드라마 다이얼로그

20th Century Girl: 20세기 소녀 본문

Netflix Series

20th Century Girl: 20세기 소녀

드라마 Dialogue 2022. 10. 23. 00:50

“Everything we want to know about first love.”

“We were 17.
You came into my view.
It was my first love.”

၂၀ရာစု ကောင်မလေးက နှစ်ဆယ့်ငါးနှစ်ဆယ့်တစ်ရဲ့ ကိုယ်ပွါးလေးလို့ပြောရမလား
Teaser မြင်ကတည်းက သိနေပါတယ်
ဒီလို 90s ဇာတ်ကားတွေက ညားမှာမဟုတ်ဘူးဆိုတာ
ဒါပေမဲ့လည်း ရင်ကွဲခံပြီး ကြည့်ပါတယ်
ဘာလို့လဲဆိုတော့ တစ်ခါတစ်လေ ငိုချလိုက်ချင်ပေမယ့် ကိုယ်ပိုင်အကြောင်းပြချက်ရှာမရတဲ့အခါ
ဒီလိုဇာတ်ကားတွေက ငိုထွက်နိုင်ဖို့ အကြောင်းပြချက်ကောင်း ဖြစ်ပေးနိုင်လို့..

“၂၁ရာစုမှာတော့ နည်းနည်းလောက်ပိုပြီး ပွင့်လင်းနိုင်ရင်ကောင်းမယ်” တဲ့
ပြီးခါနီး ပြောသွားတဲ့စကားလေး
၂၁ရာစုမှာတော့ ကျွန်မတို့တွေ ကိုယ်ချစ်တဲ့သူအပေါ် ပိုပြီးပွင့်လင်းနိုင်ခဲ့ရင် ဝမ်းနည်းရမှာတွေလည်း
နည်းနည်းလောက် လျော့သွားမယ်ထင်တယ်နော်..

ယွန်းဒူရေ နင်ဟိုတစ်ခါ ဒီလိုပြောတယ်မလား
တစ်ယောက်ယောက်ကို သဘောကျရင် ညဘက် အိပ်လို့လည်းမပျော်ဘဲ
ထမင်းကလည်း အရသာမရှိဘူး သီချင်းနားထောင်ရုံနဲ့တင် မျက်ရည်တွေ စီးကျလာတယ်လို့

ငါတော့ အမှန်တိုင်းပြောရရင် ကောင်းကောင်းလည်းအိပ်ပျော်ပြီး
ထမင်းကလည်း အရသာပိုရှိနေပြီး
သီချင်းနားထောင်ရုံနဲ့တင် အလိုလိုကမိတယ်

ဒါပေမဲ့ ထူးထူးဆန်းဆန်းပဲ သူ့ကိုစဉ်းစားလိုက်ရင် နှလုံးသား တဒုန်းဒုန်းနဲ့ ခုန်နေတယ် ဒါက အချစ်ဆိုရင် ငါလည်း အချစ်မှာနစ်မြောသွားပြီထင်တယ်

ငါသဘောကျတဲ့သူက တကယ်တော့ အွန်းဟိုပဲ

“မင်းမဖတ်လိုက်ရတဲ့ စာ”

ငါပါ အွန်းဟို
မျက်နှာချင်းဆိုင်ရင် မပြောနိုင်လောက်ဘူးထင်လို့ စာရေးလိုက်တာပါ မင်းကို ပထမဆုံးစတွေ့ခဲ့တဲ့ ဆောင်းရာသီ ချောင်းဂျူကိုရောက်ရောက်ချင်း မင်းနဲ့ဆုံခဲ့တယ်
ကြည့်ရတာ မင်းကတော့မှတ်မိလောက်မှာမဟုတ်ဘူး ဘယ်လိုတောင် မြန်မြန်ပြေးသွားလိုက်သလဲဆိုတာ အဲဒီရုပ်ရှင်အကြောင်းသိ ချင်လာတယ်

