드라마 다이얼로그

Lee San ♥ Deokim 본문

Drama Couple

Lee San ♥ Deokim

드라마 Dialogue 2022. 2. 14. 09:37

မင်းငါ့ကိုမနှစ်သက်ဘူးဆိုရင်တောင် မင်းက ငါ့အပိုင်ပဲ

ကျွန်တော်မျိုးမက မင်းကြီးအပိုင်ပါ
မင်းကြီးကတော့ ကျွန်မတစ်ယောက်တည်းရဲ့
အပိုင် မဖြစ်နိုင်ပေမဲ့ပေါ့

 ဘာလို့ နန်းတွင်းသူတွေအားလုံးထဲမှာမှ ကျွန်မလဲ?
ဘာလို့လဲဆိုတော့ သူတို့က မင်းမှမဟုတ်တာ

ကျွန်မသာ နန်းတွင်းသူမဟုတ်ခဲ့ရင်
မင်းကြီးသာ ဘုရင်မဟုတ်ခဲ့ရင်
ဘာတွေများကွာခြားသွားမလဲဆိုပြီး
ကျွန်မတို့သာ သာမာန်ဘဝမှာ တွေ့ဆုံခဲ့ကြရင်
ဘယ်လိုဖြစ်ကြမလဲလို့ တစ်ခါတစ်လေတော့
အဲ့လိုတွေးမိတယ်

မင်းက နန်းတွင်းသူဖြစ်ဖို့လိုက်ဖက်တယ်
မင်းကြီးကလည်း ဘုရင်တစ်ပါးဖြစ်ဖို့အတွက်
လိုက်ဖက်လွန်းလှတယ်

မင်းတစ်သက်လုံး
ငါ့ကိုမတွေ့မမြင်ရဘဲ အသက်ရှင်နိုင်လား
ဒါဆိုရင် ငါမင်းကို လက်လွှတ်ပေးမယ်
အဲ့ဒီအစား နောက်ထပ်တစ်ကြိမ်
ထပ်မတွေ့ဘဲနေကြရအောင်

ငါမင်းကို ချစ်မြတ်နိုးတယ်
မင်းငါ့ကိုပြန်ပြီးတော့ မချစ်ဘူးဆိုရင်တောင်
အဆင်ပြေပါတယ်
ငါ့အပေါ်ထားတဲ့ခံစားချက်က
ဘယ်လိုခံစားချက်မျိုးဖြစ်ပါစေ ဂရုမစိုက်ဘူး
သစ္စာရှိတာဖြစ်စေ ချစ်ခြင်းမေတ္တာဖြစ်စေ
ဒီအတိုင်း ငါ့ဘေးမှာပဲ ရှိနေပေးပါ

ချစ်တဲ့သူတွေက ဆက်တိုက်ဆိုသလို
ငါတို့ကိုထားသွားကြတယ်
ဒါပေမဲ့ ငါတို့အတူတူရှိနေမယ်ဆိုရင် ကျော်ဖြတ်နိုင်ပါတယ်

ဒီနေ့တော့ ပျော်တယ်
တစ်ခြားတစ်နေရာမှာတော့ ဝမ်းနည်းရတယ်
နောက်ဆုံးတော့ အချစ်ဆိုတဲ့အရာက ဒီလိုမျိုးပါလား
အမြဲတမ်းလည်း ပျော်ရွှင်နေလို့မရသလို
အမြဲတမ်းလည်း ဝမ်းနည်းနေရတာ မဟုတ်ဘူး 

ကျွန်တော်မျိုးမကို တစ်ကယ်ပဲ ချစ်မြတ်နိုးပါသလား
ဒါဆိုရင် ကျေးဇူးပြုပြီး နောက်ဘဝမှာ
ကျွန်တော်မျိုးမကိုတွေ့ခဲ့ရင် ဒီအတိုင်းကျော်သွားပေးပါ
လုံးဝမသိခဲ့သလိုပဲ
ကျွန်တော်မျိုးမ မင်းကြီးကို အပြစ်မမြင်သလို
မုန်းတီးမှာလည်း မဟုတ်ပါဘူး
ကျွန်တော်မျိုးမ ဒီအတိုင်း နောက်ဘဝမှာ
ကိုယ်နေချင်တဲ့ဘဝမျိုး နေနိုင်အောင်ပါ 

နွေဦးရောက်လာရင် ပန်းတွေထပ်ပွင့်ဦးမယ်မလား
ပြန်ပွင့်လာမှာပါ တစ်ချိန်ချိန်ကျရင် သေချာပေါက်ပေါ့
အဲ့ဒီအချိန်ရောက်လာရင်
အကုန်လုံးအဆင်ပြေသွားမယ်မလား
မင်းကြီးနဲ့အတူ ပန်းတွေကြည့်ချင်ပါတယ်
မင်းကြီးက ငယ်ရွယ်တဲ့အိမ်ရှေ့စံလိုမျိုး
ကျွန်တော်မျိုးမကလည်း အပျိုတော်တုန်းကလိုမျိုး
အကုန်လုံးအဆင်ပြေနေတဲ့ အဲ့ဒီနွေဦးအချိန်လိုမျိုးပေါ့..

'Drama Couple' 카테고리의 다른 글

Gu Won ♥ Sarang  (0) 2023.07.16
Baek Yi-jin ♥ Na Hee-do  (1) 2022.02.16
Du-Shik ♥ Hye-Jin  (0) 2022.02.14
Choi Woong ♥ Yeon-Su  (0) 2022.02.10