Notice
Recent Posts
Recent Comments
Link
일 | 월 | 화 | 수 | 목 | 금 | 토 |
---|---|---|---|---|---|---|
1 | 2 | 3 | 4 | |||
5 | 6 | 7 | 8 | 9 | 10 | 11 |
12 | 13 | 14 | 15 | 16 | 17 | 18 |
19 | 20 | 21 | 22 | 23 | 24 | 25 |
26 | 27 | 28 | 29 | 30 | 31 |
Tags
- WiseMountainvillageLife
- OurBlues
- KimSeonHo
- DrRomantic
- LeeJeHoon
- YumiCells2
- 18Again
- TheKingsAffection
- WhyHer?
- NowWeAreBreakingUp
- HymnOfDeath
- LeeJunho
- ForecastingLoveandWeather
- TheDevilJudge
- ChicagoTypewriter
- YumiCells
- RacketBoys
- MrSunshine
- Remarriageanddesires
- TheRedSleeve
- HometownChaChaCha
- HighClass
- BeMelodramatic
- CrashLandingOnYou
- startup
- OurBelovedSummer
- DaliandCockyPrince
- YouthOfMay
- Taxidriver
- TwentyFiveTwentyOne
Archives
- Today
- Total
드라마 다이얼로그
Watermelon Sugar 본문
လူငယ်ဘဝက အတောက်ပဆုံးအချိန်ပဲလို့ပြောကြတယ်
ဒါကြောင့် နှမြောစရာကောင်းတဲ့ မင်းရဲ့ ငယ်ရွယ်မှုကို
အဆုံးရှုံးမခံဘဲနဲ့ တောက်ပလို့ ရနိုင်တဲ့ အချိန်မှာ
တောက်ပလိုက်ပါ.."
အခက်အခဲတွေ နာကျင်စရာတွေများလည်း ကိုယ့်ကိုယ်ကို ဘယ်တော့မှ လက်မလျော့ဘဲ ဘဝမှာ တစ်ခါပဲရတဲ့ ငယ်ရွယ်ချိန်မှာ တောက်ပနိုင်တဲ့အထိ အစွမ်းကုန်တောက်ပပြီး ပျော်ရွှင်ရမဲ့အရာတိုင်းကို လုပ်လို့လည်း အဆင်ပြေတာမလို့...
ငယ်ရွယ်နေတုန်းမှာ လုပ်နိုင်သမျှ လုပ်ချင်တာမှန်သမျှကို အကုန်လုံးသာ လုပ်ချပလိုက်...ငယ်ရွယ်ချိန်ဆိုတာ ကိုယ့်အိပ်မက်အနောက်ကို လိုက်ဖို့ အကောင်းဆုံးအချိန်ပဲလေ
လူတိုင်းမှာအခက်အခဲကိုယ်စီရှိပါတယ် ကိုယ်ပဲနာကျင်ခက်ခဲနေတာမျိူးမဟုတ်ပါဘူး လူတိုင်းပါပဲ
အကုန်ကြိုးစားပြီး အသက်ရှင်နေကြတာပါပဲ
လူတိုင်းရဲ့၁၈နှစ်ကသူ့နည်းသူ့ဟန်နဲ့တောက်ပနေခဲ့မှာပါ
နောက်ဆုံးမှာမာစတာပြောသွားတဲ့စကားလိုပဲ
"ဘဝဆိုတာအလင်္ကာမျိုးစုံနဲ့ပြည့်စုံနေတတ်ပြီး
ဖွင့်ဆိုပုံကတော့လက်ခံသူအပေါ်မူတည်ပါတယ်
အဖြေမှန်ဆိုတာမရှိပါဘူးတဲ့
ကိုယ့်ဘာသာ မသိလိုက်မိခင်မှာပဲ ကိုယ့်ကိုကိုယ် အပေါ် ၀န်ထုပ်၀န်ပိုးတွေ မတင်မိစေပဲ စိတ်ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဘ၀လေးကို ဖြတ်သန်းနိုင်စေဖို့ပဲ...