ပထမဆုံး ကိုရီးယားကိုရောက်လာတော့.. . ငါ အခုလိုမျိုး ပြုံးရယ်ဖို့အကြောင်းအရင်းမရှိသလောက်ဖြစ်ခဲ့တာ ဒါပေမဲ့ မင်းနဲ့ ထပ်ပြီးဆုံဖြစ်ခဲ့တယ်
ခန့်မှန်းလို့မရတဲ့ မင်းရဲ့အပြုအမူတွေကို ဘယ်အချိန်ကမှန်းမသိ စပြီးသတိပြုမိခဲ့တယ် အဲဒီအချိန်မှာသိသွားခဲ့တယ် မင်းကိုမြင်လိုက်ရင် အမြဲတမ်း ငါပြုံးနေမိတယ်ဆိုတာ
ဒါပေမဲ့ မင်းရဲ့ စိတ်ဝင်စားမှက ဟျွန်းဂျင်အပေါ်မှာပဲ စုပုံနေလို့ သက်သက်မဲ့ မနာလိုလည်းဖြစ်မိတယ် တစ်ယောက်တည်း စိတ်ထိခိုက်နေခဲ့ရတယ် မင်းကတော့ အဲဒီလိုငါ့ရဲ့ခံစားချက်ကို သိမှသိပါ့မလားဆိုတာ

အဲဒီလိုအရေးကြီးတဲ့ စကားတွေပြောသွားပြီး ဘာမှမဖြစ်ခဲ့သလိုမျိုး
မမှတ်မိတော့ဘူးတဲ့
တကယ်ပဲ ငါရောဟုတ်ခဲ့ရဲ့လား
မဟုတ်ရင် ဟျွန်းဂျင်နဲ့အထင်မှားနေတာများလား အကြိမ်ပေါင်းများစွာ မေးချင်ခဲ့ပေမဲ့.. အဲဒီလိုမလုပ်နိုင်ခဲ့ဘူး မနာကျင်ချင်ဘူး အခုတော့ မင်းရဲ့စိတ်ကို နားလည်သွားပါပြီ ငါ သိပ်မကြာခင် နယူးဇီလန်ကို ပြန်သွားရတော့မယ် ဒါပေမဲ့ ကျိန်းသေပြန်လာပါ့မယ် သဘောကျတယ် နာဘိုရာ

“ပထမဆုံးနဲ့ နောက်ဆုံး ဖွင့်ပြောခြင်း”

တောင်းပန်ပါတယ်
ငါက ရုပ်ရှင်ကြည့်မယ်ပြောပြီး မလာတာရော အကြောင်းရင်းမပြောမိတာရော တောင်းပန်တယ်
နင်ရိုက်ကူးရေးလုပ်နေတိုင်း ငါအမြဲအလုပ်များနေမိတာကိုရော ငါက အဲဒီနေ့က ဇီးသီးတွေ အများကြီးစားမိတာရော တောင်းပန်ပါတယ် နင် နယူးဇီလန်သွားတော့မယ်ဆိုတုန်းက ငါ တကယ်တော့ အရမ်းဝမ်းနည်းပေမဲ့ အဆင်ပြေသလို ဟန်ဆောင်မိလို့လည်း တကယ်တောင်းပန်ပါတယ်

အွန်းဟိုရေ ငါ့စိတ်က အဲဒီလိုမဟုတ်ပါဘူး
ပြီးတော့ နင့်ကို မကြိုက်ဘူးဆိုပြီး
လိမ်ပြောခဲ့တာကိုရော အကုန်တောင်းပန်ပါတယ်
ငါလည်း နင့်ကို အများကြီးသဘောကျတယ်

“မတည်နိုင်တော့တဲ့ ကတိ”

ငါပျော်ရွှင်ခဲ့ရတယ်
နင်နဲ့အတူရှိခဲ့တဲ့ အခိုက်အတန့်တိုင်းကို

နည်းနည်းလောက်ပဲ စောင့်နေပေး သေချာပေါက် ပြန်လာခဲ့မယ်

အဲဒီလိုမျိုး ကျွန်မတို့ လမ်းခွဲခဲ့ကြတယ်

“ပြန်မလာနိုင်တော့မှန်းမသိခဲ့တဲ့ စောင့်ဆိုင်းမှုတစ်ခု”

