드라마 다이얼로그

Reply 1988 본문

Reply 1988

Reply 1988

드라마 Dialogue 2022. 2. 13. 16:44

R E P L Y 1 9 8 8
ငယ်ဘဝကို ထင်ဟပ်စေတဲ့ ဇာတ်လမ်းတစ်ပုဒ်


အင်တာနက်လည်းမရှိ
စမတ်ဖုန်းလည်းမရှိသေးတဲ့အချိန်တွေ
အခုစဉ်းစားလိုက်ရင် အဲ့ဒီများပြားလှတဲ့အချိန်တွေကို
ငါတို့ဘာတွေလုပ်ပြီး ကုန်ဆုံးခဲ့ကြပါလိမ့်?

အချိန်က အမြဲစီးဆင်းနေတယ် အရာအားလုံးလည်းဖြတ်သန်းသွားကြသလို အရာအားလုံးလည်း ဟောင်နွမ်းသွားကြပြီ အဲ့ဒါကြောင့် ငယ်ရွယ်တဲ့အချိန်က အလှပဆုံးလို့ ပြောကြတာဖြစ်မယ်

တစ်မျိုးပြောရရင် မိသားစုဆိုတာ
တစ်ကယ် မသိတတ်ဆုံးပါပဲ ဒါပေမယ့်
ဘာကိုသိတာကအရေးကြီးဆုံးဖြစ်မလဲ
နောက်ဆုံးမှာ အနှောင့်အယှက် အတားအဆီးတွေကို
ကျော်လွှားနိုင်တာ
ထက်မြက်တဲ့ဦးနှောက်မဟုတ်ပါဘူး
လက်ကိုင်ထားပြီး အဆုံးထိ လက်မလွှတ်ပေးတဲ့ မိသားစုပါပဲ နောက်ဆုံးတော့ မိသားစုပါပဲ
လူစွမ်းကောင်းတွေအတွက်တင်မကဘူး
လူတိုင်းအတွက် နောက်ဆုံးအခိုက်အတန့်မှာ
ပြန်သွားချင်တဲ့နေရာက မိသားစုပါပဲ
စိတ်ဒဏ်ရာပေးတယ်ဆိုရင်တောင်
ကိုယ်ပေါ်မှာဒဏ်ရာရစေတယ်ဆိုရင်တောင်
မိသားစုဝင်တွေကြောင့် စိတ်ဒဏ်ရာရတယ်
ဆိုရင်တောင် နောက်ဆုံးအချိန်ထိ ရပ်တည်ပေးမှာက
နောက်ဆုံးမှာ မိသားစုပါပဲ

အဖေလည်း အဖေဖြစ်တာ ပထမဆုံးမို့လို့

သမီးအစ်မကို ဘယ်လိုသင်ကြားပေးရမလဲ
သမီးကိုဘယ်လိုပျိုးထောင်ပေးရမလဲ
အငယ်ဆုံးလေးကို လူကောင်းတစ်ယောက်ဖြစ်အောင်
ဘယ်လိုသွန်သင်ရမလဲဆိုတာ မသိခဲ့ဘူး
သမီးကိုမွေးလာတုန်းက အဖေဖြစ်အောင်
ဘယ်လိုလုပ်ရမလဲ မသိခဲ့ဘူး
အဲ့ဒါကြောင့်သမီးကပဲ နားလည်ပေးပါ

လူကြီးတွေက ဒီတိုင်း တောင့်ခံနေခဲ့တာ
လူကြီးဖြစ်နေရလို့ အလုပ်များနေခဲ့ရုံဖြစ်ပြီး
အသက်ရလာလေလေ စိတ်ခံစားမှုတွေကို
သည်းခံနေရုံပါ
လူကြီးတွေလည်း နာကျင်တတ်တယ်
ကလေးနဲ့တူတဲ့လူကြီးက ဒီအတိုင်း
မကျေနပ်မှုမရှိရုံသက်သက်ပါပဲ
လူကြီးတစ်ယောက်လို နေသားကျအောင်
ကြိုးစားနေကြတာဖြစ်ပြီး
အရွယ်ရောက်လာပြီလို့ အထင်မှားရုံသက်သက်ပဲ
အရွယ်ရောက်လာတဲ့ကလေးလည်း
ဒီအတိုင်းကလေးငယ်ပါပဲ