လူငယ်ဘဝဆိုတာပျော်စရာတွေဘဲပြည့်နေတာတော့မဟုတ်ပါဘူး အခက်အခဲတွေနဲ့ငါဒါကိုမလုပ်လို့မရဘူးဆိုတဲ့အခြေအနေတွေလဲများပါတယ် ဒါပေမဲ့အဲ့အခက်အခဲတွေကြားကနေလွတ်လပ်မှုနဲ့ပျော်ရွှင်ကြည်နူးမှုလေးတွေနည်းနည်းဘဲဖြစ်ဖြစ်ရှာဖွေတွေ့ရှိခဲ့ရတာလဲလူငယ်ဘဝဘဲလို့ထင်တယ်
အရာအားလုံးကနင်တာဝန်ယူရမဲ့အရာမဟုတ်ပါဘူး
သူများတွေရဲ့ဝန်ထုပ်ဝန်ပိုးတွေကိုသယ်ပီးမပင်ပန်းပါနဲ့ ကိုယ့်ဘဝနဲ့ကိုယ်တောက်ပပါ
နောက်ပြန်လှည့်ကြည့်ရင်ပျော်ခဲ့ရတဲ့ဆိုတဲ့ခံစားချက်မျိုးရှိနေအောင်ကိုယ်ရဲ့ငယ်ဘဝကိုအကောင်းရှင်သန်ကြည့်မလို့
အများကြီးတော်တယ် အများကြီးလဲတာဝန်ကျေခဲ့ပြီ ခုကစပြီး လူတွေချစ်အောင်ကြိုးစားမနေတော့ဘဲ ကိုယ့်ကိုယ်ကိုပီပီသသ စိတ်ကြိုက်တောက်ပလိုက် အခုမှစလဲမနောက်ကျသေးဘူး
ဘ၀ဆိုတာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း အမြဲဖြစ်နေမှာတော့မဟုတ်ဘူး ဒါကြောင့်ငယ်ရွယ်တုန်းမှာ ကိုယ်ဖြစ်ချင်တာတွေအကုန်လုံးကို ပျော်ပျော်ရွှင်ရွှင်သာလုပ်ပါ လဲကျလည်းဘာဖြစ်လည်း စိတ်ညစ်နေစရာမှမလိုသာ ဘာလို့ဆိုကိုယ်ကခုမှလူငယ်လေ ပြန်ထဖို့အချိန်တွေအများကြီးရှိသေးတယ် ဒါကြောင့်လုပ်ချင်တာတွေအကုန်လုပ်နိုင်တဲ့ငယ်ရွယ်ချိန်ကို ပျော်ပျော်ကြီးဖြတ်သန်းပါ ကိုယ့်ကိုတန်ဖိုးထားဂရုစိုက်တဲ့သူတွေကို တန်ဖိုးထားပါဂရုစိုက်ပါ စိတ်ပျက်စိတ်မကောင်းဖြစ်အောင်မလုပ်မိစေနဲ့
ခုချိန်ထိဘဝမှာအမှတ်တရဆိုတာရယ်လို့ ချပြစရာရေရေရာရာမရှိရင်တောင် ရှေ့ဆက်ကိုယ်ရှင်သန်ရမဲ့နေ့ရက်တွေမှာ အမှတ်တရတွေအများကြီးနဲ့ ဘဝကိုအဓိပ္ပာယ်ရှိရှိ ပျော်ပျော်ရွှင်ရွှင်နဲ့တောက်ပချင်တယ်
အခုအရွယ်မှာကြုံတွေ့ရတဲ့စိတ်ညစ်စရာတွေဆိုတာအသက်ကြီးလာတဲ့အခါဒါတွေကဟာသလိုတွေပဲဖြစ်နေမှာဒါကြောင့်အခုငယ်ရွယ်တုန်းမှာဘာမှအများကြီးမတွေးပဲပျော်"လေးနေပစ်လိုက် ဒါမှအသက်အရွယ်ရလာတဲ့အခါငယ်ဘ၀တုန်းကအမှတ်တရလှ"လေးတွေကိုပြန်တွေးပြီးရှေ့ဆက်ဖို့အင်အားရမှာ
