WhyHer?
- RacketBoys
- TheDevilJudge
- 18Again
- BeMelodramatic
- TheKingsAffection
- YouthOfMay
- ChicagoTypewriter
- TheRedSleeve
- HometownChaChaCha
- KimSeonHo
- Taxidriver
- YumiCells
- MrSunshine
- HighClass
- YumiCells2
- CrashLandingOnYou
- Remarriageanddesires
- LeeJunho
- DaliandCockyPrince
- TwentyFiveTwentyOne
- LeeJeHoon
- DrRomantic
- HymnOfDeath
- OurBelovedSummer
- WiseMountainvillageLife
- Today
- Total
드라마 다이얼로그
Twinkling Watermelon: 반짝이는 워터멜론 본문
ကျွန်တော် ပြဿနာကို ဒီလိုမျိုးလုပ်လိုက်ရင်
ကျွန်တော့်မိဘကို မကောင်းပြောကြလိမ့်မယ်
ဒုက္ခိတတွေဖြစ်နေလို့ ကလေးကို သေချာမပျိုးထောင်နိုင်ဘူးဆိုပြီးတော့
ကျွန်တော် အမှားလုပ်မိရင်
ကျွန်တော့်မိဘတွေ လူတွေဆီမှာ နှစ်ဆပိုပြီးအပြောခံရပါတယ်
အဲဒါကြောင့် ကျွန်တော် ကောင်းကောင်းလုပ်မှဖြစ်ပါမယ်
ရန်သူကို စားစရာတွေသွားမကျွေးနဲ့
အဲဒီလူတွေကို စားစရာတွေသွားကျွေးလိုက်ရင်
ပါးစပ်ကနေ ချီးတွေထွက်လာကြလိမ့်မယ်
မိသားစုထဲမှာ မင်းလိုမျိုး တစ်ယောက်တည်း နားထောင်နိုင်ပြီး
စကားပြောနိုင်တဲ့ ကလေးတွေကို CODA လို့ ခေါ်တယ်
အသံကမ္ဘာကြီးနဲ့ တိတ်ဆိတ်နေတဲ့ ကမ္ဘာကြီးကို
ဆက်သွယ်ပေးတဲ့လူတွေပေါ့
တစ်ခါတလေ စကားနဲ့ တစ်ခါတလေကျ လက်နဲ့
တစ်ခါတလေကျရင်တော့ မင်းလိုမျိုး ဂီတနဲ့ပေါ့
မင်းရဲ့ဘဝကို
ရှင်သန်နေထိုင်နေတာကလည်း အရမ်းကို စိတ်မွန်းကျပ်စရာကြီးပဲ
ကန်စွန်းဥ အလုံး ၁ဝဝ စားထားသလို မွန်းကျပ်တဲ့ ဘဝကြီးပါလား
လူငယ်လူရွယ်ဘဝက လုံးဝ နောက်ပြန်လှည့်လို့မရဘူး
လူဆိုတာ စက်ရုပ်လည်း မဟုတ်ဘဲနဲ့ကို
ကစားသင့်တဲ့ အချိန် ကစား နားသင့်တဲ့ အချိန် နားမှပေါ့
ဘဝက လောင်းကြေးထပ်နေရသလိုပဲ
တစ်ကယ့်အဖြေမှန်က ဘာလဲ
ကျွန်တော့်နှလုံးကို ခုန်စေတဲ့ ဘဝနဲ့
အဖေ့အတွက် ဆုတံဆိပ်ဖြစ်ပေးတဲ့ ဘဝ
ဘယ်ဘက်ကိုပဲ ရွေးချယ်ရွေးချယ် ကျွန်တော် မရွေးချယ်ခဲ့တဲ့
တစ်ခြားတစ်ဖက်ကြောင့် နာကျင်ရတယ်
ကျွန်တော် ပျော်ရွှင်မနေဘူး..
နည်းပညာက အရေးကြီးတာမဟုတ်ဘူး
စိတ်ရင်းအမှန်ကပဲ အရေးကြီးတာ
ကိုယ့်ရဲ့ ခံစားချက်နဲ့စိတ်ရင်းအမှန်ကို
နားထောင်နေတဲ့သူဆီသာ အရောက်ပို့နိုင်မယ်ဆိုရင်
အဲဒါက အကောင်းမွန်ဆုံးဂီတပဲ
When Life Gives You Lemons, Make Lemonade.