တစ်ခါတစ်လေ အထင်မှားတာလည်း ကောင်းပါတယ်
ဟင်းချက်တော်တဲ့သူအဖြစ် စဉ်းစားလိုက်မယ်ဆိုရင်
အရသာမရှိတဲ့ ထမင်းဗူးကိုလည်း
အကုန်စားလို့ဝင်သွားတယ်
ပျော်ရွှင်မှု အသေးအမွှားအတွက်
ရက်စက်တဲ့အမှန်တရားမလိုအပ်ပါဘူး
တစ်ခါတစ်လေ အထင်မှားတာက ပျော်ရွှင်စေတယ်

အထင်မှားမှုက တိုတောင်းပြီး
လွမ်းဆွတ်မှုက ရှည်လျားတယ်
အထင်မှားမှုက လွတ်လပ်ပေမယ့်
လွမ်းဆွတ်မှုက အနှောင်အဖွဲ့ပဲ

ကျွန်မလည်း ကျွန်မအမေအတွက် အဖိုးတန်သမီးပါ
ကျွန်မအမေ ကျွန်မအခုလို အပြောခံပြီးနေနေရတာကိုသိရင် မျက်လုံးထဲကနေ သွေးမျက်ရည်ကျလိမ့်မယ်
ကျွန်မ အခုကစပြီး ကျွန်မအမေကိုသနားလို့
အခုလိုအပြောခံပြီး မနေတော့ပါဘူး

တစ်ခါတစ်လေ အမေ့ကြောင့် အရှက်ရခဲ့တယ်
အမေဘာလို့ဒီအချိန်မှာ ရှိနေလဲဆိုတာ
နားမလည်ခဲ့ဘူး
တစ်ကိုယ်ကောင်းဆန်တဲ့စိတ်နဲ့ ဒေါသဖြစ်မိပါတယ်
အဲ့ဒါက သူကိုယ်တိုင်ထက် သူ့သားသမီးကို
ပိုကာကွယ်ပေးချင်တဲ့စိတ်ကြောင့်
တခြားမဟုတ်ဘဲ ကျွန်မကြောင့်ဆိုတာကို
အဲ့ဒီတုန်းက နားမလည်ခဲ့ဘူး

အနားမှာရှိနေပြီး အမေ့ကိုနှစ်သိမ့်ပေးနိုင်တဲ့အခါ
“ကျေးဇူးတင်ပါတယ်” “ချစ်ပါတယ်”ဆိုတဲ့စကားကို စကားနဲ့ပြောတာထက် ပိုထိရောက်ပါတယ်
အခု အမေ့ကို ပျော်ရွှင်အောင်
လုပ်ပေးချင်တယ်ဆိုရင်
“အခု အမေ့ကိုလိုအပ်ပါတယ်”
အဲ့ဒီတစ်ခွန်းနဲ့လည်း လုံလောက်ပါတယ်

အချိန်တွေကဆက်ပြီးရွေ့လျားနေတယ်
အဲ့ဒါကြောင့်အချိန်တွေက နောက်ဆုံးတော့
ခွဲခွါခြင်းတွေကို ဖန်တီးပေးတယ်
ပြီးတော့ အချိန်တွေက
လူတွေကို နောင်တရအောင်လုပ်တယ်
ချစ်တယ်ဆိုရင် အခုပဲပြောပြရပါမယ်
တစ်ခဏပဲအချိန်ရလိုက်တဲ့ နေ့ရက်တွေမှာ
နောင်တတွေနဲ့မပြည့်နက်စေချင်ရင် ပြောပြရမယ်
အချိန်တွေနဲ့အတူ ကျန်ရှိနေခဲ့မယ့် အကြီးမားဆုံးလက်ဆောင်က ချစ်ခြင်းရဲ့အမှတ်တရတွေ
ဖြစ်နေမလားတောင်မသိဘူး
အဲ့ဒါကြောင့်ရှက်ရွံ့မနေဘဲ နောက်မကျခင်
ဖွင့်ဟဝန်ခံရမယ်
ချစ်ရတဲ့ သူ့ထံ