လူငယ်ဘဝမှာ စိတ်ညစ်စရာတွေ အခက်အခဲတွေ တစ်ခုမဟုတ်တစ်ခု ကြုံတွေ့ရမှာ ဓမ္မတာပဲ အဲ့အခက်အခဲတွေကြားထဲကနေ ကိုယ့်အတွက်အမှတ်တရဖြစ်စေမယ့် ပျော်ရွှင်စရာmemoryတွေကို တစ်ခုဖြစ်"နှစ်ခုဖြစ်"ရှာဖွေရင်း ဒီဆယ်ကျော်သက်ကာလအတွင်း ချစ်ရတဲ့သူတွေနဲ့အတူ အများကြီးဖန်တီးပစ်လိုက်
စိတ်ကူးထားတဲ့အနာဂတ်အထိ နောင်တမရပဲကြိုးစားရုန်းကန်ရင်း တောက်ပစွာ လျှောက်လှမ်းကြတာပေါ့
၁၈နှစ်အရွယ်မှာ မနိုင်ဝန်ကို မထမ်းဘဲ ဘဝကို တခါလောက်ပျော်ပါးလိုက်ကြ
မြန်မြန်အရွယ်ရောက်ချင်တယ်ဆိုတဲ့ ဆန္ဒကလဲလေ တကယ့်အရွယ်ရောက်လာရင် မပျော်ရမှန်း သိလိမ့်မယ်
အရွယ်ရောက်လာလေ ကြံုရမှာ များလေမို့ ငယ်တုန်းမှာ လုပ်ချင်တာ လုပ်ခဲ့ကြ
18အရွယ်တုန်းကတော့တကယ်ကိုအပူပင်မရှိတောက်ပနိုင်ခဲ့ပေမဲ့ ခု၂၃နှစ်အရွယ်ကတော့တကယ်ပင်ပန်းတယ် အခြေနေအကြောင်းကြောင့်မိသားစုဝန်ထမ်းလာရတဲ့အခါ မြိုသိပ်ထားလိုက်ရတဲ့အိပ်မက်သေးသေးလေးတွေအများကြီးဖြစ်လာတယ် ဒါမဲ့လည်းအနည်းဆုံးတော့မိသားစုနဲ့အတူပျော်ပျော်ရွှင်ရွှင်ရှိနေနိုင်လို့ပျော်ပါတယ် အားတင်းထားပါ ဘဝကြီးကအမြဲမဆိုးရွားနိုင်တာမလို့ ရှေ့ဆက်တောက်ပရမဲ့နှစ်ဆယ်ကျော်သက် သုံးဆယ်ကျော်သက်တွေအများကြီးရောက်လာဦးမှာပါ
18နှစ်အရွယ်မှာအတောက်ပဆုံးမရှင်သန်နိုင်ခဲ့ရင်တောင် ကိုယ်ရောက်နေတဲ့အရွယ်မှာအတောက်ပဆုံးပြုံးကြည့်လိုက်ပါ တာဝန်တွေအကုန်လုံးကကိုယ်တစ်ယောက်ထဲအားနာစိတ်နဲ့ထမ်းပြီးမရှင်သန်လဲဖြစ်တာမို့ တစ်ခါလောက်ဘဲဖြစ်ဖြစ်အတောက်ပဆုံးပြုံးကြည့်ရအောင်
၁၈နှစ်အရွယ်က ငါရေ အခြားအရာတွေထက် လူငယ်ဘဝ ကပိုတန်ဖိုးရှိတယ်ဆိုတာ နောက်ကျမှသိရတဲ့အတွက် နှမြောပေမဲ့ ဘဝမှာ အလိမ်အညာကင်းကင်း လိပ်ပြာလုံလုံနေနိုင်ခဲ့လို့ကိုယ့်ကိုကိုယ်ကျေးဇူးတင်တယ် လွှတ်ချသင့်တဲ့အရာတွေလဲ စောစောစီးစီး လွှတ်ချနိုင်ခဲ့တာပဲလေ အရင်တုန်းကတော့ အတိတ်နဲ့အနာဂတ်ဆို အနာဂတ်ကိုသာသွားချင်ပေမဲ့ ခုချိန်၁၈နှစ်အရွယ်ပြန်သွားမလားမေးခဲ့ရင်တော့ အဖေ့ကိုတွေ့ဖို့သွားချင်ပါတယ်