ဆက်တိုက်စောင့်နေခဲ့ပေမဲ့ ထပ်ပြီးတော့ အွန်းဟိုရဲ့အသံကို မကြားရတော့ပါဘူး ပြီးတော့ အွန်းဟိုက ကျွန်မရဲ့နေ့စဉ်ဘဝထဲကနေ ဖြည်းဖြည်းချင်း ပျောက်သွားပါတယ်

“သေပြီလို့တွေးလိုက်မှာဆိုပြီး တစ်ကယ်သေသွားတဲ့ ရှင်”

ငါအခု နင့်ကိုတကယ်မေ့ပစ်လိုက်တော့မှာ ထပ်ပြီး နင့်ကိုမစောင့်တော့ဘူး အတိုင်း နင့်ကိုသေပြီလို့ တွေးလိုက်တော့မှာ
ထပ်ပြီး ငါ့ကိုလွမ်းတယ်ဆိုပြီး ရောက်လာရင်တောင် ငါနင်နဲ့ ဘယ်တော့မှမတွဲတော့ဘူး

“ပီဆိုတဲ့ အသံလေးကြားရင်..”

“နောက်ဆုံးမှာ နာကျည်းမုန်းတီးမိမနေအောင်
ပြောပြခဲ့တဲ့ ရှင့်ရဲ့ မှတ်တမ်းရုပ်ရှင်”

အိမ်ပြောင်းဖို့လုပ်ရင်း အစ်ကိုဖွက်ထားခဲ့တဲ့ ပစ္စည်းတစ်ခုထွက်လာခဲ့တယ် အစ်ကို ဒီလောကကြီးထဲကထွက်သွားခဲ့တာ ၁၅နှစ်လောက်ကြာပြီးတဲ့အချိန်ပေါ့ အစကတော့ ဘာလို့များ ဒီလိုဗီဒီယိုကိုဖွက်ထားခဲ့တာလဲလို့ တွေးခဲ့ပေမယ့် သာမန်ဗီဒီယိုတစ်ခု မဟုတ်ခဲ့ဘူး သေချာပေါက် ပို့ပေးသင့်တယ်လို့ ခံစားမိလာတယ်

ဒီတစ်ခေါက်ပြပွဲကို ပြင်ဆင်ရင်း အစ်ကိုမေးမောခဲ့တဲ့အရာတွေနောက် လိုက်ကြည့်ဖြစ်တယ်

အဲဒီငေးမောခြင်းတွေရဲ့ အဆုံးမှာ အချိန်တိုင်း အစ်မရှိနေခဲ့တယ်
အစ်ကို အစ်မကို ဘယ်လောက်တောင် ချစ်ခဲ့လဲဆိုတာ အရမ်းကို လက်တွေ့ကျကျ ခံစားမိလာတယ်
အဲဒါကြောင့် အစ်ကိုထားရှိခဲ့တဲ့ ခံစားချက်တွေကို ကျိန်းသေပေါက် အစ်မဆီ လက်ဆင့်ကမ်းပေးချင်မိတယ်

အစ်ကိုရဲ့တိုတောင်းလှတဲ့ဘဝမှာ အပျော်ရွှင်ခဲ့ရဆုံးသော အခိုက်အတန့်က အစ်မနဲ့ အတူရှိခဲ့တဲ့အချိန်တွေပဲဆိုတာ
ကျေးဇူးတင်ပါတယ်
အစ်ကို့အတွက် အမှတ်တရကောင်းတွေ ဖန်တီးပေးခဲ့လို့ ပြီးတော့ အမှတ်ရနေခဲ့ပေးလို့

“အချစ်ဦး”
ကျွန်မက ဘယ်လိုလုပ် အွန်းဟိုကို မေ့နိုင်မှာလဲ

နည်းနည်းလောက်ပဲ စောင့်နေ ကျိန်းသေပေါက် တွေ့ဖို့လာခဲ့မယ်

တွေ့ချင်လိုက်တာ ၂၁ရာစုရဲ့မင်းကို..

'Netflix Series' 카테고리의 다른 글

The Glory: 더 글로리  (0) 2023.03.11
20th Century 25-21: 20세기 스물다섯 스물하나  (0) 2022.10.23
Remarriage and Desires: 블랙의 신부  (0) 2022.07.17
The sound of Magic  (0) 2022.05.21
안나라수마나라  (0) 2022.05.21