드라마 다이얼로그

Juveniles Justice: 소년 심판 본문

Netflix Series

Juveniles Justice: 소년 심판

드라마 Dialogue 2022. 2. 28. 23:52

10 out of 10
⚖️ "ပြပေးရမှာပေါ့ ဉပဒေဆိုတာ
ဘယ်လောက်ကြောက်ဖို့ကောင်းတယ်ဆိုတာ
ဆုံးမပေးရမှာပေါ့ ချိုးဖောက်မိရင်
ဘယ်လိုပြန်ပေးဆပ်ရမလဲဆိုတာ"

⚖️ “လူတွေကချောင်ပိတ်မိနေရင်
သူတို့ရဲ့စရိုက်မှန်တွေ ထွက်လာတတ်တာပဲ
အဲ့ဒါကြောင့် လူသားတွေကို မကောင်းဆိုးဝါးလို့ ခေါ်ကြတာပေါ့”

⚖️ “အသက်မပြည့်သေးတဲ့ ရာဇဝတ်သားတွေဆိုပြီး သက်ညှာပေးလိုက်ရင် တရားခွင်ပြီးလို့ ထွက်လာရင်
“အား ဉပဒေက လွယ်လိုက်တာ ဟာသပဲ” ဆိုပြီး
ဟာသလုပ်ရင် ဘယ်လိုလုပ်မှာလဲ?
သူတို့တွေကြီးလာပြီး ပိုဆိုးတဲ့ပြစ်မှုတွေလုပ်လာရင်
နစ်နာသူတွေ ဆက်တိုက်ပေါ်လာရင်
အဲ့ဒီအခါကျ ဘယ်သူတာဝန်ယူမှာလဲ?
ပြပေးရမှာပေါ့ ဉပဒေဆိုတာဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ
သင်ပေးရမှာပေါ့ လူကိုနာကျင်အောင်လုပ်ရင်
ဘယ်လိုနောက်ဆက်တွဲတွေ ခံရမလဲဆိုတာ
မိဘက သူ့ရဲ့ရာဇဝတ်သားကလေးကို
ကာကွယ်ပေးနေရင်
နိုင်ငံကနေဝင်ပါပြီး တားရမှာပေါ့
အဲ့လိုလုပ်ဖို့ ကျွန်မတို့ တရားသူကြီးအလုပ်လုပ်နေတာ
မဟုတ်ဘူးလား

စာရွက်တွေ လွှတ်ပစ်ရလောက်တဲ့အထိ
တရားသူကြီးတစ်ယောက်အနေနဲ့
ကျွန်မဘာအမှားများ လုပ်မိလို့လဲ?”

⚖️ “သားသမီးကို ဆုံးရှုံးရတဲ့ မိခင်ရဲ့ဝေဒနာက
အတွင်းအင်္ဂါတွေ စုတ်ပြတ်သလိုပဲ ခံစားရတယ်တဲ့”

💔ရှင့်ရဲ့သား အသက်၉နှစ်တုန်းက
ရှင်ဘာလုပ်နေခဲ့လဲ?
ဂျီဟူလေး အသက်၉နှစ်မှာ ဂျီဟူအမေ သူ့ကလေးကို ဆုံးရှုံးလိုက်ရတယ် ရှင့်ရဲ့သားကြောင့်နဲ့..
အဲ့ဒါကြောင့် ရှင့်ရဲ့သားလည်း
တာဝန်လေးတော့ယူရမှာပေါ့.”

⚖️ “မိဘတွေကမှအားစိုက်မထုတ်ရင်
ကလေးတွေလည်း ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူး ”

⚖️ “လူကြီးတွေက တစ်ကိုယ်ကောင်းဆန်တာကြောင့်
ကလေးတွေ အနာဂတ် ထိခိုက်ရတယ်”

⚖️ “ကလေးတွေအတွက် ဉပဒေကို
ဘာလို့ ကလေးတွေကို တက်နင်းပြီး ပြုပြင်မှာလဲ”

⚖️ “ကျမ်းစာဖတ်ဖို့အတွက်
ဖယောင်းတိုင် မခိုးမိစေနဲ့”
နည်းလမ်းက အကျင့်ပျက်နေရင် ပန်းတိုင်ကလည်း
သန့်စင်မှာ မဟုတ်ပါဘူး”

⚖️ “လူငယ်ဉပဒေနဲ့ဆိုင်တာက ကလေးတွေလေ
လူငယ်တရားသူကြီးက ကလေးတွေကို
နာကျင်စေတာမျိုးရှောင်ရှားရမှာမို့
တခြားလူတွေအကုန် အဲ့လိုလုပ်ရင်တောင်
ကျွန်တော်တို့က အဲ့လိုလုပ်လို့မဖြစ်ဘူးပေါ့
ကျွန်တော်တို့က ကလေးတွေရဲ့
နောက်ဆုံးကာကွယ်ရေးစည်းမို့လို့”

⚖️ “ဥပဒေဆိုတာ အမြဲအဲဒီလိုပဲ
နစ်နာသူဆိုပြီး
ဥပဒေက အကုန်လုံးကိုကာကွယ်ပေးတာမဟုတ်ဘူး
ဥပဒေက သက်သေတွေကနေ စီရင်ချက်ချရတာမို့လို့”

⚖️ “ဘဝမှာအရေးကြီးတာက
ပုဒ်မမဟုတ်ဘူး ပုဒ်ကလေးပဲ
အဲဒါကြောင့် စိုးရိမ်နေစရာမလိုဘူး
ဘယ်သူမဆို အမှားလုပ်တတ်တယ်
ဒါပေမယ့် အဲဒီအမှားက
သေချာပေါက် ကျရှုံးခန်းမဟုတ်ဘူး
တစ်ချိန်ကျရင် အသစ်ပြန်စလို့ရတယ်”

⚖️ “အဲ့ကလေးတွေ
ပထမဆုံး တရားခွင်မှာရပ်ရတဲ့အချိန်
နင်တို့တွေ နောက်ပြောင်တဲ့အနေနဲ့ ပစ်လိုက်တဲ့
အုတ်ခဲတစ်လုံးကမိသားစုတစ်စုကို ဘယ်လိုဖျက်ဆီးနိုင်ခဲ့ပြီး ကျန်တဲ့ဘဝတစ်လျှောက်လုံး ဘယ်လောက်တောင်ပျက်စီးသွားစေလဲဆိုတာ
သင်ပြပေးခဲ့ရမှာပေါ့

⚖️ “နစ်နာသူဆိုတာ ဘယ်သူမဆိုဖြစ်လို့ရတယ်
သိသာတဲ့အချက်ဖြစ်ပေမယ့်
ဘယ်သူမှနားမလည်ကြဘူး”

⚖️ “ကလေးတစ်ယောက်ကိုထိန်းဖို့
တစ်ရွာလုံးလိုတယ် ဆိုသလိုပေါ့
တစ်နည်းပြောရရင်
တစ်ရွာလုံးကလျစ်လျူရှုရင်
ကလေးတစ်ယောက်ပျက်စီးနိုင်တယ်”

'Netflix Series' 카테고리의 다른 글

The sound of Magic  (0) 2022.05.21
안나라수마나라  (0) 2022.05.21
All of us are dead  (0) 2022.02.12
Sweet Home  (0) 2022.02.12
Move to Heaven  (0) 2022.02.11