ဒီကားလေးကို ကြည့်ပြီး ကိုယ့်ကိုကိုယ်ပြန်တွေးမိတာ ငါအမြဲတမ်းငါ့အနာဂတ်တွေတွက်ပူပန်ကြောင့်ကြနေဖို့မလိုဘူး လက်ရှိဘဝအခြေနေမှာတင်ငါပျော်ရွှင်နိုင်တယ် ငါ့ငယ်ရွယ်မှုကို အလဟသအဖြစ်မခံပဲနေ့ရက်တိုင်းကို ပျော်ရွှင်စွာဖျက်သန်းမယ် ဘဝဆိုတာအမြဲတမ်းတော့ချိုမနေဘူးလေ ခါးတစ်လှည့်ဆိုတာလဲရှိမှာပဲ အဲ့ပေါ်မှာ ကိုယ်က အရာအားလုံးနားလည်သိမြင်နိုင်ပြီးဘာမဆို လက်ခံတတ်ဖို့လိုတယ် ငါဒီအရာကို လိုချင်လို့ ရနိုင်မှာမဟုတ်ပါဘူးလို့မတွေးဘဲ အဲ့နေရာမှာ ငါကြိုးစားရင် ရနိုင်တယ် ဖြစ်နိုင်တယ်လို့သတ်မှတ်ပြီး ကျန်ရှိနေတဲ့ဘဝနဲ့ ငယ်ရွယ်မှုကို တန်ဖိုးရှိစွာ အသုံးချနေထိုင်မယ် အတွေးမမှားစေပဲ
တစ်ယောက်စာရှင်သန်ရတာနဲ့တင်ခက်ခဲတဲ့ဘဝကို တခြားတစ်ဘဝစာအတွက်ပါရှင်သန်နေခဲ့လို့ပင်ပန်းသွားရပီ..အမြဲတမ်း အကောင်းဆုံးဖြစ်လာဖို့ကြိုတင်စဉ်းစားပီးဆုံးဖြတ်နိုင်ခဲ့တာမို့ ဒီလောက်ဒဏ်ရာလောက်ကိုလည်း အခက်အခဲအနည်းဆုံးနဲ့ကျော်ဖြတ်နေနိုင်တယ်လို့ယုံကြည်တယ် အရင်ကလည်းအကောင်းဆုံးကြိုးစားခဲ့သလို အခုလည်းအကောင်းဆုံးလုပ်နေတာမလို့ ကိုယ့်ကိုယ်ကို အပြစ်မတင်နေပါနဲ့..
ရှေ့လျှောက်လည်း ကိုယ်ပိုင်ပုံစံအတိုင်းဆက်ပီး တောက်ပနေဖို့မျှော်လင့်တယ်
လူငယ်ဘဝကျောင်းသားဘဝကိုပျော်ရွှင်စွာဖြတ်သန်းခွင့်မရလို့ဝမ်းနည်းနေတာမလားစိတ်နာနေတာမလား အဆင်ပြေပါတယ် ပျော်ရွှင်စွာဖြတ်သန်းခွင့်ရနိုင်မဲ့အခွင့်အရေးလာလိမ့်မယ်လို့ယုံကြည်ရအောင် ငါတို့တွေတစ်နည်းနည်းနဲ့ပျော်ရွှင်စရာအမှတ်တရတွေဖန်တီးနိုင်မှာပါ ငါတို့တွေတစ်နည်းနည်းနဲ့ပျော်ရွှင်အောင်ကြိုးစားကြတာပေါ့ သေချာပေါက် သူငယ်ချင်းတွေနဲ့ မိသားစုတွေနဲ့ ချစ်ရတဲ့သူနဲ့ အချစ်ဦးနဲ့ ငယ်ချစ်သူနဲ့ အမှတ်တရတွေအတိတ်တွေရရှိမှာပါ...