ထွက်သွားသင့်တဲ့အချိန်ဘယ်တော့လဲဆိုတာသိပြီး
ထွက်သွားတဲ့သူရဲ့ နောက်ကျောပုံစံက လှပစမြဲပါ
ကိုယ်ချင်းစာတာက ကောင်းတာပဲတော့မဟုတ်ဘူး
ကိုယ့်ရဲ့ အထက်တန်းဆန်တဲ့စိတ်က
တစ်ဖက်လူရဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစိတ်ကို
ထိခိုက်မိစေနိုင်လို့
တစ်ဖတ်သတ်အချစ်ဆိုတာလည်း
အချစ်ဦးနီးပါး တန်ဖိုးရှိတဲ့အတွေ့အကြုံတစ်ခုပါပဲ
နံရံကို တွန်းချလိုက်ရင် တံတားဖြစ်လာနိုင်တယ်
လဲကျသွားတဲ့နေရာမှာ ရတနာတွေ အများကြီးရှိနေနိုင်တယ်
ငါ့ အထက်တန်းကျောင်းရဲ့နောက်ဆုံးနေ့က
ငါ့ကျောင်းသားဘဝ နောက်ဆုံးနေ့ဖြစ်လာမှာဆိုတော့
ငါအရမ်းအရမ်းတောက်ပသွားရမယ့် နေ့ရက်လေးတွေလို့ ဆိုလိုတာပေါ့
ငါ လုပ်နိုင်တာသမျှ အားလုံးလုပ်သွားမှာ
အချစ်ပဲဖြစ်ဖြစ် တီးဝိုင်းပဲဖြစ်ဖြစ်
ငါ့ဘဝကို တောက်ပစေနိုင်မယ့် အရာအားလုံး
ငါ့မျက်လုံးထဲ အသေးအဖွဲလို့ မြင်ရပေမဲ့
လူတစ်ယောက်က စိတ်ဓာတ်ကျနေတာကို လျစ်လျူရှုလို့ မရနိုင်ဘူး
အကြောင်းပြချက်တွေရှိပေမဲ့ မပြောနိုင်တဲ့စိတ်ကို
ငါက သေချာနားလည်တာမိုလို့
အခု ဒီလောက်နဲ့ပဲ မင်း ဘဝနဲ့မင်း နေလိုက်ပါတော့
တစ်ခါတလေတော့ မင်းလည်း လက်ရှိမှာ ပျော်မွေ့လိုက်စမ်းပါ
ချစ်လည်း ချစ်ကြည့်လိုက်စမ်းပါ
နှမြောစရာကောင်းတဲ့ မင်းရဲ့ ငယ်ရွယ်မှုကို အဆုံးရှုံးမခံဘဲနဲ့
တောက်ပလို့ ရနိုင်တဲ့ အချိန်မှာ တောက်ပလိုက်ပါ
ရင်ခုန်မယ့် ကိစ္စတွေ လုပ်ကြည့်လိုက်စမ်းပါ
အဲဒီလို လုပ်လည်း ကမ္ဘာကြီး ပျက်သွားမှာမှ မဟုတ်တာ
ဘဝဆိုတာ အခြေအနေတွေအားလုံးမှာ
ကိုက်ညီပြည့်စုံနေမှ တောက်ပတာမျိုး မဟုတ်ဘူး
အခိုက်အတန့် တစ်ခုစီတိုင်းမှာ တောက်ပနေတာ
ပျော်ရွှင်မှုက အဲဒီအခိုက်အတန့်လေးတွေ စုပြီးတော့
ပြီးပြည့်စုံသွားတဲ့ အတွေ့အကြုံပဲ
ဂီတဆိုတာ နားနဲ့ပဲ နားထောင်လို့ရတာ မဟုတ်ဘူး
ဂီတဆိုတာ မျက်လုံးနဲ့ရော စိတ်နဲ့ရော နှလုံးသားနဲ့ရော ခံစားရတာ
တစ်ခါတလေကျတော့
နှလုံးသားက စေခိုင်းတဲ့ ကိစ္စမျိုးကို လုပ်ကြည့်ပေမဲ့လည်း
တကယ်ပဲ ကမ္ဘာကြီးက မပျက်သွားလောက်ဘူးမလား
ဒီပန်းချီကိုဆွဲခဲ့တဲ့ ပန်းချီဆရာမ Frida Kahlo က
နာကျင်မှု ရှေ့မှာ လှလှပပနဲ့ အဆုံးအထိ သန်မာနိုင်ခဲ့တယ်
အဆုံးမရှိ သူ့ကို ဒုက္ခပေးခဲ့တဲ့ ဘဝကြီးမှာ ဒီပန်းချီကားတစ်ချပ်နဲ့
စတိုင်ကျကျ အမျက်ထွက်ပြခဲ့တယ်