ခံစားချက်ကို စကားနဲ့ဖော်ပြလို့ရပါတယ်
စကားလေးတစ်ခွန်းက
နွေးထွေးမှုကို ပေးစွမ်းနိုင်ပါတယ်
အေးစက်ကြမ်းတမ်းတဲ့လောကကြီးမှာ
ဒီလိုစကားလုံးတွေကြောင့် အသက်ရှင်ရကျိုးနပ်ပြီး
အဲ့ဒီစကားကလည်း
ကြီးကြီးမားမားဖြစ်စရာမလိုပါဘူး
နွေးထွေးတဲ့နှလုံးသားထဲက
လာတဲ့စကားဖြစ်ရင်ပဲရပါပြီ

ပတ်သက်မှုအသစ်
ဉပမာ အချစ်ကိုလိုချင်တယ်ဆိုရင်
တစ်ယောက်ကတော့ စည်းကိုကျော်ရပါမယ်
စည်းကိုသာမကျော်ရင် အဲ့ဒီစည်းက ကိုယ်နဲ့ကိုယ်ချစ်တဲ့သူကို ခြားမြဲခြားထားမှာပါပဲ

လူတိုင်းအားကျရတဲ့ငွေကြယ်ပွင့်တွေက
တစ်ကယ်ကောပျော်ရွှင်နေရဲ့လား
လူရှေ့ထွက်ရတာပဲရှိတာ
တစ်ကယ်တော့ ကျွန်မတို့လည်း လူတွေပဲလေ
နေထိုင်လာရင်းနဲ့ စိုးရိမ်ပူပန်စရာတွေ ဖြေရှင်းစရာတွေလည်းများပြီး ဒါမျိုးတွေကတော့
အားလုံးနဲ့အတူတူပဲလို့ထင်တယ်
ကျွန်မတို့လည်းလူဖြစ်တဲ့အတွက်ပေါ့
ဒါက ဝမ်းနည်းစရာလို့စဉ်းစားပေမယ့်
အဲ့ဒါတွေကြောင့်ပဲ ပျော်ရွှင်မှုကို ကျေးဇူးတင်စွာနဲ့
ခံစားနိုင်တာ ထင်ပါတယ်
အဲ့ဒီတော့ ကျွန်မတို့တွေ ပျော်ရွှင်တယ်လို့ ထင်ပါတယ်
ငါတို့တွေ ရိုလာကိုစတာလိုဘဝမျိုးမှာ
နေနေရတာထင်တယ် နိမ့်လိုက် မြင့်လိုက်
အဖိုးတန်မှုနဲ့ အသေးအဖွဲ့ကိစ္စလေးတွေကို
ခံစားနိုင်တယ်ဆိုတာက ပျော်ရွှင်မှုမဟုတ်လားလို့ ထင်ပါတယ်

တစ်စုံတစ်ယောက်ကို ချစ်တယ်ဆိုတာ
ဒီအတိုင်း တစ်ခုခုကိုပေးချင်တယ်ဆိုတာပဲမဟုတ်ဘူး
ပေးဆပ်ချင်စိတ်ရှိတာပဲ
တစ်စုံတစ်ယောက်ကို ချစ်တယ်ဆိုတာ
အနားမှာရှိနေတာကို ကျေနပ်နေတာမဟုတ်ဘူး
ကိုယ်တိုင်ပေးဆပ်ပြီး နေရတာကို ကျေနပ်နေတာ
ပြီးတော့ တစ်စုံတစ်ယောက်ကို ချစ်တယ်ဆိုတာ
အဲ့ဒီလူက ကိုယ့်ကိုပူဆွေးသောကရောက်အောင် လုပ်တယ်ဆိုရင်တောင် အဲ့ဒါကြောင့် အဲ့ဒီလူကို
သေလောက်အောင် မုန်းတီးချင်ပေမယ့်လည်း
အဆုံးမှာ အဲ့ဒီလူကို လုံးဝကိုမုန်းမရနိုင်ဖြစ်နေတာပဲ
ချစ်တယ်ဆိုတာ မမုန်းဘူးဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘူး
အဆုံးထိမုန်းမရနိုင်ဘူးဆိုတဲ့သဘောပဲ