အဆိုးဆုံး အခြေနေမှာတောင် စိတ်ဓာတ်ကြံ့ခိုင်ရင် အကောင်းဆုံး ဆိုတာရအောင် ကြိုးစား နိုင်မှာပါ
အနာဂတ်မှာငါက ဘယ်လိုပုံစံ ဘယ်လိုအနေအထားနဲ့ ရှိနေမလဲ မသိပေမယ့် အခုလက်ရှိဘဝကို နောင်တရစရာတွေမရှိအောင် ကြိုးကြိုးစားစား ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နေပါတယ်လို့
လူငယ်ဘဲ ငယ်ရွယ်တုန်း တတ်နိုင်သလောက် ပျော်ပျော်လေးနေ
အသက်ကြီးလာလေပိုပင်ပန်းလာလေဘဲ
တစ်ချိန်ကျ အနောက်ကိုပြန်လှည့်ကြည့်တဲ့အချိန်
လုပ်မကြည့်လိုက်ရလေခြင်း ဆိုတဲ့
နောင်တမရှိရအောင်
လက်ရှိအချိန်မှာ လုပ်ချင်တာတွေကို
ကိုယ်လုပ်နိုင်သလောက် ကြိုးစားပြီး
လုပ်ကြည့်သင့်တယ်..
ရှင်သန်နေတယ် ဆိုတာကပဲ
လုံလောက်နေပြီမို့
မရောင့်ရဲတာတွေမဖြစ်ဘဲ
ကောင်းကောင်းကြီးပျော်ပါ
တောက်ပလို့ ရနိုင်တဲ့ အချိန်မှာ တောက်ပလိုက်ပါ
ရင်ခုန်မယ့် ကိစ္စတွေ လုပ်ကြည့်လိုက်စမ်းပါ
အဲ့ဒီလို လုပ်လည်း
ကမ္ဘာကြီး ပျက်သွားမှာမှ မဟုတ်တာ
“ဒီနေ့အတွက်ရှင်သန်ပီး ရယ်မောလိုက်ပါ”
လူငယ်ဆိုတဲ့ လွတ်လပ်မှု ပျော်ရွှင်မှုကို နှစ်ခါမရနိုင်လို့ ကို့စိတ်တိုင်းကျရှင်သန်ပါ
ဆယ်ကျော်သက်ဘဝမှာ ပျော်အောင်သာနေလိုက်ပါ လုပ်ချင်တာတေကိုလုပ်ပစ်လိုက်နောက်မှလုပ်မယ်ဆိုတဲ့နောင်တတေပိုပီးများမလာခင် ချစ်တဲ့သူတေကိုတန်ဖိုးထား
နေ့ရက်တိုင်းကိုနောင်တမရှိဖြတ်သန်းနိုင်ဖို့ကံကြမ္မာကသတ်မှတ်တာ
မလုပ်နိုင်တာ မဖြစ်နိုင်တာတွေ ဘာတွေတွေးမနေနဲ့ ရဲရဲဝံ့ဝံ့လုပ်ချင်တာ ဘာမဆိုလုပ်ကြည့်ပါလို့ အနည်းဆုံးတော့ အဲ့ဒီအချိန်မှာပျော်ရပြီးနောင်အခါနောင်တမရနိုင်တော့တာက
အကောင်းဆုံးဘဲမလား
ပျော်အောင်နေပါ....
အကြာကြီး ၀မ်းနည်းမနေပါနဲ့...
ရွေးချယ်မှုတွေက နောင်တရဖို့မဟုတ်ဘူး
ချိုတလှည့် ခါးတလှည့်နဲ့
ရှင်သန်ရခြင်းဆိုတာ
ဘဝရဲ့ အရသာတွေပဲလေ
'Twinkling Watermelon' 카테고리의 다른 글
Twinkling Watermelon (0) | 2023.11.20 |
---|---|
Ha Yi-Chan ♡ Cheong-Ah (0) | 2023.11.15 |
Twinkling Watermelon: 반짝이는 워터멜론 (0) | 2023.11.15 |