အကုန်လုံးက ဒီလိုပဲ ရှင်သန်နေကြတာ
ဘဝကို အဓိပ္ပာယ်တွေ သတ်မှတ်ရင်း၊ ရှာဖွေရင်းနဲ့
လျော်ကန်သင့်မြတ်ဖို့ ကြိုးစားနေထိုင်ကြရင်းပေါ့
ကြီးကျယ်ခမ်းနားဖို့ အတင်းကြိုးစားစရာမလိုပါဘူး
ရှင်သန်နေတာနဲ့တင် ကြီးကျယ်ခမ်းနားနေပြီ
မသိနိုင်ဘူးမလား
မခြစ်ရသေးတဲ့ ထီလက်မှတ်အောက်မှာ
ဘယ်လောက်ကံကောင်းမှုတွေ ပုန်းကွယ်နေလဲဆိုတာ
ပြီးတော့ သိချင်တယ်မလား
ဘယ်လိုအကြောင်းအရာတွေ ကျန်ရှိနေသေးလဲဆိုတာ
ဘယ်သူပိုနာကျင်ရတယ်ဆိုတာကို တိုင်းတာလို့ရတဲ့ နည်းလမ်းမရှိဘူး
အဆုံးအဖြတ်ပေးမယ့် တရားသူကြီးလည်းမရှိဘူး
ဘယ်သူမှလည်း သူတစ်ပါးရဲ့ နာကျင်မှုကို အဆုံးအဖြတ်ပေးပိုင်ခွင့်မရှိဘူး
အသိအမှတ်ပြုခံရမယ့် တာဝန်ဆိုတာလည်း မရှိဘူး
ဒီအတိုင်း နင် နာကျင်နေရင် နာကျင်တာပဲ
ဘယ်လောက် နာကျင်လဲဆိုတာ နင်ပဲသိနိုင်တယ်
တစ်ယောက်တည်းအင်အားနဲ့ နင်ပြန်ပြီး တောက်ပလာတဲ့အခါ
တစ်ဝကြီး အားရပါးရ တောက်ပနေစေချင်တယ်
လူတွေက ငါ့ကို CODA မှန်းသိရင်
မေးခွန်းတွေ အများကြီးမေးကြတယ်
အစကတော့ စပ်စုချင်တာပေါ့
ပြီးရင်တော့ စာနာကြတယ်
အဲဒီနောက်မှာတော့ သနားကြတယ်
စိတ်ပူကြတယ် ဂရုစိုက်ကြတယ်
သူတို့ဆီကနေ အကြည့်မျိုးစုံအကြည့် ခံရတယ်
အဲဒါက မေးကြတဲ့လူတွေက
နင့်ဆီကနေ ကြေကွဲစရာတွေ ကြားချင်လို့
အဲဒါမှ သူတို့ပျော်နိုင်ဖို့ သက်သေရှိမှာလေ
လူတွေက အရင်ကတည်းက အဲဒီလိုပဲ စာနာပြချင်ကြတာထက်
အဆုံးကျတော့ အဲဒီကနေ သူတို့အကျိုးလိုချင်တာ
ရင်ထဲမှာ ဒေါသတွေပြည့်လျှံနေရင်
တစ်ခါတစ်လေ ပွက်ပွက်ဆူခိုင်းလိုက်မှ
အဲ့ဒါမှ အစိုင်အခဲ မကျန်မှာ
ဒီနေရာကို ရောက်လာမှသိသွားတယ်
ကျွန်တော့်အဖေနဲ့ အမေလည်း
လူငယ်ဘဝမှာ နာကျင်စရာတွေ ရှိခဲ့တယ်ဆိုတာ
အဲဒီနာကျင်မှုနဲ့ ဒဏ်ရာတွေကို အနိုင်ယူပြီး
ကျွန်တော့်မိဘတွေ ဖြစ်လာခဲ့တယ်ဆိုတာ
ပြောချင်တဲ့စကားရှိရင်
ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဖော်ပြဖို့ ကြိုးစားမှာပဲ
ထပ်ပြီး အများကြီးပြောပြချင်ရင် ထပ်ပြီးအများကြီး
ဖော်ပြ ပြောပြနိုင်တဲ့နည်းလမ်းကို သင်ယူလိုက်ရင် ရတာပဲ
မိဘဆိုတာ လောကကြီးအပြင်ကို ထွက်ခွာဖို့အတွက်
အသက်ပြည့်သွားတဲ့အချိန်အထိ အရာအားလုံးကနေ ကာကွယ်ပေးတဲ့
သံချပ်ကာဒိုင်းလို ဖြစ်တည်မှုမျိုးပဲ
ဒီလောက်နဲ့ လွှတ်ချလိုက်တော့