ငါတို့အဖေ အချစ်ဆုံးအရာကတော့ ငါတို့မိသားစုပါ
အဖေရဲ့သားနဲ့သမီးတွေအဖြစ်
အနွေးထွေးဆုံးစကားတွေ ငါတို့မပေးနိုင်ခဲ့ဘူး
အဖေကြိုက်တတ်တဲ့ဆိုဂျူကို အဖေနဲ့အတူ
လိုက်မသောက်နိုင်ခဲ့ဘူး
အဖေ့လက်မောင်းကို အရင်ဆုံးကိုင်ပြီး အဖေ့ကိုချစ်ပါတယ်လို့ အရင်ဆုံးမပြောခဲ့ကြဘူး
နောက် အဖေဆိုတဲ့ခေါင်းစဉ်ရဲ့ ကြီးလေးတဲ့တာဝန်ကို
ငါတို့မစဉ်းစားခဲ့ကြဘူး
ငါတို့အားလုံးစိတ်မကောင်းစွာနဲ့ တောင်းပန်ပါတယ်
ဒါပေမယ့်လည်း အဖေကတော့ ဘယ်တော့မှမရပ်မယ့်
ပေးဆပ်ခြင်းတွေနဲ့ သစ်ပင်လိုမျိုးရှိနေဆဲပါပဲ

မင်းအမေရဲ့ပညာအရည်အချင်းက မူလတန်းပဲ
မူလတန်းအောင် ဆိုတော့ကော ဘာဖြစ်လဲ
အရေးကြီးတာမှမဟုတ်တာ
တက္ကသိုလ် ဘွဲ့ထူးဂုဏ်ထူးတွေဆိုတာ
တစ်ခုမှမလိုအပ်ဘူး
လူ့ဘဝမှာ
ဘာလို့စာရွက်အပိုင်းလေးတွေက လိုအပ်မှာလဲ
တခြားသူတွေအပေါ်
ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး
ကိုယ့်အတွက် စားဖို့လုံလောက်ရင် ရပြီပေါ့

ကံကြမ္မာဆိုတာ အချိန်တိုင်း ရောက်မလာတတ်ပါဘူး
အနည်းဆုံး အဲ့ဒီကံတရားဆိုတာကို အသုံးပြုချင်ရင်
တိုက်ဆိုင်မှုဆိုတဲ့ အရမ်းရုပ်ရှင်ဆန်တဲ့ အချိန်လေးက
ယူဆောင်လာပေးမှရတယ်
အဲ့ဒါမှ ကံကြမ္မာလို့ခေါ်တယ်
အဲ့ဒါကြောင့်
ကံကြမ္မာရဲ့နောက်ထပ်စည်းကမ်းချက်က အချိန်ပဲ
တကယ်လို့ အဲ့ဒီမီးပွိုင့်တွေကိုသာ
ငါဖြတ်ကျော်နိုင်ခဲ့မယ်ဆိုရင်
အဲ့ဒီမီးနီတွေက
ငါ့ကိုတစ်ခါလောက်ဖြစ်ဖြစ် ကူညီခဲ့မယ်ဆိုရင်
အခုကံတရားကြောင့် သူ့ရှေ့မှာရပ်နေတဲ့သူက
ငါဖြစ်နေနိုင်တယ်
ငါ့အချစ်ဦးက အဲ့ဒီအချိန်လို့ခေါ်တဲ့အရာကြောင့်
အမြဲတမ်းနောက်ကျခဲ့ရတယ်
အဲ့ဒီစိတ်ပျက်ဖို့ကောင်းတဲ့အချိန်ပေါ့
နောက်ဆုံးတော့ ကံကြမ္မာနဲ့အချိန်က
ဒီအတိုင်းတိုင်ဆိုင်စွာနဲ့ဖြစ်လာခဲ့တာမဟုတ်ဘူး
အစောဆုံးရိုးရှင်းတဲ့ ရွေးချယ်မှုနဲ့ ထူးခြားတဲ့အချိန်
အပိုင်းအခြားလေးလိုပါပဲ
စိတ်ပိုင်းဖြတ်ခြင်းနဲ့ဆုံးဖြတ်ချက်ကို တွေဝေခြင်းမရှိ
ချမှတ်နိုင်ခြင်းက အချိန်ကိုက်ကို ပြုလုပ်သွားခဲ့တာပဲ
သူကငါ့ထက် သူမကိုပိုလိုချင်ခဲ့တယ်
အဲ့ဒါကြောင့်
ငါကပိုပြီး ကြိုးစားအားထုတ်ခဲ့သင့်တာပါ
အဲ့ဒါက မီးပွိုင့်ကမီးနီကြောင့်မဟုတ်ခဲ့ဘူး
အချိန်ကြောင့်လည်း မဟုတ်ခဲ့ဘူး
ငါ့ရဲ့များစွာသော တွေဝေတုံ့ဆိုင်းနေခဲ့တာကြောင့်ပဲ..