အဲဒါက နင်တာဝန်ယူရမဲ့ ဝန်တွေ မဟုတ်ဘူး
နင်က နင့်ကိုယ်နင် ဝန်ကို ထမ်းခိုင်းနေတာ
အဲဒီကျေးဇူးကြောင့် သူတို့တွေ ပျော်နေမှာတဲ့လား
မဟုတ်ဘူး
ဆန့်ကျင်ဘက်အနေနဲ့ စိတ်ပူစေပြီးတော့ ဝမ်းနည်းစေတာ
သူတို့အတွက်ကြောင့်နဲ့ နင်က ပိုပြီးဒုက္ခများရမှာကို
ဘယ်သူကမှလည်း သူများဘဝအတွက် ရှင်သန်ပေးလို့ မရဘူး
ဘဝဆိုတာက လိုချင်တာတွေ အကုန်လုံးကို မပေးနိုင်ပေမဲ့လည်း
တစ်ခါတစ်လေ လက်ဆောင် သေးသေးလေးတွေကို
ဖွက်ထားတာမျိုးလည်း ရှိတတ်ပါတယ်
ရက်စက်တဲ့ ဘဝမှာ ကျရောက်လာတဲ့ ပင်ပန်းမှုတွေကို
တောင့်ခံနိုင်ဖို့ မျှော်လင့်တယ် ဘဝက ဖုံးကွယ်ထားတဲ့ လက်ဆောင်ကို
ရှာတွေ့ဖို့လည်း မျှော်လင့်ပါတယ်
ဘဝဆိုတာမျိုးက ဥပစာမျိုးစုံနဲ့ ပြည့်နှက်နေတတ်ပြီး
ဖြေရှင်းရမှာက လူတိုင်းရဲ့ တာဝန်ပါ
အဖြေမှန်ဆိုတာမျိုး မရှိပါဘူး
စဉ်းစားကြည့်လိုက်တော့
မင်းက သီချင်းပြီးအောင်လုပ်ဖို့ ကူညီပေးခဲ့တာတင်မကဘူး
ငါလိုအပ်နေတဲ့အချိန် စိတ်အားငယ်နေတဲ့အချိန်
အတောက်ပဆုံး အချိန်တွေမှာပါ ငါနဲ့အတူရှိနေပေးခဲ့တာ
မင်းကို ငါ့အဖေလိုမျိုးခံစားရတယ် ငါက အဖေ့ရဲ့အချစ်ကို မရဖူးပေမဲ့
မင်းကျေးဇူးနဲ့ အဲ့ဒီလိုမျိုး ဆင်တူတာ ရလိုက်တယ်
လောကကြီးထဲမှာ ငါ့ဘက်တော်သားရှိနေတယ်ဆိုတာက
တကယ်ကို ပျော်ရွှင်ဖို့ကောင်းတဲ့ကိစ္စမျိုးလို့ ထင်တယ်
ဘာကြောင့်မှန်းမသိ လုံခြုံသလို ခံစားရပြီး သတ္တိခွန်အားတွေ ပေါ်လာတယ် တစ်ခုခုက ငါ့ကို ပိုပြီးကြံ့ခိုင်လာအောင် ဖန်တီးပေးနေသလိုပဲ
အကြားအာရုံကို ဆုံးရှုံးသွားပြီလို့ ပထမဆုံးသိလိုက်ရတုန်းက
အရမ်းကို ကြောက်ရွံ့ခဲ့တယ် တုန်လှုပ်ခဲ့တယ် ဒေါသဖြစ်ခဲ့တယ်
မျှော်လင့်ချက်ကင်းမဲ့မှုကဝါးမျိုသွားပြီတော့ ဘယ်စကားလုံးမှ
ပါးစပ်ကနေထွက်မလာတဲ့ အချိန်တွေရှိခဲ့ပါတယ်
ဒါပေမဲ့ ကျွန်တော်ကတော့ လက်လျှော့ခြင်းကို လက်လျှော့ခဲ့ပါတယ်
Thank You.
Twinkling Watermelon: 반짝이는 워터멜론 ဇာတ်ကားလေးကို
ထပ်ပြီး အချိန်ကြာကြာလေး အမှတ်ရနေပေးဖို့ မျှော်လင့်ပါတယ်
“ငယ်ရွယ်ချိန်က အတောက်ပဆုံးအချိန်ပဲမို့ တတ်နိုင်သမျှ တောက်ပနေလိုက်ပါ”
Viva La Vida
'Twinkling Watermelon' 카테고리의 다른 글
Twinkling Watermelon (0) | 2023.11.20 |
---|---|
Ha Yi-Chan ♡ Cheong-Ah (0) | 2023.11.15 |
Watermelon Sugar (0) | 2023.11.15 |