ငါတို့အရင်နေခဲ့တဲ့လမ်းတွေကို
ပြန်ရောက်သွားတုန်းက
လမ်းတွေက အများကြီးဟောင်းနွမ်းသွားပြီ
အချိန်တွေအများကြီးကုန်လွန်သွားပြီလို့ ခံစားရတယ်
ငါ့ရဲ့ငယ်ရွယ်တဲ့အချိန်တွေကိုရော
ဒီလမ်းတွေကိုရော ပြန်သွားလို့မရနိုင်တော့ဘူး
အချိန်က အမြဲစီးဆင်းနေတယ်
အရာအားလုံးလည်း ဖြတ်သန်းသွားကြသလို
အားလုံးလည်း ဟောင်းနွမ်းသွားကြပြီ
အဲ့ဒါကြောင့်မို့ ငယ်ရွယ်ချိန်က
အလှပဆုံးလို့ပြောကြတာဖြစ်မယ် တောက်ပကြတယ် အင်အားကြီးစွာထွန်းလင်းကြတယ်
မျက်ရည်တွေအများကြီးပျောက်ကွယ်လာသလိုမျိုး
ငါ့ရဲ့ငယ်ရွယ်ချိန်လည်း ဖြည်းဖြည်းချင်း
ပျောက်ကွယ်ခဲ့တယ်

၁၉၈၈ ငါတို့ရဲ့ ဆန်းမွန်းဒုံပုံပြင်ရဲ့ အဆုံးသတ်ပါပဲ
အဲ့ဒီအချိန်တွေကို တမ်းတမှု နောက်အဲ့ဒီလမ်းကို တမ်းတမှုက အခုလက်ရှိငါ့ထက် ငါ့ရဲ့ငယ်ဘဝကို သတိရလို့မဟုတ်ပါဘူး
အဲ့ဒီနေရာက အဖေ့ရဲ့ငယ်ရွယ်မှု
အမေ့ရဲ့ငယ်ရွယ်မှု သူငယ်ချင်းတွေရဲ့ငယ်ရွယ်မှု
ငါချင်ခင်သဘောကျတဲ့လူတွေအားလုံးရဲ့ ငယ်ရွယ်မှုတွေကို ဆုပ်ကိုင်ထားတဲ့နေရာဖြစ်လို့ပါ
နောက်တစ်ခါပြန်လည်စုစည်းလို့မရနိုင်တဲ့
အဲ့ဒီနေရာတွေကို နောက်ဆုံးအကြိမ်
နှုတ်ဆက်စကားမပြောလိုက်ရလို့ နောင်တရလို့ပါ
ပျောက်ကွယ်သွားပြီဖြစ်တဲ့အရာတွေ
တစ်ဖန်ပြန်လည်မရနိုင်တော့တဲ့ အချိန်တွေကို
နှုတ်ဆက်စကားပြောချင်ပါတယ်
နှုတ်ဆက်ပါတယ် ငါ့ရဲ့ငယ်ရွယ်မှု..
နှုတ်ဆက်ပါတယ် ဆန်းမွန်းဒုံ…